(မနေ့က) ငါနဲ့ (ဒီနေ့) ငါကြား


(@@@@@@@@@@)

ကိုယ့်ကိုယ်ကိုယ် မောင်းနှင်မနေရင်
တစ်ယောက်ယောက်(သို့) တစ်စုံတစ်ရာက
မောင်းနှင်တတ်တယ်(တဲ့)။

ပြိုင်ဆိုင်မှုဝါဒက
သစ်ပင်နှစ်ပင်ကြား
ကျောက်ခဲ နှစ်လုံးကြား
သစ်ပင်နဲ့ ကျောက်ခဲကြား
သက်ရှိနဲ့ သက်မဲ့ကြား
သက်မဲ့နဲ့ သက်မဲ့ကြား
သက်ရှိနဲ့သက်ရှိကြား
လူနဲ့လူကြား
လုနဲ့လုကြား
လူးနဲ့လူးကြား
နောက်ဆုံး...
ဘုရားပျက်နဲ့ ညောင်ပင်ပျိုကြား (သိတာအကုန်ပဲ) ရှိတယ်(ထင်တယ်)။

ပိုတွေးတတ်တဲ့လူတွေက
(မနေ့က) ငါနဲ့ (ဒီနေ့) ငါကြား (မှာတောင်)
ရှိနေတယ်(တဲ့)။

ဒီလ ၂၈ ရက်အထိ
ကိုယ့်ကိုယ်ကိုယ် မောင်းနှင်နေရဦးမယ်။ ။

Post a Comment