မော်ရင်ညိုရဲ့ ဆက်ဆံရေး (စနေဘောလုံး)


"ကျနော်နဲ့ ရာဖာ ဘင်နီတက်ဇ်(လီဗာပူး နည်းပြဟောင်း) ကြား ဆက်ဆံရေး က ပြဿနာတစ်စုံတစ်ရာ မရှိခဲ့ဖူးပါဘူး။ အဲ..ချဲလ်ဆီးက လီဗာပူးကို ကန် လိုက်တိုင်း ရှုံးနေတုန်းကပေါ့ ဗျာ။
အခု ချယ်လ်ဆီးက လီဗာပူးကို နိုင်လိုက်တော့မှ ပြဿနာတက်လာတာ ဗျ၊ တောင်ပြောမြောက်ပြောတွေ ဖြစ်လာတာ"
(ပထမအကြိမ် ချယ်လ်ဆီးကို ကိုင်စဉ်က မောင်တင်ညိုရဲ့ စကားပါ၊ ပြုံးရ လို့ ပြန်တင်လိုက်တာ)

လူဦးရေပိုများနဲ့ အရင်းအမြစ်


လူဦးရေပိုများရင် အရင်းအမြစ်ပိုလိုတယ်။ ဒါ့ကြောင့် လူဦးရေထူထပ်တဲ့ ( နောက်ပြီး/သို့မဟုတ်) ရုတ်တရက်ကြီးလူဦးရေတိုးပွားလာတဲ့ လူ့အဖွဲ့ အ စည်းတွေထဲကလူတွေဟာ အပြင်ကိုတိုးထွက်လာတတ်တယ်၊ နယ်မြေတွေ လုလာတတ်တယ်၊ လူဦးရေအားဖြင့် သူတို့လောက် အားမကောင်းတဲ့ လူတွေအပေါ် ဖိအားတွေ တိုးပေးတတ်တယ်။
Larger populations need more resources, and hence people from societies with dense and/or rapidly growing populations tend to push outward, occupy territory, and exert pressure on other less
demographically dynamic peoples.
(The Clash of Civilizations. p. 119)
(မတတ်နိုင်ဘူး၊ ၁၉၉၆ မတိုင်ခင်က ဟန်တင်တန်ရဲ့ အနာဂတ်ဟောစာ တန်းတွေပဲ)

အစ္စလာမ်ရဲ့ လမ်းစဉ်က


 (၁) အတိုက်အခံပါတီထဲဝင် (၂) အတိုက်အခံပါတီ ကို သူတို့ လွှမ်းမိုးလာအောင်လုပ် (၃) နောက် အစိုးရကို ဖိအားပေး။ (၄) စသည်... စသည်..
ဒါပေမဲ့ ဒါတွေဖြစ်လာဖို့ လက်ရှိအစိုးရရဲ့ ပေါ်လစီက အခရာကျတယ်။

The success of Islamist movements in dominating the opposition and establishing themselves as the only viable alternative to incumbent regimes was also greatly helped by the policies of those regimes.
(The Clash of Civilizations. p 114)

အဖိုးသိမသွားတဲ့ ရေမျက်နှာပြင် ပြဿနာ (ပြန်တင်)


ကမ္ဘာကြီး ပူနွေးမှုကြောင့် ပင်လယ်ရေမျက်နှာ မြင့်တက်လာရသည် ဟုဆို သည့် ကျောင်းဆရာလေး စကားကို အဖိုးက လက်မခံပါ။
" မဟုတ်မဟပ်တွေ မပြောစမ်းပါနဲ့ ၊ နေပူလို့ ရေခန်းတာပဲ ရှိတယ်။ ဘယ်ကလာ ရေတက်ရမှာတုန်း၊ မယုံရင် ငါ့လယ်ကို ကြည့် " ဟု အဖိုးက ကျောင်း ဆရာလေးကို ငေါက်သည်။

ဝင်ရိုးစွန်း ရေခဲတောင်တွေ အရည်ပျော်ခြင်းထက် တဖြည်းဖြည်း ခန်းခြောက် လာနေတဲ့ သူ့ လယ်ကွက်ကိုပဲ နားလည်တဲ့ အဖိုးဟာ သူ့ဒဿန နဲ့ သူပဲ မှန်နေရရှာသည်။

သို့သော် ဤဒဿန မျှဖြင့်ပင် သူ့ဝန်းကျင်၊ သူ့ဘဝ အ တွက်တော့ ပြည့် စုံနေပါပြီ။ အဖိုးက လယ်သမားသာဖြစ်သည်။ သူ့ လယ် ထဲ ရေရှိလျှင် သူ့ စပါးအောင်မည်။
သီတင်းကျွတ်နေပူကို သူမုန်းသည်။ ရေခဲတောင်တွေကို အရည်ပျော်စေ ခြင်းကြောင့် ကား မဟုတ်။ လယ်ထဲကရေကို ခမ်းစေသောကြောင့် ဖြစ် သည်။

ထိုစဉ် စံလှထွန်း ဆိုသည့် တက္ကသိုလ် ပါမောက္ခဟောင်းက
" အဖိုးပြောတာမှန်တယ်၊ ဟိုကောင် မသိလို့ လျှောက်ပြောတာ " ဟု ထောက်ခံပေးလိုက်သည်။
ကျောင်းဆရာလေးလည်း ဦးစံလှထွန်းကပါ ထောက်ခံနေသဖြင့် သူပြောချင် ရှင်းပြချင်နေသည့် ဂလိုဘယ် ဝမ်းမင်း ကိစ္စ ပြောမရတော့။
တကယ်တော့ စက်မှု တက္ကသိုလ် ပါမောက္ခဟောင်း ဦးစံလှထွန်းကလည်း ဂလိုဘယ် ဝမ်းမင်း ကိစ္စလောက်တော့ သိပါသည်။
သို့သော် လယ် ရေမလုံလောက်မှာ စိုးရိမ်ပြီး ပူပင်နေရသော အသက် ၈၄ နှစ် ရှိ အဖိုးရှေ့မှာ မပြောသင့်လို့ မပြောဖို့ ဆုံးဖြတ်လိုက်ခြင်း သာ ဖြစ် ပါသည်။
သူ့ ဒဿနဲ့ သူပဲ ရှိပါစေ။

အကယ်၍ အဖိုးက ၁၈ နှစ်သား ဆိုသော် ဦးစံလှထွန်းက တစ်မျိုး ဖြေကောင်း ဖြေပါလိမ့်မည်။ ဦးစံလှထွန်းစကားဆိုလျင် အဖိုးကလည်း " စံလှထွန်း ပြောတာဆို ဟုတ်မှာ " ဟု ခံယူရှာပေမည်။ ထို့ကြောင့် အသက် ၈၆ နှစ်မှာ ကွယ်လွန်သွားရှာသော အဖိုးသည် ကမ္ဘာကြီး ပူနွေးမှုကြောင့် ပင်လယ်ရေမျက်နှာ မြင့်တက်လာရသည် ဟုဆို သည့် သိပ္ပံ အမြင်ကို သိမသွားရရှာပါ။ သို့သော် အဖိုးဘဝမှာ ဒါ မသိလည်း လယ်ထဲ ရေရှိနေလျှင် ဖြစ်ပါသည်။ စိတ်ချမ်းသာနေရှာသည်။ လယ်ထဲက ရေကသာ မြေးကို ရှင်ပြုပေးနိုင်သည် ဟု ယုံကြည်ထားသောကြောင့် ဖြစ်ဟန်တူပါသည်။
သူ့ ဒဿနဲ့ သူပဲ ရှိပါစေ။

(posted on 15/11/2012)
 သီဟနာဒ

အိန္ဒိယ၊ ဇာတ်စနစ် သံကွန်ခြာထဲမှာ (နှစ်)


လူတစ်ယောက်ရဲ့ ကမ္ဘာ့ အမြင် (ဂျပန်၊ ကိုရီးယား၊ အိန္ဒိယ)

"ဒီမိုကရေစီဆိုတာ ပြဿနာအားလုံးကို ဖြေရှင်းပေးနိုင်တဲ့ လိုတရ မန္တာန် မဟုတ်ဘူးဆိုတာပါ။ .....ရှည်လျားတဲ့ သမိုင်းနောက်ခံရှိတဲ့ လူ့ အဖွဲ့အ စည်းတွေမှာ ရှိပြီးသား အချက်တွေကို ရုတ်တရက်ပြောင်းလဲပစ်ဖို့ မလွယ်ကူ လှဘူး" (လီကွမ်းယု)

ဇာတ်စနစ်နဲ့ပတ်သတ်တဲ့ အတွေ့အကြုံကို ၁၉၇၀ ခုနှစ်တွေကတည်းက ကျွန်တော် သတိထားမိခဲ့ပါတယ်။ အိန္ဒိယ ဗြဟ္မဏဇာတ်ဖြစ်တဲ့ A.Sankaran ဆိုတဲ့ ကိုယ်ရေးအရာရှိ ကျွန်တော်မှာ ရှိခဲ့ပါတယ်။ သူ့ပုံပန်းသဏ္ဍန်ကို ကြည့် ပြီး ဆန်ကရန်ဟာ ဗြဟ္မဏဇာတ်လို့ ပြောလို့ရတယ်။ ကျွန်တော်ရဲ့ အိန္ဒိယ ခရီးစဉ် တစ်ခုမှာ ဆန်ကရန်လည်း ကျွန်တော်နဲ့အတူ ပါလာပါတယ်။ ကျွန်တော်တို့ အစိုးရအိမ်တော်ကို သွားတော့ (Raj Bhavan or Government House) သတိထားမိစရာတစ်ခုသွားတွေ့မိတယ်။ ကျွန်တော်တို့ အစိုးရအိမ်တော်ကိုရောက်လို့ သူက တောက်တိုမယ်ရ အလုပ် သမားတွေကို စကားပြောတော့ သူတို့အားလုံးက တလေးတစားလိုက်နာကြ တယ်။ သူ့အမူအယာနဲ့ စကားပြောဟန်ကိုကြည့်ပြီး သူဟာ ဗြဟ္မဏ တစ်ေ ယာက်ဆိုတာ သူတို့ကသိကြသလို သူ့စကားကလည်း တကယ်ထိရောက် တယ်။ ဆန်ကရန်ကတော့ အခုဆုံးသွားရှာပါပြီ။ ဒါပေမဲ့ ဒီအတွေ့အကြုံ ကိုတော့ ကျွန်တော်ဘယ်တော့မှ မေ့မှာ မဟုတ်တော့ဘူး။ ဘာမှ မဆိုင်တဲ့ စင်္ကာပူမွေး ဗြဟ္မဏတစ်ယောက်က အိန္ဒိယက အလုပ်သမားတွေကို စ ကားပြောတော့ သူဇာတ်မြင့်တာကို ကြည့်ပြီး တလေးတစားဆက်ဆံပြကြ တယ်။

နောက်ထပ်အဖြစ်အပျက်ကတော့ သိပ်မကြာခင် နှစ်ပေါင်း (၂၀)လောက် တုန်းက။ အာဂရကနေ ဒေလီကို ကားနဲ့ခရီးသွားစဉ်တုန်းကပါ။ အာဂရ (Agra) မှာ ရာထူးအမြင့်ဆုံးအရာရှိတစ်ယောက်တစ်ယောက် ကျွန်တော် နဲ့အတူရှိနေလို့ ဇာတ်စနစ်နဲ့ပတ်သတ်ပြီး သူ့ကို တီးခေါက်ကြည့်မိပါတယ်။ “ဆိုပါတော့၊ ကျွန်တော်က ကျွန်တော်ဟာ ဗြဟ္မဏတစ်ယောက်ဖြစ်ပါတယ် လို့ဆိုရင် ခင်ဗျားအနေနဲ့ ယုံကြည်နိုင်ပါ့မလား” လို့ သူ့ကိုမေးတော့
သူက “ခင်ဗျားမှာ ဗြဟ္မဏတွေရှိရမယ့် အဆင့်အတန်း၊ ကြွယ်ဝချမ်းသာမှုနဲ့ ကိုယ်ကျင့်တရားရှိမယ်ဆိုရင် ကျွန်တော်က ယုံကြည်မှာပါ၊ ဒါပေမဲ့ ခင်ဗျားက ကျွန်တော့်သမီးကို လက်ထပ်ချင်တယ်ဆိုရင်တော့ ခရေစေ့တွင်းကျ စစ်ဆေး ကြည့်ရပါလိမ့်မယ်” လို့ ပြန်ပြောတယ်။

“ဒေလီလို ရှုပ်ထွေးလှတဲ့ မြို့တော်ကြီးမှာနေသူတစ်ယောက်ရဲ့ နောက်ေ ကြာင်းကို ဘယ်လိုလုပ်လိုက်ကြည့်နိုင်ပါမလဲ” လို့ ကျွန်တော်ကမေးတော့
“ဒေလီက ဒီလောက်ကြီးရှုပ်ထွေးလီတာ မဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ်တစ်နေ ရာရာမှာတော့ ခင်ဗျား နေကိုနေရပါလိမ့်မယ်၊ ဒါဆိုရင် နောက်ကြောင်းခံ လိုက်ကြည့်ဖို့လည်း မခက်တော့ပါဘူး” လို့ သူကပြန်ဖြေပါတယ်။

ဒါတွေ ကြုံတွေ့ခဲ့ရတာက လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေကပါ။ ဒါပေမဲ့ ပြောင်းလဲ မှုထူးထူးခြားခြား မရှိလှပဲ ဒါတွေဟာ အရင်အတိုင်းပဲ ရှိနေဆဲပါ။ ပိုပြီး ခေတ် မှီတဲ့ မွန်ဘိုင်းလိုမြို့မှာတော့ ဇာတ်စနစ်က နည်းနည်းအားလျော့လာနေသလို ရှိပါတယ်။ ဒါပေမဲ့ တစ်နိုင်ငံလုံးကို ခြုံကြည့်ရင်တော့ ဇာတ်စနစ်ကို လက်မခံ သူက တော်တော်နည်းပါးပါတယ်။ ဇာတ်စနစ်အောက်ကနေ လုံးဝ လွတ်မြောက်ပါပြီလို့ အိန္ဒိယကိုယ်တိုင်ကြွေးကြော်ဖို့ကတော့ ဆယ်စုနှစ် များ စွာ ဒါမှမဟုတ်ရာစုနှစ်များစွာအထိတောင် ကြာနေနိုင်ပါသေးတယ်။

ဒါတွေကြောင့် တရုတ်နဲ့ အိန္ဒိယတို့ကြားကွာဟမှုကလည်း ပိုပိုများလာစရာပဲ ရှိပါတယ်။ အိန္ဒိယရဲ့ တစ်ဦးချင်းဝင်ငွေက (ဒေါ်လာ ၁၅၀၀) တရုတ် တစ်ဦး ချင်းဝင်ငွေက (ဒေါ်လာ ၅၄၀၀)ဆိုတော့ သုံးပုံတစ်ပုံတောင်မရှိပါဘူး။ အိန္ဒိယတိုးတက်မှုနှုန်းက တရုတ်တိုးတက်မှုနှုန်းရဲ့ ၆၀ (သို့) ၇၀ ရာခိုင်နှုန်းေ လာက် ရှိနေပါတယ်။ သူတို့တရုတ်ကို မှီလာမယ်လို့လည်း ကျွန်တော် မထင် မိပါဘူး။ အားကောင်းတဲ့ ပုဂ္ဂလိကလုပ်ငန်းတွေကြောင့် အိန္ဒိယရဲ့ အစိတ် အပိုင်းအချို့ဟာ တိုးတက်မှု မြန်ကောင်းမြန်နိုင်ပါတယ်။ မွန်ဘိုင်းက အဓိ ကနေရာဖြစ်မယ်။ ကမ္ဘာ့အဆင့်ရှိ စီးပွားရေးပညာရှင် N-R Narayana Murthy လို ပုဂ္ဂိုလ်က ဦးဆောင်တဲ့ Infasys လို ကုမ္ပဏီတွေရှိနေတော့ ဘန်ဂလော (Bangalor) မြို့ဆိုရင်လည်း ဖွံ့ဖြိုးတိုးတက်မှုနှုန်းမြန်ဆန်တဲ့ မြို့တော်ပါ။ ဒါပေမဲ့ Infosys ကုမ္ပဏီက လူပေါင်း ဘယ်လောက်အလုပ်ပေး ထားနိုင်မှာလဲ။ အဲသလို စွမ်းရည်မျိုး တစ်ပြည်လုံးမှာ ဖြန့်မထားနိုင်ဘူး။

အခွင့်အလမ်း သိပ်မရှိတာကြောင့်လည်း ဖြစ်မယ်။ နိုင်ငံရဲ့ ဗြူရိုကရေစီ စနစ်ကြောင့် လိုအပ်ချက်ကို ဖြည့်ဆည်းမပေးနိုင်လို့ စိတ်ပျက်တာကြောင့် လည်း ဖြစ်မယ် အရည်အချင်းတကယ်ရှိတဲ့ အိန္ဒိယန်းတွေဟာ နေရာ သစ်တွေ ဆီသွားရောက်နေထိုင်းပြီး အိန္ဒိယကို ပြန်မသွားကြတော့ဘူး။ ဒါကလည်း အိန္ဒိယနဲ့တရုတ်ကြားမှာ သိသာထင်ရှားလှတဲ့ ခြားနားချက်ကြီး တစ်ခုပါ။ တရုတ်တွေလည်းပဲ အမေရိကားကို အများကြီး သွားကြတာပါပဲ။ ဒါပေမဲ့ တချို့ကပြန်လာပြီး တရုတ်ပြည်ထဲမှာ စီးပွားရေးလုပ်ကြတယ်။ အိန္ဒိ ယမှာ မရရှိနိုင်တဲ့ အခွင့်အရေးတွေတရုတ်ပြည်ထဲမှာ ရှိနေတယ်။ တနည်းပြောရရင် အိန္ဒိယ ဦးနှောက်ယိုစီးမှုဒဏ်ခံနေရသလောက် တရုတ်က မခံရဘူး။ အိန္ဒိယကနေထွက်ခွာသွားတဲ့လူတွေဟာ ပထမတန်းစားတွေချည်း ပဲ။ သူတို့ကပဲ Pepsi Co တို့ Deutsche Bank တို့လို ကမ္ဘာ့ကော်ပိုရေးရှင်း ကြီးတွေကို လည်ပတ်နေတာပါ။

နောက်ပြီး သိသာထင်ရှားတဲ့ အိန္ဒိယရဲ့အားနည်းချက်က အခြေခံအဆောက် အဦး မလုံလောက်မှုပါ။ စီးပွားရေးလုပ်ရာမှာ အဓိကကျတဲ့ အခြေခံ အေ ဆာက်အဦး မပြည့်စုံတဲ့အတွက် ရင်းနှီးမြှုပ်နှံသူတွေကြားမှာ သူတို့နာမည်က မကောင်းလှဘူး။ ဆိပ်ကမ်း၊ ရထားလမ်း၊ လေယာဉ်ကွင်း ကူးလူးဆက်ဆံေ ရး၊ နေချင်စဖွယ် မြို့ပြ စတာတွေမရှိဘူး။ တရုတ်ပြည်ထဲမှာ မြှုပ်နှံမှုတွေ လုပ်နေတဲ့ ဂျပန်စီးပွားရေးသမားတချို့ သူတို့လုပ်ငန်းတွေ ထပ်ခွဲနိုင်ဖို့ အိန္ဒိယထဲကို ဝင်သွားကြတယ်။ ဟိုလည်းရောက်ရော ညံ့ဖျင်းလွန်းတဲ့ အဆောက်အဦးတွေကို မြင်တွေ့ရပြီး အံ့သြစိတ်ပျက် ဖြစ်ကြရတယ်။ ပစ္စည်းတွေကို ပြည်တွင်းထဲ ဘယ်လိုသွင်းမလဲ။ ထုတ်လုပ်ပြီးသားကုန်တွေ ကို ဘယ်လိုပြန်ထုတ်ကြမလဲ။ တရုတ်ပြည်ရဲ့ အဝေးပြေးလမ်းမကြီးဆိုရင် ၁၉၈၈ခုမှာ ကီလိုမီတာ တစ်ရာတောင်မပြည့်သေးဘူး။ ၂၀၁၀ လည်းရော က်ရော ကီလိုမီတာ (၇၄,၀၀၀) အထိရှိလာတယ်။ အမေရိကန်အဝေးပြေးလမ်းမကလွဲရင် ကမ္ဘာမှာ အရှည်ဆုံးလမ်းမကြီးပဲ။ သူတို့နဲ့ နှိုင်းစာကြည့်တော့ အိန္ဒိယက ကီလိုမီတာ (၇၀၀)ပဲ ရှိတယ်။

အိန္ဒိယအစိုးရက လာမယ့်ငါးနှစ်အတွင်း လိုအပ်တဲ့ အခြေခံ အဆောက် အဦးတွေအတွက် အမရိကန်ဒေါ်လာ ဝမ်းထရီလီယံ သုံးမယ်လို့ပြောနေ တယ်။ ဒါကို ဘယ်သူက တာဝန်ယူ တည်ဆောက်မှာလဲ။ အိန္ဒိယန်းတွေေ ဆာက်လုပ်မှာဆိုရင် အချိန်တွေ အများကြီးပိုကြာမှာ သေချာတယ်။ လက်တွေ့ကျတဲ့နည်းကတော့ ကိုရီးယား၊ ဂျပန်၊ တရုတ်တွေကို ပေးပြီး အဆောက်ခိုင်းလိုက်ဖို့ပဲ။ ဒါဆိုရင် လေးငါးနှစ်အတွင်းမှာ ပြီးနိုင်မယ်။ အိန္ဒိယက ဒါမျိုးရော လုပ်ပါ့မလား။ ကျွန်တော့်အထင်ကတော့ သိပ်မသေ ချာလှပါဘူး။

အိန္ဒိယနဲ့ပတ်သတ်ပြီး ဒီလို သုံးသပ်နေရတာ တကယ်ဝမ်းနည်းစရာပါ။ စစချင်းမှာတော့ အိန္ဒိယက ဒီမိုကရေစီ၊ တရုတ်က တစ်ပါတီအာဏာရှင် စနစ်မို့ အိန္ဒိယကို အမှတ်တွေ ပိုပေးခဲ့မိပါတယ်။ အသက်အရွယ် ရလာ တာနဲ့အမျှ ကျွန်တော်သိလိုက်ရတာနှစ်ခုရှိပါတယ်။ တစ်ခုကတော့ ဒီမို ကရေစီဆိုတာ ပြဿနာအားလုံးကို ဖြေရှင်းပေးနိုင်တဲ့ လိုတရ မန္တာန် မဟုတ်ဘူးဆိုတာပါ၊ ဒီမိုကရေစီစနစ်သာကျင့်သုံးရင် တရုတ်ပြည်လည်း ဒီနေ့တရုတ်ပြည်အနေအထားမှာ မရှိနိုင်ပါဘူး။ နောက်တစ်ချက်ကတော့ တချို့လူ့အဖွဲ့အစည်းတွေရဲ့ အလုပ်ခွင်မှာ ပြင်ရခက်တဲ့ အခြေခံအချက်ေ တွရှိနေတယ်။ အထူးသဖြင့် ရှည်လျားတဲ့ သမိုင်းနောက်ခံရှိတဲ့ လူ့အဖွဲ့ အစည်းတွေမှာ အဲ့ဒီ ရှိပြီးသား အချက်တွေကို ရုတ်တရက်ပြောင်းလဲပစ်ဖို့ မလွယ်ကူလှဘူးဆိုတာပါ။ အိန္ဒိယဆိုရင် သူတို့ပြည်တွင်းထဲမှာ ကို ပဲ ပြောင်းလဲလို့ မရနိုင်လောက်အောင် အမြစ်တွယ်နေတဲ့ ဇာတ်စနစ်ကြီး ရဲ့ လှောင်အိမ်ထဲမှာ အပိတ်ခံနေရပါတယ်။

ဆက်ရန်