စာအုပ်မျက်နှာဖုံးခေါင်းစဉ်မှာ သတ်ပုံလေးတစ်ချက်မှားသွားလို့


L နဲ့ W
စာအုပ်မျက်နှာဖုံးခေါင်းစဉ်မှာ သတ်ပုံလေးတစ်ချက်မှားသွားလို့ နှစ်ရက်အတွင်း အုပ်ရေ သန်းချီပြီး ရောင်းလိုက်ရသတဲ့။

ဒီနေ့လည်း ဘာသာရေးဆိုင်တဲ့ ခပ်စပ်စပ်မေးခွန်းတစ်ခု တင်လိုက်ပါတယ်။


တလောလေးက ဗုဒ္ဓဘာသာဖြစ်သွားတဲ့ ကမ္ဘာသိ၊ ကမ္ဘာကျော်ပုဂ္ဂိုလ်တွေကို စာရင်းပြုထားတဲ့ ပို့စ်တစ်ခုတက်လာပါတယ်။
ဝမ်းသာစရာမို့ ဝမ်းသာပါတယ်။ ဒါပေမဲ့ မေးစရာတွေရှိနေပါတယ်။
၁။ သူတို့ဟာ ဘယ်လိုဗုဒ္ဓဘာသာတွေလဲ။
၂။ ဘယ်သူတွေရဲ့ သာသနာပြုမှုကြောင့် သူတို့ ဗုဒ္ဓဘာသာဖြစ်သွားတာလဲ။

လက်ရှိအချိန်မှာ အနောက်နဲ့ဗုဒ္ဓဘာသာကို မိတ်ဆက်ပေးနေတာက တိဗက်နဲ့ဇင် ဗုဒ္ဓဘာသာတွေ ဖြစ်ကြပါတယ်။
သူတို့ကြောင့် ဗုဒ္ဓဘာသာဖြစ်သွားမှုတွေအပေါ် ဂုဏ်ယူရဲရင် သူတို့ကို လေးစား၊ ဂုဏ်ပြုဖို့လည်း မမေ့အပ်ပါဘူး။
မဟာယာန၊ တန္တရ၊ မန္တရ၊ ဇင်ဆိုပြီး ဝေဖန်၊ ပုတ်ခတ်တဲ့ ( နိုင်ငံဖြန့်) မဂ္ဂဇင်းက လည်း မြန်မာပြည်မှာပဲ ရှိမယ်ထင်ပါတယ်။ ပုဂံခေတ်က ပါလာတဲ့ဒဏ်ရာကို မကုစားနိုင်သေးခြင်းကြောင့် အလွန်အမင်းကာကွယ်လိုရာကနေ သူတစ်ပါးကို အထင်သေးမိသွားခြင်း ဖြစ်ဟန်တူပါတယ်။
အများစု အခြေခံလက်ခံမှုကလည်း ငါတို့ဟာမှငါတိုဟာ ဖြစ်နေတတ်ပါတယ်။
မိမိတို့ရဲ့ ယဉ်ကျေးမှုတန်ဖိုးကို ထိမ်းသိမ်းလိုတာနဲ့ ယဉ်ကျေးမှုမတူသူတွေကို အထင်သေးနေစရာမလိုပါဘူး။ ညီရင်းအကိုစိတ်ထားနိုင်မှ သူတို့အောင်မြင်မှုက ကိုယ့်မိသားစုရဲ့အောင်မြင်မှုဖြစ်နိုင်ပါတယ်။ ဂုဏ်လည်း ယူသင့်ပါတယ်။

သမိုင်းတန်ဖိုး
အာရှနဲ့မွတ်စလင်ကမ္ဘာထဲကို မဝင်ရသေးတဲ့ အမေရိကန်တွေက သူတို့ဟာ ဥရောပနဲ့မတူဘူးလို့ ဆိုကြပါသတဲ့။
အာရှနဲ့မွတ်စလင်ကမ္ဘာထဲကို ဝင်သွားပြီးတော့မှ ပိုပြီးကွဲလွဲနေမှုတွေကို တွေ့ရ ရင်း သူတို့နဲ့ဥရောပကြားက ဘုံတူညီမှုတွေကို ရှာတွေ့ကြပါသတဲ့။
ဘာသာစုံနိုင်ငံတွေ၊ ဘယ်ဘာသာမှ အခွင့်ထူးမရတဲ့နိုင်ငံတွေမှာနေပြီး ဘာသာ စုံ၊ ယဉ်ကျေးမှုစုံ အသည်းအသန်စည်းရုံးနေကြရတဲ့ အခြေအနေကိုကြုံတွေ့ရမှ တိဗက်၊ ဇင်နဲ့ထေရဝါဒရဲ့ ဘုံတူညီမှုတွေကို ပိုပြီးအလေးထားလာမှာမို့ ခဏတော့ စောင့်ကြရဦးမယ့်သဘောပါပဲ။

ဒါက အရေးကြီးသလား၊ ဒီထက်အရေးပါတာတွေက ဘာလဲ။ ဉာဏ်မမီဘူး။
ရွှေစည်ဦးနဲ့အိန့်မြတ်သူရေ
တန်ဖိုးသတ်မှတ်မှု၊ အရေးကြီး၊ မကြီးဆုံးဖြတ်မှုတွေဟာ တစ်ဦးချင်းဆီရဲ့ အယူ အဆသာဖြစ်ပါတယ်။
ဥပမာ။
ဒီနေ့ ကမ္ဘာ့ဗုဒ္ဓဘာသာကွန်ဖရင့်တွေမှာ မပါမပြီးခေါင်းစဉ်တွေက ဂေး၊ လက်စ်ဘီး ယန်းကိစ္စတွေပါ။
ဒါမျိုးကောက်ရေးလို့ မြန်မာစာဖတ်ပရိသတ်က ဘလော့ဂ်မှာ "မရောင်ရာဆီလူး" လို့ ကွန်မင့်ပေးပါးတယ်။
"လုံးစုံများစွာ သတ္တဝါလို့" ဆိုကြပေမဲ့ ကိုယ့်ဝန်းကျင်က သူတို့ဘဝဒုက္ခနဲ့လူရာ မဝင်မှုတွေကို မေ့နေကြတယ်။
အခရာ မကျလှဘူးဆိုရင်လည်း အခရာကျတာကို မသိတဲ့အတွက် နားလည်ပေး ကြပါ။

စင်္ကာပူက မြသရဖူတစ်ဆိုင်ထဲပဲ စာအုပ်တင်ထားလို့


စင်္ကာပူက မြသရဖူတစ်ဆိုင်ထဲပဲ စာအုပ်တင်ထားလို့ အခြားဆိုင်တွေမှာ ဘာလို့ မတင်တာလဲဆိုတဲ့ အမေးတွေရှိပါတယ်။
အဓိက ကတော့ မြသရဖူဆိုင်နဲ့ စာရေးသူကြားမှာ ပုဂ္ဂိုလ်ရေး ရင်းနှီးမှုကို အခြေခံထားလို့ စီးပွားရေးကိစ္စတွေ မပါဝင်ခြင်းကြောင့်ပဲ ဖြစ်ပါတယ်။
သူတို့က ရောင်းလို့ရသမျှ ဆိုင်ခမယူ အကုန်ပေးပြီး သူတို့ပေးသမျှကိုလည်း စာရေးသူဖက်က ရေဘေးအလှူအဖြစ် အားလုံးပြန်လှူခဲ့ပါတယ်။
အခြားစိတ်ရင်းကောင်းတဲ့ဆိုင်တွေ ရှိပေမဲ့ ပုဂ္ဂိုလ်ရေးမရင်းနှီးတော့ မတင်ဖြစ် တာပါ။ အဓိက,ကတော့ စီးပွားရေးလုပ်နေသလိုလို ယုန်ထင်ကြောင်ထင် အထင်ခံရမှာကို စိုးရိမ်တာပဲဖြစ်ပါတယ်။

"တို့မေတ္တာစွမ်း ကမ္ဘာလွှမ်း"


"တို့မေတ္တာစွမ်း ကမ္ဘာလွှမ်း" ဆိုရင် ဘာသာအမည်မပါတဲ့အတွက်
ငြိမ်းချမ်းရေးဝါဒဖြစ်တယ်။
ဒီနေရာမှာ"ဗုဒ္ဓမြတ်စွာ၊ သာသနာ၊ ကမ္ဘာလွှမ်း၍တည်စေသော်" ဆိုလိုက်တာနဲ့ ဘာသာအမည်ပါသွားလို့ ဒီနေ့ခေါ်တဲ့ ယူနီဗာဆယ်လစ်ဇင်ဖြစ်သွားတယ်။ ရွတ်ဆိုနေသူက အဲသလောက် တွေးချင်မှတွေးမိမယ်။
ယူနီဗာဆယ်လစ်ဇင်ဖြစ်ရခြင်းရဲ့ အဓိကအကြောင်းက သူတို့ယုံကြည်ကိုးကွယ်မှု၊ ကျင့်သုံးမှု၊ ဓလေ့ထုံးစံ စတာတွေဟာ ကမ္ဘာသူကမ္ဘာသားအားလုံးနဲ့ လိုက်လျော ညီထွေရှိတယ်။ ဒါတွေ တကယ်ထွန်းကားသွားရင် ကမ္ဘာကြီး ငြိမ်းချမ်းမယ်လို့ အဲဒီဘာသာဝင်တွေကိုယ်တိုင် ယုံကြည်နေကြခြင်းဖြစ်တယ်။ မဏာမအဆင့်မှာ စေတနာဆိုး မပါဝင်ဘူး။

အဲဒီယုံကြည်မှုက အင်အားမကောင်းသေးရင် ကြွေးကြော်နေရုံ သက်သက် သာဖြစ်ပြီး အင်အားကောင်းတာနဲ့ အကောင်အထည်ဖော်ဖို့ ကျိုးစားတော့တယ်၊ အဲဒီမှာ ဘာသာရေးနယ်ချဲ့ဝါဒဖြစ်သွားတော့တယ်။
ငြိမ်းချမ်းရေးနည်းနဲ့ ကြိုးစားရင် သာသနာပြုဖြစ်ပြီး စစ်ရေးတွေ၊ အကြမ်းဖက်မှုတွေပါဝင်လာရင် အစွန်းရောက်ဖြစ်သွားတယ်။
ခရစ်ယန် ခရုဆေ့၊ မွတ်စလင် ဂျီဟတ်ရဲ့ အားထုတ်မှုဟာ ဒုတိယအဆင့်မှာ ရှိနေကြတယ်။

ဗုဒ္ဓဘာသာနိုင်ငံတွေဟာ စစ်ရေးအရ ကမ္ဘာကို ခြိမ်းခြောက်နိုင်တဲ့အဆင့် (အသောကကို ဖယ်ထားရင်) ဘယ်တုံးကမှ မရှိခဲ့ဘူး။
ဒါပေမဲ့ ဗုဒ္ဓဘာသာအဆုံးအမတွေဟာ ကမ္ဘာ့လူသားတိုင်းနဲ့ ကိုက်ညီတယ်ဆိုတဲ့ ယူနီဗာဆယ်လစ်စိတ်ဓာတ်တော့ သူတို့မှာရှိနေတတ်တယ်။
ငြိမ်းချမ်းတဲ့ ဘာသာတစ်ခုဆိုတာ အဆုံးအမက ရှေ့မှာရှိနေပြီး ဘာသာရဲ့ အမည်က နောက်ကလိုက်တာမျိုးပဲဖြစ်ပါတယ်။
ဘုရားရှင်ရဲ့ "သတ္တာနံ ဟိတာယ၊ သုခါယ" စတဲ့ စကားတွေဟာ ဘာသာအမည် မပါလို့ အမြဲတမ်း ငြိမ်းချမ်းရေးအသွင်ဆောင်ပါတယ်။
"ဗုဒ္ဓဘာသာ ကမ္ဘာလွှမ်းရမယ်" ဆိုလိုက်တာနဲ့ ကိုယ်က အားမရှိရင် လူရယ်စရာဖြစ်ပြီး ကိုယ်က အားကောင်းလာရင် လူအမြင်ကတ်စရာဖြစ်သွား မယ်။
လက်ရှိ ပဋိပက္ခတွေဟာ အဲဒီလို ယုံကြည်မှုကို မတရားတဲ့နည်းနဲ့ (အခြားယုံကြည်မှုတွေကို အထင်သေးရင်း) အကောင်အထည်ဖော်ရာက စပြီးဖြစ်ပွားလာတာတွေပါ။
သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ ကမ္ဘာ့ဘာသာရေးသမိုင်းက ဒီအတိုင်းပဲဆိုတယ်။
နိုင်ငံရေးသိပ္ပံကလည်း ဒီကောက်ချက်အတိုင်းပဲ ရှိနေတယ်။

ကျွန်တော်နဲ့ ကစ်ဆင်းဂျား


မာတိကာ၊ မျက်နှာဖုံး၊ အားလုံးက ဝုန်းဝုန်း။
ကမ္ဘာကလည်း တကယ်တော့ ခပ်တုန်းတုန်း။
ကစ်ဆင်းဂျားကလည်း ပြောရင် တစ်ဖုန်းဖုန်းပဲ။