ဆိုရှယ်မီဒီယာနဲ့ စင်္ကာပူ ရွေးကောက်ပွဲရလာဒ်


ဒီနေ့သတင်းစာပါ အင်တာနက်၊ ဆိုရှယ်မီဒီယာနဲ့ စင်္ကာပူ ရွေးကောက်ပွဲရလာဒ်ကို ယှဉ်တွဲသုံးသပ်ထားတဲ့ ဆောင်းပါးပါ။
အဓိက နှစ်ချက်က

၁။ အင်တာနက်နဲ့ ဆိုရှယ်မီဒီယာကြောင့် လူထုပြောဆိုနေတဲ့ သတင်းစကားတွေနဲ့ ပတ်သက်လို့ အစိုးရအနေနဲ့ ထိန်းချုပ်ရခက်လာတယ် (အစိုးရအတွက် သိပ်မကောင်း)။ ဒါပေမဲ့ အစိုးရ အရာရှိတိုင်း (ဝန်ကြီးချုပ် အပါအဝင်) ဆိုရှယ်မီဒီယာကို သုံးစွဲနေတော့ ကိုယ့်ခံစားချက်ပြောပြဖို့ ကြားခံပုဂ္ဂိုလ်၊ အတိုက်အခံ ပါလီမံကိုယ်စားလှယ် မလိုတော့ ဘူး။ အရင်က အစိုးရနဲ့ စကားပြောဖို့ တဆင့်ခံ လိုခဲ့တယ်။ (အစိုးရအားသာချက်၊ အတိုက်အခံအတွက် အားနည်းချက်)

၂။ ဆိုရှယ်မီဒီယာပေါ်မှာ တက်ကြွ၊ ပေါ်ပြူလာဖြစ်ပေမဲ့ ထောက်ခံမဲ မသေချာဘူး။ ပုံနှစ်ကို ရှုပါ။ ဆိုရှယ်မီဒီယာက သတင်းဖြန့်ပေးရုံသာဖြစ်ပြီး မဲရဖို့ အာမ မခံ။ နောက်ပြီး ကိုယ့်အားနည်းချက်တွေကိုတောင် ဖော်ပြနေတတ်တယ်။ သဘာဝ ကျပါတယ်။ ဖေ့စ် ဘုတ်ပေါ် ဘယ်လောက် လိုက်ခ်လိုက်ခ်၊ ဘယ်လောက် ရှယ်ရှယ် စာအုပ်ထုတ်ရောင်း ရင် ပိုက်ဆံပေးပြီး ဝယ်ချင်မှ ဝယ်ကြမှာပါ။ မဲပေးတာလည်း အဲသလိုပဲ ဖြစ်မှာပါပဲ။ မြန် မာ အစိုးရထဲက ဖေ့စ်ဘုတ်မင်းသားနှစ်ယောက်ရဲ့ ဝေါကိုကြည့်ရင် ဒီကိစ္စက သိသာပါ တယ်။ သူတိုဆီမှာ အဘဆိုသူတွေပါသလို ကလော်တုတ်သူတွေလည်း မနည်းလှဘူး။

ဘယ်လိုဆက်စပ်မှန်းတော့ မသိပါဘူး။ ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက စလို့ ရွေးကောက်ပွဲ ပြီးတဲ့အထိ ဝန်ကြီးချုပ် လီရှန်လွန်းဆီက မဲဆွယ်တဲ့ အီးမေး၊ ကျေးဇူးတင်ကြောင်းအီးမေးတွေ ဆက်တိုက်ဝင်နေတယ်။
ကိန်းဘရေ့ဂ်ျ ဘွဲ့ရကြီးဆိုတော့ စာရေးဟန်ကလည်း သိမ်မွေ့၊ ယဉ်ကျေး၊ သတ်ပုံတလွဲတွေ၊ အတိုက်အခံကို မိန်းမကောင်း ရန်တွေ့တွေ၊ ဝါကျကို ဖြတ်ချင်တဲ့နေရာက ဖြတ်တွေ မပါဘူးပေါ့ ဗျာတို့ရေ။


ဟာကျူလီကတော့ သမ္မတကြီး ကသာရောက်လာအောင် လုပ်ပြီထင်တယ်

ကြွားသတင်း


စာအုပ်ကို အကဲစမ်းတဲ့ အနေနဲ့ ပထမအကြိမ် တစ်ထောင်ပဲရိုက်တာ၊ လီနဲ့ဇင် တွဲထွက်လာတော့ တစ်ပတ်မပြည့်ခင် ပြတ်ထွက်သွားရော တဲ့။ ထပ်ရိုက်နေရပြီ။ အားပေးကြချက်တော့။ ကျေးဇူးတင်ရပါတယ်။

Time to change


ပျံလွန်တော်မူသွားတဲ့ သီဟိုဠ်ဆရာတော်ကြီးက ဝါတော်အကြီးဆုံးဆိုတော့ တခြားကျောင်းဘုန်းကြီးတွေကို ဆွမ်းစားပင့်တဲ့အခါ
"ဘယ်နေ့ တို့ကျောင်းမှာ ဘာ ပွဲရှိတယ်ဟေ့" ဆိုရုံနဲ့ သံဃာငယ်တွေက ဘာမှ မမေးရဲဘဲတက္ကစီငှားပြီး ကြွကြရတယ်။ ကျောင်းရောက်တော့ ကျောင်း က ဒကာတစ်ယောက်က တက္ကစီခပေးပေါ့၊ အပြန်လည်း အဲသလိုပဲ။

ဒါတော့ မဟုတ်သေးဘူးဆိုပြီး ရှေ့က ကျောင်းထိုင်သွားတဲ့ ဆရာတော်တွေ ကို ပြင်ဖို့လျှောက်ကြည့်တယ်။ လုပ်မသွားကြဘူး။
ကိုယ်ကျောင်းထိုင်ဖြစ်တော့မှ အစည်းအဝေးမှာ
"တနင်္ဂနွေနေ့၊ ပွဲရှိတဲ့နေ့တွေမှာ ကားရပ်စရာ နေရာမလောက်လို့ လမ်းဘေး မှာ ရပ်ခွင့်ပြုဖို့ အစိုးရဆီက ခွင့်တောင်းထားရတယ်။ ဒါတောင် ကိုယ်ပင့်တဲ့ ဆရာတော်တွေကို ကားနဲ့ အကြိုအပို့မလုပ်နိုင်ဘူးဆိုတော့ အဓိပ္ပါယ် လုံးဝ မရှိတော့ဘူး။ နောက်ပြီး အရင်ဆရာတော်ကြီးက ဝါအကြီးဆုံး၊ ငါက ကျောင်းထိုင်တွေထဲမှာ အငယ်ဆုံး၊ ကားအကြိုအပို့ လုပ်ကိုလုပ်မှ ရမယ်၊ Time to change" လို့ ပြောလိုက်တယ်။

အခုဆို ဆရာတော်အကြိုအပို့ကားတွေက သီးသန့်၊ ကားဆရာတွေ လည်း သီးသန့် အဖွဲ့လိုက်ပဲ။ ဘယ်သူက ဘယ်ကျောင်း၊ ကားနံပတ်က ဘာ။ ကားအရောင်က ဘာအရောင်၊ ဘယ်အချိန်ရောက်မယ်ဆိုတာ ကြို ဖုန်းဆက်။ အားလုံး ကွက်တိ။

ဆွမ်းခံကျွေးမယ့် ရဟန်းများ


သူမ ပေးတဲ့ ကတိကို
အကြောင်းကြောင်းကြောင့် မဖြည့်ဆည်းနိုင်ခဲ့ရင်တောင်
အနည်းဆုံး သူမ ဝန်ခံ ကတိပြုလိမ့်မယ်။


ဒီပွဲမှာ
သူမဟာ Nothing to lose
သူမဆီမှာလည်း Nothing left.....။

နိုင်ငံရေး ကစားပွဲဆိုတော့
အရောင်အသွေးကလည်း ကွဲပေမပေါ့
သာသနာဖျက်မကြီး ဆိုသူကဆို
ဒါပေမဲ့ ဓမ္မပဒ စတိုရီထဲကလို
ဆွမ်ခံကျွေးပါ့မယ် မယ်တော်ကြီး ဆိုတဲ့ရဟန်းတွေလည်း
မနည်းပါဘူး။

ခေတ်စကားနဲ့ ပြောကြည့်တော့
ဒေါ်စုကို ခိုင်းကြည့်ပါ
အန်တီစုကို ခိုင်းကြည့်ပါ
အမေစုကို ခိုင်းကြည့်ပါ
မယ်တော်ကြီးစုကို ခိုင်းကြည့်ပါ။ ။

ဇင်ဝေသော်