မလေးရှားရောက် ဦးသိန်းစိန်နဲ့ မြင်တွေ့လာကြရမယ့် ကရုဏာ ပြပွဲ


စီးပွားရေးဆိုင်ရာခရီးစဉ်လို့ ယူဆရတဲ့ မလေးရှားခရီးစဉ်ကို မြန်မာသမ္မတ ထွက်လာချိန်မှာ ပိုပြီးစိတ်ဝင်စားစရာကောင်းတာကတော့ ပြည်တွင်းက ကျောင်းသားအရေးပါပဲ။

ကျောင်းသား. ၁၄ ယောက် လွတ်ပေးသတဲ့။ ဒီနောက်မှာတော့ အစိုးရ သတင်းတွေအရ အပြစ်မရှိသူတွေကို စနစ်တကျ စစ်ဆေးမေးမြန်းပြီး ပြန်လွတ်ပေါ့။ ၁၀၀ ကျော် အဖမ်းခံရပြီး ၁၄ ယောက်လွတ်လာတယ်ဆိုတော့ အရေအတွက်ကတော့ တော်တော်နည်းနေဆဲပါပဲ။

ဦးသိန်းစိန်အစိုးရကတော့ နည်းနည်းချင်း လွတ်လွတ်ပေးပြီး သူတို့ ကရုဏာပြပွဲကို ရေရှည်ပြသွားမယ့်သဘော ရှိနေပါတယ်။


မြေးလေးက ချယ်လ်ဆီး ပရိသတ်ဆိုတော့


မန်ယူပရိသတ်၊ ဦးသိန်းစိန်ပရိသတ်ပဲ ခေါင်းမဖော်ရဲတာမှတ်နေမိတာ။ ဘယ်ဟုတ်လို့လဲ။ ဟိုလူကြီး မြေးလေးက ချယ်လ်ဆီး ပရိသတ်ဆိုတော့ ကိုဝန်းသိုတို့အုပ်စုလည်း သဲတရှပ်ရှပ်တွေ ဖြစ်ကုန်ပြီ။ ဟဲဟဲ။

"ဇင်" ပါရင် မခေတော့ဘူး။ (ဖျာ ဝင်ခင်းသည်)


ကမ်းလက် shared သက်နှင်း သုန္ဒရီ's video.
 

သူတို့ မုသား


If any teach Nibbana is to cease,
Say unto such they lie.
If any teach Nibbana is to live,
Say unto such they err.

(Sir Edwin Arnold. The light of Asia)

နိဗ္ဗာန်ကို ဥစ္ဆေဒလို့ဆို
ဒါဆို သူတို့ မုသား။
နိဗ္ဗာန်ကို သဿတလို့ဆို
ဒါဆို သူတို့ အမှား။

(ဆာ အက်ဒွင် အာနိုး။ အာရှတိုက် အလင်းရောင်)

နေဝသညာ နာသညာ


ပြီးခဲ့တဲ့အင်္ဂါနေ့က "နေဝသညာ နာသညာ" ကိစ္စကို တော်တော် ရှင်းယူခဲ့ရတယ်။
"Neither perception Nor Non-perception" ဆိုတော့ အတော်ရှုပ်သွားတာကိုး။ နှစ်တိုင်းလည်း ကြုံရတဲ့ကိစ္စပါ။
ဒါနဲ့ နားလည်ကြပြီလားလို့ မေးလိုက်တော့ ကျောင်းသားတစ်ယောက်က
"Neither understand nor non-understand" လို့ ဖြေတယ်။
တော်တော်ကောင်းတဲ့ အဖြေပဲ။