(အဆိုးဝါးဆုံးအခြေအနေကို ဆွဲပြလိုက်လို့ သက္ကရာဇ်တွေလွဲမှားမှုရှိပေမဲ့ ကမ္ဘာ့ခေါင်းဆောင်တွေအတွက် ရှောင်ရှားစရာတစ်ခု ရသွားတယ်ဆို တာတော့ ငြင်းလို့မရပါဘူး တဲ့)
****************************************************************************
ဆိုကြပါဆို့ သက္ကရာဇ်(၂၀၁၀)ခု ကိုရီးယားနိုင်ငံပေါင်းစည်းသွားပြီးဖြစ်တဲ့အတွက် ကိုရီးယားထဲမှာရှိတဲ့ အမေရိကန် တပ်တွေအားလုံးတပ်ဆုတ်သွားမယ်၊ ဂျပန်ထဲမှာရှိတဲ့အမေရိကန် စစ်အင်အားကိုလည်း အများကြီး လျှော့ချလိုက်မယ်။ ထိုင်ဝမ်နဲ့ တရုတ်ပြည်မကြီးတို့ အပြန်အလှန် သဘောတူညီမှုရ၊ ထိုင်ဝမ်ဟာ (နားလည်မှုသဘောအရ) လွပ်လပ်တဲ့နိုင်ငံ၊ ဒါပေမဲ့ ဘေဂျင်းရဲ့ သြဇာခံအဖြစ်နဲ့ ရှိနေမယ်။ ၁၉၄၆ ခုနှစ်က ခရိုအေးရှားနဲ့ ဘယ်လာရုရှားအတိုင်း (Belorussia) တရုတ်ရဲ့ထောက်ပံ့မှုနဲ့ ထိုင်ဝမ်က ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်လာမယ်။ တောင် တရုတ်ပင်လယ်ထဲက ရေနံရှာဖွေတူးဖော်ရေးက အရှိန်အဟုန်ကောင်းလာ၊ အများစုက တရုတ်ရဲ့လက်အောက်မှာ တစ်ချို့ကတော့ အမေရိကန် ကုမ္ပဏီကြီးတွေ အုပ်စိုးထားတဲ့ ဗီယက်နမ်ရဲ့ လက်အောက်မှာ၊ တရုတ်က သူရရှိပိုင်ဆိုင်နေပြီဖြစ်တဲ့ အင်အားအသစ်တွေကနေ သွေးထိုးပေးလိုက်တော့ ပင်လယ်ပြင်တစ်ခုလုံး သူတို့ထိန်းချုပ်မှုအောက်မှာရှိနေရမယ်လို့ အချုပ်အချာ အာဏာ ဆိုတဲ့စကားနဲ့ ပင်လယ်တစ်ပြင်လုံး သူတို့ပိုင်တယ်ကြေငြာချက် ထုတ်ပြန်။ (တစ်ကယ်တော့ အချုပ်အချာအာဏာ ဆိုတာ သူတို့အမြဲတမ်းပြောနေ ကျစကားပါ) ဗီယက်နမ်တွေက ဒါကို လက်မခံဘူး။ သူတို့ကြားမှာ တိုက်ပွဲတွေ ဖြစ်ပွား။ ၁၉၇၉ ခုနှစ်က အရှက်ခွဲခံခဲ့ရတာကို လက်စားချေဖို့ တရုတ်က ဗီယက်နမ်ထဲကို ကျူးကျော်သိမ်းပိုက်၊ ဗီယက်နမ်တွေက အမေရိကန် ကို စစ်အကူအညီတောင်း၊ တရုတ်ကလည်း ဘေးထွက်နေဖို့ အမေရိကန်တွေကို ရာဇသံပေး၊ ဂျပန်နဲ့ အခြားနိုင်ငံတွေကလည်း ကြောက်ပြီးဘာလုပ်လို့ ဘာကိုင်ရ မှန်းမသိ (ဖြစ်နေပြီဆိုပါစို့)။
ဗီယက်နမ်အပေါ်တရုတ်ရဲ့ ဗိုလ်ကျအောင်မြင်မှုကို လက်မခံနိုင်ဘူးလို့ အမေရိ ကန်တွေကပြော၊ တရုတ်အပေါ် စီးပွားရေးပိတ်ဆို့မှုတွေလုပ်။ သူ့ရဲ့လက်ကျန် ပင်လယ်တွင်း ရေတပ်ကို တောင်တရုတ်ပင်လယ် ထဲမှာ တပ်ဖြန့်ထား။ ဒါဟာ သူတို့ရဲ့ ရေပိုင်နက်ကို ကျူးကျော်မှုဆိုပြီး တရုတ်ကအမေရိကန်တွေကို စွပ်စွဲ။ လေကြောင်းကနေတိုက်ပွဲဆင်။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် နဲ့ ဂျပန်ဝန်ကြီးချုပ်တို့ရဲ့ အပစ် အခတ်ရပ်စဲရေး ဆွေးနွေးညှို့နှိုင်းမှု မအောင်မြင်။ အရှေ့အာရှဒေသတွင်းမှာ တိုက်ပွဲတွေက ဟိုနေရာဖြစ် ဒီနေရာဖြစ် (ဖြစ်နေပြီဆိုပါစို့)။
ဂျပန်ကလည်း တရုတ်ကိုတိုက်ခိုက်တဲ့အတွက် ဂျပန်နိုင်ငံထဲရှိ အမေရိကန် တပ် စခန်းတွေကို တားမြစ် ပိတ်ပင်၊ သူတို့ရဲ့ကြားနေ၀ါဒနဲ့ “ဓါးခုတ်ရာလက် ဝင်မလျှို လို” လို့ အမေရိကန်တပ်စခန်းတွေအားလုံး ရုပ်သိမ်း မယ်ကြေငြာ။ ထိုင်ဝမ်နဲ့ တရုတ်ပြည်မကြီးထဲ စစ်ဆင်ရေးတွေလုပ်နေတဲ့ တရုတ်ရေငုပ် သင်္ဘောတွေနဲ့ တိုက်လေယဉ်တွေက အရှေ့အာရှထဲမှာရှိနေတဲ့ အမေရိကန် စစ်သင်္ဘောတွေနဲ့ အထောက်အကူပြုပစ္စည်း၊ အဆောက်အဦးတွေကို လေကြောင်း၊ ရေကြောင်း ကနေတိုက်ခိုက်။ အကြီးအကျယ်ဆုံးရှုံးမှုတွေဖြစ်။ တစ်ချိန် တည်းမှာပဲ တရုတ် ကြည်းတပ်က ဟနွိုင်းနဲ့ဗီယက်နမ် နိုင်ငံတော်တော်များများကို တိုက်ခိုက် သိမ်း ပိုက်လိုက်မယ် (ဆိုပါတော့)။
တရုတ်ရော အမေရိကန်ပါ တစ်ဦးနယ်မြေထဲအထိ ရောက်အောင်ပစ်ခတ်နိုင်တဲ့ အနုမြူလက်နက်တွေ ရှိနေတော့(ဘယ်သူမှ စတင်မသုံးစွဲရဲပဲ)မဆုတ်သာ မတက်သာ အနုမြူသရေပွဲဖြစ်နေ။ စစ်ဦးကာလမှာ အနုမြူလက်နက်တွေကို မသုံးစွဲကြ။ အနုမြူနဲ့တိုက်ခိုက်လာနိုင်ခြေကို နှစ်နိုင်ငံစလုံးရှိ လူထုတွေက အထိတ်တလန့်ဖြစ်။ အမေရိကန်လူထုရဲ့ အထိတ် တလန့်ဖြစ်မှုက ပိုအားကောင်း။ ဒီတော့ အမေရိကန်တွေက
“ဒီအန္တရာယ်ကို ငါတို့ ဘာကြောင့် ရင်ဆိုင်နေ ရတာလည်း၊ တရုတ်က တောင် တရုတ်ပင်လယ်ကို သိမ်းပိုက် ရုံတင် မကဘဲ အရှေ့တောင်အာရှတစ်ခုလုံးကို သိမ်းပိုက်တော့ရော ငါတို့အပူ လား။”
မေးလာမယ်။
စပိန်လူမျိုးတွေအများစုနေထိုင်တဲ့ အမေရိကန် အနောက်တောင်ပိုင်းပြည် နယ်တွေမှာ စစ်ပွဲဆန့်ကျင်ရေးတွေ အားကောင်းလာ၊ လူထုတွေနဲ့ ပြည်နယ် အစိုးရတွေက “ဒီစစ်ပွဲက ငါတို့စစ်ပွဲ မဟုတ်ဘူး” ဆိုပြီး ၁၈၁၂ ခုနှစ်က နယူးအင်္ဂလန်လို စစ်ပွဲအတွင်းကနေ ဘေးထွက်နေ။ ကနဦး အောင်မြင်မှုနဲ့အတူ အရှေ့အာရှအတွင်းမှာ တရုတ်တွေ အင်အားထပ်ကောင်းလာတော့ အမေရိ ကန်တွေက ၁၉၄၂ခုက ဂျပန်ရဲ့လမ်းစဉ် နောက်ကို လိုက်ဖို့ စိတ်ကူးရလာကြ၊ ရုတ်တရက်ကြီးခေါင်းမာလာတဲ့ တက်သစ်စပါဝါကို နှိပ်ကွပ်ဖို့ အရင်းအနှီးက သိပ်ပြီး ကြီးမားလွန်းနေတယ်၊ ဒီတော့ စေ့စပ်ညှို့နှိုင်းမှုတွေလုပ်၊ နေရာအနှံ့အပြားတိုက်ပွဲတွေကို အဆုံးသတ် (သို့) ကရော်ကမည် စစ်ပွဲလေးတွေသာ အနောက်ပစိဖိတ် သမုဒ္ဒရာထဲမှာ ကျန်ခဲ့တော့မယ် (ဆိုပါတော့)။
ဒါပေမဲ့ တစ်ချိန်တည်းမှာ ဒီစစ်ပွဲကြီးရဲ့ အရှိန်အဟုန်က အခြားစီဗီလိုက်ဇေး ရှင်းတွေထဲရှိ နိုင်ငံကြီးတွေ ဆီကိုပါ ရိုက်ခတ်သွား။ အရှေ့အာရှတွင်းမှာ တရုတ်ခြေချုပ်မိနေတဲ့အချက်ကို အခွင့်ကောင်းယူပြီး အိန္ဒိယက ပါကစ္စန်ရဲ့ အနုမြူလက်နက်နဲ့ အခြားလက်နက်တွေ ရသလောက် ဖျက်ဆီးပစ်နိုင်ဖို့ ရုတ်တရက် ထိုးစစ်ဆင်တိုက်ခိုက်တယ်။ အစပိုင်းမှာတော့ အောင်မြင်မှုတွေရ၊ နောက်ပိုင်းကျတော့ ပါကစ္စတန်၊ အီရန် နဲ့ တရုတ်တို့ရဲ့ စစ်မဟာမိတ်သဘောတူညီမှုက အသက်ဝင်လာပြီး အီရန်က ပါကစ္စတန်ကို အကူအညီပေးဖို့ ခေတ်မီဆန်းသစ်တဲ့ စစ်လက်နက်တွေနဲ့ အတူရောက်လာ။ အိန္ဒိယကိုယ်တိုင် လူမျိုးစုအသီးသီးဆီ ကထွက်လာတဲ့ အီရန်တပ်တွေနဲ့ ပါကစ္စတန်ပြောက်ကြား သူပုန်တွေကြားမှာ ညှပ်ပူးညှပ်ပိတ် မိနေ။ အိန္ဒိယရော ပါကစ္စတန်ကပါ အာရပ်နိုင်ငံတွေဆီက အကူအညီတွေ ကိုတောင်း။ အိန္ဒိယက အရှေ့နောက်အာရှတွင်း အီရန်လွှမ်းမိုးလာနိုင်တဲ့ အန္တရယ် (အခြား အာရပ်နိုင်ငံတွေကို) သတိပေး။ ဒါပေမဲ့ ကနဦးပိုင်းမှာ တရုတ်က အမေရိကန်အပေါ် အနိုင်ရလိုက်တဲ့အချက်က မွတ်ဆလင်နိုင်ငံတွေ အတွင်း အနောက်ဆန့်ကျင်ရေး ၀ါဒကို အားပေးအားမြှောက်ပြုလာနေ။ အနောက်ကိုထောက်ခံနေတဲ့ တူရကီအပါအ၀င် ကျန်ကောင်းကျန်ရာ အာရပ် အစိုးရတွေကလည်း မွတ်ဆလင်လူငယ်ထုကြီးရဲ့ နောက်ဆုံးလက်ကျန် အုပ်စုအင်အားကြောင့်ဖြစ်ပွားလာတဲ့ အစ္စလာမ်မစ်လှုပ်ရှားမှုတွေအောက် တစ်နိုင်ငံပြီးတစ်နိုင်ငံကျရောက်။ ဒီအချိန်မှာ အနောက်တိုင်း အားနည်းမှု က သွေးထိုးပေးလိုက်တော့(သူတို့ကို မြှောက်ပေးလိုက်သလို ဖြစ်သွားတော့) အနောက်ဆန့်ကျင်ရေးတွေ အရှိန် အဟုန်ကောင်းလာပြီး အစ္စရေးကိုဝင်တိုက်၊ အရေအတွက်အများ ကြီးလျှော့ချထားတဲ့ အမေရိကန် တပ်မ(၆)ကလည်း အစ္စရေးကိုကာကွယ်မှုမပေးနိုင်တော့ဘူး (ဆိုပါတော့)။
တရုတ်နဲ့ အမေရိကန်တို့က အဓိကနိုင်ငံကြီးတွေရဲ့နောက်ကနေ အားပေးထောက်ပံ့၊ တရုတ်က စစ်ရေးအရအောင်ပွဲရလိုက်တော့ ဂျပန်က လည်း ကြောက်ကြောက်ရွံ့ရွံ့နဲ့ သာမန်ကြားနေ၀ါဒနိုင်ငံကနေ တရုတ်ဖက် မသိမသာယိုင်တဲ့ကြားနေ၀ါဒအဖြစ်ကူးပြောင်း၊ တရုတ်တောင်းဆိုချက်တွေကို လိုက်လျော၊ နောက်ဆုံး စစ်မဟာမိတ်ဖြစ်သွားကြ။ ဂျပန်စစ်ကားတွေက ဂျပန်နိုင် ငံထဲရှိ အမေရိကန် တပ်စခန်းတွေကို သိမ်းပိုက်၊ အမေရိကန်က ရေးကြီး သုတ်ပြာနဲ့ သူ့တပ်သားတွေကို ကယ်ဆယ်ရေးလုပ်၊ အမေရိကန်က ဂျပန်နဲ့ အဆက်အသွယ်ဖြတ်မယ်ကြေငြာ၊ အနောက်ပစိဖိတ်သမုဒ္ဒရာထဲမှာ ဂျပန်နဲ့ အမေရိကန် ရေတပ်သင်္ဘောတွေ အကြား တိုက်ပွဲတွေ ဟိုနေရာဖြစ် ဒီနေရာဖြစ်။ စစ်ပွဲကြီးအစမှာ တရုတ်က ရုရှနဲ့ အပြန်အလှန် လုံခြုံရေး သဘောတူညီမှု စာချုပ်ချုပ်ဆိုဖို့ ကမ်းလှမ်း။ (ဟစ်တလာနဲ့ စတာလင်တို့ စာချုပ်ကို အမှတ်ရစရာ) ဒါပေမဲ့ တရုတ်ရဲ့စစ်ပွဲအောင်မြင်မှုအပေါ် ဂျပန်ရဲ့သဘောထားနဲ့ ရုရှားရဲ့ သဘောထားတို့ မတူကြ၊ ရုရှားက တရုတ်ထင်သလို မတုန့်ပြန်။ တရုတ်ရဲ့ ရလာနိုင်ခြေရှိတဲ့ အောင်ပွဲနဲ့ အရှေ့အာရှအတွင်း တရုတ်လွှမ်းမိုးမှုက မော်စကို ကိုထိတ်လန့်စေခဲ့၊ ရုရှားက တရုတ် ဆန့်ကျင်ရေး လမ်းစဉ်ကိုလိုက်ပြီး ဆိုက်ဘေးရီးယား ထဲမှာ စစ်တပ်အင်အားတွေ ထပ်ဖြည့်။
ဆိုက်ဘေးရီးယားထဲမှာ နေထိုင်နေကြတဲ့ တရုတ်လူမျိုးတွေက ကန့်ကွက် ဆန့်ကျင်မှုတွေပြုလုပ်လာကြ။ တရုတ်က သူ့နိုင်ငံသားတွေကို အကာ အကွယ်ပေးဖို့ စစ်အင်အားသုံး၊ ဗလာဒီဗိုစတော့(Vlasivastok) အမ်မားမြစ်ဝှမ်း (Amur River Valley)နဲ့ ဆိုက်ဘေးရီးယား အရှေ့ပိုင်း နေရာအချို့ကို သိမ်းပိုက်။ ရုရှားနဲ့တရုတ်စစ်တပ်တွေရဲ့ တိုက်ပွဲတွေ ဆိုက်ဘေးရီးယား အလယ်ပိုင်း မှာဖြစ်ပွား၊ တရုတ်ရဲ့ “အထိန်းသိမ်းခံ” အနေနဲ့ထားရှိခဲ့တဲ့ မန်ဂိုရီးယားမှာ ဆန္ဒပြမှုတွေဖြစ်ပွား (ဆိုပါတော့)။