ရာသီစာလေးဘာလေးတင်ဦးမှဘာာ

ဒီမိုကရေစီ သီအိုရီ


*မြန်မာ့နည်းမြန်မာ့ဟန်ပဲပြောပြော ဘာပြောပြော လက်တွေ့ ဝန်ခံထားတဲ့စနစ်က ဒီမိုကရေစီ။

*ဒီမိုကရေစီရဲ့ မူဝါဒတွေထဲမှာ အဓိက မူဝါဒတစ်ခုက ပါဝါချိန်ခွင်လျာ ညှိခြင်း။

*ပါဝါချိန်ခွင်လျာ ညှိခြင်းက ကမ္ဘာ့အစီအမံနဲ့အကြုံးဝင်သလို ပြည်တွင်းရေး မှာလည်း အကြုံးဝင်တယ်။ ပြည်တွင်းကိုကြည့်ရအောင်၊ ပါဝါက ဘယ်မှာရှိနေသလဲ။

*သူ့ကို ပါဝါ ညှိမယူနိုင်သေးရင် ဒီမိုကရေစီသရုပ်လည်း မပီပြင်သေးဘူး။

*ဒါဖြင့် ဘယ်ပါတီခေါင်းဆောင် သမ္မတဖြစ်သင့်သလဲ?
ဒါက ပုဂ္ဂလိကဆန်တဲ့ မေးခွန်း၊ သီအိုရီမဟုတ်ဘူး။
သီအိုရီအရ ဘယ်သူပဲ သမ္မတဖြစ်ဖြစ် သူ့ကို အတိုက်အခံက ဖိအားပေးနိုင်အောင် အင်အားတောင့်တင်းနေရမယ်။

ဒါဖြင့် ဘယ်ပါတီကို မဲပေးသင့်သလဲ?
ဒါလည်း သီအိုရီမဟုတ်ပြန်ဘူး။ သီအိုရီကပြောတာက ပါဝါဟန်ချက် ညှိယူရမယ်။

ဒီမိုကရေစီကို မြတ်နိုးတဲ့ ရှေးရှေးမျိုးဆက်တွေဟာ ဗဟုမဏ္ဍိုင်စနစ်ကိုကျင့်သုံးပြီး ပြည်တွင်းပြည်ပ နိုင်ငံရေး ဟန်ချက်ညှိဖို့ ကြိုးစားခဲ့ကြပါတယ်။

လက်ထပ်မထားတဲ့ မိခင်တွေအတွက် တဲ့။ စင်္ကာပူမှာမို့သာပေါ့


အင်း ဘယ်လိုပြောရမလဲ၊ လက်ထပ်မထားတဲ့ မိခင်တွေအတွက် တဲ့။ စင်္ကာပူမှာမို့သာပေါ့၊ တို့နိုင်ငံဆို အကူအညီမရတဲ့အပြင် ဒီအမတ်လောင်းေ တာ့ ထောင်တောင် ကျရဦးမယ့်ကိန်းပါလားလို့ တွေးမိလို့ပါ။ နောက်ပြီး ကရုဏာမဲ့၊ စာနာမှုမဲ့၊ ဗုဒ္ဓဘာသာရဲ့ ဗြဟ္မစိုရ်အသာထား ဘယ်လူသားတန်ဖိုးနဲ့မှ ညှိယူလို့ မရတဲ့ "နင့်ဘာသာ ကမျင်းကြောထလို့ရတဲ့ ကလေး၊ ဘယ်သူက ဘာ အကူအညီပေးနေရအုံးမှာတုံး" စတဲ့ ဖြစ်ကတတ်ဆန်း ပေါက်လွှတ်ပဲစား ကွန်မင့်တွေလည်း ဆိုရှယ် မီဒီယာပေါ် ပလူပျံနေလိမ့်မယ်။

ဆင်းဂဲမားသားဖြစ်ရခြင်းမှာ အကြောင်းတရားများစွာ ပါဝင်နေနိုင်ပါလား။
အဲဒီ ဥပဒေကြောင့် နောက်ဆက်တွဲ လူမှုရေးပြသနာတွေ၊ လူမသိ သူမသိနေရာ သွား မွေး၊ ကလေးကို စွန့်ပစ်၊ မိခင်နဲ့ကလေး အတူမနေရ မှုတွေ ရှိမလာနိုင်ဘူးလား။
ဒီပြသနာဟာ လူ့သမိုင်းအစကတည်းက ရှိခဲ့သလို နောက်လည်း ရှိနေဦးမှာ ပဲ မဟုတ်လား။
တရုတ်ပြည်ရဲ့ ကလေးတစ်ယောက် ပေါ်လစီကြောင့် အပြစ်မဲ့တဲ့ မွေး ကင်းစကလေးတွေ ဘယ်နှသန်းလောက် စွန့်ပစ်ခြင်း ခံခဲ့ရလေမလဲ။
လိင်ကိစ္စကို အဲသလောက် အလေးထားတဲ့ ဥပဒေနဲ့ နိုင်ငံမှာ ကလေးအဖေ ဘယ်သူဆိုတာ တိတိကျကျ စစ်ဆေးပေးနိုင်တဲ့ DNA စနစ်တွေ လူထုထဲအ ထိ ထွန်းကားနေပြီလား။

အမေရိကန် ဒု သမ္မတဟောင်း ချင်းညေကတော့ လက်စဘီးယမ်းတွေကို လုံးဝကြည့်မရတဲ့လူ ဖြစ်နေရာကနေ သူ့သမီးနှစ်ယောက် လက်စဘီးယမ်းေ တွ ဖြစ်နေတာကို ကြုံတွေ့လိုက်ရပါသတဲ့။


သတ်ပုံလေးတော့ ဂရုစိုက်ဦးမှပါဆိုတဲ့အတွေး


သွားလေသူ ဆရာကြီး ဦးဌေးအောင် သင်မပေးနိုင်၊ ပြင်မပေးနိုင်ခဲ့တာကို ဦးလှဆွေကြီးက သင်ပေးလို့ ကျေးဇူးတင်ရတယ်။
ဆရာကြီး ဦးဌေးအောင်ကို မန္တလေး နပသထွက် ရဟန်းတွေနဲ့ မိုး ဇလ အဖွဲ့တွေကတော့ ကောင်းကောင်းသိကြပါတယ်။ ပညာရော၊ စာရိတ္တပါ ပြောစရာမရှိတဲ့ သူတော်ကောင်းကြီး။
သူကလည်း သတ်ပုံတော့ လုံးလုံး ဂရုမစိုက်တာ၊ ဘောမှာ ရေးရင်လည်း စာကြောင်းက ဘယ်တော့မှ မဖျောင့်ဘူး။ သူသင်တဲ့ အဓိပ္ပါယ်ကိုတော့ ရင်ထဲအထိ ထည့်ပေးနိုင်တဲ့ ဆရာကြီးပါ။
အခု အက်ဒမင်က သိသင့်တယ်ထင်လို့ စီမံပေးလိုက်တော့ ဦးလှဆွေကြီး ပို့စ်တွေက တက်တက်လာရော။
သူ့စာတွေ ဖတ်မိရာကတဆင့် သတ်ပုံလေးတော့ ဂရုစိုက်ဦးမှပါဆိုတဲ့အတွေး ရလာတာ။
(အခုမှားရင် ပြင်လျက်နဲ့မှားတာလို့ ယူဆပေးကြပါရန်)

ဒေါ်စုကို နားလည်တယ်


ကိုယ်တိုင်က ကွန်စတီးကျူးရှင်းပြင်ပြီးမှ ကျောင်းထိုင်ဖြစ်၊
ကျောင်းထိုင်ဖြစ်မှလည်း စိတ်ကူးထဲက ကောင်းမယ်ထင်တာတွေလုပ်၊ ပိတ်နေတဲ့ တံခါးတွေဖွင့်၊ စာသင်ခန်းတွေကို အနားမရှိ အသုံးချ... စတာတွေ လုပ်ခွင့်ရလာလို့ ဒေါ်စုကို နားလည်တယ်။
ပြသနာက မြန်မာ့နိုင်ငံရေးမှာ ဒေါက်တာ လင်း (Dr. Lim) မရှိဘူး။ ဒေါက်တာ မှောင်တွေပဲ များနေတယ်။