တော်တော်နောက်တဲ့ လန်ဒန် မြို့တော်ဝန်

အခုရက်တွေမှာ မလေးရှားနဲ့ ရေစက်ဆုံနေတယ်။ မတတ်နိုင်ဘူး။ မလေးမလေးတွေ တက္ကသိုလ်များများတက်တော့ ယောင်္ကျားကောင်းကောင်း ရှာလို့ရတာပေါ့ လို့ ကွန်ဖရင့်လိုနေရာမှာများ မြို့တော်ဝန်က ပြောရတယ်လို့။
လန်ဒန်မှာ ကျင်းပတဲ့ World Islamic Economic Forum မှာပြောတာ တဲ့။ သူ့ဘေးမှာထိုင်နေတာက မလေးရှားဝန်ကြီးချုပ် နီဂျပ်၊ မွတ်စလင်လူ့အဖွဲ့အစည်းမှာ အမျိုးသမီတွေရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်တဲ့ အမေးကို ဖြေစဉ်
" ဒီမလာခင်မှာပဲ သူတို့ပေးလိုက်တဲ့ အချက်အလက်တွေအရ မလေးရှားလို မွတ်စလင်နိုင်ငံမှာ တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာတင်သွင်းတဲ့ မိန်းကလေး ဦးရေ ၆၈ ရာခိုင်နှူံးရှိတယ်...... "

သူ့စကာမဆုံးမီ လန်ဒန် မြို့တော်ဝန် ဘိုရစ် ဂျွန်ဆင်က
"........they got to find men to marry" လို့ ဝင်နှောက်လိုက်တော့ အရှိန် ပျက်သွားတာပေါ့။ သူကနောက်တာ၊ ဒါပေမဲ့ အပြောခံရသူက နာတာပေါ့။

ရိုဟင်ဂျာပြည်နယ် ရယ်လို့


အင်္ဂလိပ်တွေ လုပ်လိုက်ရင် အသည်းအသန်ချည်းပဲ။ ဘီဘီစီ သတင်းဌာန ကိုကြည့်ဦး။
"၂၀၁၂၊ ဇွန်လက ဖြစ်ပွားခဲ့သော ရခိုင်ပဋိပက္ခ မတိုင်မီကလည်း ရခိုင်ပြည် နယ်ကို ရိုဟင်ဂျာပြည်နယ်ဟု မှားယွင်းဖော်ပြခဲ့ဖူးသည်" တဲ့။

ကျနော် ရေးခဲ့ဖူးပါတယ်။ လူမှားပြီး အင်တာဗျူးနေတာကို ကမ္ဘာကို လွှင့်ဖူး တဲ့ သတင်းဌာနတစ်ခုပဲ။ သူလျှောက်တဲ့အလုပ်နဲ့ မေးနေတဲ့ မေးခွန်းတွေက ဘာမှမဆိုင်တော့ အမေးခံရသူက ဘာတွေလာမေးနေပါလိမ့် ဖြစ်နေရှာတယ် တဲ့။ အင်တာဗျူးကြည့်နေမိသူတွေလည်း အူကြောင်ကြောင်ဖြစ်နေမှာပဲ။

ဒီ ရိုဟင်ဂျာပြည်နယ် ဆိုတာကတော့ နောက်တာမဟုတ်နိုင်ဘူး၊ မှားတာပဲ။ ဒါမှမဟုတ် မြန်မာတွေကို အကဲစမ်းတာ နေမှာ။ ဘာရမလဲ။ အင်္ဂလိပ်လို မရေးတတ်လို့သာ၊ မြန်မာလိုကတော့ ပွက်လော ညံ သွားမယ်။
ဒီနေ့တော့ ခပ်ပါးပါးပဲ။

ပြန်ချင်တဲ့ ကွန်မင့်များ

"ဒါနဲ့ အချို့ကဆိုကြတယ်. မတရားမှုတစ်ခုမှာ ကြားနေရင် ဖိနှိပ်သူဘက်က လိုက်တာတဲ့.. ဟုတ်လားဟင် ??"

မသန်းလဲ့ ရေ..
ကြားနေတာက ကြားနေတာပဲထင်ပါတယ်။ ဘယ်ဘက်ကိုမှ မလိုက်ပါဘူး။ ကြားနေတယ်ဆိုရာမှာ..
၁။ ကိုယ်နဲ့မဆိုင်၊ ကိုယ့်ကိစ္စမဟုတ်လို့ ဘာသိဘာသာနေတာနဲ့
၂။ ကိုယ်နဲ့ဆိုင်ပေမဲ့ ကိုယ်ထောက်ခံ၊ ပါဝင်ပတ်သက်တဲ့ လူ (သို့) အဖွဲ့ အစည်းက လုပ်နေတာတွေဟာ မဟုတ်တော့ဘူးလို့ ယုံကြည်မိရင်လည်း (ဟိုဘက်ကိုလည်း မထောက်ခံနိုင်) စိတ်ပျက်ပျက်နဲ့ ကြားနေတတ်ကြပါ တယ်။

ဒီအထိတော့ ဘယ်ဘက်ကိုမှ မလိုက်သေးဘူးထင်ပါတယ်။ အလွန်အမင်း မတရားဘူးလို့ ယုံကြည်လာရင်တော့ ဆန့်ကျင်ဖက်ကို ရောက်ချင် လည်း ရောက်သွားနိုင်တာပေါ့ လေ။
အခု ထင်မြင်မိတာက နိုင်ငံရေး ကြားနေဝါဒနဲ့ မဆိုင်ပါဘူး။ နိုင်ငံရေး ကြားနေဝါဒကတော့ နိုင်ငံကြီး၊ စူပါ ပါဝါကြီး နှစ်နိုင်ငံကြားမှာ လှုပ်မရလို့ ကုတ်နေလိုက်နေရတာမျိုးတွေ ရှိမှာပေါ့။ အများကြီးပါ။

အဲ..တချို့ အမြင်က "ငါ့ကို (ငါတို့ကို) မထောက်ခံရင် မင်းက ဟိုဘက်ကလူ" ဆိုတာမျိုးပါ။ သဘာဝမကျတဲ့ တစ်ယူသန် စွပ်စွဲမှုလို့ ယူဆမယ်ဆို ယူဆလို့ ရတဲ့ အမြင်ပေါ့ ဗျာ။ ဒါက ပုဂ္ဂလိက အမြင်ပါ။
လေးစားစွာဖြင့်

ဒါလေးလောက်နဲ့ သေဒဏ်လား (မောနင်း ပို့စ်)

အကျင့်ပျက် တရုတ်မီးရထားဝန်ကြီးအကြောင်းပါ။
၂၀၀၃ ခုကနေ ၂၀၁၁ ခုအထိ မီးရထားဝန်ကြီး။
လူ ဆယ့်တစ်ဦးကို မတန်မရာ ရာထူးတိုးပေးခြင်း၊ အကျိုးအမြတ် များများရ တဲ့ ကန်ထရိုက်များ ထုတ်ပေးခြင်း။
သူ့လက်ထက်မှာ လာဘ်စားခဲ့တဲ့ငွေပမာဏ ၆၄ ၆ မီလီယံ။
အိမ်ယာပိုင်ဆိုင်မှုပေါင်း ၃၇၄။
ကား ၁၆ စီး၊ အပျော်မယား ၁၈ ယောက် (ရုပ်ရှင်မင်းသမီး၊ လေယာဉ်မယ်တွေ အပါအဝင်) တဲ့။
အခု သူ့ကို ရုံးတင် စစ်ဆေးနေတယ်။ မြန်မာတစ်ယောက် အနေနဲ့ကတော့ ဒါလေးလောက်နဲ့ သေဒဏ်လား ပေါ့။
တို့ နိုင်ငံလာကြည့်လှည့်။

တရုတ်ဗိုလ်ချုပ်ကြီးသား မုဒိမ်းကျင့်မှု

ဒါလည်း စိတ်ဝင်စားစရာပဲ။ ၁၇ နှစ်သား ဗိုလ်ချုပ်ကြီးသားနဲ့ သူ့ မိုက်ဖော် မိုက်ဖက် လေးယောက်ကို ရုံးတင်စစ်ဆေးနေတဲ့အကြောင်း ပါလာပြန်တယ်။
သူ့အဖေရဲ့ အဏာကို အလွဲသုံးစားလုပ်နေတာ ဒါ ပထမဆုံးအကြိမ် မဟုတ်ဘူး၊ မီးပွိုင်းမှာ ရန်ဖြစ်မှု၊ အပြစ်မဲ့သူတွေကို အနိုင်ကျင့်မှု စတာတွေေ ကြာင့် သူ့အဖေက သူ မဆုံးမလို့ ဒီလို ဖြစ်ရတဲ့အကြောင်း တောင်းပန်ခဲ့ရပြီး ပြီ တဲ့။
ဒါဆို လူရမ်းကား ဖိုးလပြည့်၊ သူ့မိုက်ဖော်မိုက်ဖက်တွေနဲ့ သူ့ အဖိုးတို့ အလှည့် ဘယ်အချိန် ရောက်လာမလဲ။

အော် အင်း ဘယ်လိုပြောရမလဲ

မြန်မာဗုဒ္ဓဘာသာတွေက ဘာ ဥပဒေ ညာ ဥပဒေ တွေလုပ်တော့ မလေး မွတ်စလင်တွေကလည်း ဘာ ဥပဒေ ညာ ဥပဒေ တွေထလုပ်နေပြန်ပြီ။
မိဘနှစ်ဦးအနက် တစ်ဦးကသဘောတူရင် ကလေးကို အစ္စလာမ်ဘာသာထဲ သွတ်သွင်းနိုင်ဖို့တဲ့။ မလေးရှားဟာ တရားဝင် အစ္စလာမ်နိုင်ငံဖြစ်တဲ့အတွက် ဒီနိုင်ငံထဲမှာနေတဲ့လူတိုင်း ဒါကို နားလည် လက်ခံနိုင်ရမယ်တဲ့။

အများစု ဗိုလ်ကျတဲ့ စနစ်ပေါ့။ မတရာဘူးထင်ရင် အနည်းစုက ဗုံးနဲ့ပြန်ဆော် မှာပေါ့။ ဒါပါပဲ။

အပြင်လူကကြည့်ရင်တော့ အစွန်းရောက်သလိုလိုပါ။ ဒါပေမဲ့ သူတို့အမြင်နဲ့ သူ တို့တော့ မှန်နေတာပါပဲ။
စဉ်းစားကြသင့်တာက မြင့်မြတ်တဲ့ ဘာသာရေးအဆုံးအမတွေကို လက်ကိုင် တုတ်လုပ်ပြီး လူ့အဖွဲ့အစည်းကြီးတစ်ခုလုံး ကမောက်ကမဖြစ်အောင် ဘာလို့ များ ဖန်တီးကြတာလဲ ဆိုတာပါ။
ကမ္ဘာ့ဗုဒ္ဓဘာသာတွေအမြင်မှာတော့ မြန်မာဗုဒ္ဓဘာသာလည်း သွေးစွန်း
သွားပြီ။
သူ့ အမြင်နဲသူပဲ မှန်နေကြတယ်။ စိတ်မကောင်းစရာပဲ။ အမေရိကန်တွေသာ ခရစ္စယန်အစွန်းရောက်တွေသာဆို ကမ္ဘာပျက်ပြီးနေလောက်ပြီ။
ဝမ်းနည်းပါတယ် တဇောက်ကန်းလူတွေနဲ့ ကမောက်ကမ ကမ္ဘာရယ်။

ဦးနှောက်ပဲ

ဦးနှောက်အထူးကုဆရာဝန်ရဲ့ အဖြေက ဒီလို
"Your brain has two parts, one left and one right.
The left part has nothing right in it, and the right part has nothing left in it.

ကမ္ဘာကျော်တွေ အင်တာဗျူးတဲ့ ဗုဒ္ဓ

၁။ နယူတန် နဲ့ ဗုဒ္ဓ
နယူတန်။ ။ဂေါတမဗုဒ္ဓ ရေ ၊ကျုပ်တော့ ကမ္ဘာမြေရဲ့ ဆွဲငင်အား အကြောင်းကို တွေ့ခဲ့ပြီ ဗျ။
ဗုဒ္ဓ ။ ။ ကောင်းလိုက်တာ ဒကာကြီးရာ။ ဗုဒ္ဓလည်း အပါယ်လေးပါးရဲ့ ဆွဲငင်အား အကြောင်းကို တွေ့ခဲ့ပါတယ်ဗျ။ သတ္တဝါတွေသေရင် အပါယ်ရောက်ကြတာ များသဗျ။

၂။ ဝန်းကျင်ထိမ်းသိမ်ရေး သမားနဲ့ ဗုဒ္ဓ
ဝန်းကျင်ထိမ်းသိမ်ရေး သမား။ ။ဂေါတမဗုဒ္ဓ ရေ ၊ကျုပ်တို့ ကမ္ဘာကြီးက ပူနွေးသထက် ပူနွေးလာနေတယ် ဗျာ။
ဗုဒ္ဓ ။ ။ ဒကာကြီးတို့က ခုမှ ပူနွေးနေ၊ ကျုပ်ကဖြင့် အာဒိတ္တပရိတ္တ ပရိယာယ သုတ်ထဲမှာ "The whole world is burning" လို့ သတိပေးခဲ့တာ ကြာပေါ့။ ရဟန်းတွေကို သစ်ပင် ခုတ်ခွင့်ကို မပြုခဲ့ဘူး ဗျ။

၃။ ဘီးလ်ဂိတ် နဲ့ ဗုဒ္ဓ
ဘီးလ်ဂိတ်။ ။ ဗုဒ္ဓ ရေ ကျုပ်တော့ အပျော့စွမ်းအင်ကို တွေ့မိတယ်ဗျ၊ ဒါကို မိုက်ကရို ဆော့ဖ် လို့ အမည်ပေးမလို့ ဗျာ။
ဗုဒ္ဓ ။ ။ ဒကာကြီးက ဒါကို မိုက်ကရို ဆော့ဖ် လို့ ခေါ်သလား။ ကျုပ်ကတော့ ဒါကို အာရှဘာသာနဲ့ အဘိဓမ္မာထဲမှာ သုခုမ ရုပ် လို့ ခေါ်ထားတယ် ဗျ။

၎။ ရေသံသရာ နဲ့ ဗုဒ္ဓ
ရေသံသရာ ။ ။ဗုဒ္ဓ ရေ ၊ ရေဟာ အသွင်ကွဲသွားပေမယ့် အိတ်ခ်ျတူးအို ဓာတ်က မပျက်တော့ အကြောင်း ညီညွတ်တိုင်း ရေဘဲ ပြန်ပြန် ဖြစ်တယ် ဆိုတာ တွေ့ရသဗျာ။
ဗုဒ္ဓ ။ ။ဒကာကြီးကလည်း၊ ရေမှ သံသရာလည်တာ မဟုတ်ပါဘူးဗျာ။ လူလည်း သံသရာလည်တာ ပါဘဲ။ ကျုပ်ပြောထားတဲ့ ပဋိစ္စသမုပ္ပါဒ် အနုလုံက လူသံသရာ ဖော်မြူလာ လေဗျာ။

၅။ ဖလော်ဆော်ဖာ နဲ့ ဗုဒ္ဓ
ဖလော်ဆော်ဖာ။ ။ကြည့်လိုက်စမ်းပါ ဗုဒ္ဓရာ။ တံတားအောက်က ရေတွေ စီးဆင်းသွားနေလိုက်တာ။
ဗုဒ္ဓ ။ ။ရေမှ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုလည်း ပြန်ကြည့်ပါဦး၊ ဒကာကြီးလည်း စီးဆင်း နေတာပဲလေ။

၆။ ရီဆိုက်ကယ်လစ်တ် နဲ့ ဗုဒ္ဓ
ရီဆိုက်ကယ်လစ်တ်။ ။ကမ္ဘာကြီးကို ကာကွယ်ဖို့ စွန့်ပစ် ပစ္စည်း နည်းနိုင်သမျှ နည်းအောင် ကြိုးစားကြရမယ် ဗုဒ္ဓ ရေ။
ဗုဒ္ဓ ။ ။ ဒီ ကိစ္စကိုတော့ အနန္ဒာနဲ့သာ ဆွေးနွေးတော့ ဗျို့။သင်္ကန်းကနေ အိပ်ယာခင်း၊စောင် ။ အိပ်ယာခင်း၊စောင် ကနေ ကြမ်းတိုက် အဝတ်၊ တစ်ချို့ကို လက်သုတ် ခြေသုတ်။နောက်ဆုံး မြေဩဇာ ဖြစ်အောင် သုံးပြလိမ့်မယ်။ အာနန္ဒာကတော့ သုံးတတ်ရင် သုံးမရတာ ဘာမှ မရှိဘူး လို့ ဆိုလေရဲ့။ဥတေန မင်း လက်မြှောက်သွား သတဲ့ ဒကာကြီး ရေ။
(First Posted on 9th July, 2012.)

သီဟနာဒ







Copyright © 2012 ကမ်းလက်. All rights reserved.