တဖြည်းဖြည်းနဲ့တော့ အာဖဂန်နဲ့ တူလာပြီ။


ဒါ(တက်တူး)က တားမရဘူး၊ တစ်ဦးချင်းကိစ္စ၊ မိတ်ကပ်အထူအပါး၊ နှုတ်ခမ်းနီ အထူအပါး၊ ဘောင်းဘီအတိုအရှည်ကိစ္စမျိုးပဲ။ ဘာသာရေး၊ ယဉ်ကျေးမှု၊ အလုပ် အကိုင်နဲ့ပတ်သက်တဲ့ အဖွဲ့အစည်းတွေက သူတို့ပိုင်နက်ထဲမှာ တားမြစ်နိုင်ပါ တယ်။ လမ်းပေါ်လျှောက်သွားနေတဲ့ လူငယ်ကို တားမြစ်လို့မရသလို အစိုးရ လုပ်ရမယ့်ကိစ္စလည်း မဟုတ်ပါဘူး။ ဟိုတစ်နေ့ကပဲ ဘီးလ်ဂိတ်ပုံ ခြေသလုံးမှာ ထိုးထားတဲ့ကောင်လေး တစ်ယောက်တွေ့ရတယ်။ ဒါမျိုးကို သူ့မိဘတွေကလည်း သဘောမတူနိုင်ပါဘူး။ ဘာတတ်နိုင်မှာလဲ။ (လီကွမ်းယုလေသံနဲ့ ငါက ကုမ္ပဏီ ပိုင်ရှင်ဆိုရင်တော့ သူတို့ကို မခန့်ဘူး ပေါ့။ ဒါပဲရမှာပေါ့) အောက်က စာက တို လွန်းသွားလို့ပါ။
ဟိုဟာတားချင်၊ ဒီဟာတားချင်နဲ့ မွတ်စလင်အစွန်းရောက်နဲ့ သိပ်မကွာတော့ဘူး လို့ ပြောချင်တာ။
(12/22/2014 at 5:58 pm)

ဒါ အနောက်ယဉ်ကျေးမှုမဟုတ်ပါဘူး၊ လူငယ်ယဉ်ကျေးမှု (သို့) တစ်ခေတ်ပြန်ဆန်းယဉ်ကျေးမှုပါ။
အစွန်းရောက်အုပ်စုသိရင် လက်ဖြတ်ခံရမှာသိလျက်နဲ့ တက်တူးထိုးနေကြတာ တဲ့။
(12/22/2014 at 5:01 pm)



၇ နှစ်သား အကိုတစ်ယောက်ရဲ့ ဆုံးမစကား

ညီလေး
ဖေဖေနဲ့ ရန်ဖြစ်ပြီးစ မေမေက ခေါင်းဖီးပေးမယ်ဆိုရင် အဖီးမခံနဲ့။ ထွက်ပြေးပါ။ ဘာဖြစ်မယ်ဆိုတာ ကိုကို သိတယ်။

ညီလေး
ဆံပင်ညှပ်ခံနေရင်း နှာမချေမိပါစေနဲ့။ ကိုရင်မဝတ်ခင် ဆံချတာမျိုးဆို ပို ဂရုစိုက်ပါ။ ဘာဖြစ်မယ်ဆိုတာ ကိုကို သိတယ်။

ညီလေး
ပီကေကို ဆက်မဝါးချင်တော့ဘူးဆိုရင် သူများရှေ့က စာသင်ခုံအောက်မှာ ကပ်ထားရတယ်။



ညီလေး
"ဝိုင်နှစ်ခွက်လောက် သောက်ပြီးမှ ဖေဖေ့ဆီက မုန့်ဖိုးတောင်းပါ" ဆိုတဲ့စကားက မမှန်ဘူး။
မူးနေရင် တောင်းစရာတောင်မလိုတော့ဘူး။ ကြိုက်သလောက် နှိုက်ယူထား လို့ရတယ်။
မနက်ရောက်ရင် ဖေဖေနဲ့ မေမေ ရန်ဖြစ်တာကိုပါ ချောင်းကြည့်လို့ ရသေး တယ်။

ညီလေး
ခဲဖျက်မပါတဲ့ ခဲတန်ဟာ ဘောလ်ပင်နဲ့ အတူတူပဲဆိုတာ မှတ်ထားပါ။ စာမေးပွဲ မဖြေနိုင်ရင် ခဲတန်ကို ကိုက်နေတတ်တယ်။ ခဲဖျက်ပေါ်က သံ ပတ်လေးပေါ်မှာပဲ ကိုက်ပါ။

ညီလေး
ရန်မဖြစ်နဲ့၊ လူလည်ကျလွန်းလို့ မကျေနပ်တဲ့ကောင်ရှိရင် မှတ်ထား၊
နိုင်ငံတော်အလံကို အလေး ပြုရင်း မသိသလိုလိုနဲ့ သူ့ခြေသန်းလေးပေါ် တက်နင်းပါ။ ခြေမပေါ်ထက် ခြေသန်းလေးပေါ်တက်နင်းတာက ပို ထိရောက်တယ်။

ညီလေး
အပေါက်ဆိုးဆိုး ဆရာမက ပြုံးပြီးခေါ်ရင် မသွားနဲ့။ လူမမြင်ရင် ခေါင်းခေါက်မလို့။ အရမ်းနာတယ်။

ညီလေး
အရေးအကြီးဆုံးကတော့ အတန်းထဲမှာ တော့ပ် သရီး မရစေနဲ့။
မင်း ကျောင်းပျက်ရင် လူတိုင်းသိတယ်။

ချစ်တဲ့
ကိုကို

22/05/2013  

နယူးယောက် မာရသွန်ပွဲ


နယူးယောက် မာရသွန်ပွဲပြိုင်အတွက် အချိန်ကုန်ခံပြီး ဘာကြောင့် ဒီလောက်ပြင် ဆင်နေကြတယ်ဆိုတာကို ကျနော်တော့ နားမလည်နိုင်တော့ဘူး။
ကင်ညာနိုင်ငံက လူတစ်ယောက်ကိုခေါ်ပြီး လည်ပင်းမှာ ဆုတံဆိပ်ဆွဲပေး လိုက်ရင် ပြီးနေပြီ။ ဒါဆို ဘယ်သူမှ အလုပ်မရှုပ်တော့ဘူး။
(နယူးယောက် ပရိသတ်တစ်ဦး)

လူဝင်စား


စစ်တပ်အကြီးအကဲတွေက သမိုင်းထဲက ဘုရင်တွေကို လူဝင်စားလုပ်နေကြချိန်မှာ
ဘုန်းကြီးလူဝင်စားသံကိုတော့ မကြားရသေးဘူး(ကိုယ်မသိတာလည်းဖြစ်မယ်)၊
ဥပမာ ရှင်အရဟံတို့၊ ဆရာတော်ဗုဒ်တို့ကို ဝင်စားတယ်ဆိုတာမျိုးပေါ့။
လက်ရှိအနေအထားကိုကြည့်ရတာကတော့ ဒါလည်း ပေါ်လာနိုင်မယ့်သဘောပဲ။

စစ်တပ်ထဲရော ခရိုနီထဲမှာပါ နတ်သျှင်နောင်ဝင်စားတယ်ဆိုတာတော့ မကြားသေးဘူး။ ကလောင်ထက်လို့ မဝင်စားရဲတာလား၊ ပိုက်ဆံ ကုန်တင်ကားနဲ့ သယ်ရလောက်အောင် ချမ်းသာတဲ့ဘဝမဟုတ်လို့ စိတ်မဝင်စားတာလားတော့ မသိဘူးပေါ့။
ဝန်မခံပေမဲ့ ရှင်အဇ္ဇဂေါဏကိုဝင်စားသလိုလို ဘုန်းကြီးတွေတော့ ရှိတယ်။

အမေရိကန်တွေရဲ့ အားသာချက်


အမေရိကန်တွေရဲ့ အားသာချက်က ဉာဏ်ကောင်းတာမဟုတ်ဘူး၊ မှားမှန်းသိ ရင် တောင်းပန်ရဲတာ၊ ပြင်ရဲတာ(အူတူတူ ခေါင်းမာတာမျိုးမဟုတ်)တဲ့။ (တမြန်နေ့ကဆောင်းပါးတစ်ပုဒ် ဖတ်လိုက်ရ)
ပင်လယ်ကွေ့စစ်ပွဲပြီးတော့ စစ်ပွဲတွင်းမှာ အမှားတွေဘယ်လောက်များခဲ့သလဲ ဆိုတာ စာရင်းလုပ်ဖို့ ဘုရှ်နဲ့တိုနီဘလဲယားတို့နှစ်ယောက် ခေါင်းချင်းဆိုင်ပြီး အမှား ရှာခဲ့ကြတယ်။
တို့ဆီက အဘတွေပဲနားအေးတယ်။ အမွဲဆုံးနိုင်ငံဖြစ်နေတာကို အမှားလည်း မရှာ၊ မှားမှန်းလည်း မသိ၊ သိလည်း မတောင်းပန်။