ဖြစ်ရပလေ၊ ဖခင်အတွက် ရှက်ရတယ်လို့

"ဖခင် (သို့) ဖခင်သဖွယ် ကျေးဇူးကြီးမာလှသည့် ပုဂ္ဂိုလ်ကြီးများအတွက် ဝေယျာဝစ္စများ ပြုခြင်း၊ အလေးဂါရဝပြုခြင်း (ဘာသာရေးမှာ ဘုရားရှိခိုးခြင်း၊ လူ မှုရေးမှာ အလေးပြုခြင်း၊ ဂါရဝပြုခြင်း) စသည်တို့ကို သိမ်ငယ်သည်ဟု ထင်ခြင်း၊ ထိုထိုအမှုတို့အား မိမိပြုလုပ်နေသည်ကို လူမြင်မှာ ရှက်နိုး မှု ဖြစ်ခြင်းစသည်တို့သည် အောက်တန်းကျသည့် တလွဲမာနသာဖြစ်ကြောင်း ရှက်နိုးစွာ မိမိအတ္တကို ပြန်ကြည်းရင်း စဉ်းစားနေမိ၏"

ဤအကြောင်းကို မရေးမီ မိမိကျင်လည်ခဲ့ရသည့် ဘဝနောက်ခံအကြောင်းကို အနည်းငယ်ပြန်ပြောမှ လိပ်ပတ်လည်လိမ့်မည်ထင်သည်။ မန္တလေးရှိ သာမန် စာသင်သားတို့ ဘဝအတိုင်း ဆွမ်းခံ၊ ဆွမ်းစား၊ စာကျက်၊ စာတက်ဖြင့် အချိန်ကုန်ခဲ့ရတာဖြစ်သည်။ မန္တလေးမှာနေစဉ် အထူးသဖြင့် ဗုဒ္ဓဝေယျာဝစ္စ များနှင့် အလှမ်းကွာဝေးခဲ့သည်။ ဘုရားဆွမ်းကပ်၊ ရေကပ်၊ ပန်းကပ် စသည် တို့ကို ဆရာတော်တာဝန်ပေးထားသည့် သာမဏေ (သို့ ) ရဟန်းငယ်တို့ သာ ပြုလုပ်ကြသည်။ ဆရာတော်ကလည်း စာကို ကြိုးစား သင်ယူဖြေဆိုနေ ကြသည့် သာမဏေ (သို)့ ရဟန်းတို့ကို ဝေယျာဝစ္စများ ပြုလုပ်ရန် ခိုင်းခဲ၏။ စာကိုသာ အာရုံစိုက် ကျက်မှတ်စေလိုခြင်း စေတနာ ဖြစ်၏။

ရွာမှာနေစဉ်ကလည်း ဤ ဗုဒ္ဓဝေယျာဝစ္စများကို အမြဲပြုလုပ် ပြင်ဆင် သူတို့ မှာ ကျောင်းအိပ် ကျောင်းသားများသာ ဖြစ်သည်ကို အမှတ်ရမိသည်။ သို့ဖြင့်ပင် ဤ ရဟန်းနှင့် ဗုဒ္ဓဝေယျာဝစ္စက ကာလအတန်ကြာ အလှမ်းေ ဝးနေခဲ့လေတော့သည်။
တခါတခါ ဗုဒ္ဓဝေယျာဝစ္စများ ကိုယ်တိုင် ပြုလုပ်နေစဉ် လူပုဂ္ဂိုလ်များ ရောက် လာတတ်ပြီး
"ကိုယ်တိုင်လုပ်နေရသလား၊ တပည့်တွေကို မခိုင်းဘူလား၊ တပည့်တော် လုပ်လိုက်မယ်"
စသည် ပြောဆိုပြီး သူတို့က ကုသိုလ်ယူသွားတတ်ကြသည်။
ဤကား ပြဿနာ မဟုတ်ပါ။ ပြဿနာက စိတ်ဖြစ်သည်။

သို့ဖြင့် စင်္ကာပူရောက်လာခဲ့သည်။ စင်္ကာပူ၏ ထုံးစံအတိုင်းနေ့ခင်းပိုင်းတွေမှာ သူ့အလုပ်နဲ့သူ ရှုပ်နေကြသဖြင့် ကျောင်းက တိတ်ဆိတ်နေတတ် ၏ ။ ကျောင်း၌ ရဟန်းနှစ်ပါးရှိရာ မိမိက အငယ်ဖြစ်သဖြင့် နေ့ခင်းပိုင်းများမှာ ဘုရားပန်းအိုးတို့ကို ရေလဲခြင်း စသည်လုပ်တတ်သည်။ ထိုအခါ မြန်မာ ဒကာ၊ ဒကာမတွေ ရောက်လာတတ်ပြီး
"အရှင်ဘုရား၊ ကိုယ်တိုင်လုပ်နေရသလား၊ တရုတ်တွေ မရှိဘူးလား၊ တပည့်တော်မ လုပ်လိုက်မယ်"
စသည် ပြောဆိုပြီး သူတို့ကလည်း ကုသိုလ်ယူသွားတတ်ကြသည်။
ဤသည်လည်း မဟုတ်။ ပြဿနာက စိတ်ဖြစ်သည်။

ထိုနှစ်များအတွင်း ဗုဒ္ဓဝေယျာဝစ္စများ လုပ်လျှင်ပင် ပုန်းရှိုးကွယ်ရှိုး လူ မမြင်အောင် လုပ်လာတတ်သည်။ သူတို့ပြောလာမည့် "ကိုယ်တိုင်လုပ်နေ ရသလား" ဆိုသည့် စကားအပေါ် ရှက်စိတ်ဝင်လာခြင်းကြောင့်ဖြစ်မည်ဟု ကိုယ်တိုင် သုံးသပ်မိသည်။ ဤ ကိစ္စများသည် ကပ္ပိယများ၊ သာမဏေ များ သာ ပြုလုပ်လေ့ရှိသည် ဆိုသည့် အမှတ်မှား အယူမှား သညာဝိပ္ပလ္လာသ၊ ဒိဋ္ဌိဝိပ္ပလ္လာသတို့ကြောင့်လည်း ဖြစ်နိုင်ပြန်၏။
ဤ ဝိပ္ပလ္လာသတို့က အချိန်အတော်ကြာ ဒုက္ခပေးခဲ့ကြောင်း ဝန်ခံရပါလိမ့်မည်။
နောက်မှ မိမိကိုယ်ကိုယ် ပြန်ပြောမိသည်။
"မင်းက ဘာကောင်မို့လို့ ဘုရားပန်းလဲ၊ ဘုရားပန်းအိုး ရေလဲရတာကို ဘာ အကြောင်းနဲ့ ရှက်နေရတာလဲ၊ စာသင်တာ မဟုတ်၊ စာချတာမဟုတ်၊ တရားဟောတာမဟုတ်လို့ သေးမွှားတဲ့ အလုပ်ဆိုပြီး ရှက်နေတာလား၊ မင်းအဖေ ဘုရားသခင်ရဲ့ ဗုဒ္ဓဝေယျာဝစ္စတွေကိုလုပ်တာပဲ၊ ဘယ်သူမြင်မြင် ဘာကြောင့် ရှက်နေရမှာလဲ" ဟု ဖြစ်သည်။
ထိုမှနောက်မှသာ မိမိနှင့် ဗုဒ္ဓဝေယျာဝစ္စ အဆင်ပြေသွားတော့သည်။ သို့မဟုတ်လျှင် စာမေးပွဲ အောင်လေလေ၊ ရာထူးကြီးလာလေလေ၊ ဩဝါဒါစရိယ ဖြစ်လေလေ ဘုရားနှင့် ဝေးလာလေလေ ဖြစ်ပေတော့မည်။ ကံကောင်း၍ ဤ အတွေးပေါ်လာခြင်းဖြစ်သည်။

ထို့အတူ ဤ လောက၌......
ဖခင် (သို့) ဖခင်သဖွယ် ကျေးဇူးကြီးမာလှသည့် ပုဂ္ဂိုလ်ကြီးများအတွက် ဝေ ယျာဝစ္စများ ပြုခြင်း၊ အလေးဂါရဝပြုခြင်း (ဘာသာရေးမှာ ဘုရားရှိခိုးခြင်း၊ လူမှုရေးမှာ အလေးပြုခြင်း၊ ဂါရဝပြုခြင်း) စသည်တို့ကို သိမ်ငယ်သည်ဟု ထင်ခြင်း၊ ထိုထိုအမှုတို့အား မိမိပြုလုပ်နေသည်ကို လူမြင်မှာ ရှက်နိုး မှု ဖြစ်ခြင်း စသည်တို့သည် အောက်တန်းကျသည့် တလွဲမာနသာဖြစ်ကြောင်း ရှက်နိုးစွာ မိမိအတ္တကို ပြန်ကြည်းရင်း စဉ်းစားနေမိ၏။

နှင်းဆီပွင့်ဖတ်ပေါ်သွေးတဲ့ဓား (သို့) ခရီးကြမ်း နှစ်

"တချို့လမ်းတွေက ကြမ်းရှတယ်
မေးရိုးမာမာတွေနဲ့ စီခင်းလို့။
တချို့လမ်းတွေက ချောမွတ်တယ်
အဒိန္နာဒါန နဲ့မြေညှိလို့။
တချို့လမ်းတွေက ကွေ့ကောက်ဝေးကွာတယ်
အံသွားတွေနဲ့ လမ်းဖောက်လို့။
တချို့လမ်းတွေက ဖြောင့်ဖြူးနီးကပ်တယ်
မုသာဝါဒနဲ့ လမ်းပြင်လို့"


စင်္ကြာမင်းလောင်းရဲ့ စာမျက်နှာ
သားအနေနဲ့ဖတ်တာ
သားအနေနဲ့ တတ်မြောက်တာ
အမေ တစ်ယောက်ထဲ ပါဘဲ
(တကယ်ဆို ခမည်းတော်တောင် မပါဘူး )
အမေ့ အတွက် သိဒ္ဓတ္ထ ဆိုတာ
စင်္ကြာမင်းလောင်း မဟုတ်
ဗုဒ္ဓအလောင်း မဟုတ်
နုံချာသူ မဟုတ်
မြင့်မြတ်သူမဟုတ်
ဘာဆို ဘာမှ မဟုတ်
သားဟာ သားပဲဖြစ်တယ်
အဲဒါ..အမေပါဘဲ။

သာကိယ မာန်တွေနဲ့
သံလိုက်ဓာတ် လွတ်နေတာ
သိဒ္ဓတ္ထရဲ့ အမေရင်း တစ်ယောက် ဝေစု
အမရင်း တစ်ယောက်ကို ခွဲပေးခဲ့ရတာ
( ဘဝါဘဝက ပါရမီ လို့ ဆိုကြသပေါ့ )
အဲဒါ..အမေပါဘဲ။

တချို့လမ်းတွေက ကြမ်းရှတယ်
မေးရိုးမာမာတွေနဲ့ စီခင်းလို့။

တချို့လမ်းတွေက ချောမွတ်တယ်
အဒိန္နာဒါန နဲ့မြေညှိလို့။

တချို့လမ်းတွေက ကွေ့ကောက်ဝေးကွာတယ်
အံသွားတွေနဲ့ လမ်းဖောက်လို့။

တချို့လမ်းတွေက ဖြောင့်ဖြူးနီးကပ်တယ်
မုသာဝါဒနဲ့ လမ်းပြင်လို့။


ဒီလမ်းတွေရဲ့ ပွေလီမှုမှာ
မဇ္ဈိမပဋိပဒါ ခြုံအုပ်နေတယ်၊
ဒီလမ်းကိုထွင်ဖို့
နီစွေး မြိရှတဲ့ ဓားတစ်ချောင်းတော့ လိုမှာပေါ့။

လူတချို့ကဆိုမယ်
ထွက်ပြေးခြင်းဟာ ရင်ဆိုင်တာ မဟုတ်ဘူးလို့
တစ်ခါတစ်ခါမှာတော့
ထွက်ပြေးခြင်းနဲ့ ရင်ဆိုင်တာဟာ
အပြောင်မြောက်ဆုံး အနုပညာပါဘဲ။ ။


ထပ်ပြောပါစေအမေ...
သိဒ္ဓတ္ထဆိုတဲ့ အမေ့သား ( ဓား ) ဟာ
ဓားသွေးကျောက်ပေါ် လမ်းလျှောက်ခဲ့တာမဟုတ်
( ဒီတော့ )
ကျောက်စီဓားအိမ်ထဲမှာ အိပ်မောကျ
အလှပြ ဓားတစ်ချောင်းလည်းမဟုတ်ဘူး။

သိဒ္ဓတ္ထဆိုတဲ့ အမေ့သား ဟာ
နှင်းဆီပွင့်ဖတ်ပေါ်သွေးခဲ့တဲ့ ဓားပါ

ဒါကြောင့်လည်း
သိမ်မွေ့မှုနဲ့ခက်မာ
ညင်သာသာနဲ့ကြုံးဝါး
ပန်းလက်ဖဝါးနဲ့ လေးကြမ်းတင်
နန်းရင်ပြင်ကနေ မွဲတေရ
ဝိရောဓိ ရသတွေ
တကယ်ကို အချိုးကျတဲ့ ဓားတစ်ချောင်းပါ
ခွင့်လွှတ်ပါ အမေ။ ။

အမေ့နာမည်က ဂေါတမီ
ဂေါတမီဆိုတာက ဂေါတမရဲ့အမေ...
အမေ့နာမည်ကိုထပ်တူပြုဖို့
(စက္ကဝတ္တီဆိုတဲ့ ဂုဏ်ဟာ)
မခို့တရို့နဲ့ မျက်လွှာချရှက်နေလိမ့်မယ်၊
အမေ့နာမည်ကို ဂုဏ်ပြုဖို့
ဂေါတမဖြစ်ဖို့ကလွဲလို့ လမ်းမရှိဘူး။


ဒီတော့မှ
ဂေါတမဆိုတာက အမေ့သား
အဲဒီသားအမေက ဂေါတမီ
မိထွေးတော်နဲ့ မွေးစားသား
သားတို့ သားအမိကြားမှာ
ခပ်ပါးပါးတောင် နေရာမရှိဘူး။

သွားပါရစေ အမေ
သားအဖျားမို့ အသည်းခွဲတာ
အမေဖျားမို့ အသည်းခွဲခံရတာ
ဒီရောဂါသာ မရှိရင်
အမေ ကျန်းမာပါပြီ။

ဂီတကို မြတ်နိုးတဲ့အမေ
ငြိမ်သက်စွာ နက်နဲတဲ့ အမေ
သကျမာန သံလိုက်ဓာတ်တွေ လွတ်နေတဲ့ အမေ
စင်္ကြာမင်းလောင်း သိဒ္ဓတ္ထဆိုတာထက်
သားဟာ သားပဲ ဆိုတဲ့အမေ
တေးကဗျာတွေ တစ်ပုဒ်ပြီးတစ်ပုဒ်သီရင်း
အလင်းနှစ်ဆီကို
မျက်နှာသစ်ရင်းသာ
ဦးလှည့်ကြိုပါတော့။

ကျောင်းအပ်ချိန်

မူလတန်းကလေးတွေ ကျောင်းအပ်ချိန်ဟာ သာမန်ကြည့်ရင်တော့ သာမန်ပါ ပဲ။ ဒါပေမဲ့ ကိုယ့်ကလေး ကျောင်းကောင်းကိုရောက်ဖို့ မိဘတွေ ဘယ်လို ပြင် ဆင်ကြရသလဲဆိုတာ ကြည့်လိုက်ရင် နိုင်ငံတွေရဲ့ ပေါ်လစီနဲ့ ကိုယ်ကျင့် တ ရားတွေကိုလည်း တွေ့ရတယ်။

အမေရိက။

အမေရိက ကတော့ ကက်ပီတယ်လစ်ဇင် အကြီးစားကြီးဆိုတော့ ပိုက်ဆံရှိ ရပ်ကွက်တွေ၊ မြို့တွေမှာ ကျောင်းကောင်းတွေ ပိုရှိသတဲ့။ ဒါကတော့ ကက်ပီ တယ်လစ်ဇင်ရဲ့ သဘာဝပါပဲ။
ဒီတော့ ကိုယ့်ကလေးကို ကျောင်းကောင်းကောင်းမှာ ပညာသင်ကြားနိုင်ဖို့ တတ်နိုင်တဲ့မိဘတွေက အိမ်တွေပြောင်း၊ အလုပ်တွေပြောင်းရင်း ကြိုးစားနေ ကြရသတဲ့။

ဗြိတိန်

ဗြိတိန်မှာတော့ ခရစ္စယန်ဘာသာရေးကျောင်းတွေက ကလေးတွေရဲ့ ပညာရေးအတွက် ပိုသင့်တော်ပုံရတယ်။ ကလေး ကျောင်းမအပ်ခင် ကလေး ကို အရေးပေါ် ဘက်ပတိုက်ဇ် လုပ်ကြသတဲ့။ ဒါမှ ကလေးချင်းယှဉ်ရင် တစ် ပန်း သာမှာပေါ့။
အမေရိက မှာလိုပဲ အိမ်တွေပြောင်း၊ အလုပ်တွေပြောင်းလည်း ရှိကြတယ်။

အိန္ဒိယ

အိန္ဒိယကလေးတွေရဲ့ ကျောင်းကံကြမ္မာက မူကြိုမှာ စတယ်လို့ဆိုပါတယ်။ မူကြိုမှာ တော်ခဲ့တဲ့ ကလေးတွေဟာ ကျောင်းကောင်းကောင်း ဝင်ခွင့်၊ တက် ခွင့်ရဖို့ အခွင့်အလမ်းပိုများတယ်။

တရုတ်

စိတ်ဝင်စားစရာ အကောင်းဆုံးကတော့ တရုတ်ပါပဲ။ သူက ဘာသာရေး လည်း မဟုတ်။ ကက်ပီတယ်လစ်ဇင်လည်းမဟုတ်၊ မူကြိုမှာ စတာလည်း မဟုတ်။ ကျောင်းကောင်းကောင်းရချင်ရင် အလှူငွေထည့် တဲ့။ မြန်မာ ကလေးမိဘတွေနဲ့ သိပ် မစိမ်းလှတဲ့ပေါ်လစီပါပေါ့။ ထူးတာက မြန်မာပြည်မှာတော့ ဒါကို ရံပုံငွေ လို့ ခေါ်တယ်။

ပေါ်လစီတွေ ဘယ်လိုပဲ ကွဲနေကွဲနေ ကလေးကိုချစ်တဲ့ မိဘတွေရဲ့ မေတ္တာ တရားကတော့ အတူတူပါပဲ။ လက်ဆောင်ပေးဆို ပေးရမှာပေါ့။ ကျောင်းအုပ်ကြီးအတွက် ပေးတာမှ မ ဟုတ်ဘဲ၊ ကိုယ့်ကလေး ပညာရေးအတွက် သုံးလိုက်ရတာပဲ။

How the truth-seeker should be

Nan-in, a Japanese master during the Meiji era (1868-1912) received a university professor who came to inquire about Zen. Nan-in served tea. He poured his visitor's cup full, and kept on pouring. The professor watched the the tea overflow until he no longer could restrain himself.

"It is over full. No more will go in!"

"Like this cup," Nan-in said, " you are full of your opinions and speculation, how can I show you Zen unless you first empty your cup?"

Surekha V Limaye
Zen (Buddhism) and Mysticism, p, 51

ဝါဆို၊ ပထဝီအနေအထား၊ ရာသီဥတု၊ ပြက္ခဒိန်နှင့် အဓိပ္ပါယ်ပြန်ဆိုမှုများ

အရှင်ဘုရား
အရှင်ဘုရား၏ သစ္စာလေးပါး ရှာဖွေတွေ့ရှိမှုသည် လူ့သမိုင်းမှာ ရှိရှိ သမျှေ သာ ရှာဖွေတွေ့ရှိမှုတိုင်းကို စိန်ခေါ်နိုင်ပါ၏။
ဒေသနာ များစွာထဲမှ ဤ ဒေသနာကို ကနဦး ရွေးချယ်မှုကြောင့် ဤ ဒေ သ နာသည် အရှင်မြတ် တန်ဖိုးအထားဆုံးဒေသနာဖြစ်မည်ဟု မဝန့်မရဲ ကောက် ချက်ဆွဲလိုပါ၏။
ယနေ့ ခေတ်သစ်ပညာ၏ "Wh" မေးခွန်းများဖြင့် ပြဿနာချဉ်းကပ်ပုံကို အရှင်၏ ဤ ပထမဒေသနာ၌ ရှင်းလင်းစွာ တွေ့မြင်ကြရပါ၏။
"What" သည် ပထမသစ္စာ (ဒုက္ခသစ္စာ)၊ တတိယသစ္စာ (နိရောဓသစ္စာ) တို့ ဖြစ်ပြီး "Why" ကား ဒုတိယသစ္စာ (သမုဒယသစ္စာ) ဖြစ်ပေမည်။
အဓိက အကျဆုံးကား "How" ဆိုသည် စတုတ္တသစ္စာ၊ မဂ္ဂသစ္စာသာ ဖြစ်ေ ပတော့သည်။

ဒုက္ခ့ အစပျိုးသည့် ဒေသနာမျိုးကို ချပြခြင်းအားဖြင့် နာကြားမည့် နားတို့ကို အရှင်မြတ် အထင်မသေးကြောင်း ပျက်ပျက်ထင်ထင် ရှိပါ၏။
ဘယ်ဒေသနာတွေ ဘယ်လို ကာ ကာ ဇာတိ၊ ဇရာ၊ မရဏတို့ကတော့ "ရုပ်" ဒုက္ခမှ တစ်စက်မျှ ရွေ့လျောသွားမည်မဟုတ်။ သုခဟု ညာဝါးလို့ မရနိုင်။ ဖစ်ဆီယော်လော်ဂျစ်ကယ် ဆားဖားရင်းဟု နှောင်းလူတို့ ဆိုကြ၏

ဘယ်ဒေသနာတွေ ဘယ်လို ကာ ကာ အပ္ပိယေဟိ သမ္ပယောဂ၊ ပိယေဟိ ဝိပ္ပယောဂ၊ ယံပိစ္ဆံ နလဘတိ တမ္ပိ ဒုက္ခံ တို့ကလည်း "စိတ်" ဒုက္ခအဖြစ်မှ စိုးစဉ်း မရွေ့လျောပါ။ ယင်းကိုတော့ ဆိုက်ကော်လော်ဂျစ်ကယ် ဆားဖား ရင်းဟု အမည်တပ်ကြ၏။

ဒေသနာကို ချိတ်ပိတ်လိုက်ပုံက သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ။ "ရုပ်" ဒုက္ခ၊ "စိတ်" ဒုက္ခ၊ ဥပါဒါန်။
ဥပါဒါန် အကြီးအသေးသည် ဒုက္ခ အကြီးအသေးနှင့် ထပ်တူကျ အီကွေး ရှင်းဖြစ်ပေ၏။ ဥပါဒါန် ကြီးသည်နှင့်အမျှ အပိုဆောင်း ဒုက္ခတို့ကိုလည်း ရယူကြရဦးပေမည်။

(ယနေ့ ဆောင်းပါးဟောင်းကို ပြန်တင်လိုက်ပါသည်။ သုတေသန ဆန်ဆန် စောကြောဝေဖန်သည့်ဆောင်းပါးဖြစ်သဖြင့် ယောနိသောအသိဖြင့် ဖတ်ရှုကြရန် မေတ္တာရပ်လိုပါသည်။
မိမိတို့ လှေနံဓားထစ် အယူအဆ များကို အားကောင်းကောင်းဖြင့် ရိုက်ဖွင့်ပေးလိုက်သော ဆရာကြီး ဦးဌေးအောင်၏ ကျေးဇူးတရားတို့ကို ဤဆောင်းပါးဖြင့် မှတ်တမ်း ပြုပါ၏။)

ဤဆောင်းပါးအောက်၌ ပထမဆုံး ရှင်းရမည့်ကိစ္စသည် ထေရဝါဒဗုဒ္ဓဘာသာ ယဉ်ကျေးမှုနှင့် ထေရဝါဒ မြန်မာ (စသည်) ယဉ်ကျေးမှုတို့ပင် ဖြစ်သည်။ အများအားဖြင့် ရောထွေးနေတတ်ကြ၏။ အထူးသဖြင့် ပြည်ပအတွေ့အကြုံ မရှိသော၊ သူတစ်ပါး ယဉ်ကျေးမှုကို မလေ့လာမိသော သူတို့၌ပို၍ ရောထွေး ယှက်တင် ဖြစ်စေ၏။ မြန်မာတို့ ဘာသာရေးဆိုင်ရာ ဓလေ့ ထုံးတမ်းအားလုံး ကို “ထေရဝါဒ” ဟူသော ခေါင်းစဉ်အောက် စုပြုံထည့်တတ်ကြ၏။ မမှန်ပါ။ တချို့မှန်၍ တချို့ မမှန်ပါ။

Artist: Paw Oo Thet
Source: Dhammaweb

ဤ၌ ဥပမာ ထုတ်ပြပါမည်။
၁။ ထေရဝါဒဗုဒ္ဓဘာသာ ရဟန်းတော်တိုင်း ဝါဆိုဝါကပ်ကြသည်။ (ထေရဝါဒဗုဒ္ဓဘာသာ ယဉ်ကျေးမှု၊ ထေရဝါဒနိုင်ငံတိုင်း လက်ခံကျင့် သုံးကြ ၏ ဟူလို)
၂။ နှစ်ဝါထပ်သော နှစ်များ၌ မြန်မာရဟန်းတော်တို့က ဒုတိယဝါ၌ ဝါဆို ဝါ ကပ်တော်မူကြ၏။ (ထေရဝါဒ၊ မြန်မာယဉ်ကျေးမှု)
၃။ နှစ်ဝါထပ်သော နှစ်များ၌ သီရိလင်္ကာရဟန်းတော်များက မိမိတို့ ကျောင်း တိုက် နှစ်ခြိုက်ရာ ပထမဝါ (သို့) ဒုတိယဝါ၌ ဝါကပ်ကြ၏။ (ထေရဝါဒ၊ သီရိ လင်္ကာယဉ်ကျေးမှု)

အတန်ငယ် ရှင်းပြီဟု ထင်၏။ ဝါဆိုဝါကပ်ခြင်းကို တညီတညွှတ်တည်း လက်ခံကျင့်သုံးကြသဖြင့် “ထေရဝါဒ” ဟု သုံးက ပြီးပြည့်စုံပြီး မြန်မာ၊ သီရိ လင်္ကာ၊ ထိုင်းစသော ဝိသေသနတို့ မလိုတော့ပေ။ သို့သော် နှစ်ဝါထပ်သော နှစ်များ၌ မည်သည့်လ ဝါကပ်မည် ဆိုသည်က မူ ထေရဝါဒနိုင်ငံများမှာပင် မတူညီသော အဓိပ္ပါယ်ပြန်ဆိုချက်များ ကွဲနေတော့သည်။ ထိုအခါ မြန်မာ၊ သီရိလင်္ကာစသော ဝိသေသန ပါမှ သာ ပြည့် စုံလေတော့သည်။ ဤအချက်ကို မသိက ထေရဝါဒ ရဟန်းတော် တိုင်း ဒုတိယဝါ၌ ဝါကပ်သည်ဟု ထင်မှတ်မှားနိုင်သည်။
နိုင်ငံ၊ ဒေသ၊ လူ့အဖွဲ့အစည်းကို အခြေခံပြီး ကွဲလွဲနေသော (မတူညီသော ဟု ဆိုလိုသည်၊ မှားယွင်းသည်ဟု မဆိုလို) ယဉ်ကျေးမှုတို့ကို ထပ်ပြပါဦးမည်။

၁။ ထေရဝါဒဗုဒ္ဓဘာသာတိုင်း ညချမ်း၌ ဘုရားကို ပန်း၊ ရေချမ်း၊ ဆီမီး ကပ် လှူကြသည်။ (ထေရဝါဒ ယဉ်ကျေးမှု)
၂။ သီရိလင်္ကာထေရဝါဒ ဗုဒ္ဓဘာသာတို့က ညချမ်း၌ ပန်း၊ ရေချမ်း၊ ဆီးမီး သာမက ကွမ်းရွက်နှင့် ကွမ်းသီးတို့ကိုပါ ကပ်လှူကြသည်။ (ထေရဝါဒ၊ သီရိလင်္ကာယဉ်ကျေးမှု)
၃။ ရုရှားဗုဒ္ဓဘာသာများဆိုလျှင် ညချမ်းအခါ၌ ဗော်(ဒ်)ကာ အရက်များကိုပင် ကပ်လှူကြသည်ဟု ဆို၏။ (ရုရှားဗုဒ္ဓဘာသာ ယဉ်ကျေးမှု)
ဤ၌ မေးရန်ရှိလာ၏။ အဆုံးအမတစ်ခုတည်း ဖြစ်ပါလျှက် ဓလေ့ထုံးတမ်းတို့ ဘာ့ကြောင့် ကွဲနေရသနည်း။

ဤကိစ္စမျိုး၌ သူမှား၊ ငါမှန် ငြင်းခုံနေလျှင် ပြီးမည် မဟုတ်တော့။ ကိုယ့်နိုင်ငံ မှာ ဝိနည်းပိဋကတ်ရှိသလို ထေရဝါဒ (၅) နိုင်ငံလုံးမှာလည်း (အခြားထေရ ဝါဒ နိုင်ငံများမှာလည်း) ဝိနည်းပိဋကတ် ရှိသည်။ ကိုယ့်နိုင်ငံမှာ ပညာတတ် ရဟန်းတော်များ ရှိသလို သူတို့နိုင်ငံများမှာလည်း ပညာတတ် ရဟန်းတော် များ ရှိသည်။ ကိုယ်က အထောက်အထားများဖြင့် ငြင်းဆိုလျှင် သူတို့က လည်း အထောက်အထားများဖြင့် ပြန်လည် ငြင်းဆိုမည် ဖြစ်သည်။

သို့ဖြစ်လျှင် ကမ္ဘာ၌ လူအနည်းစုသာ ယုံကြည်ကိုးကွယ်နေသည့် ထေရဝါဒ ယဉ်ကျေးမှုကို ငါးစိတ် ထပ်စိတ်ရဦးတော့မလို ဖြစ်သွားတော့မည်။ မစွံတော့။
ဓလေ့ထုံးစံတို့ ကွဲပြားနေရခြင်းသည် နိုင်ငံ၏ သမိုင်း၊ တည်ရာရပ်ဝန်း၊ လူ့ အဖွဲ့အစည်းနှင့် အဓိကအားဖြင့် ဝိနည်းတော်ကို အဓိပ္ပါယ်ပြန်ဆိုပုံ မတူညီ ကြခြင်းကြောင့် ဖြစ်၏။ မည်သို့ဖြစ်စေ သူ့ယဉ်ကျေးမှုကို သဘောမတူညီနိုင် သည် ဆိုစေဦး၊ အပြန်အလှန် နားလည်ခြင်း၊ လေးစားခြင်းသည် ငြင်း ခုံေ နခြင်းထက် ဘုရားစကားနှင့် ပို၍ နီးကပ်ပါသည်။

ဤ၌ အဓိက ဆွေးနွေးလိုသော အချက်သည် ဝါကပ်ခြင်း၊ ဝါတွင်းကာလ၊ နိုင် ငံ၏ ရာသီဥတုစသည်တို့ ဖြစ်သည်။ ဤဆွေးနွေးချက်များသည် ကိုယ်ပိုင်အယူအဆ မဟုတ်၊ မန္တလေး သာသနာ့တက္ကသိုလ်တက်စဉ်က ဆရာကြီးဦးဋ္ဌေးအောင် (မိုးဇလ) ၏ လက်ချာများကို ပြန်လည်နှလုံးသွင်း ရင်း ဆွေးနွေးသော ဆောင်းပါးသာ ဖြစ်သည်။

ဝါတွင်းဟူသည် ပါဠိလို ဝဿ၊ မြန်မာလို မိုးများသောကာလ ဖြစ်သည်။ ဝါတွင်းကာလ သုံးလကြာ၏။ ဤ၌ ဆရာကြီးက ပထမဆုံး မေးခွန်းမေး သည်။ မြန်မာပြည်၌ မိုးရာသီ ဘယ်နှစ်လ ရှိသနည်း။ သုံးလလား၊ သုံးလ ထက် ပိုသလား။ သုံးလထက် ပိုပါသည်။ အကြမ်းဖျင်းအားဖြင့် ငါးလခန့် ရှိပေလိမ့်မည်။
သို့ဖြစ်လျှင် အဘယ့်ကြောင့် ဝါတွင်းသုံးလသာ ဖြစ်နေရသနည်း။
မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဆရာကြီး အကျွမ်းကျင်ဆုံး ဘာသာရပ်ဟု ဆိုက ရကောင်း ရနိုင်ပါလိမ့်မည်။ ဆရာကြီးက သိပ္ပံနည်းကျ ရှင်းသည်။
ဘုရားပွင့်ရာ မဇ္ဈိမဒေသ၌ မိုးတွင်းက သုံးလသာ ရှိသည်။ ထို့ကြောင့် ဝါတွင်းပညတ်ရာ၌လည်း သုံးလဟုသာ သက်မှတ်သည်။
ဆရာကြီး၏ မိုးဇလပညာရပ်အရ မုတ်သုန်လေသည် မြန်မာပြည်ကို အရင်ေ ရာက်၏။ ထို့ကြောင့် တစ်လခန့် ကြို၍ မိုးဦးကျ၏။ ထိုမုတ်သုန် က မြန် မာပြည်ကို ဖြတ်ပြီး အိန္ဒိယထဲသို့ ဝင်သွားသည်။ တစ်လခန့် ကြာသော် ထို မုတ်သုန်လေ မဇ္ဈိမဒေသကို ရောက်ပြီး မိုးရာသီလည်း စတော့သည်။
မုတ်သုန်လေ ပြန်လည်ဆုတ်ရာ၌လည်း ဤနည်းအတိုင်းပင်။ သီတင်းကျွတ် လခန့်တွင် မုတ်သုန်လေသည် မဇ္ဈိမဒေသမှ စတင် ထွက်ခွာသည်။ ထို့ကြောင့် သီတင်းကျွတ်သည်နှင့် မိုးလည်း ကျွတ်လေတော့၏။ မြန်မာပြည် ၌ သီတင်းပင် ကျွတ်သော်လည်း မိုးက မကျွတ်သေး။ အကြောင်းက အိန္ဒိယ မှ ဆုတ်ခွာလာခဲ့သော မုတ်သုန်လေက မြန်မာပြည်ထဲ၌ ရှိနေဆဲ ဖြစ်သောေ ကြာင့်ပင်။
သို့ဖြင့်ပင် မြန်မာပြည်၏ မိုးရာသီသည် ယေဘုယျအားဖြင့် နယုန်လမှစ၍ တန်ဆောင်မုန်းလအထိ ငါးလမှ ခြောက်လ၊ ခုနှစ်လအထိ ရှိနိုင်သည်။ သို့သော် မဇ္ဈိမဒေသ၌ကား သုံးလသာ ကြာ၏။ အကယ်၍ ဘုရားရှင် ဝိနည်းတော် ပညတ်ရာဒေသသည် မြန်မာနိုင်ငံမှာ ဖြစ်အံ့၊ ဝါတွင်းကာလ သည် သုံးလ မဖြစ်နိုင်၊ ငါးလ ဖြစ်နိုင်ရာသည်ဟု ဆရာကြီးက မှတ်ချက်ပြု သည်။ ပညာရှင်စကားဖြစ်သဖြင့် ဤစကားမျှဖြင့်ပင် ပြီးပြည့်စုံလေပြီ။

ဤသည်တို့ကား ဝိနည်းပါဠိတော်နှင့် ယဉ်ကျေးမှု ကွဲပြားလာရပုံ၏ လက်တွေ့ ဆန်သော၊ သိပ္ပံဆန်သော၊ ပညာရှင်ဆန်သော ကောက်ချက် ပင် ဖြစ်ပေေ တာ့သည်။
မန္တလေးစသော မြန်မာပြည်အလယ်ပိုင်း မြို့များမှာဆိုလျှင် ဝါတွင်း၌ ဝါဆို ရမည် ဆို၍သာ ဝါဆိုလိုက်ရသည်။ မိုးခေါင်သော နှစ်များ၌ မိုးဟူ၍ ဖြစ်ဖြစ်ြေ မာက်မြောက် မရွာ။ သို့သော် ဝိနည်းရှိ၍ ဝါဆို လိုက်ရ၏။
သီရိလင်္ကာ၊ စင်္ကာပူစသော ကျွန်းနိုင်ငံများ၌ ရာသီဥတု သက်သက်မှတ်မှတ် မရှိ၊ (၁၂) လလုံးလုံးလို မိုးရွာသည်။ ဤသို့ဆိုလျှင် (၁၂) လလုံးလုံးပဲ ဝါကပ် ရတော့မလို ရှိသည်။ မလိုအပ်။ ဝိနည်း၌ သုံးလဟုသာ ပါ၏။ ထို့ကြောင့် သုံး လသာ ဝါကပ်ကြ၏။
သို့သော် …
ထိုသုံးလကို အဘယ်သို့ သက်မှတ်မည်နည်း။
ဤအချက်ကား နိုင်ငံတို့ အသုံးပြုနေသော ပြက္ခဒိန်နှင့် လုံးဝ သက်ဆိုင် သွားတော့သည်။
ဥပမာအားဖြင့် နှစ်သစ်ကူးသောရက် ဖြစ်သည်။
အိန္ဒိယန်းတမီးလ်များနှင့် ထေရဝါဒငါးနိုင်ငံ၏ ပြက္ခဒိန်တို့သည် တော်တော် ဆင်တူသည်။ ဧပြီလမှာ နှစ်သစ်ကူးကြသည်။ သို့သော် နှစ်ဆန်းသည့်ရက်ကို ရေတွက်ကြရာ၌ ထပ်တူ မရှိတတ်။ ထိုင်းနှင့် သီဟိုဠ်က တူနေတာ များသည်။ မြန်မာက ကွဲနေတတ်သည်။ ပြက္ခဒိန်များ အားလုံးသည် “လ” ကို အခြေခံ တွက်ချက်သော လူနာ (Lunar) ပြက္ခဒိန် များ ဖြစ်သဖြင့် လပြည့်လကွယ်စသည်ကို သတ်မှတ်ရာမှာတော့ တစ်ရက် စ၊ နှစ်ရက်စ ကွာဟတတ်သည်မှ လွဲပြီး အများကြီး ကွာဟမနေ၊ ကွာဟ၍ လည်း မရ။

ဤ၌ နောက်ဆုံးဝါကပ်၊ ဝါဆိုသည့်လကို ပြန်ကြည့်ကြပါစို့။ မိုးများသော ကာလ၌ ဝါကပ်ကြသည်။ ဝါထပ်သောနှစ်များမှာ ဝါတွင်းသုံးလက တိတိ ကျကျ သက်မှတ်ထားသဖြင့် သဘောထား ကွဲလွဲခြင်း မရှိ။ သို့သော် နှစ်ဝါထပ်၍ ဝါတွင်းလေးလ ဖြစ်နေသော နှစ်များ၌ ဘယ်သုံးလကို ဝါဆိုကြမည်နည်း။ တစ်နေရာနှင့် တစ်နေရာ၊ တစ်မြို့နှင့် တစ်မြို့ မိုးအနည်းအများ မတူနိုင်တော့။ ထိုအခါ မိုးပိုများသော သုံးလကို ရွေးချယ်၍ ဝါကပ်ကြသည် ဆိုပါစို့။

ဝိနည်းတော်က ဘာပြောဦးမည်နည်း။ ဝိနည်းတော်နှင့် ဆန့်ကျင်နေသည်ဟု ဆိုရန် ရှိပါဦးမည်လော။ ဤကိစ္စမျိုးသည် အငြင်းပွားနေသင့်သော ကိစ္စ မဟုတ်သလို “သာသနာကွယ်လိမ့်မည်” ဟူသော ခပ်ဝါးဝါးစကားကိုလည်း မသုံးစွဲအပ်တော့။
ဤဆောင်းပါး၏ အဓိက ရည်ရွယ်ချက်သည် မတူညီမှုများကို နားလည်ပြီး လေးစားတတ်ရန်သာ ဖြစ်သည်။ မြန်မာဗုဒ္ဓဘာသာတို့ ကျင့် သုံးနေသော ဓလေ့ထုံးစံများတွင် အချို့ကား အခြားထေရဝါဒနိုင်ငံများနှင့် ညီ၏။ အချို့ကား မညီ။ ထိုမညီသော ဓလေ့ထုံးစံတို့ကို ထေရဝါဒမြန်မာ ယဉ်ကျေးမှုဟု ဆိုမှသာ ပြည့်စုံမည်။
ကျွန်ုပ်တို့ ဗုဒ္ဓဘာသာအမည်က ထေရဝါဒဖြစ်သည်။ ကျန်သော ငါးနိုင်ငံနှင့် ညီညွတ်လျှင် ပိုကောင်းသည်။ တိဗက်တန်ဗုဒ္ဓဘာသာဆိုလျှင် တိဗက်နှင့် ညီညွှတ်လျှင် ပြီးပြီ။ သူ့ဗုဒ္ဓဘာသာ အမည်ကပင် တိဗက်တန် ဗုဒ္ဓဘာသာ ဖြစ်နေသောကြောင့် ဖြစ်သည်။