Home » All posts
လူကြိုက်များမှု
in
The Clash of Civilizations,
ဇင်ဝေသော်
- on 2/18/2014
- No comments
အဆုံးအမချင်း လုံးဝနီးပါးတူနေပေမဲ့ ဘာသာရေးခေါင်းဆောင်တွေရဲ့ လှုပ် ရှားမှု၊ စည်းရုံးရေးစွမ်းရည်၊ လူထုအမှန်လိုနေတဲ့ စိတ်သက်သာရာကို ပေး စွမ်းနိုင်မှုစတာတွေအပေါ်မူတည်ပြီး လူကြိုက်များ၊ မများကို နှိုင်းယှဉ်ပြသမှု တစ်ခုပါ။ ရင်းနှီး၊ နွေးထွေး၊ ရှေးရိုးမဆန်၊ ဆက်ဆံရလွယ်ကူ၊ နားထောင်ပေး တတ်တဲ့နား စတာတွေပါဝင်ပါတယ်။ အချုပ်က မျက်နှာကြောတင်းတင်းနဲ့ ဟိတ်ကြီးဟန်ကြီး မလုပ်ဘူးပေါ့။
In Brazil in the early 1990s, for instance, 20 percent of the population identified themselves as Protestant and 73 percent as Catholic, yet on Sundays 20 million people were in Protestant churches and about 12 million were in Catholic ones.
The Clash of Civilization. P 99
လောကနီတိကို လေ့လာခြင်း
in
3D ဘာသာရေး,
သီဟနာဒ
- on 2/18/2014
- No comments
"ကျော့ကွင်းမှ နှစ်ကြိမ်သုံးကြိမ်လွတ်ပြီးသော သမင်"
(နည်းပညာကြောင့် ယခုခေတ်မှာ လွတ်လမ်းသိပ်မရှိတော့)
"နှစ်ကျောင်းသုံးကျောင်း ပြောင်းပြီးသောရဟန်း"
(ဂလိုဘယ်ခေတ်၌ ပြောင်းသင့်က ပြောင်းကြရပေမည်)
"နှစ်လင်သုံးလင်ပြောင်းပြီးသော မယားတို့သည်"
(ဒါတော့ မသိ)
ဆိုတဲ့လောကနီတိအဆိုက အံမဝင်တော့သလို ပြည့်စုံမှုလည်း မရှိတော့ပါ။
နှစ်ကြိမ်သုံးကြိမ်ဖြတ်ပြီးသော ဖေ့စ်ဘုတ်တို့သည်
(အလုပ်အလွန်ပျက်က ဖြတ်ကြရပေမည်)
"ကတမာယာ ပြုအပ်သောမာယာရှိကုန်၏"၊ (ဝါ) ဘေးကလူ ယုံရခက်၏။
ဤ "........." စကားများသည် လောကနီတိအဆိုများတည်း။
အိန္ဒိယ၊ ဇာတ်စနစ် သံကွန်ခြာထဲမှာ (တစ်)
in
ဇင်ဝေသော်,
လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင် (လီကွမ်ယု)
- on 2/17/2014
- No comments
လူတစ်ယောက်ရဲ့ ကမ္ဘာ့ အမြင် (ဂျပန်၊ ကိုရီးယား၊ အိန္ဒိယ)
"တစ်နိုင်ငံက လုပ်ဆိုလုပ်ချလိုက်တယ်။ နောက်တစ်နိုင်ငံက စကားတွေပဲ စွတ်ပြောနေပြီး လုပ်တဲ့အဆင့်ကို ရောက်မလာနိုင်ဘူး။ တရုတ်တွေ ဆီ မှာ တွေ့မြင်ရတဲ့ စည်းလုံးခြင်းရဲ့အင်အားမျိုး အိန္ဒိယမှာ မတွေ့ရဘူး" (လီကွမ်းယု)
တရုတ်နဲ့ အိန္ဒိယကြားမှာ တိုင်းတာစရာ တူညီမှုဘာမှ မရှိဘူးဆိုတဲ့ကောက် ချက် ဒီနှစ်တွေအတွင်းမှာ ကျွန်တော်ဆွဲလိုက်နိုင်ခဲ့ပါတယ်။ တရုတ်ပြည်ဟာ မူလဘူတကျကျတိုးတက်လာခဲ့ပြီး လူမျိုးအနေနဲ့လည်း တစ်မျိုးတည်းဖြစ် လာပါတယ်။ တကယ်တော့ နိုင်ငံတစ်ခုကို ပြင်ပကမ္ဘာက ဖန်ဆင်းပေးလို့ မရပါဘူး။ တရုတ်ပြည်မှာ ဟန်လူမျိုးက (၉၀) ရာခိုင်နှုန်းရှိနေပြီး သူတို့ပြော တဲ့စကားကိုလည်း တစ်နိုင်ငံလုံးက နားလည်ကြတယ်။ အိန္ဒိယမှာ ဒေသသုံးဘာသာစကားပေါင်း (၄၀၀)ကျော်ရှိနေပြီး (အီကော်နော် မစ်၊ ဖေဖော်ဝါရီ၊ ၂၀၁၂) ဗြိတိသျှအစိုးရလက်ထက် ရထားလမ်းတွေနဲ့ နယ်မြေတွေဆက်သွယ်မပေးခင်က သူ့လူစု၊ သူ့ဘုရင်နဲ့သူ ရှိနေခဲ့ကြပါတယ်။ အဲသလို ဘာသာစကားမတူကွဲပြားနေမှုကြောင့် ဒေလီမြို့တော်ကနေ ပြီး နိုင်ငံလူဦးရေရဲ့ (၄၀)ရာခိုင်နှုန်းထက်ကျော်တဲ့လူတွေကို စကားမပြောနို င်တော့ပါဘူး။ ဒေလီဟာ ဟင်ဒီစကား အများဆုံးပြောတဲ့မြို့ပါ။ ၂၀၁၁ ခု စစ် တန်းအရ အိန္ဒိယလူဦးရေရဲ့ (၄၁)ရာခိုင်နှုန်းဟာ ဟင်ဒီစကားပြောပြီး ဟိန္ဒူ မ ဟုတ်တဲ့ ပန်ချာပီတွေလည်း ဟင်ဒီစကားကို နားလည်နိုင်ကြပါတယ်။ အခြားဘာသာစကားတွေဖြစ်ကြတဲ့ တမီး(လ်)တို့၊ ပန်ဂျာဘီ(ပန်ချာပီ)စကား တို့ဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်နေပါတယ် ဆိုတဲ့ သမိုင်းအထောက် အထား လုံးဝမရှိပါဘူး။ ဒီဘာသာစကားတစ်မျိုးမျိုးကို ပြောနေရင် နားမလည်သူတွေ အဖို့ ဂရိစကားကို ပြောနေသလိုပါပဲ။ အင်္ဂလိပ်စကားပြောမယ်ဆိုရင် လူဦးရေ ၁.၂ ဘီလီယံထဲက သန်း(၂၀၀)လောက်နားလည်မယ်။ ဟင်ဒီစကားပြောရင် သန်း(၅၀၀)လောက်က နားလည်မယ်။ တမီး(လ်)စကားပြောရင် သန်း(၆၀) ဝန်းကျင်လောက်ကပဲ နားလည်မယ်။ ဒီအချက်ဟာ ဝန်ကြီးချုပ်ဖြစ်လာသူ တစ်ယောက်အတွက် အကြီးအကျယ် အဟန့်အတားကြီးတစ်ခုပါပဲ။ ဘယ်ဝန်ကြီးချုပ်မှလည်း ဒီဘာသာစကားတွေအားလုံး ပြောနိုင်ဖို့ မစွမ်းနိုင်ပါ ဘူး။
အိန္ဒိယဟာ ဘယ်တုံးကမှ လူမျိုးတစ်မျိုးတည်းနိုင်ငံမဖြစ်ခဲ့ပါဘူး။ လူမျိုး တစ် မျိုးတည်းဆိုတာက ဗြိတိသျှအစိုးရနဲ့ အိန္ဒိယအမျိုးသားရေးဝါဒီတွေရဲ့ စည်း ရုံးရေးစကားသက်သက်ပါ။ သူတို့ ဘယ်လောက်ပဲကြိုးစားခဲ့ကြပါစေ ဒီအယူ အဆက အမှန်တရားဆိုတာထက် စိတ်ဓာတ်ရေးရာ သဘောတရားလောက် ပဲ ရှိပါတယ်။
အိန္ဒိယနဲ့တရုတ် ရှေးဟောင်းယဉ်ကျေးမှုကြီးနှစ်ခုကို နှိုင်းယှဉ်ကြည့်တော့ ဒါကလည်း ပန်းသီးနဲ့ လိမ္မော်သီးလိုပါပဲ။ တရုတ်ပိုင်ဆိုင်ရရှိခဲ့တာတွေကို အိန္ဒိယရော ပိုင်ဆိုင်ရရှိနိုင်မလားဆိုတဲ့ မေးခွန်းဟာ ပန်းသီးကို လိမ္မော် သီးဖြစ်အောင် လုပ်လို့ရမလားဆိုတဲ့ မေးခွန်းနဲ့အတူတူပါပဲ။ အိန္ဒိယနဲ့ တရုတ် တို့ အခြေခံ မတူညီတဲ့ယဉ်ကျေးမှုတွေရဲ့ ရလာဒ်က တော်တော်ထင်သာမြင် သာရှိပါတယ်။ တစ်နိုင်ငံက လုပ်ဆိုလုပ်ချလိုက်တယ်။ နောက်တစ်နိုင်ငံက စကားတွေပြောနေပြီး လုပ်တဲ့အဆင့်ကို ရောက်မလာနိုင်ဘူး။ တရုတ်တွေ ဆီမှာ တွေ့မြင်ရတဲ့ စည်းလုံးခြင်းရဲ့အင်အားမျိုး အိန္ဒိယမှာ မတွေ့ရဘူး။
အိန္ဒိယနိုင်ငံရေးပေါ်လစီတွေထဲမှာလည်း အက်ကြောင်း တွေ့ရပြန်တယ်။ ဒေ လီမှာရှိတဲ့အရာရှိက အခြားပြည်နယ်ကအရာရှိကို ဘာလုပ်ဆိုတာမျိုး သွားပြောလို့မရဘူး။ ပြည်နယ်အရာရှိက ဒေလီကလူရဲ့ ထောက်ခံမဲအပေါ် ရပ်တည်နေတာမဟုတ်ဘူး။ သူအုပ်ချုပ်နေတဲ့ ဒေသတွင်းက လူတွေေ ထာက်ခံရင် ဟိုလူမထောက်ခံလည်း သူက ဘာမှမဖြစ်ဘူး။ တရုတ်ပြည်မှာ ဗဟိုကပေးတဲ့အမိန့်ကို မလိုက်နာဘူးဆိုရင် ဘေးဖယ်ခံရမှာပဲ။ တရုတ်ပြည်က ပြည်ထောင်စုတစ်စုတည်းအနေနဲ့ ခရီးဆက်နေချိန် အိန္ဒိယ ကတော့ မတူညီတဲ့ကွဲပြားမှုတွေကြောင့် တစ်ပေါင်းတစ်စည်းတည်းဖြစ်လာဖို့ လွယ်ကူလိမ့်မယ်မဟုတ်ဘူး။
တရုတ်နိုင်ငံရဲ့ ကလေးတစ်ယောက်ပေါ်လစီကိုကြည့်ပြီး ပြောစရာရှိကောင်း ရှိနိုင်မယ်။ ဒါပေမဲ့ တရုတ်ပြည်က ဥပဒေဘောင်ထဲကနေ ပြတ်ပြတ်သား သားဆောင်ရွက်တတ်တဲ့အကျင့်ကိုလည်း သတိရသင့်ပါတယ်။ ၂၀၁၂ ခု၊ စက်တင်ဘာလသတင်းမှာ ပါလာခဲ့တယ်။ ရှန်ရှီပြည်နယ်က ဖိန်ကျင်းမေ (Feng Jianmei) ဆိုတဲ့အမျိုးသမီးက အစိုးရခွင့်ပြုချက်မရပဲ ကိုယ်ဝန်ဆောင် ထားလို့ဆိုပြီး (၇)လသားကိုယ်ဝန်ကို အစိုးရက ဖျက်ချခိုင်းခဲ့တယ်။ အဲဒီ အချက်က ဗဟိုဦးစီးမှုစနစ်ဟာ ဘယ်လိုရှိတယ်ဆိုတာ ပြသနေပါတယ်။ မင်း ဥပဒေကို ချိုးဖောက်တယ်။ ဒါဆို ကိုယ်ဝန်ဖျက်ချ၊ အဲသလိုမျိုးပါ။ အိန္ဒိယက အဲသလိုဖိအားပေးဖို့ အသာထား၊ အဲသလို ဥပဒေမျိုးကို ထုတ်မှာမဟုတ်ပါ ဘူး။ အိန္ဒိယအရှုပ်တော်ပုံထဲက နောက်တစ်ချက်က ဇာတ်ခွဲခြားမှုစနစ်ပါပဲ။ အဲဒီအချက်ကလည်း နိုင်ငံရဲ့တိုးတက်မှုကို နှေးကွေးစေတဲ့ အဓိကအချက်ပါ။ သူတို့ဇာတ်စနစ်အရ ကိုယ်အောက်နိမ့်တဲ့ဇာတ်ရှိသူကို လက်ထပ်လိုက်ရင် ကိုယ်ပါ အလိုလိုဇာတ်နိမ့်ထဲပါသွားတယ်။ ဒီတော့ ဗြဟ္မဏက ဗြဟ္မာချင်း၊ ကုန်သည်က ကုန်သည်ချင်း၊ ဆင်းရဲသားက ဆင်းရဲသားချင်းပဲ လက်ထပ် ကြတော့တယ်။ ဟိန္ဒူဘုန်းကြီးဖြစ်နေတဲ့ ဗြဟ္မဏဇာတ်တွေဟာ ကမ္ဘာမှာ ဘယ်လူတန်းစားနဲ့မဆို ရင်ဘောင်တန်းနိုင်တဲ့ ဥာဏ်အရည်အသွေး ရှိ တယ်။ တော်တော်များများက ဘာသာစကားပေါင်းများစွာပြောနိုင်ကြတယ်။ ဒီတော့ ဒီဇာတ်စနစ်ကြီးက အိန္ဒိယကို ဘယ်လိုထိခိုက်လာသလဲ။
ကျွန်တော့်အကြံပြုချက်ဟာ ပေါ်ပြူလာမဖြစ်နိုင်ပေမဲ့ ဒါဟာ လုံးဝအမှန် တရားဆိုတာတော့ ကျွန်တော်ယုံကြည်ထားပါတယ်။ ဗြဟ္မဏလူတန်း စားတွေထဲမှာပဲ တဝဲဝဲလယ်နေတယ်။ တရုတ်ရှေးဟောင်း ယဉ်ကျေးမှုကို ကြည့်ရင် ထက်မြက်တဲ့အစိုးရအရာရှိ၊ ဘုရင့်အရာရှိတစ်ယောက်ဟာ မိန်း မတွေအများကြီးယူခွင့်ရှိပြီး သူ့မျိုးရိုးဗီဇတွေကလည်း အများကြီးပျံ့နှံ့သွား တယ်။ ဗြဟ္မဏတစ်ယောက်ကျတော့ သူရဲ့ဇာတ်တစ်ဆင့်ချမပေးဘဲ ဗြဟ္မဏမဟုတ်သူကို လက်ထပ်လို့ မရတော့ ဘူး။ ဇာတ်စနစ်သာမရှိရင် ဗြဟ္မဏတွေက သူတို့မျိုးရိုးဗီဇကို ပျံ့နှံ့စေပြီး၊ (၅၀) ရာခိုင်နှုန်း ဗြဟ္မာဏတွေ အများကြီးရှိလာနိုင်ပါတယ်။
ဆိုပါတော့၊ နိုင် ငံတစ်ခုမှာ ဥပဒေအသစ်တစ်ခုတိုးလာတယ်။ တက္ကသိုလ် ဘွဲ့ရတစ်ယောက်က တက္ကသိုလ်ဘွဲ့မရသူကို ကိုယ့်ရှိပြီးသား အဆင့်အတန်း မစွန့်လွတ်ပဲ လက်ထပ်ခွင့်မရှိဘူးဆိုရင် အဲ့ဒီလူ့အဖွဲ့အစည်းဘယ်မှာ လမ်း ဆုံးသွားမလဲ။
ဆက်ရန်





