တော်ကြပါတော့၊ အရိုက်ခံနေရတာက နှင်းရီပါ


အတွေ့အကြုံလေးတစ်ခု ပြောပါရစေဦး။
ရွာက နှင်းရီဆိုတဲ့ကောင်မလေး အခြားရွာက ပြန်လာတော့ သရဲပါလာပြီး အိမ်ရောက်တာနဲ့ ငိုလားရီလား ဖြစ်ပါလေရော။
ဒါနဲ့ ရွာရှိ ပယောဂဆရာကို သွားပင့်ကြသပေါ့။ ဒါပေမဲ့ နှင်းရီနဲ့အတူပါလာတဲ့ သရဲက ပယောဂဆရာထက် ဝါရင့်နေတော့ ပယောဂဆရာကို လုံးဝမကြောက်ဘူး။ ထော်လော်ကန့်လန့်တွေ ပြန်ပြောတယ်။
ဒီတော့ ပယောဂဆရာက နောက်ဆုံး ဆေးကြိမ်လုံးနဲ့ ရိုက်မယ်ခြိမ်းခြောက်ရော။ သရဲက မကြောက်ရေးချ မကြောက်ပဲ။

ဆိုပါတော့ ပယောဂဆရာက ရိုက်ရော။
လေးငါးချက်လောက် ရိုက်ပြီးတော့ နှင်းရီက မျက်ရည်တွေနဲ့ တောင်းပန်ရှာတယ်။
"တော်ကြပါတော့၊ အရိုက်ခံနေရတာက နှင်းရီပါ။ ကြိမ်ရွယ်လိုက်တာနဲ့ သရဲက အပြင်ရောက်သွားပြီ။ ကျမ ကြားဖူးတာက သရဲပူးလို့ရိုက်ရင် လူမှာ ဒဏ်ရာမကျန်ဘူး၊ သရဲပဲ ဒဏ်ရာရတယ်တဲ့။ ကျမ ကြောနဲ့တင်ပါးပေါ်က ဒဏ်ရာတွေ ကြည့်ကြပါဦး" ဆိုပြီး ပြလို့ ဘေးကလူတွေမှာ ရယ်ရမလို ငိုရမလိုပဲ။
ဆရာက မနိုင်တဲ့အခါ သရဲကိုရိုက်ပေမဲ့ ကိုယ့်ရွာသူပဲ ထိနေတတ်တယ်ဆိုတဲ့ သင်္ခန်းစာလေး ရလိုက်တယ်။

မှတ်ချက်။ လောလောဆယ် အတည်ပြုတဲ့ဥပဒေနဲ့ မဆိုင်ပါ။ ခ်ခ်။

တိရောကုဋ္ဋပေတဝတ္ထု


တိရောကုဍ္ဍသုတ်တင်ပေးဖို့ တောင်းဆိုခဲ့ကြသူတွေနဲ့ အခြား စိတ်ဝင်စားသူတွေအတွက် ပါဠိနဲ့ အင်္ဂလိပ်ဘာသာပြန် တင်ပေးလိုက်ပါတယ်။

တိရောကုဋ္ဋပေတဝတ္ထု


တိရောကုဋ္ဋေသု တိဋ္ဌန္တိ၊ သန္ဓိသိင်္ဃာဋကေသု စ။
ဒွါရဗာဟာသု တိဋ္ဌန္တိ၊ အာဂန္တွာန သကံ ဃရံ။

Outside the walls, they stand
and at crossroads,
At door-posts, they stand
returning to their former homes.

ပဟူတေ အန္နပါနမှိ၊ ခဇ္ဇဘောဇ္ဇေ ဥပဋ္ဌိတေ။
န တေသံ ကောစိ သရတိ၊ သတ္တာနံ ကမ္မပစ္စယာ။

But when a meal with plentiful food
and drink is served.
No one remembers them
Such is the kamma of living beings.


ဧဝံ ဒဒန္တိ ဉာတီနံ၊ ယေ ဟောန္တိ အနုကမ္ပကာ။
သုစိံ ပဏီတံ ကာလေန၊ ကပ္ပိယံ ပါနဘောဇနံ။
'ဣဒံ ဝေါ ဉာတီနံ ဟောတု၊ သုခိတာ ဟောန္တု ဉာတယော'။


Thus those who feel sympathy
for their relatives,
give timely donations of proper food and drinks
exquisite, clean
(thinking "May this be for our relatives,
May our relatives be happy.

တေ စ တတ္ထ သမာဂန္တွာ၊ ဉာတိပေတာ သမာဂတာ။
ပဟူတေ အန္နပါနမှိ၊ သက္ကစ္စံ အနုမောဒရေ။

And those who have gathered there,
the assembled shades of relatives.
With appreciation give their blessings
for the plentiful food and drink.


စိရံ ဇီဝန္တု နော ဉာတီ၊ ယေသံ ဟေတု လဘာမသေ။
အမှာကဉ္စ ကတာ ပူဇာ၊ ဒါယကာ စ အနိပ္ဖလာ'။

"May our relatives live long
because of whom we have gained (this gift)
We have been honored,
and the donors are not without rewards."

န ဟိ တတ္ထ ကသိ အတ္ထိ၊ ဂေါရက္ခေတ္ထ န ဝိဇ္ဇတိ။
ဝဏိဇ္ဇာ တာဒိသီ နတ္ထိ၊ ဟိရညေန ကယာကယံ ကယောကယံ။
ဣတော ဒိန္နေန ယာပေန္တိ၊ ပေတာ ကာလဂတာ တဟိံ’။

For (in their realm), there's no farming,
no herding of cattle, no commerce,
no trading with money.
They live on
what's given here,
Hungry shades whose time here is done.


ဥန္နမေ ဥဒကံ ဝုဋ္ဌံ၊ ယထာ နိန္နံ ပဝတ္တတိ။
ဧဝမေဝ ဣတော ဒိန္နံ၊ ပေတာနံ ဥပကပ္ပတိ'။

As rain-water falling on a hill,
flows down to the valley,
even so does what's given here
benefit the dead.


ယထာ ဝါရိဝဟာ ပူရာ၊ ပရိပူရေန္တိ သာဂရံ။
ဧဝမေဝ ဣတော ဒိန္နံ၊ ပေတာနံ ဥပကပ္ပတိ'။

As rivers, full of water,
fill the ocean full,
even so does what's given here
benefit the dead.

အဒါသိ မေ အကာသိ မေ၊ ဉာတိ မိတ္တာ သခါ စ မေ။
ပေတာနံ ဒက္ခိဏံ ဒဇ္ဇာ၊ ပုဗ္ဗေ ကတမနုဿရံ'။

"He gave to me, she acted on my behalf,
they were my relatives, companions, friends,"
Offering should be given for the dead,
when one reflects thus on things done in the past.


န ဟိ ရုဏ္ဏံ ဝါ သောကော ဝါ၊ ယာ စညာ ပရိဒေဝနာ။
န တံ ပေတာနမတ္ထာယ၊ ဧဝံ တိဋ္ဌန္တိ ဉာတယော'။

For no weeping, no sorrowing,
no other lamentation
benefit the dead
whose relatives persist in that way.

အယဉ္စ ခေါ ဒက္ခိဏာ ဒိန္နာ၊ သံဃမှိ သုပ္ပတိဋ္ဌိတာ။
ဒီဃရတ္တံ ဟိတာယဿ၊ ဌာနသော ဥပကပ္ပတိ'။

But when this offering is given,
well-placed in the samgha,
it works for their long-tern benefit
and they profit immediately.

သော ဉာတိဓမ္မော စ အယံ နိဒဿိတော၊ ပေတာန ပူဇာ စ ကတာ ဥဠာရာ။
ဗလဉ္စ ဘိက္ခူနမနုပ္ပဒိန္နံ၊ တုမှေဟိ ပုညံ ပသုတံ အနပ္ပက''န္တိ။

In this way, the proper duty to relatives has been shown,
great honor has been done to the dead,
and monks have been given strength.
The merit you have acquired isn't small.

တိရောကုဋ္ဋပေတဝတ္ထု ပဉ္စမံ။
The End

ရယ်စရာ ဥပဒေ (လက်ထပ်စာချုပ်မရှိရင် ရှစ်ပါးသီလစောင့်)


မရေးအပ်တဲ့ဥပဒေပေမဲ့ ဘာသာရေးနဲ့ကပ်ပြီး ဒီလို ကြည့်မိပါတယ်။ ဒီဥပဒေဟာ ရယ်စရာ ကောင်းလောက်အောင် နေရာမှားနေသလို ဘယ်တော့မှလည်း ထိထိရောက်ရောက် ကျင့်သုံးလို့ ရလိမ့်မယ် မဟုတ်ပါ။
ဗုဒ္ဓဘာသာရဲ့ အခြေခံဥပဒေက ငါးပါးသီလလို့ဆိုရင် ရပါတယ်။ အဲဒီ ငါးပါးထဲမှာ မေထုန်နဲ့ဆိုင်တဲ့ ကိစ္စက ကာမေသု "မိစ္ဆာစာရ" ပါ။

ဗုဒ္ဓဘာသာတိုင်းအတွက် ရည်စူးလို့ "မိစ္ဆာစာရ" ကိုသာ တားမြစ်ပြီး မိစ္ဆာ စာရ မဟုတ်တဲ့ အခြားကာမဂုဏ်တွေကို လွှတ်ပေးထားရပါတယ်။ အဲသလို မဟုတ်ရင် ဘယ်သူမှ လိုက်နာလို့မရတဲ့ ဥပဒေဖြစ်ပြီး ဟန်ဆောင်ဥပဒေ၊ လူသားများ ရယ်ဖွယ်ဥပဒေ ဖြစ်သွားပါလိမ့်မယ်။ မိစ္ဆာစာရကိုပဲ အရွယ် မရောက်သေးသူ၊ အလိုမတူဘဲ မတရားကျင့်သူ စသည် ခေတ်နဲ့အညီ အဓိပ္ပါယ်ဖွင့်ဆိုပြီး သတ်မှတ်နိုင်ပါတယ်။

မေထုန်နဲ့ပတ်သက်လို့ ဗုဒ္ဓဘာသာက ဒါပဲပြောသလားဆိုရင်တော့ မဟုတ် ပါဘူး။ အများအားဖြင့် လပြည့်လကွယ်လို ဥပုသ်နေ့တွေမျိုးမှာ ထူးထူးခြားခြား စောင့်ထိန်းကြတဲ့ ရှစ်ပါးသီလရှိပါတယ်။ ခေတ်စကားနဲ့ အထူးဥပဒေလို့ ခေါ်နိုင်ပါတယ်။ ဒီမှာ မေထုန်နဲ့ပတ်သက်လို့ "အဗြဟ္မစရိယ" လို့ သုံးပြီး ဘယ်လို မေထုန်ဆက်ဆံခြင်းမျိုးကိုမဆို တားမြစ် ပါတယ်။ အထူးဥပဒေဖြစ်လို့ လူတိုင်း၊ နေ့တိုင်း စောင့်ထိန်းနေကြမယ် မဟုတ်တော့ပါဘူး။
ကျင့်လိုက ကျင့်၊ မကျင့်လိုက နေ။
ဒါကို မဖြစ်မနေ လိုက်ကိုလိုက်ရမယ်ဆိုရင် အများစုကတော့ ဗုဒ္ဓဘာသာအဖြစ်ကနေ နှုတ်ထွက်သွားမှာပါပဲ။

လက်မထပ်ခင် အတူနေသင့် မနေသင့်က အရှေ့တင်မက အနောက်မှာလည်း ပြောဆိုနေကြဆဲပါ၊ ဒါပေမဲ့ ဒါက တစ်ဦးချင်းစီရဲ့ ယုံကြည်မှုနဲ့ ရွေးခြယ်မှုအနေနဲ့ပဲ ရှိနေပါတယ်။

အခု ဥပဒေအရ လူပျို၊ အပျိုတိုင်း မေထုန ရှစ်ပါးသီလ စောင့်ထိန်းရမယ်လို့ ဆိုလိုရာ ရောက်နေတော့ လက်တွေ့မကျတဲ့အပြင် ဥပဒေကို ဘယ်လို ကျင့်သုံးမလဲ(How to apply) ဆိုတာအတွက်လည်း အဖြေ မရှိပါ။

"နံ" ဆိုတဲ့ဝေါဟာရ


မြန်မာစာမှာ "နံ" ဆိုတဲ့ဝေါဟာရက နေရာတော်တော်များများမှာ မကောင်းတဲ့အဓိပ္ပါယ် ထွက်တယ်။ ဒါပေမဲ့ ရေ နဲ့တွဲတဲ့ နံ ကတော့ တစ်မျိုးပဲ။ ရိုးရိုးရေက ဈေးမကြီးဘူး၊ ရေနံက ကြီးလိုက်တဲ့ဈေး။
"မှောက်" ဆိုတဲ့စကားလည်း အဲသလိုပဲ။ မျက်စိမှောက်တာကျတော့ မမြင်တဲ့ အဓိပ္ပါယ်ထွက်ပြီး မျက်မှောက်ပြုတာကျတော့ မြင်တဲ့အဓိပ္ပါယ်။ မြင်တာမှ ရိုးရိုးမြင်တာတောင် မဟုတ်ဘူး၊ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်နဲ့ မြင်တာမျိုး။ နိဗ္ဗာန်ကို မျက်မှောက်ပြု တဲ့။

ဒီနေ့တော့ လီဗာပူးကလွဲရင်


ဒီနေ့တော့ လီဗာပူးကလွဲရင် အသင်းကြီးတွေအားလုံး နိုင်သွားကြတယ်။ အာဆင်နယ်က နယူးကာဆယ်ကို မီးကြိုးမောင်းပျက်နိုင်၊ မန်စီးတီးက ဝက်ဖို့ဒ်ကို ဟန်နဲ့ပန်နဲ့နိုင်။
အထူးသဖြင့် ချယ်ချယ်တို့ အဖေအားပေးတဲ့ အသင်းလေး ချယ်လ်ဆီးကတော့ အောက်သင်းပီပီ သူ့ အိမ်ကွင်းမှာကိုပဲ အသင်းကြီးဖြစ်တဲ့ ခရစ္စတယ် ပဲလေ့စ်ကို နှစ်တစ်နဲ့ အရှုံးပေးသွားရလေရဲ့။