နှစ်ချို့အမှတ်တရ (ဒီဇင်ဘာ ၂၈)


၂၀၁၃ နှစ်ကူးချိန်တွေမှာ သီရိလင်္ကာကိုရောက်နေခဲ့ကြသည်။ ဂေါပကဥက္ကဋ္ဌ ရဲ့ သမီကြီး မေဓာ (လင်းမေစန်း) က ၂၀၁၃ ကို ပုဂ္ဂလိကရေးရာအရ ဘယ် လိုမြင်သလဲ၊ ကျရှုံးသလား၊ အောင်မြင်သလား လို့လာမေးသည်။
ထိုအချိန်က နားဝင်မချိုဟော့နေချိန်ဖြစ်သဖြင့် နှစ်ကုန်ပိုင်းမှာ အောင်မြင် တဲ့နှစ်ဖြစ်ကြောင်း ရှင်းပြတော့ သူမ မျက်လုံးပြူးသွားသည်။ မြန်မာလူထုက လီကွမ်းယုစကားတွေကို ဒီလောက်တန်ဖိုးထားပြီးဖတ်နေကြသောကြောင့်ဟု သူမကဆိုသည်။ ဒီလိုစာအုပ်တွေကို ဖတ်နေသူတွေကလည်း လူလတ်၊ လူ ငယ်တွေပိုများတယ်ဟုဆိုရာ သူမက အလေးပင်ပြုလိုက်သေးသည်။

" မြန်မာ တက်လာတော့မှာ သေချာတယ်" လို့လည်းဆက်ပြီး နိမိတ်ဖတ် သည်။ သူမအကြောင်းပြချက်က စင်္ကာပူ လူငယ်တွေ (လီကွမ်းယုစာအုပ် ရယ်မှမဟုတ်) စာကောင်းပေမွန် မဖတ်ကြတော့၊ ဆိုရှယ် နက်ဝါ့က်နဲ့ အချိန် ကုန်နေတယ်၊ ရင်လေးစရာ၊ မြန်မာအတွက် ဝမ်းသာတယ်လို့ သူမက ဆို သည်။ သူမက စထရိတ်တိုင်းမ်မှာ အလုပ်လုပ်နေသဖြင့် သူ့အတွင်းသတင်း က ခိုင်မာနိုင်သည်။

ပြောလိုသည်မှာ မြန်မာလူငယ်ထု (အများစု) သည် တံခါးဖွင့်လိုက်သည်နှင့် နည်းပညာဆိုင်ရာ၊ ကမ္ဘာ့နိုင်ငံရေးဆိုင်ရာ၊ မြန်မာ့နိုင်ငံရေးဆိုင်ရာစာတွေကို အသည်းအသန်ဖတ်လာကြသည်၊ ကုယ့်တံခါးတွေကို ကိုယ်တိုင်ဖွင့်လာကြ သည်။ အလွန်အားတက်စရာကောင်းသည်ဟုလည်း ယုံကြည်မိသည်။ အစိုး ရက သိပ်ကောင်းရင် သာမန်လူထုနဲ့ပင် နိုင်ငံတက်လာနိုင်သလို လူထုက သိပ်တော်လာရင်လည်း သာမန်အစိုးရလောက်နဲ့ပင် နိုင်ငံက တက်လာနိုင် သည်။ နှစ်ခုစလုံးဆိုရင်တော့ ပြောဖွယ်မလိုတော့ပါ။

အသိပညာဆည်းပူးလိုတဲ့ လူငယ်ထုနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံရဲ့ အနာဂတ်ဟာ ရုပ်ပျက်ဆင်းပျက် မဖြစ်တန်ရာ။ အနာဂတ်ဟူသည် မရေရာသော်လည်း မြန် မာနိုင်ငံအနာဂတ်အတွက် မေဓာထောင်ပြခဲ့သောလက်မကိုမူ ကျွန်ုပ် ပိုင်ဆိုင် ခဲ့ပါသည်။ ဘယ်သူမှ လုယူလို့မရပါ။

ထိုနေ့က ဒီဇင်ဘာ ၂၈ ဖြစ်ပါသည်။

အိန္ဒိယ၊ ဇာတ်စနစ် သံကွန်ခြာထဲမှာ (လေး)


လူတစ်ယောက်ရဲ့ ကမ္ဘာ့ အမြင် (ဂျပန်၊ ကိုရီးယား၊ အိန္ဒိယ)

မေး။ ။ အမေရိကန်နဲ့ အိန္ဒိယဆက်ဆံရေးကရော ဘယ်လိုဆက်ရှိနေမလဲ။ သူတို့ဆက်ဆံရေး ပိုမိုကောင်းမွန်လာမယ်လို့ ထင်မိပါသလား။

ဖြေ။ ။ အမေရိကန်တွေက တရုတ်နဲ့ရင်ဘောင်တန်းနိုင်တဲ့ နိုင်ငံကို လို ချင်နေတာဆိုတော့ သူတို့ဆက်ဆံရေးက အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေ မှာပဲ။ လူဦးရေ အရေအတွက် တရုတ်နဲ့ ရင်ဘောင်တန်းနိုင်တာလည်း သူတို့ ပဲ ရှိတယ်။ အိန္ဒိယရဲ့ GDP က တရုတ်အောက်နည်းပေမဲ့ GDP ရဲ့ ရာခိုင်နှုန်းေ တ်ာတော်များများကို စစ်အင်အားအတွက် အိန္ဒိယတွေက အသုံးပြုတယ်။ ဒါပေမဲ့ သူ့နေရာနဲ့သူ သုံးသင့်တယ် ထင်တယ်။ တရုတ်အမျိုးသမီးက အခု အာကာသထဲကနေ ပြန်လာပြီ။ အိန္ဒိယတွေ မလုပ်ရသေးဘူး။ သူတို့စွမ်းနိုင် တယ်ဆိုတာ သံသယမရှိပါဘူး။ ဒါပေမဲ့ အချိန်တွေလိုအုံးမယ်။ စီးပွားရေး ထောက်ပံ့မှုတွေ လိုတယ်။ တရုတ်က အမေရိကန်တွေလုပ်နိုင် သမျှ သူတို့လည်း လုပ်နိုင်တယ်ဆိုတာပြဖို့ ပြင်ဆင်နေကြပြီ။

မေး။ ။ ကိုယ်ရေးကိုယ်တာလေး နည်းနည်းမေးချင်လို့ပါ။ အိန္ဒိယ ကိုရောက်စဉ် နှစ်ခြိုက်သဘောကျစရာတွေရှိရင် ပြောပြပါလား။
ဖြေ။ ။ အိန္ဒိယကို မရောက်ဖြစ်တာတောင် အတော်ကြာပြီ။ နံပါတ်တစ်၊ သူ တို့က အင်္ဂလိပ်စကားပြောတယ်။ ဒီတော့ စိတ်ထဲမှာ နွေးနွေးထွေးထွေးရှိ တယ်။ နှစ်ကတော့ အိန္ဒိယအစားအစာ၊ သူတို့အစားအသောက်ကို ငါကြိုက်တယ်။

မေး။ ။ မစ္စတာလီက ငရုတ်သီးအစပ်ကြောက်တယ် မဟုတ်လား။
ဖြေ။ ။ စားဖိုမှုးကို ငရုတ်သီးလျော့ထည့်ဖိုပြောလို့ ရတာပဲ။ ငါမကြိုက်တာ ကတော့ ဟိုတယ်တွေဘေးမှာ အခင်းကြီး အခင်းငယ်ထိုင်ကြတာပဲ။ အိန္ဒိယ စီးတီးမှာရှိတဲ့ (India city) ဟော်တယ်အသစ် ရှယ်ရက်တန် (Sheratan) မှာတည်းနေတုံးက လမ်းဘေးမှာ ကိစ္စပြီးနေတဲ့လူတွေကို ရှင်းရှင်းကြီးမြင် ခဲ့ရဖူးတယ်။ အဲ့ဒါ သူတို့ဒီမိုကနေရစီ တဲ့။ တရုတ်ပြည်မှာဆိုရင် ဒါမျိုးတွေကို လက်ခံမှာမဟုတ်ဘူး။ တရုတ်ပြည်မှာ အိမ်ခြေယာမဲ့လူတန်းစားတွေ ဘယ်လောက်များသလဲဆိုတာတော့ ငါလည်း မသိဘူး။ ဒါပေမဲ့ ဒီလို မြို့တော်ကြီးတွေမှာ အခင်းကြီး၊ အခင်းငယ်သွားတာကိုတော့ တရုတ်အစိုးရ က ခွင့်မပြုလောက်ဘူး။

အိန္ဒိယ၊ ပြီး

ဒါပေမဲ့


တစ်ဆင့်ချင်းတော့ ဆုတ်ပေးနေကြတာပါပဲ
ဒါပေမဲ့
နောက်ဆုံးကတုတ်ကျဉ်းက ဘယ်ဟာလဲဆိုတာ
သမိုင်းထဲကလူတိုင်းသိနေတယ်။

အလံဖြူထောင်ထားတဲ့ တောင်ကုန်းကို
သိမ်းပိုက်ချင်တယ်ဆိုရင်တော့
ဘယ်လို ဒစ်ပလိုမေစီမှ ဆေးစွမ်းထက်မယ် မဟုတ်ဘူး။


သမိုင်းကနေ ထွက်ပြေးလို့ မရဘူး


Political leaders can make history but they cannot escape history.
(The Clash of Civilizations P. 154)
"နိုင်ငံရေးခေါင်းဆောင်တွေဟာ သမိုင်းကိုရေးနိုင်တယ် ဒါပေမဲ့ သမိုင်းကို ဖျက်ပစ်လို့တော့ မရနိုင်ဘူး"
ဆရာကြီးတွေအမြဲ ပြောတတ်တဲ့စကား၊ ဘယ်သူ့စကားမှန်း မသိခဲ့ဘူး။ အခုမှ မူပိုင်ရှင် ဟန်တင်တန်ကို ရှာတွေ့တယ်။
"သမိုင်းကို ဖျက်ပစ်လို့မရဘူး" ဆိုတာအပြင် "သမိုင်းကနေ ထွက်ပြေးလို့ မရဘူး" လို့ ဘာသာ ပြန်လိုက်ရင်လည်း သမိုင်း မရိုင်းနိုင်ဘူး။

ကွန်ချက်လွဲရင်


ကွန်ချက်လွဲရင်
ငါးက လူကိုပြန်မျှားတယ်၊ ဖြစ်ရလေ ရှောင်လင်ကျောင်းသားရယ်။