ပီတာနဲ့ ဂန္ဒီ(အွန်လိုင်း ဂျုတ်)


ဂန္ဒီကြီး University College of London မှာ ဥပဒေပညာသင်ယူနေ စဉ် ခေါင်းညွတ်အလေးမပြုတဲ့အတွက် သူ့ကို ကြည့်မရတဲ့ ပါမောက္ခတစ်ေ ယာက်ရှိခဲ့တယ်။ ပါမောက္ခရဲ့ နောက်ဆုံးအမည်က ပီတာပါ။
ဒါက သူတို့ကြားက စကားစစ်ထိုးပွဲ။

တစ်နေ့ ပါမောက္ခကြီးက တက္ကသိုလ်ထမင်းစားခန်းမထဲ ညနေစာစားနေချိန် ဂန္ဒီကလည်း သူ့ထမင်းပုဂံပြားကိုယူလာပြီး ပါမောက္ခကြီးဘေးမှာ ဝင်ထိုင် လိုက်တယ်။ ပါမောက္ခက မောက်မာတဲ့လေသံနဲ့
"မစ္စတာဂန္ဒီ၊ ဝက်နဲ့ငှက် အတူတူမထိုင်ဘူးဆိုတာ ခင်ဗျား နားမလည်ဘူး လား" တဲ့။ ဒီတော့ ဂန္ဒီက
"မစိုရိမ်ပါနဲ့ ပရော်ဖက်ဆာ၊ ကျနော် အဝေးကို "ပျံ"ထွက်သွားပါ့မယ်" ဆိုပြီး အခြားစားပွဲသွားပြီး ထိုင်စားနေလိုက်တယ်။

စိတ်ဆိုးသွားတဲ့ မစ္စတာ ပီတာက ကလဲ့စားချေခွင့်ကို စောင့်နေခဲ့တယ်။ ဒါပေမဲ့ ဂန္ဒီရဲ့အဖြေက သိပ်ပညာသားပါနေပြန်တယ်။
"လမ်းပေါ်မှာ အိပ်နှစ်လုံးတွေ့တယ်ဆိုပါတော့၊ တစ်လုံးထဲမှာ ပညာေ တွ၊ နောက်တစ်လုံးထဲမှာ ငွေတွေပါမယ်၊ ဒါဆို ခင်ဗျား ဘယ်အိပ်ကိုရွေး မှာလဲ" မစ္စတာပီတာကမေးတယ်။
"ငွေပါတဲ့ အိပ်ကိုပဲ ယူမှာပေါ့ဗျ"
"ကျနော်သာ ခင်များနေရာမှာဆို ပညာတွေပါတဲ့ အိပ်ကို ယူလိုက်မိမှာပဲ" လို့ အနိုင်ရလိုက်တဲ့အပြုံးမျိုးနဲ့ ပြောတယ်။
ဂန္ဒီရဲ့ နောက်ဆုံးအဖြေက
"လူတွေက ကိုယ့်မှာမရှိတာကို ကိုယ်ယူတတ်ကြတာပဲဆရာ"

Mr. Petersက လုံးဝစိတ်ဓာတ်ကျသွားပြီး စာမေးပွဲအဖြေလွှာပေါ် "idiot" လို့ရေးပြီး ဂန္ဒီကိုသွားပေးတယ်။ ဂန္ဒီက အဖြေလွှာစာရွက်ကို လက်ခံယူပြီး ထိုင်နေလိုက်တယ်၊ ခဏနေတော့မှ professor ဆီသွားပြီး
"မစ္စတာ ပီတာ၊ ခင်ဗျားက လက်မှတ်သာထိုးပေးထားပြီး ကျနော့် ရမှတ် အဆင့်ကိုတော့ ပေးမထားဘူး" တဲ့။

21 century a highly destabilizing impact


Related but different causes lie between these challenges. Asian assertiveness is rooted in economic growth; Muslim assertiveness stems in considerable measure from social mobilization and population growth. Each of these challenges is having and will have into the twenty-first century a highly destabilizing impact on global politics......
Economic growth strengthens Asian governments; demographic growth threatens Muslim governments and non-Muslim societies.

The Clash of Civilizations. p. 102-103.

ဆေးဝါးနှင့် အကြံဉာဏ်


ဆေးဝါးပေးမူနှင့် အကြံဉာဏ်ပေးမှုကြားမှာ တူညီချက်များရှိသည်။
၁။ တစ်ဖက်သားကို ရောဂါပျောက်စေလိုသော စေတနာ(ဆေးဝါး)၊ တစ်ဖက် သားကို လမ်းကြောင်းမှန်ပေါ် ရောက်စေလိုသော စေတနာ (အကြံဉာဏ်ပေး မှု) တူကြသည်။
၂။ ပေးလာသည့်ဆေးတိုင်းကို သောက်လို့မရ၊ ပေးလာသည့် အကြံဉာဏ် တိုင်းကို ယူမရသည်လည်း တူကြသည်။

မိမိရောဂါဖြစ်စဉ် ဤဆေးဖြင့်ပျောက်ခဲ့သည်ဆိုလျင် မိမိ၏မိတ်ဆွေ တစ်ေ ယာက်ယောက် ထိုရောဂါမျိုးဖြစ်လာလျင်လည်း ထိုဆေးဝါးကို ညွှန်း တတ်၊ ပေးတတ်ကြသည်။
အထူးသဖြင့် လူအများနှင့် ဆက်ဆံရသောရဟန်းဘဝဆိုလျင် တစ်ခုခုဖြစ် တိုင်း ပေးလာကြသည့်ဆေးဝါးတွေ အများကြီးဖြစ်နေတတ်သည်။ သီဟနာဒ မှာ ယခုတလော လေနာ ထချင်သလိုလိုဖြစ်နေသည်။ ဒါကို အကဲခတ်မိ သူ တို့က ဆေးဝါးများလှူဒါန်းကြသည်။ တရုတ်ဆေး၊ အင်္ဂလိပ်ဆေး၊ မြန်မာဆေး အစုံဖြစ်၏။ အချို့ဆေးများက လေကိုဖြစ်စေပြီး ဖြစ်လာသောလေကို အပြင် ထုတ်မပေးနိုင်။ ထိုအခါ ပိုဆိုးသွားတတ်သည်။ သေချသည်ကတော့ ပေးလာ သမျှ ဆေး အကုန်သောက်လျင် ဒုက္ခရောက်မည်။

သို့ဆိုလျင် အကြံဉာဏ်ဆိုသည်ကရော ဘာထူးပါသနည်း။ ဝန်းကျင်မတူ၊ ဖြေ ရှင်းရသည့်ပြဿနာမတူ၊ အတွေ့အကြုံမတူလျင် ကျေးဇူးတင်ရုံမှလွဲပြီး လက် ခံကျင့်သုံးဖိုခက်ပေမည်။(တချို့ကတော့ လက်ခံကျင့်သုံးလို့ ရနိုင်ပါသည်)


မည်သို့ဖြစ်စေ တည့်လျင်သုံး မတည့်လျင်ပယ်
၃။ ဆေးဝါးကောင်းများနဲ့ အကြံဉာဏ်ကောင်းများကို စိတ်ကောင်းရှိသူတို့က ဆက်လက်ပေးနေကြဦးမည်သာဖြစ်ပါသည်။
((ဗိုလ်ကြီးမမ)ဟု ခေါ်ကြသည့် ဒေါ်ခင်စန်းယု(ဝိသာခါ)ပေးလှူသည့်ဆေး
ကတော့ အလုပ်ဖြစ်နေသည်)
ပန်းသည် ကြွေရခြင်းသဘောရှိသလို ရဟန်းသည်လည်း လေနာရခြင်း သဘောရှိတတ်ပါသည်။ လိုက်ဖ်စတိုင်လ်ကကို ဗိုက်ထဲအစာမရှိချိန် (၆:၄၅ ပီအမ် မှ ၉:၃၀ ပီအမ် အထိ) အလုပ် ပိုလုပ်နေရသည့် ဘဝပေကိုး။

ထွက်ပေါက်ရှိတဲ့ ဥပဒေ


ထွက်ပေါက်မရှိတဲ့ ဥပဒေက ဖိနှိပ်မှုဖြစ်ပြီး
(ဥပမာ ဤနေရာ၌ အပေါ့အပါး မသွားရ၊ သို့သော် အပေါ့အပါး သွားလို့ရ သည့်နေရာကို စီစဉ်ပေးမထား၊ လမ်းညွှန်မထား၊ အပေါ့အပါးသွားလို့ အရေး ယူလျင် မတရား)

ထွက်ပေါက်ရှိတဲ့ ဥပဒေက ဒီမိုကရေစီဥပဒေဖြစ်သည်။
(ဥပမာ ဤနေရာ၌ဆေးလိပ်မသောက်ရ၊ ဆေးလိပ်သာက်လို့ရသည့် သီးသန့် အခန်း စီစဉ်ပေးထားသည်၊ လမ်းညွှန်ထားသည်။ ထိုတားမြစ်ထားသော နေ ရာ၌ဆေးလိပ်သောက်သဖြင့် အရေးယူက တရား၏)

ပထမဥပဒေက အစိုးရ၏အကြမ်းဖက်အုပ်ချုပ်မှုမပါဘဲ မတည်နိုင် (ကြောက်တည်)၊
ဒုတိယဥပဒေက လူထု၏ အသိဉာဏ်မပါဘဲ မတည်နိုင်(နားလည်တည်)။

ညစာ ပြန်မစားသောအိပ်မက်များ (New Version)


အလည်လွန်သော အိပ်မက်များ ညစာပြန်မစားခြင်းနှင့်ပတ်သက်၍ ကြေကွဲ မည်ဆိုက ကြေကွဲနိုင်၏။
သို့သော်…….
ကျေးလက်ညနေချမ်းလေးတစ်ခု၌ သူ့မိတ်ဆွေ ကဗျာဆရာက ကဗျာလေး တစ်ပုဒ် သူ့အတွက် ရေးစပ်ရွတ်ဆိုပေးခဲ့ ဖူးတယ်။ ခေါင်းပေါင်းစနှင့် ကျေး လက်သားကြီးများက မိတ်ဆွေရဲ့ စပ်ရှရှစကားလုံး (တချို့က မော်ဒန်၊ တချို့ က ပို့စ်မော်ဒန် စသဖြင့် သုံးကြပါတယ်။ ဟုတ် မဟုတ်တော့ မသိပါ) တွေကို နားလည်ကြသလားတော့ မသိပါဘူး။ လူငယ်တွေကတော့ ခံစားလို့ရတယ် လို့ ဆိုပါတယ်။ ဘာကို၊ ဘယ်လိုခံစားလို့ရတာလဲ ဆိုတာဟာ မမေးအပ် တဲ့ မေးခွန်းပါပဲ။ ဘာပဲဖြစ်ဖြစ် ကိုယ်လုပ်ချင်တာတော့ လုပ်ဖြစ်လိုက်ကြပါ တယ်။

“မိုးပေါ်ပျံတက်သွားတဲ့ မိုးပျံပူပေါင်းတစ်လုံးကို မြင်ဖူးကြပါသလား။ ကျွန်တော့် မိတ်ဆွေဟာ အဲဒီ မိုးပျံပူပေါင်းတစ်လုံးပါ” လို့ သူစတင်ရွတ်ဆိုလိုက်တယ်။

ဟုတ်ပါတယ်။ အလည်လွန်တဲ့ အိပ်မက်တစ်ချို့ ညစာပြန်မစားဖြစ်ကြတာဟာ အဲဒီမိုးပျံပူပေါင်းဆီကို ရောက်နေကြလို့ပါ။
သူ့ဆီကို ရောက်ရောက်လာတဲ့ အိမ်ခြံမြေရောင်းဝယ်ရေး ကြော်ငြာတွေဟာ မိုးပျံပူပေါင်းလေးနဲ့ ဘာမှမဆိုင်ပါဘူး။ သူနဲ့ဆိုင်တာက သူ့ရဲ့ အရေခွံပါးပါးေ လးတစ်ခုထဲသာပါ။ အဲဒီ အရေခွံဟာ အိမ်တစ်လုံး ဆိုရင်တော့ သူ့မှာလည်း အိမ်ရှိပါတယ်။ ဒါပေမယ့် ဒီအိမ်မှာ ဈေးကွက်သဘောတရားတွေ ဘာတွေေ တာ့ မရှိပါဘူး။ အဲ- မိုးပျံပူပေါင်းတစ်လုံးမှာ အကြောင်းညီညွတ်ရင် ကြိုး တစ်ချောင်းလည်း ရှိနေနိုင် တာပေါ့။ ဒီကြိုးကရော အိမ်၊ခြံ၊မြေလား။ မဟုတ်နိုင်ပါဘူး။

ရှုမှတ်ပွါးများတတ်တဲ့ ယောဂီတစ်ယောက်အတွက်ဆိုရင်တော့ အဲဒီ မိုးပျံ ပူပေါင်း လေးကိုကြည့်ပြီး အနိစ္စတရားတွေ ထပ်တလဲလဲ စီးဖြန်းလို့ရနိုင်မယ်။ သူ့ဘဝနဲ့ လေဟာပြင်ကို စည်းခြားထားတာ ဆိုလို့ အဲဒီ အရေခွံပါးပါးလေးပဲ ရှိတာမဟုတ်လား။ ဒီထက် အနတ္တဆန်တဲ့ သဘောတရား ဘယ်မှာ ရှာကြဦး မှာလဲ။

ဘာမှမရှိခြင်းတွေနဲ့ ဖောင်းကားနေတဲ့ သူ့ရင်ဘတ်ကရော ဘာတွေသိမ်း ဆည်းလို့ ထားနိုင်မလဲ။ ဒါတွေကို သူမသိနိုင်ဘူး။ ဒါတွေကိုမသိရင် ဘာတွေ ကို သိရမှာလဲ။ မသိဘူး။ သိရမှာတွေကရော တကယ်သိရမှာတွေဟုတ်သ လား၊ သူမသိနိုင်ဘူး။ ဒီလိုပါပဲ။ ဘာမှမသိခြင်းတွေဖောင်းကားလာတာနှင့် အမျှ သူဟာ ပိုလို့ပေါ့ပါး လာပါတယ်။ ပေါ့ပါးခြင်း ဆိုတာ အမြင့်ကိုရောက်ြ ခင်းရဲ့ အကြောင်းတရားလား။ ဟုတ်ကောင်း ဟုတ်နိုင်ပါတယ်။ ဒါပေမဲ့ ဖောင်းကားလာတာနဲ့အမျှ လွင့်စင်ပေါက်ကွဲဖို့လည်း နီးစပ်လာပါ တယ်။

တစ်နေ့ မိတ်ဆွေတွေနဲ့ ပြန်တွေ့တော့-
“အခု “ ” နဲ့ အတူနေတာလား” လို့ မေးကြတယ်။
“ဘယ်သူမှ မရှိတော့လည်း သူ့ကိုပဲလူလုပ်ပြီး ပေါင်းနေရတာပေါ့” လို့ပြောတော့ ကဗျာဆရာက တဟားဟားရယ်တယ်။ သူငယ်ချင်းတွေက လက်ဆောင်တွေ ထုတ်ပေးတော့-
“ကိုယ့်ထက်နွမ်းပါးတဲ့ သူ့ကိုပဲ ပေးထားခဲ့ပါ” လို့ ပြောမိတော့ သူစိတ်မ ထိန်းနိုင်တော့ပဲ လက်သီးနဲ့ ထိုးပြန်တယ်။ ဒါပေမယ့် မိုးပျံပူပေါင်းပေါက်မှာ စိုးလို့နေမှာပေါ့ ကဗျာဆရာရဲ့လက်သီးက သိပ်မပြင်းပါဘူး။ ကဗျာဆရာဆို တာ ကောက်နေတာကိုသာ ဖြောင့်ပေးတတ်ပြီး လက်သီး ပြင်းပြင်းေ တွ မွေးမြူမထားတတ်ပါဘူး။

“ကိုယ့်လူ ကျူရှင်ထဲက ဟိုကောင်မလေးကို ကြိုက်တယ်” တဲ့။ “ ချစ်” ဆိုတဲ့စကား ပြောရမှာရှက်တဲ့ ကဗျာဆရာကိုကြည့်ရင်း ရယ်မိပြန်ရော။ ခပ်လှလှစကားလုံးတွေ တမင်ရှာသုံးတတ်တဲ့ ကဗျာဆရာက “ချစ်” ကိုတော့လျှာမရဲဘူးတဲ့။ သဘာဝတရားတစ်ခုခုကိုမဟုတ်ဘဲ မိန်းကလေး တစ်ယောက်ကို ရည်ညွှန်းနေလို့တဲ့။

မှတ်မှတ်ရရ သူရွေးပေးတဲ့ ကလောင်နဲ့ စာတော်တော် ရေးဖြစ်ခဲ့ သေးတယ်။ သူ ဒီတစ်ခါ ပေးတဲ့နာမည်က မိုးပျံပူပေါင်းတော့ မဟုတ်တော့ဘူး။ ဒါပေမယ့် စိတ်ထဲမှာစွဲနေတာကတော့ အဲဒီ မိုးပျံ ပူပေါင်းလေးပါပဲ။ အမြင့်တက်ခြင်းတွေ ဘာတွေနဲ့ မဆိုင်ပါဘူး။ ထိရှပေါက်ကွဲလွယ်တဲ့အဓိပ္ပါယ် ဆောင်နေ တာ လေးကိုသတိရတာပါ။


ဒါ့ကြောင့် အိပ်မက်တွေဟာ အိမ်ပြန်နောက်ကျခဲ့ရတာပါ။ အထီးကျန် လွင့်မျောနေတဲ့ ပေါ့ပေါ့ပါးပါးဝမ်းဗိုက်တစ်ခုဟာ တစ်ခါတစ်ခါတော့ တစ်ခုခု၊ တစ်စုံတစ်ရာ၊ တစ်ယောက်ယောက်၊ တစ်နေရာရာကို သတိရတာမျိုးတော့ ရှိနေနိုင်တာပေါ့။ ဒါကလည်း လေးလေးလံလံ တော့ မဟုတ်နိုင်ပါဘူး။
ဒီထက်ကြီးလေးတဲ့ ကိစ္စက အနတ္တလွင်ပြင်မှာ ပေါက်ကွဲလွင့်စင်လာဦးမယ့် သူ့အရေခွံ ပါးပါးလေး အကြောင်းပါ။ ဒါက သေခြင်းတရားလား၊ ရှင်ခြင်း အဆုံးလား၊ ရှင်ခြင်းအစလား။ ဒါတွေကို သူမသိနိုင်ဘူး။ ဒါတွေကိုမသိပေမဲ့ လွင့်စင်ပေါက်ကွဲခြင်းကို ရှောင်လို့မရဘူးဆိုတာ သိနေတယ်။ လွင့်စင်သွားေ တာ့လည်း မိုးပျံပူပေါင်းလေးက လေဟာပြင်နဲ့တသား တည်း ဖြစ်သွားပြီး သူ့အရေခွံဟောင်းလေးဟာ လေးကန်တဲ့ ခြေလှမ်းတွေနဲ့ မြေပြင်ကိုပြန်ဆင်း သွားလိမ့်မယ်။ အဲဒီအချိန်မှာ အရေခွံဟောင်းနဲ့ ဗလာဟောင်းလောင်း ရင် ဘတ်လည်း မရှိနိုင်တော့ဘူး။ ဒါကိုပဲ သံသရာလို့ ခေါ်ကြတာလား။ သူ ဉာဏ်မမီဘူး။
သေချာတာကတော့ အဲဒီအခါမှာ မိုးပျံပူပေါင်းဆိုတာ ဘယ်ဟာလဲလို့ ပြော လို့မရတော့ဘူး။ ဘယ်မှာလဲလို့ လည်းရှာမရ တော့ဘူး။

အဲဒီကဗျာဆရာကိုယ်တိုင် တွေဝေသွားမယ့် အိမ်မက်ရှည်ဆီ ခြေဆန့်နေ မိတယ်။
ဒါနဲ့ပဲ အလည်လွန်တဲ့ အိပ်မက်တွေ ညနေစာနဲ့ လွဲခဲ့ရပြန်ပေါ့။

ဇင်ဝေသော်