ကုသိုလ်ရစေတဲ့ အိုင်တီ


တစ်နေ့က ဒကာတစ်ယောက်နှင့် စကားစပ်မိရင်း ကုသိုလ်ရတဲ့ အိုင်တီ အကြောင်း သိခွင့်ရခဲသည်။ သူ့မိခင် ၈၁ နှစ်ရှိ ဒကာမကြီးနှင့် စကားဆက် စပ်ရာမှ..သူ့ အမေက သူတို့မိသားစုနဲ့ အတူမနေကြောင်း၊ သူမအတွက် သူမ ကလေးတွေ ဝန်ထုပ်မပိစေလို့ အဓိကဖြစ်ဟန်တူကြောင်း ရှင်းပြသည်။
သူမလို သားစုနဲ့ အတူမနေသော ၈၆ နှစ်ရှိအဖွားကြီးတစ်ယောက် မူးလဲပြီး တစ်ရက်လုံးလုံး ဘယ်သူမှမသိ၊ အန္တရာယ်ကြီးကြောင်း အတွေ့အကြုံကို သူ့ကိုပြောမိတော့...သူတို့က သူ့အမေရဲ့ အိမ်မှာ (ပရိုက်ဘိတ်နေရာတွေမှ လွဲပြီး) စီစီတီဗွီကင်မရာဆင်ထားကြောင်း၊ လေးရာလောက်သာကုန်ကြောင်း၊ သူ့ အမေဘယ်မှာရှိ၊ ဘာလုပ်နေသည်ကို စမတ်ဖုန်းထဲကနေ မကြာမကြာ ကြည့်နေနိုင်သဖြင့် ဤမျှအထိဖြစ်ဖို့တော့ ခက်ခဲကြောင်း သူကရှင်းသည်။ သားဖြစ်သူ၏မိသားစုနှင့် အတူမနေသဖြင့် စီစီတီဗွီကင်မရာဆင်ထားခြင်း ကိုတော့ သူ့အမေကလည်း သဘောတူသည်ဟုဆိုသည်။

နှစ်ဦးနှစ်ဖက်အဆင်ပြေပြီး အိုင်တီကို ကောင်းမွန်စွာအသုံးချလိုက်ခြင်း ပင်ဖြစ်သည်။
သူ့စကားကို ကြားလိုက်ရအပြီး ဒီအကြောင်းကို ဆန်းဒေးဓမ္မသင်တန်းက ဆရာတွေ၊ ကျောင်းသားတွေကိုရော တရုတ်လပြည့်လကွယ်ပရိဿတ်ကို ပါ ပြောပြ၊ တိုက်တွန်းရဦးမည်ဟု ဆုံးဖြတ်လိုက်မိ၏။

Post a Comment