သူချည်းလာဟဲ့


သူချည်းလာဟဲ့။
လက်ပတ်နီလေးနဲ့ပါဘုရား။

သူချည်းလာဟဲ့။
တာဝန်ဆိုတာလေးနဲ့ပါဘုရား။

သူချည်းလာဟဲ့။
အထက်အမိန့်ဆိုတာလေးနဲ့ပါဘုရား။

သူချည်းလာဟဲ့။
လစ်တော့လို့ အမိန့်ပေးနေပြီ။ လစ်ပြီ။

ဘကြီးဘုန်းကြီး တပြုံးပြုံး


သစ္စာနီအပါအဝင် စာရေးဆရာများက သူ့ကိုစာအုပ်လက်ဆောင်ပေးရာ "ဆရာ ဓမ္မဂင်္ဂါ" သို့ ဟု ရေးထိုးပေးကြလေသည်။ (အဲသလို မဟုတ်ရင် ဆရာတော် လို့ ရေးတတ်ကြသည်)
ထိုစာကြောင်းလေးကိုကြည့်ရင်း ဓမ္မဂင်္ဂါ ဆိုသည့် ထို ဘကြီးဘုန်းကြီးက
"ကိုယ်တို့ကို စာရေးဆရာအဖြစ် သူတို့ လုံးဝအသိအမှတ်ပြုလိုက်ရပြီ" ဟု ပြုံးပြုံးကြီးဆိုလေ၏။

ခြေရာခံကြေးဆို


ခြေရာခံကြေးဆို
ဘယ်သူရဲ့သမိုင်းက မိုးလုံလေလုံရှိလို့လဲ။
တရားခံ မပေါ်ရင်
သိက္ခာရှိချင်လို့လည်း မရဘူး။

မြေ ကောင်း၊ မကောင်းကို မြက်ညှိုး၊ မညှိုးကိုမြင်သဖြင့် သိရာ၏ (လောကနီတိ)


Posted by Zin Wai Thaw · 3 hrs · 

ခမ်းနားတဲ့အတိတ်တွေမို့ မမေ့လျော့စေချင် (၂)


"ဆရာတော့် ဒါယိကာ၊ဒါယိကာမ စင်ကာပူလူမျိုးတွေပါ ပါလာခဲ့ကြောင်း သိ လိုက်ရသည်။ သူတို့က သူတို့အစီအစဉ်ဖြင့် သူတို့ လာခဲ့ကြပြီး Tourism ကား ကြီးတစ်စီးနှင့် အပြည့်ပါလာခဲ့ရာ ထိုနေ့အဖို့ အတော်ပင်စည်ကားနေ ခဲ့သည်"

ဒီနှစ် ၂၀၁၅ ဇန်နဝါရီလထဲမှာပဲ ဆရာတော်စင်ကာပူမှ ပြန်ရောက်လာပြန် သည်။ မန္တလေးသံဃာ့တက္ကသိုလ်မှာ ဆွမ်းကပ်သည်။ သံဃာအပါးလေးရာေ ကျာ်ကို သင်္ကန်းတစ်စုံစီနှင့် သူ့ ”လီကွမ်ယု” နှင့် “လူ့ယဉ်ကျေးမှု” စာအုပ်တွေ လှူသည်။ သည်တစ်ခါလှူခြင်းကတော့ စင်ကာပူမှာတုန်းက ပြည်ပရောက် ကလေးတွေကို ခမ်းနားခဲ့သည့်မိမိနိုင်ငံ၏ အတိတ်ကို ဆုံးရှုံးမှာစိုး၍ လှူခြင်း မျိုးမဟုတ်ပါ။ ဘဝတူ သာသနာ့အာဇာနည် ညီအကိုများအတွက် အနာဂတ်ကို မျက်ခြည်မပြတ်ဖို့ လှူခြင်းသာ ဖြစ်မည်ထင်ပါသည်။

ဆရာတော်က မန္တလေးကို အရင်ရောက်နှင့်နေပြီး မိမိတို့က စင်ကာပူ ဆရာတော့်ကျောင်းမှ ကြွလာသော ဦးစက္ကနှင့် မန္တလေးကို တက်ရသည်။ ပထမဆရာသစ္စာနီ၊ ဆရာမောင်စိမ်းနီတို့ လိုက်ဖို့ရှိသော်လည်း မအားသဖြင့် မလိုက်နိုင်ကြပါ။ မိမိနှင့်ကိုစံစံ(ဟင်္သာတ) နှစ်ယောက်သာ ပါသွားခဲ့သည်။ သာကေတ ထန်းတပင်ကျောင်း (ထန်းတော ပရိယတ္တိစာသင်တိုက်) မှ ဦးတိလက္ခဏ၊ စင်ကာပူမှ ဦးစက္က၊ ၄င်း တို့ရွာသား ကားဆရာကိုမင်းသန့်နှင့်အတူ မန္တလေးသို့ လိုက်ကြရသည်။
ဆရာတော်ဇင်ဝေသော်က သံဃာ့တက္ကသိုလ်မှာတည်းနေပြီး မိမိတို့က နန်းတော်ရှေ့၊ မင်္ဂလာရွာမ ရွှေဘိုတိုက်၊ ထေရဝါဒ ကျောင်းဆရာတော်၊ မဟာစည်နယ်လှည့်ဓမ္မကထိက အရှင်နန္ဒသီရိကျောင်းမှာ တည်းကြပါသည်။

နောက်နေ့နံနက် မှာပဲ ဆွမ်းကပ်မည့် နေရာ သံဃာ့တက္ကသိုလ်ဆီသို့ ရောက် သွားခဲ့သည်။ ထိုအချိန်ကျမှ ဆရာတော့် ဆွမ်းကပ်ပွဲကို လာခဲ့ကြသော စင်ကာ ပူမှ ဆရာတော့် ဒါယိကာ၊ဒါယိကာမ စင်ကာပူလူမျိုးတွေပါ ပါလာခဲ့ကြောင်း သိ လိုက်ရသည်။ သူတို့က သူတို့အစီအစဉ်ဖြင့် သူတို့ လာခဲ့ကြပြီး Tourism ကား ကြီးတစ်စီးနှင့် အပြည့်ပါလာခဲ့ရာ ထိုနေ့အဖို့ အတော်ပင်စည်ကားနေခဲ့သည်။ ခရစ်ယာန်နှင့် မွတ်စလင်များသော စင်ကာပူမှာ ဗုဒ္ဓဘာသာဝင်သံဃာ အနည်း အကျဉ်းသာ တွေ့ဖူးသော ၄င်းတို့အဖို့ သာသနာ့စာပေကို အပတ်တကုတ် ကြိုးစားသင်ယူနေသော သံဃာတော် ၄၀၀ ကျော်ကို အုပ်စုလိုက် ဖူးမြင်ရသဖြင့် အံ့ဩဝမ်းမြောက်နေမည်မှာလည်း အမှန်ဖြစ်သည်။

ဆရာတော့်ရွာမှ ဆရာတော့်အမကြီးများ၊ ဆွေမျိုးများလည်း ထိုနေ့မှာပဲ အစော ကြီးကတည်းကရောက်နေကြ၏။ ရန်ကုန်မှ စာရေးဆရာ ဓမ္မဂင်္ဂါလည်းေ ရာက်နေခဲ့၏။ ဧည့်သည်တွေကို သီလပေးအပြီးမှာပဲ သံဃာအပါး ၄၀၀ ကျော်ကို ဆွမ်းကပ်ကြသည်။ ဆွမ်းမစားမီမှာ ဤဆွမ်းအား ရုပ်ရည်လှ ပခြင်းအတွက် ဘုန်းမပေး၊သာသနာ၏ အဓိကတာဝန်ဖြစ်သော ပရိပတ္တိ၊ ပရိယတ္တိအကျင့် နှစ်ခုအတွက်သာ ဘုန်းပေးပါသည်။ ဝေဒနာအဟောင်း အသစ် မဖြစ်လေအောင်၊ အပြစ်မဖြစ်အောင် သုံးဆောင်ပါသည် အစရှိသည့် အဓိပ္ပာယ်ရသော အလင်္ကာကို ရွတ်ဆိုကြသည်။ ဆွမ်းစားအပြီးမှာတော့ စာအုပ်နှင့် သင်္ကန်းတွေကို ကပ်လှူကြ၏။ စင်ကာပူဓမ္မ မိတ်ဆွေတွေက သာသနာ့တက္ကသိုလ်အတွက် ဝတ္ထုငွေတွေ ထပ်လှူပြီး ဆရာတော် ဇင်ဝေသော်က သူ့ဒကာ ဒကာမတွေကို ရေစက်ချပေးသည်။

မိမိကတော့ စင်ကာပူမှာနေခဲ့စဉ် မင်္ဂလာဝိဟာရကျောင်းကြီး၏ ဘုရားခန်း အတွင်း ၁၉၇၂ ခုလောက်က သီရိလင်္ကာ ပန်းချီဆရာကြီး ဆွဲသွားသော နံရံဆေးရေးပန်းချီကား တချို့ ပျက်စီးနေသည်ကို ပြန်ရေးပေးခိုက် ကော်ဖီ အအေးလာ၍ စီစဉ်ပေးသော စင်ကာပူသူ မစ္စဂျွန်နီနှင့် (Genny Tan) ပြန်တွေ့ရသည့် အတွက် ရှေးဟောင်းနှောင်းဖြစ်များ ပြောကြရင်း ဝမ်းသာနေမိ၏။

ဆရာတော်ဇင်ဝေသော်၏ ယနေ့အလှူကပင် ရှင်အရဟံနှင့် အနော်ရထာမင်း ကြီးတို့၏ သာသနာရေးကြိုးပမ်းခဲ့ပုံ၊ အတိတ်၏ခမ်းနားခဲ့မှုတွေအပေါ် မမေ့ မလျှော့သည့် ကျေးဇူးတရားအား အော့မေ့ဖွယ် အလှူလည်း ဖြစ်နိုင်မည် ဆိုသည်ကို တွေးမိသည့် အခိုက်မှာတော့…။

နေသစ်နီ