လူနောက်ကြီး၊ အကုန်လျှောက်ပြောသွားတာ..................


"အီရန်သာ အနုမြူဗုံးရသွားရင်တော့ အရှေ့အလယ်ပိုင်းမှာ အကြီးအကျယ်ပြဿနာတက်ပြီ။ ဆော်ဒီကလည်း ပါကစ္စတန်တွေဆီက ဗုံးဝယ်မယ်။ အီဂျစ်ကလည်း တစ်နည်းနည်းနဲ့ ရအောင်လုပ်မှာပဲ။ အဲဒီ ဗုံးတွေနဲ့ အပြန်အလှန် သေကြေပျက်စီး ကုန်ကြမယ်ဆိုတာလည်း မြေကြီးလက်ခတ်မလွဲဘဲ၊ ဒီဗုံး တွေက အကျိုးသင့် အကြောင်းသင့် စဉ်းစားတတ်တဲ့လူတွေရဲ့လက်ထဲမှာ ရှိနေမှ အလုပ်ဖြစ်တာ။ အရှေ့အလယ်ပိုင်းက လူတွေဟာ အဲသလောက် စဉ်းစားတတ်တယ်လို့ ငါတော့ မထင်ဘူး"
(လီကွမ်းယု၊ One Man's View of the World)

လက်ရှိအစိုးရပါတီရဲ့ အဓိကနေရာ


"လက်ရှိအစိုးရပါတီရဲ့ အဓိကနေရာတွေကို စစ်အတွင်း ဆိုရှယ်လစ် လက်ကျန် ဗိုလ်ချုပ်တွေက ယူထားတယ်။ အစိုးရထဲ ရာထူးအဆင့်ဆင့်ယူထား ပုံတွေက လည်း စီးပွားရေးနဲ့ စီမံခန့်ခွဲမှုမှာ တော်လွန်းလို့ ရယူထားတာမျိုး မဟုတ်ဘူး၊ စစ်အတွင်း နှစ် ၃၀ ကာလမှာ တောင်၊ မြောက်ဗီယက်နမ်နိုင်ငံတွေကြား ဘယ်သူ က ဥမင်လှိုင်ခေါင်း ဘယ်လောက်ရှည်ရှည်ဖောက်နိုင်ခဲ့သလဲ အပေါ်မှာမူတည်ပြီး ရာထူးတွေယူထားကြတာ"

(လီကွမ်းယုလေ၊ စိတ်ထဲရှိတာ အကုန်ပြောတာပဲ။ မြန်မာပြည်ကို ရွဲ့ပြောနေ သလိုလို၊ ရယ်ရလို့ ပြန်တင်ပေးလိုက်ပါတယ်)

လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင်


ပဋိပက္ခအရင်ကိုင်နေလို့ ပစ်ထားရတဲ့ လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင်ကို ဒီနေ့ ညနေ ငါးနာရီခွဲမှာပဲ ဘာသာပြန်အဆုံးသတ်နိုင်ခဲ့ပါတယ်။
ကမ္ဘာ့စီးပွားရေး၊ စင်္ကာပူစီးပွားရေးအခန်းက ပူပူနွေးနွေးရှိချိန်နဲ့ မြန်မာပြည်က ဦးဌေးဦး တောင်ပြောမြောက်ပြော ပြောချိန် သွားပြီးတိုက်ဆိုင်နေတယ်။
စာဖတ်သူတွေ ကံဆိုးသွားတာတော့ မဟုတ်လောက်ဘူးထင်ပါရဲ့။
လေးစားစွာ

နွေရောက်မလာတဲ့ နွေဦး(၂)


လူတစ်ယောက်ရဲ့ ကမ္ဘာ့ အမြင်(အခန်း ၇)
အရှေ့အလယ်ပိုင်း

အမျိုးသားနဲ့ အမျိုးသမီး တက္ကသိုလ်တက်ရောက်တဲ့နှုန်း တူညီတယ်ဆိုတဲ့  နိုင် ငံတစ်ချို့ မှာတောင် စိတ်တိုင်းကျ ပညာသင်ကြားခွင့်မရအောင် နည်းပေါင်းစုံ နဲ့ ကန့် သတ်ထားတာတွေရှိနေပါတယ်။ အရေးကြီးတဲ့ ပညာရပ်တွေဖြစ် တဲ့ သိပ္ပံပညာ၊ စက်မှုလက်မှုပညာ၊ ဥပဒေရပ်ဆိုင်ရာပညာတွေကို လေ့လာ ခွင့်မရကြပါဘူး။ ယဉ်ကျေးမှုအရ အမျိုးသမီးတွေရဲ့ အလုပ်လို့ ယူဆတဲ့ “ပညာသင်ကြားရေး” နဲ့ဆိုင်တဲ့ ပညာတွေလောက်ပဲ သင်ကြားခွင့်  ရနေကြ ပါတယ်။ ပညာသင်ကြားခွင့် တန်းတူအခွင့်အရေးရပြီဆိုတဲ့ နောက်မှာတောင် ပါဝင်လာမဲ့လုပ်အားက အကြောင်းအမျိုးမျိုးကြောင့် အခြားနိုင်ငံတွေေ နာက် ရောက်ရှိနေအုံးမှာပါ။ အလုပ်ထဲမှာ ခွဲခြားဆက်ဆံခြင်း ခံရတာ၊ လစာ တန်းတူမရတာ၊ ထိကပါးရိကပါး အလုပ်ခံရတာ စတာတွေကို အမျိုးသမီးတွေ အနေနဲ့ မနည်းသည်းခံနေကြရပါတယ်။ နောက်ပြီးအမျိုးသမီးတစ်ယောက် တည်း အဖော်မပါဘဲ လူထုကြား သွားလာခွင့်မရှိတာ၊ အိမ်ထောင်ရှင် အမျို သမီးတစ်ယောက်က အိမ်မှုကိစ္စတွေကို လုပ်ရမယ့်အစား အပြင်ထွက်ပြီး အလုပ်လုပ်တာကို လူများစုက လက်မခံနိုင်တာ စတဲ့နေ့ စဉ်ကြုံတွေ့ ရမယ့် အခက်အခဲတွေဟာ အများနဲ့ တန်းတူစီးပွါးရေးကဏ္ဍတွေ အားကောင်းလာဖို့  ဟန့် တားထားတဲ့ ပြသနာတွေပါ။

အမှန်တကယ် စီးပွါးရေးကောင်းမွန်လာအောင် ဆောင်ရွက် မပေးနိုင်တဲ့ ဒီမို ကရေစီအစိုးရ သက်တန်းရှည်ဖို့ ကလည်း မဖြစ်နိုင်ပါဘူး။ သူ့ မှာ ဘာခံစား ခွင့်မှ မရရှိဘူးဆိုရင် လမ်းပေါ်ကလူတစ်ယောက်အတွက် ဒီမိုကရေစီ ဆိုတာ ကရော ဘာအဓိပ္ပါယ် ရှိတော့မှာလဲ။
ဒီမိုကရေစီစနစ်နဲ့ ရွေးကောက်ခံရတဲ့ အစိုးရဆိုပေမယ့် ရွေးကောက်ပွဲ သက် တန်းတစ်ခုနှစ်ခု အတွင်းမှာ ဒီစနစ်ကို ဆက်လက်မကျင့်သုံးနိုင်တော့ဘဲ အရင်လို အာဏာရှင်စနစ်ဆီ ပုံစံတစ်မျိုးမျိုးနဲ့  ပြန်ရောက်သွားတော့တာပါပဲ။ အီဂျစ်မှာဆိုရင် မွတ်ဆလင်ညီရင်းအစ်ကို အဖွဲ က ပထမဆုံး အာဏာရရှိ လာခဲ့တယ်။ အာဏာရရှိလာပြီးနောက် သူတို့ အရေးတကြီးလုပ်ရမယ့် လုပ် ငန်းတွေကို သဘောပေါက်ကြပုံရပါတယ်။ ဖွံဖြိုးတိုးတက်ရေးအတွက် ဘာတွေဆက်လုပ်ရမယ်ဆိုတာ လေ့လာဖို့ သူတို့ ကိုယ်စားလှယ်အဖွဲ့ တွေကို အခြားနိုင်ငံတွေကို စေလွှတ်ခဲ့တယ်။ ဒီကိစ္စကို သူတို့ဘယ်လောက် အလေး ထားတယ်ဆိုတာ ဒီအချက်နဲ့ ပြနေတာပါပဲ။ ဒါပေမယ့် သူတို့ အောင်မြင်နိုင် ပါ့မလား။
သူတို့ ပြောင်းလဲယူရမှာတွေက ဘာသာရေးသိပ်ဆန်လွန်းပြီး ရရှိတဲ့ အချိန်က မလုံမလောက်ဖြစ်နေပါတယ်။ နိုင်ငံရေးမူဝါဒတွေ အားလုံး ပြောင်းလဲပစ် ဖို့ ဆိုပြန်တော့ စစ်အစိုးရလက်ကျန် စစ်အရာရှိကြီးတွေကရှိနေပြန်တော့ အဟန့် အတားတွေအများကြီး ရှိနေအုံးမှာပါပဲ။ ဥပမာ.. အစိုးရ၀န်ထမ်း၊ ပြည့် သူ့ ဝန်ထမ်းတွေထဲမှာ အရင်သမ္မတ ဟောစ်နီမူဘာရတ် ( Hosni Mubarak ) ရဲ့လူတွေ အများကြီးရှိနေမှာပါ။ သူတို့ အားလုံးကိုဖြုတ်ချပြီး အစိုးရ အသစ် နဲ့ ရုတ်တရက်ကြီးလည်ပတ်နိုင်ဖို့ ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။

ကမ္ဘာကြီးက ပိုပိုပြီး ဂလိုဘယ်ဆန်လာတော့ သူတို့ လည်း အချိန်နဲ့ လိုက်ေ လျာညီထွေ ကျင့်သုံးရမယ်ဆိုတာ အရှေ့ အလယ်ပိုင်း အစိုးရတွေလည်း သဘောပေါက်ကြပါတယ်။ ဒါပေမယ့် တစ်ဆင့်ချင်းပဲ လုပ်ကြလိမ့်မယ်။ တင်းကြပ်တဲ့ အစ္စလာမ်ဘာသာရေးပုံစံနဲ့ ဆိုတော့ ဆော်ဒီအာရေဗျမှာဆိုရင် အမျိုးသမီးတွေဟာ လူထုထဲသွားတိုင်း တစ်ကိုယ်လုံးအ၀တ်တွေနဲ့ လွှမ်း ထားရတယ်။ ကားမောင်းခွင့် မရှိဘူး။ သူတို့ သွားလာခွင့်မရှိတဲ့ နေရာတွေ လည်းအများကြီးပါပဲ။ ဒါပေမဲ့ ရှေးရိုးစွဲ လူ့ အဖွဲ့ အစည်းမှာတောင် ပြောင်းလဲမှု တစ်ချို့ တော့ရှိလာနေပါပြီ။ ဥပမာအားဖြင့် ဘုရင် အဗ္ဗဒူလာ ရဲ့ သိပ္ပံနဲ့  နည်း ပညာတက္ကသိုလ် ( The King Abdulla University of Science and Technology ) ( KAUST) ကို၂၀၀၉ ခုနှစ်မှာ တည်ထောင်ခဲ့ ပါ တယ်။ ရှေး ရိုးစွဲနိုင်ငံထဲမှာ လွတ်လပ်မှုရှိတဲ့ နေရာလေးတစ်ခုပေါ့။ အဲဒီတက္ကသိုလ်က စင်ကာပူအမျိုးသားတက္ကသိုလ် (National University of Singapore –NUS) ရဲ့ ဗွိုက်ချန်ဆယ်လာ ( Vice-Chancellor) ဖြစ်ခဲ့ ဖူးတဲ့ ပါမောက္ခ ရှိချွန်းဖောင် ( Shih Choon Fong) ကို ဥက္ကဌ အဖြစ်ခန့် အပ်ပါတယ်။ အဲဒီတက္ကသိုလ်ဝင်ထဲမှာဆိုရင် အမျိုးသားနဲ့  အမျိုးသမီး သာတူညီမျှ ဆက်ဆံ ခံကြရပါတယ်။ လူတွေဟာ အဲဒီအထဲမှာတော့ တကယ့် အနောက်နိုင်ငံ လူ့ အဖွဲ့ အစည်းတွေထဲက လူတွေလိုပါပဲ။

ဒါဟာ တိုးတက်လာမှုတစ်ခုဖြစ်ပါတယ်။ ဒါဖြေပမယ့် တက္ကသိုလ်က ဘွဲ့ ရ လာမယ့် ပညာတတ်တွေလောက်နဲ့ တစ်နိုင်ငံလုံးကိုပြောင်းလဲပေးနိုင်မယ်လို့  ကျွန်တော်တော့မထင်မိပါဘူး။ ရှေးရိုးစွဲ ပဒေသရာဇ်စနစ်ကြီးတစ်ခုလုံးကို လူငယ်လူရွယ် ဘွဲ့ ရပညာတတ် အနည်းငယ်လောက်က ပြောင်းလဲမပစ်နိုင် ပါဘူး။ နောက်ပြီး သူတို့ဆက်ဆံနေရတာက မူဆလင်ဘာသာရေးခေါင်းေ ဆာင် ၀ါဟာဘီတွေ။ သူတို့ က အာရပ်ကမ္ဘာမှာ အာဏာအရှိဆုံး၊ ကွန်ဆာေ ဗးတစ်အဖြစ်ဆုံး ဘာသာရေးခေါင်းဆောင်တွေပါ။ သူတို့ ရရှိနေတဲ့ အာဏာ ကလည်း တော်ဝင်မိသားစုနဲ့ အပြန်အလှန် အသိအမှတ်ပြုထားတဲ့ အာဏာ ပါ။ တော်ဝင်မိသားစုက နိုင်ငံရဲ့ သယံဇာတတွေကို စိတ်ကြိုက်စီရင်ပိုင်ခွင့်  ရှိပြီး ဘာသာရေးခေါင်းဆောင်တွေကလည်း ဘာသာရေးကိစ္စမှာ စိတ်ကြိုက် လုပ်ကိုင်ခွင့်ရထားကြတယ်။
အဗ္ဗဒူလာဘုရင်နဲ့တွေ့လို့ စကားပြောကြည့်တော့ သူတို့ နိုင်ငံ ဒီပုံစံနဲ့ အကြာ ကြီး ခရီးဆက်မနေနိုင်ဘူးဆိုတာ သူတို့လည်းယုံကြည်ကြောင်း ကျွန်တော် သိခွင့်ရခဲ့ပါတယ်။ ပြုပြင်ပြောင်းလဲရေးဟာ ရှောင်လွှဲလို့ မရဘူး။ ပြောင်းလဲ မှုကို တစ်ဆင့်ချင်းသူတို့ လုပ်ယူကြလိမ့်မယ်။ ဒါပေမယ့် ဘယ်လောက် အမြန်နှုန်းနဲ့ ပြောင်းလဲကြမှာလဲဆိုတာတော့ ကျွန်တော်လည်း မခန့်မှန်း တတ်ပါဘူး။ ဖြစ်နိုင်တာကတော့ KAUST တက္ကသိုလ်ရဲ့ လူမှုရေးပုံစံတွေ အစပိုင်းမှာ နီးစပ်ရာပတ်ဝန်းကျင်ကိုပြန့် ၊ တဖြည်းဖြည်းနဲ့  တစ်နိုင်ငံလုံးပြန့်  နှံ့ တဲ့ အထိ စောင့်ရမယ့်ပုံပါပဲ။
ဒါပေမဲ့ လတ်တလောမြင်တွေ့နေရတဲ့  အရှေ့အလယ်ပိုင်းရဲ့ အနာဂတ် ကတော့ အချိန်မရွေး ထပြီးပေါက်ကွဲနိုင်တဲ့ ဗုံးတစ်လုံး ဆိုတဲ့အချက်ပါပဲ။ မဲနဲ့ ရွေးကောက်တင်မြှောက်တဲ့  အစိုးရစနစ်ကို ကျင့်သုံးနိုင်ပြီးဆိုရင်ေ တာင် ပြသနာက ရှိနေဆဲပါ။ ပြသနာက စီးပွားရေးတိုးတက်လာအောင် ဘယ်လိုလုပ်ကြမလဲ။ သန်း ၃၅၀ လူထုအတွက် အလုပ်အကိုင်ကောင်းတွေ ဘယ်လိုဖန်တီးပေးကြမလဲ။ ဒီကိစ္စက မစဉ်းစားလို့ ကိုမရပါဘူး။ အရှေ့  အ လယ်ပိုင်းဆိုတာ သယံဇာတအားဖြင့် ဘယ်ဒေသကမှ ယှဉ်လို့ မရအောင် ချမ်းသာတဲ့ ဒေသပါ။ ဒါပေမယ့် အဲဒီဒေသအတွင်းမှာပဲ ကုန်းကောက်စရာ မရှိလောက်အောင် ဆင်းရဲနေတဲ့ သူတွေ အများကြီးပါပဲ။

အဲဒီဒေသအတွင်းက နိုင်ငံတွေအတွက် စိန်ခေါ်မှုက သူတို့ သယံဇာတတွေ ကုန်ခမ်းသွားတဲ့ အခါ ကမ္ဘာနဲ့ လိုက်လျောညီထွေ ဘယ်လိုနေထိုင်သွားကြ မလဲဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ ရေနံက ရတဲ့ စီးပွားရေးကနေ ရေရှည် ရပ် တည်နိုင်မယ့် စီးပွားရေးပုံစံကို သူတို့ ပြောင်းလဲယူကြရလိမ့်မယ်။ လာမယ့် ဆယ်စုနှစ်တွေအတွင်းမှာ ဒီပြောင်းလဲမှု ကို လုပ်ယူကြမှ အချိန်မှီလိမ့်မယ်။ စီးပွားရေးအားပြိုင်မှုထဲကို အမြန်ဆုံးဝင်ရောက်ပြီး ဘဏ်၊ လေကြောင်း၊ နိုင် ငံခြား ခရီးသွားလာရေး၊ စားသောက်ကုန်ထုတ်လုပ်ရေး စတာတွေလုပ်ကြ ရမယ်။ နောက်ပြီးသူတို့ လုပ်နိုင်တာက သူတို့ ရဲ့ အတော်ဆုံး လူငယ်တွေ ကို ရွေးချယ်ပြီး အမေရိကန် ၊ ဥရောပစတဲ့  စက်မှု ထွန်းကားတဲ့ နိုင်ငံတွေဆီ လွှတ်ပေးပြီး လေ့လာခိုင်းတာ၊ နောက်ပိုင်းမှာ သူတို့ ကိုပြန်ခေါ်ပြီး နိုင်ငံပိုင် စီးပွားရေးတွေကို လည်ပတ်ခိုင်းတာမျိုးတွေပါပဲ။
ကံမကောင်း အကြောင်းမလှစွာပါပဲ။ ရေနံက ရတဲ့ ငွေတွေနဲ့ ချမ်းသာနေ ကြလေတော့ လူထုကြီးကလည်း ကမ္ဘာကပဲ သူတို့ စားဝတ်နေရေးအတွက် တာဝန်ယူထားရမလို ထင်မှတ်နေတဲ့ စိတ်ဓါတ်ရှိနေကြတယ်။ ဒီလူထုကို အလုပ်လုပ်ချင်စိတ်တွေ ပေါက်လာအောင် စည်းရုံးပေးရမယ့်တာဝန် သူတို့  အစိုးရတွေမှာ ရှိနေပါတယ်။ ရေနံကရတဲ့  ကြွယ်ဝချမ်းသာမှုဟာ ထာဝရခံမှာ မဟုတ်ဘူးဆိုတာ လူထုလက်ခံလာအောင် ပညာပေးရမယ်။ ဒါဟာ အခက်ခဲ ဆုံး တာဝန်တစ်ရပ်လို့ ကျွန်တော်ထင်ပါတယ်။


လွန်ခဲ့တဲ့နှစ်တွေအတွင်း အရှေ့ အလယ်ပိုင်းနိုင်ငံတွေက သူတို့ ကျောင်း သားတွေကို ပညာသင်ကြားဖို့ စင်ကာပူကိုလွှတ်ကြတယ်။ ဒုတိယ မျိုးဆက် က ပေါက်ဖွားလာတဲ့  လူငယ်တွေကိုပြောင်းလဲပေးရင် ရနိုင်ကောင်းရဲ့လို့  လည်းသူတို့ ယူဆထားကြတယ်။ ဒါပေမဲ့ ထင်တဲ့ အတိုင်း ဖြစ်မလာခဲ့ပါဘူး။ သူတို့ တတွေက ဒီကိုရောက်လာပြီး ကျွန်တော်တို့ ယဉ်ကျေးမှု၊ လုပ်အား တန်းဖိုး ချစ်မြတ်နိုးစိတ်တွေကို မလေ့လာမိခဲ့ကြပါဘူး။ သူတို့ အတွက် စင်ကာပူဟာ ထူးဆန်းတဲ့ နိုင်ငံတစ်နိုင်ပဲဖြစ်နေတယ်။ သူတို့ စဉ်းစားတာက “ဟုတ်ပြီ၊ ဒီမှာနေတုန်း ပျော်ပျော်နေမယ်။ ပြီးရင်ပြန်မယ်” ဆိုတာပါ။ ခြေထောက်နှစ်ချောင်းအောက်မှာ ရေနံကရလာမယ့် အလျံပယ် ကြွယ်ဝချမ်းသာမှုတွေရှိနေတဲ့နောက် လက်နှစ်ဖက်နဲ့  ဘာကြောင့် အပင်ပန်း ခံ အလုပ်လုပ်နေတော့မလဲ။
အရှေ့ အလယ်ပိုင်းဟာ အလည်အပတ်သွားဖို့ တော်တော်ကောင်းတယ်၊ လှလည်း တော်တော်လှပတဲ့ဒေသပါ။ ယဉ်ကျေးမှုအရ ကြွယ်ဝချမ်းသာသလို ရှည်လျားတဲ့ သမိုင်းလည်း ရှိပါတယ်။ ဥရောပတောင်ပိုင်း နဲ့ ဆက်စပ်နေ တဲ့ မော်ရိုကိုတို့ တူနီးရှားတို့ ဆိုရင် ပိုပြီးခေတ်မှီသလို အရှေ့ပိုင်းယွန်း တဲ့ နိုင်ငံတွေနဲ့ စာရင် ပိုပြီးတော့လည်း ပွင့်လင်းလွပ်လပ်ပါတယ်။
သူ ဖြုတ်ချတာ မခံရခင် ရှား မိုဟာမက် ရေဇာ ပါလ၀ီ(Shah Mohammad Reza Pahlavi)ရဲ့ဖိတ်ကြားချက်နဲ့  အီရန်နိုင်ငံကို ကျွန်တော် အလည်ေ ရာက်ခဲ့ပြီး ရှားနန်းတော်ထဲမှာ တည်းခိုခဲ့ပါတယ်။ နန်းတော်ထဲ ခင်းထား တဲ့ ကော်ဇောတွေကို အခုထိ ကျနော် အမှတ်ရနေဆဲပါ။ ကော်ဇောေ တွက ကောင်းလွန်းလို့  ကျွန်တော့်ကော်ဇောတွေသာဆိုရင် ကြမ်းပြင်ပေါ် ချမခင်းပဲ အပေါ်မှာ လွှားထားမယ်လို့ တောင် စိတ်ကူးမိပါသေးတယ်။ သူတို့ နန်းတော်ထဲမှာတော့ ဒီကော်ဇောတွေပေါ်နင်းပြီး သွားနေကြတာ။ သူတို့  မှာ ကော်ဇောယက်လုပ်တဲ့သူတွေ အများကြီးရှိတယ်။ ရှားကိုယ်တိုင် စင်ကာ ပူကို အလည်လာတဲ့ အခါမှာတော့ သူက (စင်ကာပူ) သမ္မတကို ကော်ဇော ကြီးတစ်ထည် ၊ ကျွန်တော့်ကို အသေးလေးတစ်ထည် လက်ဆောင်ပေး ခဲ့ပါတယ်။ ပိုးခြည်နဲ့ လုပ်ထားတဲ့ အဆင်တူကော်ဇောနှစ်ထည်ပါ။ ကျွန်တော် ကို ပေးခဲ့တဲ့ ကော်ဇောကတော့ အခု ကျွန်တော့သားအိမ်က ကြမ်းပြင်ပေါ် ခင်းထားပါတယ်။ ဒါပေမယ့် ကြမ်းပြင်က သန့် ရှင်းသလို ဖိနပ်ကို ချွတ်ပြီးမှေ က်ာဇောပေါ် သူတို့ တက်ကြတယ်။

အရှေ့ အလယ်ပိုင်း နိုင်ငံတွေထဲမှာ ကျွန်တော်အနေနဲ့ ထဲထဲဝင်ဝင် အသိ ဆုံးကတော့ အီဂျစ် ဖြစ်ပါတယ်။ အီဂျစ်သမ္မတ ဂမ်မယ် အဗ္ဗဒယ် နက်ဆာ ဟူစိန် ( Gamal Abdel Nasser Hussein) ဖိတ်ကြားလို့ သွားရောက်ရင်း ဖာရော့(က်)ဘုရင် ( King Farouk ) ရဲ့ နန်းတော်ထဲမှာ ကျွန်တော်တည်း ခိုခဲ့ပါတယ်။ နက်ဆာဟာ ရိုးရိုးလေးနဲ့ ခေတ်မှီသူတစ်ယောက်ပါ။ ဒါပေမဲ့ သူ့ လူမျိုး လွတ်လပ်ရေး အတွက်တော့ သူစွမ်းဆောင် မပေးနိုင်ခဲ့ပါဘူး။ ရုရှားတွေရဲ့ အကူအညီနဲ့ အစွမ်း ( Aswan ) ရေတာတမံ သူဆောက်ခဲ့ တယ်။ အဲဒီရေတာတမံက ရေစီးအားကို ထိန်းချုပ်ပေးနိုင်သလို ရေအား လျှပ်စစ်ပါ ထုတ်ယူနိုင်လို့ တော်တော်ကောင်းပါတယ်။ အကြီးအကျယ်ေ အာင်မြင်မှု တစ်ခုလို့ ပြောရင် ရပါတယ်။ သူ့ ကိုယ်ပိုင်လေယာဉ်နဲ့  ရေတာတမံ တစ်လျှောက်မောင်းပြီး ကျွန်တော့်ကို လိုက်ပြကြတယ်။ အဲဒီမှာရက်အနည်းငယ် ကျွန်တော်နေခဲ့ ပါတယ် ။ ခြောက်သွေ့ ပြီးတိတ်ဆိတ်နေတဲ့ နေရာတစ်ခုပါ။ ဂိုဘီကန္တာရနဲ့ (Gobi desert) ဂရင်းရေတမံ(Grand Canyon)ကို ရောက်ရင် ရရှိနိုင်တဲ့ ခံစားမှုမျိုး အဲဒီမှာရရှိနိုင်ပါတယ်။ ထူးခြားတာက ဂိုဘီကန္တာရ ထဲက ထွက်လိုက်ရင် ကိုယ့်အလုပ်နဲ့ ကိုယ် သက်ဝင်လှုပ်ရှားနေတဲ့  လူတွေကိုတွေ့ ရမယ်၊ ဂရင်းရေတာတမံကထွက်လိုက်ရင် ခင်းကျင်းပြနေတဲ့ အမေရိကန်တွေရဲ့  အိပ်မက်ကို တွေ့ ရမယ်ဆိုတာလောက်ပဲ။

ဆက်ရန်

နွေရောက်မလာတဲ့ နွေဦး(၁)


လူတစ်ယောက်ရဲ့ ကမ္ဘာ့ အမြင်(အခန်း ၇)
အရှေ့အလယ်ပိုင်း

အာရပ်နွေဦးလှုပ်ရှားမှု့ နဲ့ ပါတ်သတ်ပြီး စိတ်လှုပ်ရှားနေရတာလေးတွေ တစ် ခန်းရပ်သွားတဲ့ နောက်မှာတော့ အဲဒီဒေသ အစိုးရတွေနဲ့  ပါတ်သတ်လို့ ဘာ မှကြီးကြီးမားမားပြောင်းလဲနိုင်စရာမရှိဘူးဆိုတာ ကမ္ဘာက သဘောပေါက် နားလည် သွားကြလောက်ပါပြီ။ စိတ်လှုပ်ရှားစရာ အပြောင်းအလဲတွေ၊ သ တင်းသမားတွေရေးထားတာတွေကို ဖတ်ရင်တော့ အာရပ်ကမ္ဘာမှာ တကယ် ပဲ ပြောင်းလဲမှုကြီးတွေ ဖြစ်လာတော့မလိုပါပဲ။ ဒါပေမဲ့ လက်ရှိအချိန်က စလို့  ဆယ်စုနှစ်ပေါင်းများစွာဆီ ကျယ်ကျယ်ပြန့် ပြန့် လှမ်းကြည့်လိုက်မယ်ဆိုရင် ဒီဒေသမှာ လူထုက ရွေးချယ်တဲ့ အစိုးရအဖွဲ့တစ်ဖွဲ့ တည်တည်တံ့တံ့ နဲ့  ရေ ရှည်တည်မြဲစွာရှိနေနိုင်လိမ့်မယ်ဆိုတာ သံသယဖြစ်စရာ အများကြီးရှိပါတယ် ။ ဒီမိုကရေစီစနစ် စတင်နိုင်တယ်ဆိုရင်တောင် ရေရှည်ခိုင်မြဲနေမယ့်ပုံ မပေါ် ပါဘူး။ လူတစ်ယောက်မဲတစ်မဲ စနစ်ကို စတင်ကျင့် သုံးနေကြတဲ့ နိုင်ငံတွေ လည်း သိပ်မကြာမီမှာပဲ အရင်လို တစ်ဦး၊ တစ်ဖွဲ့ က အုပ်ချုပ်တဲ့ စနစ်ဆီ ပြန်ရောက်သွားကြလိမ့် မယ်လို့ ကျွန်တော်သုံးသပ်မိပါတယ်။ အခြားနည်း နဲ့ ပြောရရင် နွေဦးပြီးရင် နွေရောက်လာတယ်။ ပြီးတော့ မိုး.. ဆောင်း ...စသဖြင့် ပေါ့ ။

ဆုံးဖြတ်ချက်တစ်ခု ချမှတ်ရာမှာ တစ်ဦးချင်းစီရဲ့ အကြံဥာဏ်ကိုယူပြီး ဆုံးဖြတ် တာမျိုး အရှေ့ အလယ်ပိုင်းမှာ မရှိခဲ့ ဖူးပါဘူး။ ရှေးဟောင်းအစ္စလာမ်မစ် အချိန် ကိုပဲကြည့်မလား။ ကိုလိုနီခေတ်ကိုပဲကြည့်မလား။ ကိုလိုနီခေတ်နောက်ပိုင်း အမျိုးသားရေးဝါဒခေတ်ကိုပဲကြည့်မလား။ ဘယ်ခေတ်ကိုပဲကြည့်ကြည့် အရှေ့ အလယ်ပိုင်းဒေသမှာ ဒီမိုကရေစီယဉ်ကျေးမှု လုံးဝ မရှိဘူးဆိုတာေ တွ့ ရပါလိမ့်မယ်။ ဗြိတိသျှနဲ့ ပြင်သစ် ကိုလိုနီခေတ်မှာတော့ သူတို့ က အရှေ့ အလယ်ပိုင်းကို တစ်နိုင်ငံစီ သီးသန့် ခွဲပစ်လိုက်ကြတယ်။ ကွဲထွက်သွား တဲ့ နိုင်ငံငယ်လေးတွေကလည်း ဗြိတိသျှနဲ့ ပြင်သစ်တွေထွက်ခွာသွှား တဲ့နောက် အာဏာရှင်အစိုးရစနစ်နဲ့ လမ်းဆုံးသွားခဲ့ တယ်။ ဒါဟာ မတော်တဆတိုက်ဆိုင်မှု တစ်ခုမဟုတ်ပါဘူး။ အမြစ်စွဲနေတဲ့ ယဉ်ကျေးမှုနဲ့  လူမှုရေးဆိုင်ရာ အခြေခံအကြောင်းတရားတွေကြောင့်ကိုဖြစ်လာတာပါ။

ဒီမှာစောဒကတက်မယ်ဆိုရင်တော့တက်လို့ရတာပေါ့။ ဒီမိုကရေစီစနစ်ဆိုတာ လူ့ သမိုင်းမှာ အကောင်းဆုံးနိုင်ငံရေးစနစ်တစ်ခုဖြစ်နေသလို အာရှတိုက်ရှိ နိုင်ငံတွေ အပါအ၀င် နိုင်ငံတော်တော်များများမှာ ရောက်ရှိ၊ ပျံ့နှံ့ပြီံး ကျင့် လည်းကျင့်သုံးနေကြတယ်။ ဒီမိုကရေစီစနစ်အခြေမခိုင်သေးဘူးဆိုရင်တောင် စတင်ကျင့် သုံးနိုင်ဖို့ တော့ နိုင်ငံတော်တော်များများက ကြိုးစားနေကြတယ်။ အဲဒီဒေသ အသီးသီးက နိုင်ငံတွေမှာလည်း ဒီမိုကရေစီယဉ်ကျေးမှု မရှိပါဘူး။ သူတို့လည်း ရအောင်ကျင့် သုံးနေကြတာပဲ မဟုတ်ဘူးလားဆိုတဲ့စောဒက မျိုးပေါ့ ။ ဒါပေမယ့် အရှေ့ အလယ်ပိုင်းမှာက အခြေခံရှိနေရမယ့် ပြည်သူ့ ကိုယ်စားပြုနိုင်ငံရေး ပုံသဏ္ဍာန် မရှိသလို ဒီမိုကရေစီစနစ်လက်ခံ ကျင်သုံး နိုင်ဖို့ အခြေခံအုတ်မြစ်ဖြစ်တဲ့ လူမှုရေးဆိုင်ရာ လိုအပ်ချက်တွေလည်း ရှိမနေ ပါဘူး။

ပထမဆုံးအနေနဲ့ ပြောရရင် သာတူညီမျှ နိုင်ငံသားစိတ်ပါ။ ခင်ဗျားနဲ့ကျွန်တော်တို့ နှစ်ယောက်ကြားမှာ ကြွယ်ဝမှု၊ ဂုဏ်သိက္ခာ၊ အောင် မြင်မှု၊၊ ရုပ်ပိုင်း စိတ်ပိုင်းဆိုင်ရာ ခြားနားမှုတွေ ရှိနေကြပေမယ့် ကျွန်တော် တို့ နှစ်ယောက်စလုံးမှာ "နိုင်ငံသား"ဆိုတဲ့ အသိစိတ်တူညီမှု ရှိနေရပါမယ် ။ ကျွန်တော်တို့ နှစ်ယောက်စလုံးမှာ တူညီတဲ့ အခွင့် အရေး၊ နိုင်ငံအပေါ် ထား ရှိရမယ့် တူညီတဲ့ တာဝန်နဲ့ ဝတ္တရားရှိနေရမယ်။ ကျွန်တော်တို့ နှစ်ယောက်စလုံးဟာ ဥပဒေအရဖြစ်စေ၊ ကိုယ်ကျင့်တရား အရဖြစ်စေ တူညီနေကြတယ်။ ဒီမိုကရေစီစနစ်နဲ့ တရားဥပဒေစိုးမိုးဖို့ ဆိုရင် ဒီအချက်က မဖြစ်မနေရှိနေမှ ရပါတယ်။ ဒီအချက်ကိုလည်း ပညာတတ် အသိုင်းအ၀ိုင်းနဲ့ လူကုံတန်အသိုင်းအ၀ိုင်းကတင် လက်ခံထားလို့ မရပါဘူး၊ လူ့ အဖွဲ့ အစည်းတစ်ခုလုံးက လက်ခံထားမှရပါတယ်။

အရှေ့ အလယ်ပိုင်းရှိနေရာ တော်တော်များများမှာ ကျွန်တော်တို့ တွေ့ မြင်ေ နရတာက လူမျိုးစုစိတ်ဓါတ်နဲ့  ပဒေသရာဇ် စနစ်ပါ။ ဆော်ဒီအာရေဗျ မှာဆို ရင် လူမျိုးစုခေါင်းဆောင်တွေက တစ်နှစ်မှာတစ်ကြိမ် ဘုရင်ကို လက်ဆောင် ပဏ္ဏာတွေ ဆက်သကြတယ်။ ရှေးဟောင်းတရုတ်ပြည်ကြီးလိုပါပဲ။ ဘုရင်က သူတို့ ဆက်သတာတွေထက် တန်ဖိုးပိုကြီးတဲ့ ပစ္စည်းတွေကို ဆုချတဲ့အနေနဲ့ ပြန်ပေးတယ်။
လူထုရဲ့သစ္စာစောင့်သိမှုကလည်း နိုင်ငံကိုသစ္စာစောင့်သိတာမျိုးမဟုတ်ပဲ လူ မျိုးစုအပေါ်သစ္စာစောင့်သိတာမျိုး ဖြစ်နေပါတယ်။ ဒီပုံစံနဲ့ နိုင်ငံတော်တစ်နိုင်ငံ ဖြစ်လာမှာ မဟုတ်သလို နိုင်ငံသားစိတ်ဆိုတာလည်း ရှိလာစရာ အကြောင်း မရှိပါဘူး။ လွန်ခဲ့ တဲ့ နှစ်တွေတုန်းက ဆော်ဒီမှာ တာဝန်ကျပြီး တာဝန်ပြီဆုံး လို့ ပြန်တော့မယ့် အမေရိကန်သံအမတ်နဲ့ ဒီကိစ္စကို ကျွန်တော်ဆွေးနွေးေ တာ့ ကျနော့်အယူအဆကို သူကလည်းသဘောတူတယ်။ ဆော်ဒီမှာ ပဒေသ ရာဇ်စနစ် အခိုင်အမာရှိနေတယ်လို့ သူကပြန်ပြောခဲ့ ပါတယ်။ လစ်ဗျားတွေ လည်း အလားတူပါပဲ။ ညီညွတ်တဲ့ နိုင်ငံတော်ဆိုတဲ့ အသိမရှိကြ ပါဘူး။ ဒေ သစွဲခေါင်းဆောင်တွေ လေလုံးထွားထွားကြွေးကြော်နေကြတဲ့ အတိုင်း လူမျိုး စုပေါင်းစည်းရေးအတွက်ပဲ တိုက်ပွဲတွေဝင်နေကြပါတယ်။ အဲသလို လူမျိုးစုနိုင် ငံတွေမှာ အာဏာရှင်တစ်ယောက်ယောက် ကျဆုံးသွားပြီးဆိုတိုင်း အုပ်ချုပ်ေ ရး ဥပဒေတွေနဲ့ ဆက်စပ်ပြိး နိုင်ငံရေးကို ဘယ်လို ဖွဲ့စည်းတယ်။ ဆုံးဖြတ် ချက်ချမယ့် ပုဂ္ဂိုလ်က ဘယ်သူ။ ဘယ်လိုဆုံးဖြတ်ရမယ်စတဲ့ ပြန်လည်သုံး သပ်မှုတွေ ရှိတတ်ကြပါတယ်။ ဒါလောက်နဲ့ လည်းဒီမိုကရေစီက ဖြစ်မလာ နိုင်ပါဘူး။ သူတို့ တတွေရဲ့ အခြေခံစိတ်ဓါတ် ထဲမှာကိုပဲ “နိုင်ငံသား “ ဆိုတဲ့  ခံယူချက်မရှိဘဲ “ လူမျိုးစု” ဆိုတဲ့ စိတ်ဓာတ်ပဲရှိနေကြပါတယ်။

အာရပ်နိုင်ငံတစ်ချို့ ဒီမိုကရေစီစနစ်ကို ကျင့်သုံးနေနိုင်ကြတာပဲလို့ လေ့လာ သူတွေက ထောက်ပြကောင်းထောက်ပြကြပါလိမ့်မယ်။ မှန်ပါတယ်၊ ဒါပေမဲ့ အထူးသဖြင့် ပိုခေတ်မှီတဲ့ အီဂျစ်၊ မော်ရိုကို၊ တူနီးရှားလို နိုင်ငံတွေ မှာတောင် မှ ဒုတိယအချက်ဖြစ်ပြီး အလွန်အရေးပါတဲ့  လိုအပ်ချက်ကြီးရှိနေဆဲပါ။ ရင့်ကျက်တဲ့ ဒီမိုကရေစီဖြစ်လာဖို့ နိုင်ငံသားတိုင်းက ပထမဆုံးရွေးကောက် ပွဲရလာဒ်ကို လက်ခံရုံတင် မရပါဘူး။ အဆက်ဆက်သောရွေးကောက်ပွဲတွေ ရဲ့ ရလာဒ်ကို လက်ခံထားကြမှရပါတယ်။ ဒီလိုအပ်ချက်က အလွန်အရေးပါ ပါတယ်။ ကျွန်တော်သဘောအရကတော့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမှု ကို ဆောင်ကျဉ်းပေးနိုင်တဲ့  ဒီအချက်ကို “မရှိမဖြစ်လိုအပ်ချက်” လို့ ခေါ်ချင် ပါတယ်။

နောက်ပြီး အမျိုးသမီးထုကို နောက်တန်းနေရာမှာပဲ ထားဖို့  ခေါင်းမာနေ ကြတော့ လုပ်အားနဲ့ စွမ်းဆောင်ရည်ကလည်း ချို့ တဲ့ နေပြန်ပါတယ်။ အာရပ် လူ့ အဖွဲ့ အစည်းဟာ အများအားဖြင့် အမျိုးသားဦးစီးတဲ့ လူ့ အဖွဲ့ အစည်းပါ။ လူ့ အဖွဲ့ အစည်းထဲမှာ အမျိုးသမီးတွေလည်း အမျိုးသားတွေလို စွမ်းဆောင် ရည်တွေ မြင့်မားလာနိုင်ဖို့ အတွက် ပညာသင်ပေးရေးကိစ္စကို ငြင်းဆန်နေ ကြဆဲဖြစ်တယ်။ နိုင်ငံရေးတံခါးတွေပွင့်ဖိုနဲ့ ခေတ်မှီတဲ့ စီးပွါးရေးစနစ် ကျင့်သုံး နိုင်ဖို့  ဒါကအရေးကြီးလှတဲ့ အချက်ပါ။ အမျိုးသမီးထုကို ပညာသင်ပေးဖို့  အတွက် ဆင်ခြေတွေ တစ်ခုမဟုတ် တစ်ခုပေးပြီး ခေါင်းမာစွာ ငြင်းဆန်နေ ကြဆဲဖြစ်ပါတယ်။ ဒီပြသနာက မျိုးဆက်တစ်ခုကနေ နောက်မျိုးဆက်တစ်ခုထိ ပါသွားတတ်ပြီး ပညာမတတ်တဲ့ မိခင်တစ်ယောက်က ပညာမတတ်တဲ့ ကေ လးကို မွေးထုတ်ပေးဖို့  အလားအလာပိုရှိပါတယ်။ မိခင်တွေက ကလေးတွေ နဲ့ အတူနေရချိန်ဖခင်တွေထက် ပိုပါတယ်။ ပညာတတ်မိခင်တွေရဲ့မျိုးဆက် မှာဆိုရင် မိခင်တွေကလည်း ပညာတတ်ကလေးတွေကို မွေးထုတ်ပေးပြီး ကလေး တွေကို ပြုစုပျိုးထောင်ပေးရာမှာလည်း အမြင်ကျယ်ကျယ်၊ လက်ရှိ အနေအထားနဲ့ မတူညီတဲ့ စိတ်နေသဘောထားတွေနဲ့  ပြုစုပျိုးထောင်ပေး ကြဖို့ ရှိပါတယ်။

ဆက်ရန်

မလေးရှား၊ မတူညီတဲ့ ရွေးချယ်မှု(၃)


လူတစ်ယောက်ရဲ့ ကမ္ဘာ့ အမြင်
(အခန်း ၅၊ အရှေ့တောင်အာရှ)

"ငါ မလေးရှားကို ရောက်တယ်ဆိုရင် တန်ကုက သူ့  မိတ်ဆွေတွေကိုပါ ဖိတ်ပြီး ၀ီစကီတို့ ဘရန်ဒီတို့ နဲ့ ဧည့်ခံတယ်။ အခုဆိုရင် အချိုရည်ထည့်ပြီး ဖန်ခွက်ချင်း တိုက်နေကြတယ်"

မေး။ ။ တစ်ချို့လူတွေကလည်း မစ္စတာလီနဲ့  မစ္စတာလီရဲ့ ပါတီ ပီအေပီ ( PAP )က မလေးတစ်နိုင်ငံလုံးကို အုပ်စီးဖို့ စိတ်ကူးနဲ့  မလေးရှားထဲကို ပူးေ ပါင်းလိုက်တာလို့ ရှုမြင်ကြတယ်။
ဖြေ။ ။ ဒါက ဘယ်နည်းနဲ့ မှ မဖြစ်နိုင်တာပဲ၊ လူဦးရေးက ဒီအခြေအနေ ကိုရောက်ခွင့် မပေးဘူး။သူတို့ က မလေးလူမျိုး မဟုတ်သူတွေကို ဒုတိယနေ ရာကပဲ ပါဝင်စေချင်တာ။ သူတို့ မှာ မလေးတရုတ်အဖွဲ့ အစည်းတို့ ၊မလေး အိန္ဒိယန်းကွန်ဂရက် တို့ဆိုတာတွေရှိတယ်။ သူတို့ က အခြေခံ လူထုခေါင်းေ ဆာင်တွေနဲ့  အတူတူလက်တွဲပြီး ပါတနာအနေနဲ့  ပူးပေါင်းကြတယ် ။ ခေါင်းဆောင်တွေက နောက်တက်လူငယ်တွေဆိုတော့ ဆားဘားနဲ့ ( Sabah) နဲ့ဆာရာဝတ် ( Sarawak ) တို့မှာလည်း စင်္ကာပူလို ကြိုးစားယူလို့  ရနိုင်တယ်။ ဒီအရေးအခင်းမပြီးခင် လမ်းခုလပ်မှာပဲ တန်ကုက ကုလသမဂ္ဂ္ဂ ကိုယ်စားလှယ် အနေနဲ့ သွားဖို့ ငါ့ ကိုကမ်းလှမ်းတယ်။ ဒါက နိုင်ငံရေးလော က ကနေ၀ိုင်းပယ်တဲ့ သဘောပဲ။

မေး။ ။ သတင်းစာတွေမှာ ရေးသားထားတာတွေအရ စင်ကာပူ မလေးရှား ထဲက ခွဲထွက်လာခဲ့ တော့ စင်ကာပူရီယန်းတွေက အောင်ပွဲတောင် ခံကြ သတဲ့ ။ ဒီနေ့ လက်ရှိစင်ကာပူရီယန်းတွေကို မေးရင်လည်း ဒီလို ခွဲထွက်ခြင်း ဟာ စင်ကာပူအတွက် အကောင်းဆုံးရလာဒ်လို့  ဖြေကောင်းဖြေ ကြလိမ့် မယ်ထင်ပါတယ်။ ဘာကြောင့်လည်းဆိုရင် ဒီနေ့ လက်ရှိ စင်ကာပူရဲ့  အနေ အထားကိုရောက်အောင် ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ် လွတ်လွတ်လပ်လပ် လုပ်ကိုင်ဆောင်ရွက်နိုင်ခဲ့ လို့ပါပဲ။ စင်ကာပူ အခုလို တိုးတက်လာတာဟာ ခွဲထွက်ခဲ့ ခြင်းကြောင့်လို့ ထင်မြင်မိပါသလား။
ဖြေ။ ။ ဒါကြောင့်သက်သက်လို့တော့မထင်မိပါဘူး။ အကောင်းဆုံး အနေ အထားကိုရောက်အောင် တို့လည်း မနည်းကြိုးစားယူခဲ့ ကြရတာပဲ။ သူတို့က လည်း သူတို့ လိုချင်တဲ့  ပုံစံပြန်ရောက်အောင် ငါတို့ ကို ဆွဲဆောင်ခဲ့တယ်။ ဒါပေမယ့် သူတို့စနစ်က စင်ကာပူနဲ့ ရော ဗြိတိသျှနဲ့ပါ အလျင်းမသင့်လှဘူး။ အဲဒီအချိန်ကတည်းက စင်ကာပူရဲ့ပညာရေးကဏ္ဍ နဲ့ အလုပ်သမား ကဏ္ဍတွေမှာ အခွင့်အရေးအရ အားသာချက်တွေရှိနေပြီး စင်ကာပူဟာ အခြားသာမန်ပြည်နယ်တွေနဲ့ မတူတော့ဘူး။

မေး။ ။ မလေးတွေက မလေးဦးစားပေးဝါဒကို ကာကွယ်တာဟာ တရုတ်ေ တွ ၊ အိန္ဒိယန်းတွေများလာပြီး သူတို့ အခွင့် အရေးတွေ ဆုံးရှုံးမှာကို စိုးရိမ် လို့ ဖြစ်တယ်လို့ တချို့ကလည်း ထောက်ပြကြတယ်။ ဒီအယူအဆအတိုင်း ဆို ရင်တော့ မလေးလူမျိုးလူဦးရေ ပိုများလာလေလေ စိုးရိမ်စိတ်လည်း နည်း လာလေလေ ဖြစ်မှာပေါ့။
ဖြေ။ ။ သူတို့ ရထားတဲ့ အခွင့် အရေးတွေကို ကန့်သတ်မယ့် လူမျိုးခြားခေါင်းဆောင်တစ်ယောက်ကို မလေးလူမျိုးတွေက ထောက် ခံမဲ ပေးနေကြပါ့မလား။

မေး။ ။ တိုင်းရင်းသားလူမျိုးစုတွေကို အခွင့်အရေး ပိုပေးတဲ့ နိုင်ငံတွေ ကမ္ဘာ မှာ အများကြီးရှိတာပဲ။ ဥပမာ တရုတ်ပြည်ဆိုပါတော့ ။ တက္ကသိုလ် ၀င်ခွင့်ရ ဖို့ အမှတ်ချင်းတူရင် တိုင်းရင်းသားကျောင်းသားတွေက အခွင့်အရေး ပိုရှိကြ တယ်။
ဖြေ။ ။ တရုတ်ပြည်ရဲ့သမိုင်းကိုပြန်ကြည့်လေ၊ တိုင်းရင်းသာလူမျိုးစုတွေထက် တရုတ်တွေက သာနေရမယ်ဆိုတဲ့  ယုံကြည်မှု သူတို့မှာ အများကြီးရှိတယ်။ ကလေးတစ်ယောက်ပေါ်လစီကိုတောင် တိုင်းရင်းသားလူမျိုးစုတွေ အတွက် လျှော့ပေါ့ပေးလိုကြတယ်။ ရှင်ကျန့် ( Xinjiang ) နဲ့ တီဗက် ( Tibat ) တို့မှာဆို စိတ်ကြိုက်ကလေးယူခွင့်ရှိတယ်။ သမိုင်းကိုပြန်ကြည့်ပါ။ မလေးနဲ့ တရုတ်က နှိုင်ယှဉ်စရာတူညီချက်ရော ရှိလို့ လား။

မေး။ ။ တစ်ခါက မစ္စလီကိုယ်တိုင်ပြောခဲ့ ဖူးတယ်။ လူမျိုးကြီးတစ်စုက ဦး စီးပြီး ဘာသာစကားကလည်း တစ်မျိုးတည်းဖြစ်နေမယ်ဆိုရင် အဲဒီနိုင်ငံဟာ ပိုပြီး သက်ဝင်လှုပ်ရှားမှုရှိနိုင်တယ်ဆိုလားပဲ။ ဒီအယူအဆက မလေးရှား နဲ့ ရော မသက်ဆိုင်ဘူးလား။ မလေးလူမျိုးအများစုဖြစ်သွားတော့ မလေးရှား အတွက် ပိုမကောင်းနိုင်ဘူးလား။
ဖြေ။ ။ မင်းတို့ကကိုယ်တိုင် မလေးရှားနိုင်ငံထဲက တရုတ် (သို့ မဟုတ်) အိန္ဒိယန်းတစ်ယောက်ဆိုရင် မင်းအတွက်ပိုကောင်းတယ်လို့ ထင်နိုင်ပါ့မ လား။

မေး။ ။ ထင်တော့မထင်လောက်ဘူးပေါ့ ။ ဒါပေမယ့် နိုင်ငံတစ်ခု၊ လူ့ အဖွဲ့  အစည်းတစ်ခု အနေနဲ့ တော့ မလေးရှားဟာ ပိုကောင်းလာနိုင်တာပေါ့။
ဖြေ။ ။ ဒီမေးခွန်း အဖြေက "အရည်အချင်းရှိတဲ့ သူတွေ ဘယ်အထဲမှာရှိနေ တယ်လို့ ထင်သလဲ" ပဲ။

မေး။ ။ ဒီတော့ဖြစ်လာနိုင်ခြေတော့ရှိတယ်။ မဖြစ်သေးတာလို့ ဆိုလိုတာ ပါလား။
ဖြေ။ ။ အမှန်ပဲ။

မေး။ ။ လတ်တလော လူမျိုးရေးနဲ့  ပတ်သတ်ပြီးပြောစရာရှိတာက မလေး ရှားဟာ အစ္စလာမ်ဘာသာရေးဖက်ကို ပိုပိုပြီးယိုင်လာနေတဲ့ အချက်ပါ။
ဖြေ။ ။ အဲဒါ အရှေ့ အလယ်ပိုင်းရဲ့လွှမ်းမိုးမှုပဲ။

မေး။ ။ဒါဆိုရင် တိုးတက်ပွင့်လင်းတဲ့ မွတ်စလင် နိုင်ငံဖြစ်လာနိုင်မလား။
ဖြေ။ ။ ဒါကို မင်းတို့ က ယုံကြည်သလား။ ဒါနဲ့ တိုးတက်ပွင့်လင်းတဲ့ မွတ်စ လင်နိုင်ငံဆိုတာ ဘာကိုပြောတာလဲ။

မေး။ ။ ကမ္ဘာနဲ့ အဆက်အဆံလုပ်တာ ၊ အိုင်ဒီယာအသစ်တွေကို လမ်း ဖွင့်ပေးတာ၊ ဒါမျိုးတွေပေါ့။
ဖြေ။ ။ မင်းဆိုလိုတာက သူတို့ ခေါင်းစွပ်တွေကို ချွတ်လာကြမယ်။ အမျိုး သားနဲ့ အမျိုးသမီး လက်ဆွဲနှုတ်ဆက်၊ စားသောက်ဆိုင်မှာ အတူထိုင်၊ မွတ်စ လင် မဟုတ်သူက ဘီယာသောက်၊ မွတ်စလင်က သူနဲ့ အတူတူ ထိုင်ပြီး ကော်ဖီသောက်၊ ဒီလိုလား။

မေး။ ။ ဒါပေမဲ့ မလေးရှားက ဆော်ဒီအာရေးဗျထက် တူရကီနဲ့ တော့ ပိုတူ လာနိုင်တယ် မဟုတ်လား။ အထိုက်အလျောက် ပွင့်လင်းလွတ်လပ်၊ နိုင်ငံ တကာတန်းဖိုးတွေကို အသိအမှတ်ပြုစတာတွေပေါ့။
ဖြေ။ ။ မဖြစ်နိုင်ပါဘူး။ မလေးရှားဟာ မလေးမွတ်စလင်နိုင်ငံပဲ ဖြစ်မယ်။ အရင်တုန်းက သူတို့ဘာသာရေးက ဒီလောက်တင်းတင်းကျပ်ကျပ်ကြီး မ ဟုတ်ဘူး။ အခု အရှေ့ အလယ်ပိုင်းနိုင်ငံတွေရဲ့ လွှမ်းမိုးမှုကြောင့် ပိုပြီး တင်း ကျပ်လာနေတာ။ အရင်က ညစာစားပွဲတွေမှာ အသောက်အစားတွေ ဘာတွေနဲ့ ဧည့်ခံတယ်။ ငါ မလေးရှားကို ရောက်တယ်ဆိုရင် တန်ကုက သူ့  မိတ်ဆွေတွေကိုပါ ဖိတ်ပြီး ၀ီစကီတို့ ဘရန်ဒီတို့ နဲ့ ဧည့်ခံတယ်။ အခုဆိုရင် အချိုရည်ထည့်ပြီး ဖန်ခွက်ချင်း တိုက်နေကြတယ်။

မေး။ ။ လူမျိုးရေးနဲ့ ဘာသာရေးအပြင် လူတွေနောက်ထပ်ပြောနေကြတာ က ငွေကြေးနဲ့ ဆက်စပ်နေတဲ့  နိုင်ငံရေး ကိုယ်ကျင့်တရား ပျက်မှုပါ။ ဥပမာ အားဖြင့် မလေးရှားစီးပွားရေး ကန်ထရိုက်တွေကနေ ရရှိလာတဲ့ ငွေတွေ ဟာ ခေါင်ဆောင်ပိုင်းလူနည်းစုဆီပဲ ရောက်သွားပြီး လူထုကြီးအတွက် အကျိုး မရှိလှဘူးတဲ့ ။ ဒီပြသနာကို မလေးရှားအနေနဲ့  ဖြေရှင်းလာနိုင်မယ် လို့ ထင် မိပါသလား။
ဖြေ။ ။ ဒါတော့ ငါလည်း မပြောတတ်ဘူး။ ခေတ်ပညာတတ် လူငယ်တွေက ညီညီညွတ်ညွတ်နဲ့ ခေါင်းဆောင်ပြီး ကြိုးကြိုးစားစားတိုက်ဖျက်ရင်တော့ ရနိုင်ကောင်းပါရဲ့။ Ummo ပြည်နယ်တွေမှာဆိုရင် အကြီးအကဲတွေက
မဲတွေကိုထိန်းထားတာ။ ဒါကြောင့်သူတို့ က တပန်းသာနေတာ။ မလေးရှား တစ်နိုင်ငံလုံးကို ပြောင်းလဲမပစ်နိုင်ရင် ဒီကိစ္စကို ဖြေရှင်းဖို့  သိပ်မလွယ်လှ ဘူးလို့ ထင်တယ်။

မေး။ ။ စင်ကာပူနဲ့ မလေးရှားကြားမှာ စီးပွါးရေး ပူးပေါင်းလုပ်ဆောင်လာနိုင် စရာတွေရှိမယ်လို့ ထင်ပါသလား။ ဥပမာ အစ်စကန်ဒါ ( Iskandar ) လိုနေ ရာမှာပေါ့ ။ နှစ်ဖက်စလုံးကလည်း လက်တွေ့ ကျတယ်ဆိုတော့ အတူတကွ ပူးပေါင်းလုပ်ဆောင်ကြဖို့ ဖြစ်လာနိုင်မလားလို့ ။
ဖြေ။ ။ အစ်စကန်ဒါ ဘယ်လောက်ဖွံ့ ဖြိုးလာမလဲဆိုတာ စောင့်ကြည့်ရဦး မှာပဲ။ ငါတို့က မလေးရှား မြေပေါ်မှာသွားပြီး ရင်းနှီး မြှုပ်နှံမှု လုပ်ရမှာ။ သူတို့ပိုင်နက်ထဲမှာ စီးပွါးရေးသွားလုပ်ရာမှာဆိုတာ က မေ့မထားသင့်တဲ့ အ ချက်ပဲ။ စာကြောင်းလေးတစ်ကြောင်းပြင်လိုက်တာနဲ့ မင်းတို့ ကိုဖြတ်စား သွားလို့ ရတယ်။ ရင်းနှီးမြှုပ်နှံမှုတွေ ထပ်လိုချင်နေသေးတော့ ဒီလိုလုပ်မယ် လို့ တော့ မထင်မိပါဘူး။ အဲဒီကိုသွားပြီး စီးပွါးရေးလုပ်မယ်ဆိုရင် မင်း တို့ ဆောက်လုပ်မယ့် အဆောက်အဦတွေ၊ အိမ်တွေမှန်သမျှကို နောက် ဆုံး မြေပိုင်ရှင်က ပိုင်နေရစ်မှာဆိုတာတော့ သတိရှိနေမှ ရလိမ့်မယ်။

မလေးရှားပြီး

မလေးရှား၊ မတူညီတဲ့ ရွေးချယ်မှု(၂)


လူတစ်ယောက်ရဲ့ ကမ္ဘာ့ အမြင်
(အခန်း ၅၊ အရှေ့တောင်အာရှ)

ရွေးကောက်ပွဲတွေမှာ တဖြည်းဖြည်းနဲ့ တရုတ်နဲ့ အိန္ဒိယန်းတွေရဲ့ အရေးပါ မှု က လုံးဝမရှိသလောက်ဖြစ်သွားမယ်။ အဲဒီနေ့ ကိုရောက်လာပြီဆိုရင်တော့ တရုတ်နဲ့ အိန္ဒိယန်းတွေအတွက် ဘယ်လိုသာတူညီမျှ အခွင့်ရေးမျိုးကိုမှ ရရှိ ကြမယ် မဟုတ်တော့ပါဘူး။ ၂၀၀၈ ခုအထွေထွေ ရွေးကောက်ပွဲ အပြီးမှာ မလေးရှားဟာ တကယ့်အပြောင်းအလဲဆီကို ဦးတည်နေပြီးဆိုတဲ့ ယူဆ မှုတွေ တော်တော်များများ ရှိခဲ့ကြသေးတယ်။ အတိုက်အခံပါတီက တစ်ခြား အချက်အလက်တွေအပါအဝင် လက်ရှိလူမျိုးရေးဝါဒ တချို့ကနေ သွေဖီ ကျင့်သုံးသွားမယ်လို့ တရားဝင်ကြေငြာလိုက်ပြီး ထောက်ခံမဲတွေလည်းရ လိုက်တော့ သူတို့ ပါတီတွင်းကို ထောက်ခံသူတွေအပါအဝင် အားလုံး အံ့သြ တကြီးလည်းဖြစ်ခဲ့ ကြရတယ်။ ရွေးကောက်ပွဲရဲ့ ထောက်ခံမဲ ရလာဒ်ကို ကြည့်ရင် ၁၉၆၅ ခုနှစ်ကစလို့ အတိုက်အခံပါတီအနေနဲ့ ထောက်ခံမဲ အများ ဆုံး ရခဲ့တဲ့နှစ်ဖြစ်လာခဲ့ပါတယ်။ ပါလီမန် အမတ်နေရာနဲ့ကြည့်ရင် သမိုင်း တစ်လျှောက်လုံး အကောင်းဆုံး ရလာဒ်ပါပဲ။ လက်ရှိအစိုးရရဲ့ မဲ သုံးပုံနှစ်ပုံ လက်လွတ်ရှုံးဆုံးသွားတယ်။
ရွေးကောက်ပွဲ အပြီး တစ်နှစ်အကြာမှာတော့ နာဂျစ် တွန် ရာဇက် (Najib Tun Razak) က ၀န်ကြီးချုပ်ဖြစ်လာပြီးတဲ့နောက် ၀မ်းမလေးရှား ( 1 Malaysia=တစ်ခုတည်းသောမလေးရှား ) ဆိုတဲ့ကြွေးကြော် သံနဲ့ တိုင်း ရင်းသားညီညွတ်ရေး၊ အမျိုးသားစည်းလုံးညီညွတ်ရေးကို ပိုအားကောင်း လာအောင် ကြိုးစားလာခဲ့ပြန်ပါတယ်။

ဝန်ကြီးချုပ် နာဂျစ်ရဲ့ ၀မ်းမလေးရှား ပေါ်လစီက ၂၀၀၈ ခုရွေးကောက်ပွဲမှာ ရှုံးသွားတဲ့ တရုတ်၊ အိန္ဒိယန်းတွေရဲ့ မဲတွေကိုပြန်ရနိုင်ဖို့ ရည်ရွယ်ချက်ပါ။ သူဒီလိုလုပ်လို့ သူ့ လူထုက သူနဲ့အတူ ပါလာပါ့မလား။ သူ့ ရဲ့  ၀မ်းမလေး ရှား ပေါ်လစီကို မလေးလူမျိုးတွေက လက်ခုပ်လက်ဝါးတီးပြီး ကြိုဆိုကြပါ့ မ လား။ စိတ်ကူးကောင်းကောင်းနဲ့ စတင်ခဲ့တဲ့ အစီအစဉ်တစ်ခု ဖြစ်ကောင်းဖြစ် ပါလိမ့်မယ်။ ဒါပေမယ့် နိုင်ငံရေး သဘောတရားမှာ မထင်မှတ်တဲ့ တန်ပြန် အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။ မလေးလူမျိုးတွေဆီက ထောက်ခံမဲတွေမဆုံးရှုံးဘဲ တရုတ်၊ အိန္ဒိယန်းတွေ ဆီက ထောက်ခံမဲကို ဘယ်နည်းနဲ့ မှ သူရမှာ မဟုတ်ပါဘူး။

ကြာလာတာနဲ့ အမျှ ၀မ်းမလေးရှား(တစ်ခုတည်းသောမလေးရှား) ကြွေးေ ကြာ်သံကလည်း မှန်းချက်နဲ့ နှမ်းထွက်မကိုက်ဖြစ်လာခဲ့ပါတော့တယ်။ အဲဒီကြွေးကြော်သံစပြီး တစ်လအကြာလောက်မှာ မလေးတရုတ်မီဒီယာနဲ့  ကျွန်တော်တွေ့ ဆုံခဲ့ပါတယ်။ သူတို့ ပြောစကားတွေအရ ကျွန်တော်တို့ သိ ထားသလို တိုင်းရင်းသားပေါင်းစုံ မလေးရှားဆိုတာမျိုးမဟုတ်ပဲ ဒီစကားက မလေးလူမျိုးတွေအတွက်ပဲ ဖြစ်နေတယ်။ ဆိုလိုတာက အမည်သာရှိနေပြီး လူ့ အဖွဲ့ အစည်းတွေက တစ်သီးတစ်သန့် စီရှိနေကြတယ်။ မလေးက မလေးချင်း၊ တရုတ်က တရုတ်ချင်း၊ အိန္ဒိယန်းတွေက အိန္ဒိယန်းတွေချင်းပဲ ရှိနေကြဆဲပါပဲ။ မလေးဦးစားပေးလူ့ အဖွဲ့ အစည်းကနေ အားလုံး သာတူညီ မျှရှိတဲ့ လူ့ အဖွဲ့ အစည်း တကယ်ဖြစ်လာမလားဆိုတာကတော့ စောင့်ပဲ ကြည့်ကြရတော့မှာပါ။

မလေးရှားနဲ့ စင်ကာပူကြား ကွဲပြားခြားနားမှုဟာ လူမျိုးရေးတင်မကပါဘူး။ ခွဲထွက်လာပြီးတဲ့ နောက်မှာ စင်ကာပူက ရှဥ့်လည်းလျှောက်သာ ပျားလည်း စွဲသာ စနစ်ကိုကျင့်သုံးနိုင်ခဲ့ပါတယ်။ ကွဲလွဲမှုကို ကွဲလွဲမှုအနေနဲ့ ကျွန်တော် တို့ ကလက်ခံထားနိုင်ပါတယ်။ ၁၉၆၅ ခုနှစ်တုန်းကဆိုရင် ကျွန်တော်တို့ နှစ် နိုင်ငံစလုံးရဲ့ ဘုံဆိုင်ဘာသာစကားက အင်္ဂလိပ်ပါ။ နှစ်အနည်းငယ်ကြာတော့ မလေးရှားက အင်္ဂလိပ်စာကို လျှော့ချလိုက်ပြီး ကျောင်းတွေမှာ ဘာသာရပ် တိုင်းကို မလေးလိုပဲသင်ပြီး ရုံးသုံးဘာသာစကားကိုလည်း အင်္ဂလိပ်ကနေ မလေးဘာသာစကားကို ပြောင်းလဲခဲ့ကြတယ်။ တရုတ်ပုဂ္ဂလိကကျောင်းတွေ က သူတို့ ငွေ သူတို့ဟန်နဲ့ လည်ပတ်ကြတယ်။ ကြာလာတော့ အင်္ဂလိပ်စာ အရည်အသွေး နိမ့်ပါးသွားခြင်းဟာ အားနည်းမှုတစ်ရပ်လို့ အစိုးရက သဘောပေါက်လာပြီး ၂၀၀၃ ခုနှစ်ရောက်တော့ သိပ္ပံနဲ့ သင်္ချာဘာသာ ရပ်တွေကို အင်္ဂလိပ်ဘာသာနဲ့ ပြောင်းလဲသင်ပေးလာခဲ့ ကြပြန်တယ်။ အဲဒီပညာရေးစနစ်ကို အထူးသဖြင့် ကျေးလက်မှာရှိတဲ့ မလေးတွေက ကန့် ကွက်လို့ ၂၀၀၉ ခုရောက်တော့ မလေးစကားဖက်ကို ပြန်ပြောင်းပေးခဲ့ ရပြန် ပါတယ်။

လူထုအဖွဲ့ အစည်းတွေကို စည်းရုံးရာမှာလည်း စင်ကာပူနဲ့ မလေးရှားတို့  မတူညီကြပါဘူး။ ကျွန်တော်တို့ သဘောပေါက်ခဲ့တာက သူတို့ လည်း ကျွန်တော်တို့ပြောင်းလဲလာအောင် ဖိအားပေးလို့ မရသလို ကျွန်တော်တို့ က လည်း ဘယ်သူ့ ကိုမှ ဖိအားပေးနေလို့ မရဘူးဆိုတာပါပဲ။ ကျွန်တော်တို့ ချင်း တသီးတသန့် စီဖြစ်နေကြပေမယ့် ချစ်ချစ်ခင်ခင်နဲ့ အတူတူနေထိုင်သွားလို့ ရမယ်။ ဒါပါပဲ။

စင်ကာပူအတွက် အဓိက အရေးကြီတဲ့ အချက်ကတော့ အချုပ်အခြာ အာ ဏာတည်မြဲနေဖို့ စစ်တပ်ကို အင်အားကောင်းအောင် တိုးချဲ့ ဖွဲ့ စည်းရမယ်။ ကျွန်တော်တို့ တပ်မတော်က ကျူးကျော်လာသူတိုင်းကို တွန်းလှန်ကာကွယ် ထားနိုင်တယ်ဆိုရင် ကျွန်တော်တို့ ကို ဘယ်သူကမှလည်း လာပြီး ရန်စနေ ကြမှာ မဟုတ်ပါဘူး။

မလေးရှား အမေးအဖြေ

မေး။ ။ အားလုံးကို အပြန်အလှန်တွေးကြည့်တော့ မလေးလူမျိုးရေးဝါဒ နဲ့ ပါတ်သတ်လို့  မစ္စတာလီတို့ ဖက်က ဖိအားပေးတာတွေ များလွန်းသွား သလားလို့ ။
ဖြေ။ ။ မများဘူး။ ဒီလိုမလုပ်ခဲ့ ရင် ငါတို့ အားလုံးထောင်ထဲရောက်သွားမှာ။

မေး။ ။ တစ်ခါက မစ္စတာလီကိုယ်တိုင်ပြောခဲ့ဖူးတယ်။ "မလေးရှား စင်ကာပူပေါင်းစည်းရေးဟာ တကယ်အလုပ်ဖြစ်မှာ မဟုတ်ဘူး"ဆို တဲ့ အကြောင်းကို မစ္စတာလီရဲ့ ဇနီးကိုယ်တိုင်က မစ္စတာလီကို ပြောခဲ့ဖူး တယ်ဆိုလားလို့။
ဖြေ။ ။ မှန်ပါတယ်။ ဒါပေမယ့် ငါ့အနေနဲ့ ကြိုးစားတော့ကြည့်ရမှာပဲ။

မေး။ ။ အဲသလိုမဟုတ်ခဲ့ ဘူးဆိုရင် စင်ကာပူအတွက် အခြားရွေးချယ်စရာ က ဘာဖြစ်မလဲ။
ဖြေ။ ။ အဲဒီတုန်းက လွတ်လပ်လာတဲ့ စင်ကာပူဟာ တရုတ်လူမျိုး အလယ် တန်းကျောင်းသားတွေရဲ့ ကွန်မြူနစ်ဝါဒ အားကောင်းလာစေဖို့ ကြိုးစား လာနေကြတာကို ရင်ဆိုင်နေခဲ့ရတယ်။ သူတို့လှုပ်ရှားမှု အောင်မြင်ကောင်း အောင်မြင်နိုင်ပါတယ်။ ဒါပေမယ့် မလေးရှားထဲမှာကျတော့ တစ် မျိုးဖြစ်သွားတယ်။ မလေးမြေ မလေးလူမျိုးတွေကြားမှာ စင်ကာပူတရုတ် လုပ်နေလို့  မဖြစ်နိုင်ဘူးဆိုတာ တရုတ်ကျောင်းသားတွေက သဘောပေါက် ကြတယ်။ ဒီတော့ စင်ကာပူအတွက် ရွေးချယ်စရာက လူမျိုးပေါင်းစုံ စင်ကာပူ ဆိုတာပဲ ရှိတော့တယ်။

မေး။ ။ ဒီတွက်ချက်မှုကြောင့် မလေးရှား စင်ကာပူပေါင်းစည်းဖို့ ဆန္ဒရှိခဲ့  တာလား။
ဖြေ။ ။ ဒါက ငါ့ တွက်ချက်မှု မဟုတ်ဘူး။ တကယ်ဖြစ်ခဲ့တဲ့ အကျိုးရလာဒ် တစ်ခုပဲ။ ငါ တွက်ချက်ထားတာက ညီညွတ်တဲ့  နိုင်ငံတစ်ခုဖြစ်အောင် ပြန် လည်ပေါင်းစည်းနိုင်လိမ့်မယ်ဆိုတာပဲ။ သမိုင်းကိုပြန်ကြည့်ရင် စင်ကာပူနဲ့  မလေးရှားက တစ်နိုင်ငံတည်းပဲ။

မေး။ ။ အဲသလိုဆိုရင် “မလေးရှား ပြည်ထောင်စု” ဖြစ်လာဖို့ တိုက်ပွဲဝင်ခဲ့  တာဟာ စင်ကာပူကို လွှမ်းမိုးလာမယ့် တရုတ်ကွန်မြူနစ်ရန်ကို ကာကွယ်ရုံ သက်သက်တော့မဟုတ်ဘူးပေါ့။
ဖြေ။ ။ မဟုတ်ဘူး။ အဲသလိုမှ မဟုတ်ရရင် ပြန်ပေးရမယ့် လျော်ကြေးတွေ က မတန်တဆဖြစ်သွားမယ်။ ဆိုပါတော့ မလေးရှားထဲဝင်ပေါင်းပြီး “မလေးရှား ပြည်ထောင်စု" ဖြစ်ရေးတိုက်ပွဲသာ မ၀င်ခဲ့ကြဘူးဆိုရင် စင်ကာပူ လည်း ပီနန်လို၊ ကူချင်း ( Kuching ) နဲ့အခု ကိုတာ ကီနဘာလု ( Kota Kinabalu ) လို့ ခေါ်တဲ့  ဂျက်ဆယ်တန် ( Jessetton ) လို ဖြစ်သွားမယ် ။ အဲဒီနယ်မြေတွေမှာ နေကြတဲ့ လူတွေက မလေးလူမျိုးတွေမဟုတ်ကြဘူး။ သူတို့က ဒူဆန် ( Dusun ) ၊ ဒါယက် ( Dayak ) နဲ့ ကာဒါဇန် ( Kadazan ) လူမျိုးတွေ။”

ဆက်ရန်
ဇင်ဝေသော်

မလေးရှား၊ မတူညီတဲ့ ရွေးချယ်မှု…


လူတစ်ယောက်ရဲ့ ကမ္ဘာ့ အမြင်
(အခန်း ၅၊ အရှေ့တောင်အာရှ)

မလေးရှားနဲ့ စင်ကာပူဟာ ဗြိတိသျှကိုလိုနီဘ၀ကနေ အတူတူထွက်လာခဲ့ရ တာဖြစ်တော့ ဖွံ့ ဖြိုးတိုးတက်မှုအနေနဲ့  တန်းတူ အနေအထားမှာပဲ ရှိနေ ခဲ့ ပေမယ့် ၁၉၆၅ ရောက်တော့ ဒီနှစ်နိုင်ငံဟာ မတူညီတဲ့လမ်းကြောင်းတွေ ကို ကိုယ်စီရွေးချယ်ခဲ့ ကြပါတော့တယ်။ မလေးရှားက မလေးစကားပြောနိုင်ငံ အဖြစ်ရွေးချယ်လိုက်ပြီး စင်ကာပူက အင်္ဂလိပ်ရုံးသုံးစကား သတ်မှတ်ကာ လူမျိုးပေါင်းစုံ လူ့ အဖွဲ့ အစည်းပုံစံကို ရွေးချယ်ခဲ့ပါတယ်။ အခု မလေးလူဦးရေ က တိုးပြီးရင်တိုးလာနေတော့ ဒီနေ့ ဆိုရင် မလေးရုံးသုံးစကားဖြစ်ရမယ် ဆိုတဲ့  အယူအဆက ပိုလို့ ခိုင်မာလာနေပြီးဖြစ်ပါတယ်။

စင်ကာပူနဲ့ မလေးရှား တစ်ပေါင်းတည်းရှိနေစဉ်က တစ်ခြားလူမျိုးစုလေးတွေ ကို ကျွန်တော်ကိုယ်တိုင်ဦးဆောင်ပြီး အင်္ဂလိပ်စာရုံးသုံးဖြစ်ဖို့ နဲ့ လူမျိုးပေါင်းစုံ လူ့ အဖွဲ့ အစည်းဖြစ်ဖို့ နှစ်နှစ်လောက် ကြိုးစားခဲ့ ပါသေးတယ်။ ဒါပေမယ့် အလုပ်မဖြစ်ခဲ့ပါဘူး။ ဒါနဲ့ ပဲ ကိုယ့်လမ်းကိုယ်လျှောက်ကြဖို့  ၁၉၆၅ ခု သြဂုတ် လ ၉ ရက်နေ့မှာ ဆုံးဖြတ်ခဲ့ ကြပါတော့တယ်။ ကျွန် တော့်မျိုးဆက်က လူ တိုင်းရဲ့ စိတ်ထဲမှာ စင်ကာပူနဲ့ မလေးရှားဆိုတာ တစ်နိုင်ငံထဲ ဆိုတဲ့အသိ ရှိထားကြပါတယ်။ ဗြိတိသျှအစိုးရက ကျွန်တော်တို့ ကိုခြွဲ့ပီး အုပ်ချုပ်ပေမယ့် တစ်ပေါင်းတည်းပြန်ဖြစ်ဖို့  ကျွန်တော်တို့ တိုက်ပွဲဝင်ခဲ့ကြပါတယ်။ အစပိုင်းမှာ မလေးရှားခေါင်းဆောင်တွေက စင်ကာပူဟာ တရုတ်အများစုရှိတဲ့  နိုင်ငံ ဆိုတော့ မလေးတွေကြားမှာ ပြဿနာ ရှိနိုင်တယ်ဆိုပြီး သဘောတူလှတယ် မဟုတ်ခဲ့ကြပါဘူး။ တဖြည်းဖြည်းနဲ့  ဗြိတိသျှအစိုးရက မလေးရှားရဲ့ ပထမဆုံး ၀န်ကြီးချုပ် တန်ကု အဗ္ဗ္ဗဒူရာမန်ကို စိတ်ညွှတ်လာအောင် စည်းရုံးနိုင်ခဲ့ကြလို့ သဘောတူခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်မှာ တရုတ်စာသင်ကျောင်းတွေဟာ လက်ဝဲ၀ါဒတော်တော်ယိမ်းနေပြီး စင်ကာပူတစ်နိုင်ငံလုံး ကွန်မြူနစ်အောင်ေ ရာက်ရမယ့် အန္တရာယ်နဲ့ ကြုံတွေ့ နေရပါတယ်။ နောက်ဆုံးမှာတော့စင်ကာပူ ကို ဆားဗား (Sabah) ဆာရာဝတ် ( Sarawak) တို့ နဲ့ အတူ မလေးထဲပေါင်း စည်းဖို့ သူက သဘောတူလာခဲ့တာပါ။

ပေါင်းစည်းပြီးတဲ့ နောက်မှာ တန်ကုက ကျွန်တော့်ကို ပြောတယ်။
“ မင်းတို့ပါတီက မလေးရှားနိုင်ငံထဲက မလေးလူမျိုးတွေထဲ ၀င်မစည်းရုံးပါနဲ့ ” တဲ့။ စင်ကာပူမှာ မလေးလူဦးရေ အများစုရှိတဲ့ မဲဆန္ဒနယ် သုံးခုရှိပါတယ် ။ ဂေးလန် ဆီရိုင်း ( Geylang Serai) ကန်ပုန်း ကန်ဘာဂန် (Kampong Kembangan) နဲ့ ဆောက်သင်း အိုင်းလန်း(ဒ်) ( Southern Islands) တို့ ပါ။ အဲသလို မလေးလူမျိုးအများစုရှိတဲ့  မဲဆန္ဒနယ်တွေထဲ ကျွန်တော်တို့ ဝင်ေ ရာက်စည်းရုံးတာကို သူက မမြင်ချင်ဘူး။ သူ့ ဆန္ဒကို ကျွန်တော်တို့ ကလည်း မလိုက်လျောနိုင်ခဲ့ဘူး။ အဲဒီအချိန်မှာ ကျွန်တော်တို့ က မလေးရှား ညီ ညွတ်ရေးတပ်ပေါင်းစုကို ဖွဲ့ စည်းခဲ့ကြပြီး အမှန်တကယ် လူမျိုးပေါင်းစုံ လူ့  အဖွဲ့ အစည်းဖြစ်လာဖို့ ကြွေးကြော်ခဲ့ကြတယ်။ ဆာရာဝတ်၊ ပီနန်၊ အီပို့ ( Ipoh) မှာရှိတဲ့ ပါတီတွေ ကျွန်တော်တို့ နဲ့ ပူးပေါင်းလာဖို့ စည်းရုံးခဲ့ကြတယ်။ ဒီတော့ မလေးကိုယ်စားလှယ်တော်တော်များများ ကျွန်တော်တို့ နဲလာပြီး ပူးပေါင်းကြတယ်။ ကျွန်တော်တို့ သမဂ္ဂအဖွဲ့အင်အားကောင်းလာတော့ တန်ကုက သိပ်သဘောမတွေ့ တော့ဘူး။ စင်ကာပူ မလေးထဲက နေ ခွဲထွက်ရင် ထွက် မထွက်ရင် သွေးထွက်သံယိုတွေ ဖြစ်ကုန်တော့မယ်လို့ သူက ကျွန်တော့ကို သတိပေးစကားပြောလာပါတယ်။

ကျွန်တော်တို့ ပါတီထဲမှာတင် ခွဲထွက်ရေးကို ခါးခါးသည်းသည်းဆန့်် ကျင် တဲ့ အဖွဲ့ ဝင်တွေရှိပါတယ်။ အထင်ရှားဆုံးသာဓကကတော့ တိုချင်ချိုင် (Toh Chin Chye) ပါ။ သူက အဲဒီအချိန်မှာ ဒုဝန်ကြီးချုပ်။ တိုချင်ချိုင်က အီပို့ မှာမွေးဖွားခဲ့တာဆိုတော့ မလေးရှားကနေခွဲထွက်ရေးဟာ သူ့ အတွက် လုံးဝ လက်ခံလို့ မရတဲ့ အချက်ဖြစ်နေခဲ့ ပါတယ်။ သူကတန်ကုကိုသွားတွေ့ မယ် လို့ ပြောတယ်။ ကျွန်တော်ကလည်းသူ့ ကိုအားပေးခဲ့ ပါတယ်။ တန်ကုက သူနဲ့ လူချင်းတွေ့ ဖို့ ငြင်းဆန်ပြီး လက်ရှိအခြေအနေကို သူ့ အနေနဲ့ ဘယ်လို မှ ထိန်းလို့ မရ (ပြင်နိုင်မှာမဟုတ်) နိုင်ဘူးဆိုတဲ့ အဓိပ္ပါယ်မျိုးနဲ့  စာရေးပေး ခဲ့ ပါတယ်။ “ အခြားဖြေရှင်းစရာနည်းလမ်းမရှိ” လို့ တန်ကုကရေးလိုက်တယ်။

၁၉၆၃ နဲ့ ၁၉၆၅ ခုနှစ်တွေကြားမှာ စင်ကာပူရဲ့ ဝန်ကြီးချုပ်တစ်ယောက်အနေ နဲ့ မလေးအစိုးရ အစည်းအဝေးတွေကို ကျွန်တော်တက်ခဲ့ရတယ်။ ကျွန်တော် ကလွဲရင် အစည်းအဝေးတက်ရောက်လာသူတိုင်းဟာ မလေးလူမျိုးတွေ ချည်းဖြစ်ပြီး မလေးဝတ်စုံတွေဝတ်၊ ဓါးရှည်လွယ်ထားတဲ့ ကိုယ်ရံတော်တွေ နဲ့ တက်ရောက်တတ်ကြပါတယ်။ သူတို့ အားလုံးမလေးဝတ်စုံတွေပဲ ၀တ် ကြတယ်။ ဒီလုပ်ရပ်ဟာ ယဉ်ကျေးမှုသင်္ကေတ တစ်ခုဆိုတာထက် အဓိပ္ပါယ် ပိုရှိနေပါတယ်။ သူတို့ ဆိုလိုတာက
“ ဒီနိုင်ငံဟာ မလေးနိုင်ငံ၊ ဒီအချက်ကိုဘယ်တော့မှ မမေ့ပါနဲ့ ” ဆိုတာမျိုးပါ။

တစ်နိုင်ငံစီခွဲထွက်လိုက်ကြခြင်းဟာ ကျွန်တော်တို့ ကြိုးစားခဲ့တဲ့ မလေးရှားနိုင် ငံအတွင်း လူမျိုးပေါင်းစုံ စုစည်းနေထိုင်နိုင်ရေး အိပ်မက်ကို အဆုံးသတ်ပေး လိုက်တာ ဖြစ်ပါတော့တယ်။ ဒီအကြောင်းတွေကိုပြန်စဉ်းစားတိုင်း စိတ်မေ ကာင်းဖြစ်ရပါတယ်။ တကယ်လို့ တန်ကုကသာ မလေးလူမျိုးဦးစားပေးဝါဒ ကိုလျှော့ချပြီး မလေးရှားမှာရှိတဲ့  တရုတ်၊ အိန္ဒိယန်းလူမျိုးတွေကို နိုင်ငံရေး၊ ကာကွယ်ရေးနဲ့ အစိုးရ၀န်ထမ်းတွေထဲမှာ ပါဝင်ခွင့်ပြု၊ သာတူညီမျှ နေထိုင် သွားကြမယ်ဆိုရင် လက်ရှိ မလေးရှားထက်ဖွံ့ ဖြိုးတိုးတက်နေမှာ သေချာ ပါတယ်။ စင်ကာပူရဲ့ အောင်မြင်မှုအတိုင်း မလေးရှားလည်းအောင်မြင်နိုင် တာပါပဲ။ အဲသလိုသာဆိုရင် စင်ကာပူရော မလေးရှားပါ လက်ရှိအနေအထား ထက် အမျာကြီးသာနေမှာ မလွဲပါဘူး။
မလေးခေါင်းဆောင် တစ်ယောက်အနေနဲ့ တန်ကုအပေါ် ကျွန်တော် အကောင်းမြင်တာ များသွားခဲ့ဟန်တူပါတယ်။ သူကရှေးနဲ့ မတူတဲ့ မျိုးဆက်သစ်ကနေ ပေါက်ဖွားလာတာ၊ ဗြိတိသျှ အုပ် ချုပ်မှုအောက်မှာ ကြီးပြင်းခဲ့တာဆိုတော့ သူ့ အမြင်လည်း ပြောင်းလဲ လာ မယ်လို့ ကျွန်တော်ယူဆခဲ့ပါတယ်။ သူ့ မှာ တရုတ်လူမျိုး သူငယ်ချင်းတွေ အများကြီးရှိတယ်။ ကိန်းဘရေ့ (ဂ်ျ) တက္ကသိုလ်မှာရှိစဉ်က သူနဲ့ အရင်းနှီးဆုံး သူငယ်ချင်းဖြစ်တဲ့ ချွာဆင်ကား ( Chua Sin Kah) ကိုဆိုရင် ဖုန်းနဲ့  လှမ်း ဆက်ပြီး
“ လာခဲ့ပါအုံး ။ အမဲကင်နဲ့ ဘရန်ဒီ လာမြည်းပါအုံး” လို့ ပြောတတ်တယ်။ စင်ကာပူဟာ မလေးရှားထက်ရှေ့ ရောက်နေတယ်ဆိုတာလည်း တန်ကုက လက်ခံထားတယ်။ ကျွန်တော်တို့ စင်ကာပူက မလေးရှားရဲ့ နယူးယောက် ဆိုရင် ကွာလာလမ်ပူက မလေးရှားရဲ့ ဝါရှင်တန်ဖြစ်ဖို့  သူစိတ်ကူးရှိခဲ့တယ်။
မလေးရှား လူဦးရေတိုးပွားလာမှုကြောင့် မလေးဦးစားပေးဝါဒက ပိုပြီး အားကောင်းလာစရာရှိပါတယ်။ နှစ်ပေါင်း ၄၀ အတွင်း စီးပွါးရေး ပေါ်လစီ အသစ်ချလိုက်ပြီးကတည်းက မလေးတရုတ်နဲ့ မလေးအိန္ဒိယန်းလူဦးရေက သိသိသာသာကြီး လျှော့ကျလာနေပါတယ်။ ၁၉၇၀ ခုနှစ်မှာ မလေးတရုတ် လူဦးရေက ၃၅.၆ ရာခိုင်နှုန်းရှိခဲ့ ပြီး ၂၀၁၀ ခုရောက်တဲ့အခါမှာ ၂၄.၆ ရာ ခိုင်နှုန်းပဲရှိပါတော့တယ်။ ဒီအချိန်အတွင်းမှာပဲ မလေး အိန္ဒိယန်းလူဦးရေက လည်း ၁၀.၈ ကနေ ၇.၃ အထိကျဆင်းလာနေပါတယ်။
လူဦးရေ အပြောင်းအလဲက အချက်အလက်တော်တော်များများအပေါ်မှာ မူတည်ပါတယ်။ မလေး မိသားစုတွေမှာ ကလေးမွေးဖွားနှုန်းမြင့်တက်နေတာ၊ ဆားဘားမှာ (Sabah) မှာ ဖိလစ်ပိုင်လူမျိုးတွေ အများကြီးဝင်ရောက်လာ တာ။ စုံလို့ ပါပဲ။ ၀င်ရောက်လာသူတွေကို နိုင်ငံသားအဖြစ်ချက်ချင်း အသိ အမှတ်ပြုလို့  အစိုးရလည်းဝေဖန်တာ တော်တော်ခံလိုက်ရပါတယ်။ ဒါနဲ့ဆက်စပ် ပြီး စုံစမ်းစစ်ဆေးစရာ တစ်ခုတောင်ဖြစ်ခဲ့ရပါတယ်။ တရုတ်၊ အိန္ဒိယန်းတွေ အများစုကတော့ မလေးရှားကနေ ခွါထွက်နိုင်ဖို့ ပဲကြိုးစား ကြ ပါတော့တယ်။ အထူးသဖြင့် ပညာတတ်တရုတ် အိန္ဒိယန်းတွေက သူတို့  သားသမီးတွေကို
“ နိုင်ငံခြား တက္ကသိုလ်ကိုတက်ဖို့  ဒီမှာ ပတ်စပို့  ၊ ဘယ်တော့မှ ဒီနိုင်ငံကို ပြန်မလာခဲ့နဲ့ ” လို့ ပြောတတ်ကြတယ်လို့  မကြာမကြာ ကျွန်တော်ကြားနေ ရပါတယ်။
စင်ကာပူထဲ ၀င်ရောက်နေထိုင်လာသူ ၄၀ ရာခိုင်နှုန်းဟာ မလေးရှားကပါ။ တစ်ချို့ က စင်ကာပူထက်ဝေးတဲ့ နိုင်ငံတွေကို သွားကြပါတယ်။ စောစော ပိုင်းနှစ်တွေတုန်းကတော့ ပညာတတ်တရုတ်တွေကြားမှာ ရေပန်းစားတာက ထိုင်ဝမ်ပါ။ အခုနှစ်တွေမှာ ဆိုရင် ပညာတတ်မလေးတရုတ်နဲ့  အိန္ဒိယန်းတွေ က ဥရောပ ၊ အမေရိကားနဲ့ သြစတေးလျတို့ အထိသွားနေကြပါပြီ။ တစ်ချို့  ဆိုရင် ဟိုနိုင်ငံတွေ ရောက်ပြီး တော်တော်အောင်မြင်နေကြပါတယ်။ ဥပမာ သြစတေးလျက လက်ရှိဘဏ္ဍာရေးဝန်ကြီး ပင်နီဝမ်း (Penny Wong) လိုပေါ့။ မလေးရှားကနေ ထွက်ခွာဖို့  အခွင့်အလမ်းမရကြသူတွေဆိုရင်လည်း သာတူညီမျှ မရှိတဲ့ ပေါ်လစီတွေကြားကနေ စီးပွါးရေးကောင်းကောင်း လုပ်နေနိုင်ကြတယ်။ သူတို့ က အင်ဒိုနီးရှားမှာ ရှိတဲ့ တရုတ်တွေနဲ့ မတူကြ ပါဘူး။ အင်ဒိုနီးရှားက တရုတ်တွေဆိုရင် လိုင်စင်တွေလက်ထဲကိုင်ထားပြီး စီးပွါးရေး ဘယ်လိုလုပ်ရမှန်းမသိတဲ့  အင်ဒိုတွေနဲ့လက်တွဲ အလုပ်လုပ်နေ ကြရတယ်။ အင်ဒိုနီးရှားက တရုတ်တွေဆိုရင် ပင်ပင်ပန်းပန်းလုပ်ရမယ့် အ လုပ်တွေဆို သူတို့ပဲလုပ်ရတယ်။ နိုင်ငံရဲ့ စီးပွါးရေး တိုးတက်လာအောင်လည်း ကူညီးဖေးမပေးရတယ်။ ပြန်ရတာက မဆိုသလောက် ရှယ်ယာဝေစုလောက် ပဲ။ မလေးရှားက တရုတ်တွေကတော့ နိုင်ငံခြားတက္ကသိုလ်တွေမှာ ပညာသင် ကြားခွင့် ရပြီး အဲဒီနိုင်ငံတွေမှာပဲ ဆက်နေကြတယ်။



မလေးရှားရဲ့ လူမျိုးရေးခွဲခြားမှု စနစ်ဟာ နိုင်ငံကို နောက်ကောက်ကျရစ်စေ ပါတယ်။ နိုင်ငံတစ်နိုင်ငံ တိုးတက်ဖို့ လိုအပ်တဲ့ အရည်အချင်းတွေကို လူ မျိုးပေါင်းစုံဆီကနေ ဆွဲထုတ်ယူနေကြရတဲ့အခါမှာ ဒီလိုဖြစ်တော့ ခွန်အားက အလိုလို လျော့ကျသွားပါတယ်။ မလေးလူမျိုး ဦးစီးနေရမယ်ဆိုတဲ့ ပေါ်လစီ က အခြားအရည်အချင်းရှိတဲ့လူမျိုးတွေကို လက်လွတ်သွားစေတယ်။ လတ်တလော အနေအထားမှာတော့ မလေးအစိုးရက ဒါကိုသဘောပေါက်ပြီး နိုင်ငံခြားရောက်နေတဲ့  မလေးတရုတ်၊ အိန္ဒိယန်းတွေကို ပြန်ခေါ်ဖို့  စည်း ရုံးနေကြတယ်။ တကယ်က ဒီကြိုးစားမှုဟာ သိပ်ကိုနောက်ကျနေပြီးဖြစ်ပါ တယ်။
ဂလိုဘယ်လိုက်ဇ် ဖြစ်လာတဲ့  ကမ္ဘာရဲ့ ဘယ်နိုင်ငံကမဆို အရည်အချင်း၊ အရည်အသွေးနဲ့ ဦးနှောက်ကောင်းကောင်းတွေကို ရအောင်စည်းရုံးပြီး စီးပွါးရေးမောင်းနှင်ဖို့ ကြိုးစားနေကြတာပါ။ မလေးရှားဟာ ဒီပြိုင်ပွဲမှာ ရှုံးနေ ပြီး တစ်ခြားနိုင်ငံတွေက သူတို့ ထက်လက်ဦးမှု ရယူခဲ့ကြ ပြီးဖြစ်နေပါတယ်။

ဆက်ရန်

ထိုင်း - အောက်ခြေလူတန်းစား တစ်ခေတ်ဆန်းခြင်း (အမေးအဖြေ)


လူတစ်ယောက်ရဲ့ ကမ္ဘာ့ အမြင်
(အခန်း ၅၊ အရှေ့တောင်အာရှ)

"ထိုင်းလူမျိုးတွေရဲ့ သမိုင်းကို သိထားမှ ရမယ်။...ဘယ်သူက နိုင်ခြေ ရှိသ လဲ၊ ဘယ်သူက ပိုပြီးအားကောင်းသလဲ၊ ထိုင်း ကတော့အဲဒီလူနဲ့ ပေါင်းမှာပဲ" (လီကွမ်းယု)

မေး။ ။ သက်ဆင် နိုင်ငံရေးလောကထဲ ရောက်လာပြီးတဲ့နောက် ဖြစ်ပေါ် လာတဲ့ အပြောင်းအလဲတွေအပေါ် ဝေဖန်သုံးသပ်သူတချို့ကတော့ အေ ကာင်း မမြင်ကြဘူး။ ၁၉၉၀ ခုနှစ်တွေတုံးက ဆိုရင် ၀န်ကြီးချုပ်ဟာ ထိုင်းနိုင် ငံရဲ့ ရေရှည် စီးပွားရေး တိုးတက်လာအောင် ဘယ်လို လုပ်ဆောင်နိုင်ခဲ့ တယ်၊ ၂၀၀၁ခုနှစ် သက်ဆင် အာဏာရပြီးတဲ့နောက် သူ့ကို လူကြိုက်များေ အာင် ရေတို စီမံကိန်းတွေပဲလုပ်၊ ဆင်းရဲသား တွေကို အကူအညီပေး စတဲ့ ရေတို စီးပွားရေးပဲ ဖြစ်နေခဲ့တယ် တဲ့။
ဖြေ။ ။ မဟုတ်ပါဘူး။ ဒါက တစ်ဖက်သပ်အမြင်ပါ။ တကယ်က သူ့ကို ဝေ ဖန် နေသူတွေထက် ကောက်ချက်ချရာမှာ သက်ဆင်က ပိုတော်သလို အစွမ်း အစလည်း ပိုရှိတယ်။ ဒါကြောင့်လည်း သူက ထိုင်း အရှေ့ မြောက်ပိုင်း မှာ ခြေကုတ်ယူပြီး အတိုက်အခံတွေကို ကျော်လွှားခဲ့တာ။

မေး။ ။ ကျေးလက်လူထုရဲ့ ထောက်ခံမဲတွေ များနိုင်သမျှများအောင် အားပြိုင်မှုတစ်ခု ဖြစ်မယ်ဆိုတဲ့ စိုးရိမ်မှု လည်း ရှိနေတယ်။
ဖြေ။ ။ ဒါဆို ဆင်းရဲသားတွေကို ထောက်ပံ့ဖို့ ငွေ ဘယ်ကရမှာလဲ။

မေး။ ။ ဟုတ်တယ်။ အဲဒါက ပြဿနာပဲ။
ဖြေ။ ။ မင်းပြောတာ မဟုတ်ဘူး။ ဆင်းရဲသားတွေကို ထောက်ပံ့ဖို့ အရံသင့် ရံပုံငွေ ရှိနေပြီးသား ဖြစ်ရမယ်။ မရှိဘဲ သူတို့ကို ထပ်ပေးရင် ဘတ်ဂျက်က ကွက်တိ ဖြစ်သွားပြီ(အပို မရှိတော့ဘူး)။ ဒါဆိုရင် အခွန်ကို တိုးကောက် ရတယ်။

မေး။ ။ ဒါမှ မဟုတ် ချေးငှားပြီးတော့ရော။
ဖြေ။ ။ ပြန်ရနိုင်ခြေ မရှိဘဲနဲ့ ဘယ်သူက ချေးမှာလဲ။

မေး။ ။ လူကြိုက်များတဲ့ ပေါ်လစီကို ကျင့်သုံးရင်း ရေရှည်မှာ သက်ဆင် ရဲ့ ပေါ်လစီ အကျပ်တွေ့မယ်လို့ မစ္စတာလီက မထင်ဘူးပေါ့။
ဖြေ။ ။ မထင်ပါဘူး။ ၀င်လာနိုင်တဲ့ ဘတ်ဂျက်ထက် ပိုသုံးမယ်လို့ ငါ မထင် ဘူး။

မေး။ ။ သက်ဆင်အပေါ် မစ္စတာလီ ဘယ်လို မြင်ပါသလဲ။
ဖြေ။ ။ အကျိုးသက်ရောက်မှု မြန်မြန် ရရှိအောင် လက်တွေ့ကျ၊ အလုပ်ကြိုး စားတဲ့ ခေါင်းဆောင်တစ် ယောက်လို့ မြင်တယ်။ သူ့ စီးပွားရေးလောက အတွေ့အကြုံတွေကို သူ ယုံကြည်တယ်။ စီးပွားရေး သီအိုရီတွေထက် သူ့ ပင် ကိုယ် ဖြတ်ထိုးဉာဏ်ကို အားကိုးတယ်။ သူ ဘန်ကောက်ကနေ စင်္ကာပူကို ကားတွေနဲ့ လာတုံး ငါနဲ့တွေ့တော့ သူက စင်္ကာပူ ဘယ်နည်းနဲ့ အလုပ်ဖြစ်နေ တယ်ဆိုတာကို သဘောပေါက်တယ်။ အဲဒီ ခရီးစဉ်တုံးက ပညာရေး၊ အရည် အချင်း၊ လေ့ကျင့်သင်ကြားပေးခြင်း စတာတွေ အားလုံး လူတန်းစား အလွှာစုံ ခံစားခွင့်ရှိတယ် ဆိုတဲ့ စင်္ကာပူရဲ့ ပေါ်လစီကို သူ တွေ့သွား၊ မသွားတော့ ငါလည်း မသေချာဘူး။ ထိုင်း အရှေ့မြောက်ပိုင်း လူဦးရေမှာ ထိုင်းလူမျိုး ထက် လာအိုလူမျိုး တွေ ပိုများတယ်ဆိုတာ မေ့ထားလို့ မရဘူး။

မေး။ ။ လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်လောက်တုံးက ထိုင်းဟာ စင်္ကာပူကို ခရီးလမ်းပို့ဆောင်ရေး၊ ကုန်ထုတ်လုပ်မှုနဲ့ နိုင်ငံခြားသားတွေရဲ့ ကျန်းမာရေး ကို စောင့်ရှောက်မှုတွေမှာ အားပြိုင်လာနိုင်စရာ ရှိတယ်လို့ ပြောဆိုခဲ့ကြဖူး တယ်။ အခုရော ဒီလို ထင်နေကြဆဲပဲလား။
ဖြေ။ ။ သူတို့ ပထ၀ီ အနေအထားကိုလည်း ကြည့်လေ။ သင်္ဘောနဲ့ ဘန်ကောက်ကို ကွင်းသွားလို့ရတယ်။ စင်္ကာပူကို ကွင်းသွားလို့ မရဘူး။

မေး။ ။ လေကြောင်းက ဆိုရင်ရော။
ဖြေ။ ။ သူတို့ အရည်အချင်းနဲ့ ပညာရေးက ဘယ်လောက် အဆင့်မြင့်နေ လို့လဲ။ တို့ထက် ပိုတော်နေမှ ရမှာ လေ။
မေး။ ။ သူတို့က ကျွန်တော်တို့ထက် ပိုသာလာစရာ ရှိသလား။
ဖြေ။ ။ တစ်-ငါတို့က အင်္ဂလိပ်စာ တစ်ပမ်းသာတယ်။ နှစ်-ပိုလီတို့၊ ITF တို့ လို အဆင့်မြှင့်တင် ပညာရေး အဆောက်အဦတွေ ရှိတယ်။ ဒီကျောင်းတွေက ထွက်ရင် လုံးဝ အရည်အချင်းမရှိတဲ့လူ မဖြစ်နိုင် တော့ဘူး။ ဒီလို စနစ်ကျတဲ့ ပညာရေးကို သန်း (၆၀) ရှိတဲ့ ကျေးလက်က လူတွေအထိ ပေးနိုင်လိမ့်မယ် လို့ ထင်လို့လား။

မေး။ ။ ပထ၀ီ နိုင်ငံရေးဘက်ကို လှည့်ကြဦးစို့လား။ ဗီယက်နမ် စစ်ပွဲအတွင်း မှာ ထိုင်းကို သူ့တို့ဌာနခွဲ အနေနဲ့ အမေရိကန်တွေက မဟာမိတ်ဖွဲ့ပြီး အသုံးပြု ခဲ့ကြတယ်။ သူတို့ နှစ်နိုင်ငံ မဟာမိတ်အဖြစ် ဆက်ရှိနေ ဦးမလား။
ဖြေ။ ။ ဒါကြောင့်တော့ ဘာမှ ထူးခြားလာမှာ မဟုတ်ပါဘူး။ ဒီမှာ မေးခွန်းက သူတို့ချင်း စိတ်ဝင်စားမှု တူညီသလား ဆိုတာပါ။ ဦးတည်ချက်ချင်း ကိုက်ညီနေမှ တစ်ဦးနဲ့ တစ်ဦး အကျိုးရှိ နိုင်တာပါ။ ဥပမာ နေတိုး (Nato) အဖွဲ့ လိုပေါ့။ ဆိုဗီယက်ကြီး မပျိုကွဲခင်က သူတို့အားလုံး ညီညွတ်နေကြ တာပဲ။ ဆိုဗီယက်ပြိုကွဲသွားတဲ့နောက် နေတိုးလည်း အကျိုးသက်ရောက်မှု သိပ်မရှိတော့ ဘူးလေ။

မေး။ ။ ၁၉၉၇ ခု၊ အာရှမှာ စီးပွားရေး အကျပ်ရိုက်တော့ အပြောင်းအလဲ တစ်ခု ဖြစ်သွားခဲ့တယ်။ တော်တော် များများက ထိုင်းကို အမေရိကန်တွေက လာပြီး အကူအညီပေး (ကယ်ထုတ်) လိမ့်မယ်လို့ ထင်ထားခဲ့ တာ။ တကယ်တော့ အမေရိကန်က ရောက်မလာခဲ့ဘူး။ အဲဒီနောက် ထိုင်းက တရုတ်ကိုပိုပြီး အားကိုး ရမယ့်အနေအထား ရှိမယ်လို့ သုံးသပ်ခဲ့ကြတယ်။
ဖြေ။ ။ ဒါက ဒီလိုလေ၊ ဗီယက်နမ် စစ်ပွဲပြီးသွားတော့ အမေရိကန်တွေ အတွက် ထိုင်းရဲ့တန်ဖိုး (အသုံးဝင်မှု) ကလည်း ကျသွားပြီလေ။

မေး။ ။ ဒီ ဒေသတွင်းမှာ သြဇာလွှမ်းမိုးမှု ကြီးကြီးလာတဲ့ တရုတ်ကို ထိုင်းက ဘယ်လို တုန့်ပြန်မယ်လို့ ထင်မိပါသလဲ။
ဖြေ။ ။ ထိုင်းလူမျိုးတွေရဲ့ သမိုင်းကို သိထားမှ ရမယ်။ ဂျပန်တွေ အားကောင်းစဉ် အရှေ့တောင်အာရှကို ၀င်တိုက်မယ်လုပ်တော့ ဂျပန်စစ် သားတွေကို သူတို့ နိုင်ငံထဲ ၀င်ခွင့်ပြုခဲ့တယ်။ ဒါက ဂျပန်စစ် သားတွေအ တွက် မလေးရှားနဲ့ စင်္ကာပူထဲဝင်ဖို့ ပိုလွယ်ကူသွားစေတယ်။ ဒီတော့ ဘယ်သူ က နိုင်ခြေ ရှိသလဲ၊ ဘယ်သူက ပိုပြီး အားကောင်းသလဲ၊ ထိုင်းကတော့ အဲဒီလူနဲ့ ပေါင်းမှာပဲ။

ထိုင်း အမေး၊ အဖြေ ပြီး 

ထိုင်း - အောက်ခြေလူတန်းစား တစ်ခေတ်ဆန်းခြင်း


လူတစ်ယောက်ရဲ့ ကမ္ဘာ့ အမြင်
(အခန်း ၅၊ အရှေ့တောင်အာရှ)

သက်ဆင် ရှီန၀ါတရာ နိုင်ငံရေးထဲရောက်လာခြင်းဟာ ထိုင်းနိုင်ငံရေးရဲ့ အပြောင်းအလဲပါပဲ။ သူ နိုင်ငံရေး ဆင်မြင့်ပေါ် မရောက်ခင်က ဘန်ကောက် အခြေစိုက် လူတွေကပဲ နိုင်ငံရေးကို အုပ်စီးထားပြီး နိုင်ငံရဲ့ အရင်းအမြစ် မှန် သမျှကလည်း သူတို့ အကျိုးစီးပွားအတွက်ပဲ ဖြစ်နေခဲ့ပါတယ်။ ဘန်ကောက် အခြေစိုက် ထိပ်သီးတွေကြားမှာ သဘောထားကွဲလွဲမှု ရှိတယ်ဆိုရင်တောင် ဘယ်သူ့ကြောင့်မှ အပြင်ကို မပေါက်ကြား ခဲ့သလို သက်ဆင်အာဏာ ရှိစဉ်နဲ့ သက်ဆင်ရဲ့နှောင်းပိုင်းမှာ ရှိတတ်တဲ့ အငြင်းပွားမှုမျိုးလည်း သူတို့ကြားမှာ မ ရှိခဲ့ဖူးပါဘူး။ သက်ဆင် လုပ်ဆောင်ခဲ့တာတွေက သမားရိုးကျ ထိုင်းနိုင်ငံရေး ရဲ့ ထိပ်သီးအုပ်စုကို ကသိကအောက် ဖြစ်စေခဲ့တယ်။ ယခင်က ဘန်ကောက် မြို့ပေါ်ရှိ အထက်တန်းစားနဲ့ လူလတ်တန်းစားတွေက ခံစားခွင့်ရခဲ့တဲ့ နိုင်ငံရဲ့ အရင်းအမြစ်တွေကို ဆင်းရဲသားတွေပါ ခံစားခွင့်ရအောင် သူက ပြောင်း လဲေ ပးခဲ့တယ်။ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်းမှာ ရှိတဲ့ လယ်သမား လူတန်းစားတွေဆီ မျှဝေပေးနိုင်ခဲ့ခြင်းအားဖြင့် သက်ဆင် ရဲ့ နိုင်ငံရေးသမားဘ၀ဟာ ထင်ရှားလာခဲ့ပါတယ်။ သူ့ရှေ့ အာဏာရှိ နေ ခဲ့ကြတဲ့ ဘန်ကောက် ဗဟိုပြု လူတစ်စုရဲ့ လက်ထက်ကတည်းက လူတန်း စားကွာဟမှုက ရှိနေခဲ့ပြီးသားပါ။ သူ လုပ်ခဲ့တာက ဒီ မတရားမှု လူထု သိရှိ လာစေရန်ဖြစ်ပြီး မတရားမှုကို ဖြေရှင်းပေးနိုင်မယ့် နည်းလမ်းကို ပေးခဲ့ခြင်း ပါပဲ။
တကယ်လို့ သူမလုပ်ခဲ့ဘူးဆိုရင်တောင် အခြားတစ်ယောက်တက်လာပြီး ဒါကို လုပ်ပါလိမ့်မယ်။

၂၀၀၁ ခု၊ အာဏာရတဲ့အချိန်မှာ သူဟာ အောင်မြင်တဲ့ စီးပွားရေးသမား ဘီ လီယံနာ ဖြစ်နေခဲ့ပြီး ဖြစ်ပါတယ်။ တချို့ လူချမ်းသာ ထိုင်းလူမျိုးတွေက သက်ဆင်ဟာ သူတို့နဲ့ တစ်စိတ်တစ်ဝမ်းထဲ ရှိနေမယ်လို့ မျှော်လင့်ထား ကြတော့ အမှန်တကယ်ထင်သလိုဖြစ်မလာတဲ့အခါ သက်ဆင်အပေါ် စိတ် ပျက်ခဲ့ကြရပါတယ်။ သူ တကယ်ကျင့်သုံးတဲ့ ပေါ်လစီဟာ ဆင်းရဲသား လူ တန်းစားကို လုံးဝ ဦးစားပေးတဲ့စနစ် ဖြစ်နေခဲ့ပါတယ်။ လယ်သမားတွေအတွက် ချေးငွေတွေ ပိုတိုးပေးခဲ့တယ်။ မပြည့်မစုံ မိသား စုတွေထဲက ကလေးတွေကို နိုင်ငံခြား ပညာသင်လွှတ်ခဲ့တယ်။ မြို့ပေါ်နေ ဆင်းရဲသားတွေအတွက် အိမ်ဝယ်ဖို့ အစိုးရက ငွေတွေ ထုတ်ပေး တယ် ။ ကျေးလက်နေ လူထု တော်တော်များများဟာ ဆင်ခြေဖုံးမှာပဲ နေရနေရ မြို့ပေါ်တက်ပြီး အလုပ်ရှာ လာကြ တယ်။ ကျန်းမာရေး စောင့်ရှောက်မှု အနေနဲ့ ကျန်းမာရေးအတွက် အာမခံမရှိတဲ့ ဆင်းရဲသား တွေကို ဆေး ရုံဆေးခန်း တစ်ခါသွားတိုင်း အစိုးရက ဘတ်ငွေ (၃၀) ပေးတယ်။

သက်ဆင်ရဲ့ အတိုက်အခံတွေ အတွက်ကတော့ သူဟာ နိုင်ငံကို ကမောက် ကမဖြစ်အောင် လုပ်နေ ခြင်းဖြစ်ပြီး သူ့ကို လက်ပိုက်ကြည့်မနေနိုင်ကြတော့ ပါဘူး။ အတိုက်အခံတွေက သူ့ကို လူကြိုက်များ အောင် လုပ်ဆောင်နေသူ၊ သူ့ရဲ့ ပေါ်လစီကလည်း ရေရှည်မှာ နိုင်ငံတော် ပျိုလဲစေမယ့် ပေါ်လစီလို့ စွပ်စွဲ လာကြတယ်။ (အံ့သြစရာကောင်းတာက သူတို့ အဲသလိုတွေ ပြောခဲ့ ကြပေမဲ့ သူတို့ အာဏာရစဉ် ဒီဇင်ဘာ ၂၀၀၈ ကနေ သြဂုတ် ၂၀၁၁ အထိ သက်ဆင်နဲ့ ဆင်ဆင်တူ ပေါ်လစီတွေကို သူတို့ကိုယ်တိုင် ကျင့်သုံးနေ ကြခြင်းပါပဲ။) သူ့ကို ကိုယ်ကျင့်တရားပျက်သူ၊ မိသားစုပိုင် စီးပွားရေးကို ဦး စားပေးသူလို့လည်း စွပ်စွဲခဲ့ကြတယ်။ ဒါကို သက်ဆင်က ညင်းတယ်။ သက်ဆင်ရဲ့ စီးပွားရေး ကုမ္ပဏီနဲ့ ပတ်သက်လို့လည်း တချို့က သဘော မတွေ့ ကြဘူး။ မီဒီယာကို ကိုင်တွယ်ရာမှာ အာဏာရှင်ဆန်တယ်။ ထိုင်းနိုင် ငံတောင်ပိုင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စစ်ပွဲဟာလည်း အငြင်းပွားဖွယ် ရာတွေ ဖြစ်တယ်။ ဒီ စစ်ပွဲအတွင်း အတွင်းမှာ လူ့အခွင့်အရေးတချို့ ကို ချိုးဖောက်ကောင်း ချိုးဖောက်ခဲ့လို့ ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ အရေအတွက် အားဖြင့် အများကြီး ပိုနေတဲ့ ဆင်းရဲသား လယ်သမား လူတန်းစားတွေ ကတော့ ဒီလို ဝေဖန်သံတွေကို နားထောင်မနေကြဘဲ ၂၀၀၅ ခုနှစ်မှာ သက်ဆင်ကိုပဲ ပြန်ပြီး ရွေးကောက်တင်မြှောက်ကြပြန်ပါတယ်။ ဘန်ကောက်က ထိပ်သီးအုပ်စုကတော့ သူ့ကို လုံးဝကြည့်လို့မရတော့ ဘူး ဖြစ်သွားပါတယ်။ ဒါနဲ့ ၂၀၀၆ ခုမှာ စစ်တပ်က အာဏာသိမ်းပြီး သူ့ကို
လည်း ဖြုတ်ချ လိုက်ကြတော့တယ်။

အဲဒီအချိန်ကတည်းက ထိုင်းနေပြည်တော်ဟာ ပြဿနာ အကြီးအကျယ် ကြုံတွေ့ကြရတော့တာပါပဲ။ ၂၀၀၈ ခုနှစ်က စပြီး ဘန်ကောက်လမ်းမတွေပေါ် မှာ ရုတ်ရုတ်သဲသဲ မြင်ကွင်းတွေ တွေ့ကြရတော့တယ်။ ဆန္ဒပြမှုတွေထဲမှာ သက်ဆင်ကို ဆန့်ကျင်တဲ့ အင်္ကြီအ၀ါရောင် အုပ်စု ဖြစ်ချင်ဖြစ်မယ်။ သူတို့ က တော်ဝင် မိသားစုကို ကာကွယ်ရမယ် ဆိုတဲ့ အမြင်နဲ့ပေါ့။ နောက်ပြီး သက်ဆင်ကို ထောက်ခံတဲ့ အနီရောင်အင်္ကြီနဲ့ အဖွဲ့လည်း ဖြစ်ချင်ဖြစ်မယ်။ ဒါပေမဲ့ နောက်ဆုံးရွေးကောက်ပွဲ ဖြစ်တဲ့ ၂၀၁၁ ခု ရွေးကောက်ပွဲမှာ သက် ဆင်ရဲ့ ညီမဖြစ်သူ ယင်လပ်ကို ထောက်ခံမဲပေးလိုက်ကြတာဟာ ထိုင်းနိုင် ငံအတွက် သက်ဆင် ရွေးခဲ့တဲ့လမ်းကို လူထုက ထောက်ခံနေတယ် ဆို တာ ပြသလိုက်ခြင်းပါပဲ။
ထိုင်းမြို့တော် ဘန်ကောက်ထိ တက်ပြီး အောင်မြင်မှု အရသာကို တွေ့ သွားပြီဖြစ်တဲ့ မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်းမှာ ရှိတဲ့ လယ်သမား၊ အလုပ် သမား လူတန်းစား ကလည်း လက်လျှော့မှာ မဟုတ်တော့ဘူး။ သက်ဆင်နဲ့ သူ့အုပ်စုဟာ အခုဆိုရင် ရွေးကောက်ပွဲ ငါးပွဲဆက် တိုက် နိုင်ခဲ့ပြီးပါပြီ။ ၂၀၀၁ ခု၊ ၂၀၀၅၊ ၂၀၀၆၊ ၂၀၀၇ နဲ့ ၂၀၁၁ တို့ပါ။ အရင်လို ပြန်ဖြစ်ဖို့ ကြိုးစားနေ ကြတဲ့ သက်ဆင်ရဲ့ အတိုက်အခံတွေ အောင်မြင်မှု မရခဲ့ကြပါဘူး။

ထိုင်းနိုင်ငံရေးမှာ လတ်တလော မငြိမ်မသက်မှုတွေ ရှိနေပေမဲ့ ရေရှည် အ တွက် ကြည့်ရင်တော့ အကောင်းမြင်စရာတွေ တွေ့ရပါတယ်။ အနီရောင် အုပ်စုက အ၀ါရောင်အုပ်စုထက် ပိုပြီးအားကောင်းလာမှာ သေချာပါတယ်။ လူငယ်ထုရဲ့ တော်ဝင်မိသားစုအပေါ် ထားတဲ့ လေးစားမှုဟာ လျော့ပါး လာနေပါတယ်။ ဒါ့အပြင် လက်ရှိဘုရင် ဘူမိဘောကို အားလုံးက လေးစား ကြပေမဲ့ သူမရှိတော့ဘူးဆိုရင် သူ့ကို ဆက်ခံသူဟာ လူထုက သူ့ အပေါ်ထား ရှိတဲ့ လေးစားမှုမျိုး ဘယ်နည်းနဲ့မှ မရနိုင်တော့ပါဘူး။

ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးမှာ စစ်တပ်ကလည်း အဓိက အရေးပါနေပါတယ်။ ဘုရင်စနစ် ဆန့်ကျင်မှုတိုင်းကို သူတို့က ကာကွယ်ပေးနေရပါတယ်။ ဒါက လည်း ရေရှည်မှာ မနိုင်ဝန် ထမ်းနေရသလို ဖြစ်လာပါတယ်။ နောက် ဆုံးတော့ စစ်တပ်ကိုယ်တိုင်လည်း ရွေးစရာမရှိ၊ လက်ရှိအပြောင်းအလဲနဲ့ အညီ နေထိုင် ဆောင်ရွက်သွား ဖို့ပဲ ရှိပါလိမ့်မယ်။ အချိန်ကြာလာတာနဲ့အမျှ စစ်တပ်ရာထူးတွေမှာလည်း လူငယ်တွေက အစားထိုးလာကြမှာပါ။ တက် လာတဲ့ လူငယ်တွေက ဘုရင်စနစ်ကို အရင်က အရာရှိတွေလောက် လေးေ လးနက်နက်ကြီး ရှိနေမယ် မဟုတ်ပါဘူး။ စစ်တပ်ခေါင်းဆောင်တွေကလည်း တော်ဝင်တပ်မတော် ဆိုတဲ့ အမည်ကနေ သာမန် တပ်မတော် အဆင့် မရောက်ဖို့တော့ ကြိုးစားနေကြမှာပါပဲ။ ဒါပေမဲ့ တော်ဝင်တပ်မတော် ကိုယ်တိုင်ကပဲ သက်ဆင်နဲ့ အပေါင်းအပါတွေရဲ့ အုပ်ချုပ်ပုံမူနဲ့ လိုက်လျောညီထွေ ရှိနေဖို့ လိုအပ်ပါတယ်။ သက်ဆင်ကလည်း သူတို့နဲ့ အတူတကွ ဆောင်ရွက်သွားဖို့ ကတိပြု မယ် ဆိုရင် နောက်ဆုံး သက်ဆင် ပြန်ဝင်လာတာကိုပဲ လက်ခံရမယ့် သဘောအထိရှိပါတယ်။

သက်ဆင်မတိုင်မှီ ဘန်ကောက် အခြေစိုက် လူတစ်စုကပဲ အာဏာကို ကိုင် ထားတဲ့ ရှေးဟောင်း ပေါ်လစီ ဆီ ပြန်ရောက်ဖို့တော့ လမ်းမမြင်တော့ပါဘူး။ သက်ဆင်ပြခဲ့တဲ့ လမ်းကြောင်းအတိုင်း ထိုင်းနိုင်ငံဟာ ရှေ့ခရီးဆက်နေပါ လိမ့်မယ်။ နိုင်ငံအလိုက် လူနေမှု အဆင့်အတန်း ကွာဟမှု ကျဉ်းလာမယ်။ လယ်သမား အများစုဟာ လူလတ်တန်းစားတွေ ဖြစ်လာပြီး နိုင်ငံတွင်း ၀ယ် ယူစားသုံးမှုအားလည်း တိုးလာလိမ့်မယ်။
ဒါဆိုရင် ထိုင်း နိုင်ငံရဲ့ ရှေ့ရေး ကောင်းလာပါလိမ့်မယ်။

ဆက်ရန်

မြန်မာဗိုလ်ချုပ်ကြီးများလမ်းကြောင်းပြောင်းခြင်း (နှစ်)


လူတစ်ယောက်ရဲ့ ကမ္ဘာ့ အမြင်
(အခန်း ၅၊ အရှေ့တောင်အာရှ)

"မြန်မာပြည်ထဲကနေ ထွက်ပြေးသွားကြတဲ့ အဲဒီအုပ်စုဟာ အတော်ဆုံးမြန် မာလူမျိုးတွေပါ။... နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေနဲ့အတူ အဲဒီ နိုင်ငံခြားေ ရာက်မြန်မာတွေ ပြန်လာအောင် စည်းရုံးပြီး စီးပွားရေးစတင်လုပ်ကိုင်နိုင်မယ် ဆိုရင် နိုင်ငံအတွက် တကယ့်အခွင့်အရေးကြီးတစ်ခုဆိုတာ မြေကြီး လက် ခတ်မလွဲပါပဲ"
(လီကွမ်းယု)

လွန်ခဲ့တဲ့ နှစ်နှစ်အတွင်းမှာတော့ မြန်မာပြည်ဟာ တံခါဖွင့်ဝါဒကျင့်သုံးဖို့ အရေးကြီးတဲ့ ပြောင်းလဲမှုတွေ ပြုလုပ်လာခဲ့ပါတယ်။ ဒီတစ်ခါတော့ ဗိုလ်ချုပ် ကြီးတွေအနေနဲ့ နောက်ကြောင်းပြန်လှည့်မယ်လို့ ကျွန်တော်မထင်မိပါဘူး။ ဒီ မှာ မေးစရာရှိတာက သူတို့ဘယ်လောက်မြန်မြန် (ဘယ်အမြန်နှုန်းနဲ့ ) ပြောင်းလဲရေးလုပ်မလဲ ဆိုတာပါပဲ။

တော်တော်များများက အောင်ဆန်းစုကြည်ကို မျှော်လင့်နေကြတယ်။ စစ် တပ်ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ သူမက အိုက်ကွန်တစ်ယောက်ပါ။ အနာဂတ် အစိုးရအဖွဲ့မှာသူမဦးဆောင်မှုပေးဖို့ တော်တော်များများက တောင်းဆိုနေကြ
ပါတယ်။ ကျွန်တော့်အမြင်မှာတော့ သိပ်မရေရာလှပါဘူး သူမက အင်္ဂလိပ် နဲ့လက်ထပ်ထားပြီး သူမရဲ့ သားနှစ်ယောက်ကလည်း အင်္ဂလိပ်စပ် ကပြား ကလေးတွေဖြစ်နေပါတယ်။ သူမက လွပ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်ေ အာင်ဆန်းရဲ့ သမီးဖြစ်နေပေမဲ့ လူတစ်ချို့ကသူမကို ဗမာစစ်စစ်တစ်ယောက် အနေနဲ့ လက်မခံနိုင်ကြဘူး။ သူမ သမ္မတဖြစ်ဖို့အတွက် တားမြစ်ထားတဲ့ အခြေခံဥပဒေကလည်း ရှိနေပါသေးတယ်။ သူမအသက်က (၆၈) နှစ် ဆိုတော့ အရွယ်ကလည်း တော်တော်ရနေပါပြီ။ နိုင်ငံကိုသူမအနေနဲ့ ခေါင်းေ ဆာင်ခွင့်ရခဲ့ပြီဆိုရင်တောင်မှ တိုင်းရင်းသားအရေးပြဿနာတွေနဲ့ ခက်ခက် ခဲခဲရင်ဆိုင်ရဖွယ် ရှိနေပါတယ်။ တိုင်းရင်းသားအရေးတွေကို သူမအနေ နဲ့ နိုင်နင်းအောင် ကိုင်တွယ်နိုင်ပါ့မလား။

(တိုင်းရင်းသားအရေးထဲ ရိုဟိန်ဂျာ ထည့်ရ၊ မရ။ ရိုဟိန်ဂျာကိုယူရင် မရ၊ ရခိုင်ကိုယူရင်တော့ တိုင်းရင်းသားအရေးပေါ့။ ဒါဆိုရင် သူ့ သုံးသပ်ချက် မှန်တယ်။ ဒေါ်စု အကြပ်ရိုက်နေတယ်။
ဒါပေမဲ့ "နိုင်ငံရေးလုပ်ပြီး ရွေးကောက်ပွဲနိုင်ချင်ရင် ဘာသာမဲ့ ခံယူထား သူတွေတောင် မက္ကာကို ဘုရားဖူးအမြန်အပြေးပြီး မွတ်စလင်ခံယူရတယ်" ဆိုတဲ့ ဟန်တင်တန်ရဲ့ စီဗီလိုက်ဇေးရှင်းအမြင်လောက် မသေချာ၊ မသပ်ရပ် ဘူး) ဘာသာပြန်သူ။ ။

နိုင်ငံရဲ့ စီးပွားရေးတံခါးဖွင့်မှုကို အဓိကအားရှိစေတဲ့ နောက်ထပ်အချက်တစ် ခုကတော့ နိုင်ငံခြားမှာ ရောက်ရှိနေထိုင်နေကြတဲ့ မြန်မာလူမျိုးတွေပါပဲ။ မြန် မာပြည်ထဲကနေ ထွက်ပြေးသွားကြတဲ့ အဲဒီအုပ်စုဟာ အတော်ဆုံးမြန်မာ လူ မျိုးတွေပါ။ သူတို့က မွေးလာတဲ့ ကလေးတွေက နိုင်ငံတော်အပေါ်ထားရှိရ မယ့် တာဝန်ဝတ္တရားတွေကို မသိတော့ဘူးဆိုရင်တောင်မှ မြန်မာပြည်ကနေ ငယ်စဉ်မှာ ထွက်ခွာခဲ့သူတွေ၊ အရွယ်ရောက်မှ ထွက်ခွာခဲ့သူတွေကတော့ ခံစားချက်မြဲမြဲ မြန်မြန်ရှိနေကြပါလိမ့်မယ်။ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေနဲ့အတူ အဲဒီ နိုင်ငံခြားရောက်မြန်မာတွေ ပြန်လာအောင် စည်းရုံးပြီး စီးပွားရေး စ တင်လုပ်ကိုင်နိုင်မယ်ဆိုရင် နိုင်ငံအတွက် တကယ့်အခွင့်အရေးကြီးတစ်ခုဆို တာ မြေကြီးလက်ခတ်မလွဲပါပဲ။

အမေး အဖြေ

မေး။ ။ မစ္စတာလီရဲ့ အရင် “ံHard Truths to Keep Singapore going” စာအုပ်ထဲမှာတော့ မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေဟာ ကိုယ်ဘာလုပ်လို့ လုပ်ရ မယ် ဆိုတာတောင် မသိလောက်အောင် ထူလွန်းလို့ မစ္စတာလီရဲ့တစ်သက် မှာတော့ ပြုပြင်ပြောင်းလဲလာဖို့လမ်းစ မမြင်ဘူးလို့ ပြောခဲ့တယ်နော်။
ဖြေ။။ ။သူတို့က တော်တော်ကြီးခေါင်းမာတာပဲ။ ရှေ့မှာချောက် ကမ်း ပါးပဲရှိတော့တယ်ဆိုတာ သိရက်နဲ့တောင် ခေါင်းမာနေကြတုန်းပဲ။

မေး။ ။ မြန်မာ့ပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်လို့ ပြောဆိုနေကြတာတွေ ထဲမှာ မြန်မာပြည်ပြုပြင်ပြောင်းလဲလာနေတာတွေဟာ အာစီယံနိုင်ငံတွေရဲ့ အပြုသဘောဆောင်တဲ့ ဆက်ဆံမှုတွေကြောင့်လို့ ဆိုကြသလို အနောက်နိုင် ငံတွေရဲ့ စီးပွားရေးပိတ်ဆို့မှုတွေကြောင့်လို့လည်း ဆိုနေကြတယ်။ဘာကြောင့် လို့ မစ္စတာလီ ထင်ပါသလဲ။
ဖြေ။ ။ ဘာကြောင့်ပဲဖြစ်ဖြစ် ဒါက အရေးမကြီးလှပါဘူး။ အရင်နဲ့မတူတဲ့ အနာဂတ်ကိုရင်ဆိုင်ဖို့ သူတို့ဆုံးဖြတ်လိုက်ကြတယ်ဆိုတာက ပိုအရေးကြီးပါ တယ်။

မေး။ ။ တရုတ်လွှမ်းမိုးမှု ဆက်ရှိနေဦးမှာပဲလား
ဖြေ။ ။တရုတ်လွှမ်းမိုးမှု ဆက်ရှိနေလိမ့်မယ်။ အကြောင်းကတော့ တရုတ်တွေက အဝေးပြေးလမ်းမကြီးဖောက်နေလို့ပဲ။ ပြီးတော့ မြန်မာပြည် အထီးကျန်နေစဉ်မှာ နှစ်ပေါင်းများစွာ သူတို့က ကူညီထောက်ပံ့ပေးထားကြ တာ။ သူတို့အချင်းချင်းက မိတ်ဆွေရင်းတွေ ဖြစ်နေကြသလို ဒီဆက်ဆံရေး ဟာ ရေရှည်မိတ်ဆွေရင်းတွေလို ဆက်ဆံရေးဆိုတာ သူတို့ သဘောပေါက် ထားကြတယ်။ အိန္ဒိယန်းတွေကလည်း ဒီဆက်ဆံရေးကဏ္ဍထဲဝင်ဖို့ အကူ အညီတွေပေးပြီးဝင်နေကြတယ်။ ဒါပေမဲ့ တရုတ်ကို သူတို့ယှဉ်နိုင်မယ်လို့ ငါတော့ မထင်ပါဘူး။

မေး။ ။ အမေရိကန်တွေရော မြန်မာပြည်ထဲကို ခြေချလာနိုင်ဖို့ ရှိမလား ။ ဒေသတဝိုက်မှာ တရုတ်လွှမ်းမိုးမှုကို ကန့်သတ်ဟန့်တားတဲ့အနေနဲ့ပေါ့။
ဖြေ။ ။ သူတို့လာရမယ့် ခရီးက သိပ်ဝေးလွန်းတယ်။ စွမ်းအားဖြည့်တင်းဖို့ ခရီးအကွာအဝေးက မသေးလှဘူး။ တရုတ်ယူနန်ပြည်နယ်က မြန်မာပြည်နဲ့ နယ်ခြားချင်း စပ်နေတာ။

မြန်မာအားလုံးပြီး။
(အရှေ့တောင်အာရှ အပိုင်းကိုတော့ ရွေးချယ်ပြီးပဲ တင်ပေးသွားမှာပါ။ မြန်မာ ကတော့ ဒါ အကုန်ပါပဲ။

အခန်း ၅၊ အရှေ့တောင်အာရှ


မြန်မာ။ ။ ဗိုလ်ချုပ်ကြီးများလမ်းကြောင်းပြောင်းခြင်း

ရှေ့ဆက်ဖို့လမ်းဆုံးနေပြီဆိုတာသိတဲ့နောက်တော့ အကျိုးအကြောင်းညီညီ စဉ်းစားတတ်ရင် ရွေးစရာက တစ်လမ်းပဲ ရှိပါတော့တယ်။ ဒါက နောက် လှည့်ပြန်လျှောက်ဖို့ပါပဲ။ ၂၀၁၁ ခုမှာ သူတို့နိုင်ငံ ဘယ်ကို ဦးတည်ရမလဲဆို တာနဲ့ပတ်သက်လို့ မြန်မာ့ဗိုလ်ချုပ်ကြီးတစ်ချို့ဆန္ဒဘယ်လိုရှိခဲ့တယ်၊ ဘယ် လိုစတင်ပြောင်းလဲမယ်ဆိုတာကို သုံးသပ်ကြည့်ဖို့ နည်းလမ်းတွေအများကြီး ရှိပါတယ်။
ဦးနှောက်ကောင်းတွေကို စနစ်တကျရှာဖွေ၊ ရွေးခြယ်၊ မွေးမြူပြီး ရုတ်တရက် ကြီး “ဂ”ငယ်ကွေ့ ချိုးကွေ့လိုက်တာမဟုတ်သလို ရိုးရိုးသားသားနဲ့ အမြင်မှန် ရပြီး ရုတ်တရက်ပြောင်းလဲလိုက်ခြင်းမျိုးလည်း မဟုတ်ပါဘူး။ ဒီအတိုင်း ဆက်သွားနေရင်တော့ ပြိုလဲကျသွားတော့မှာပဲဆိုတာ သဘောပေါက်ပြီး သူ တို့နာမည်ကို အဖတ်ဆယ်ယူဖို့ မဖြစ်မနေပြောင်းလဲလိုက်တာမျိုးလည်း မ ဟုတ်ပါဘူး။
ဒီထက် ရှင်းရှင်းလင်းလင်းဖြစ်အောင် ရှင်းပြလို့ ရပါတယ်။ ဗိုလ်ချုပ်ကြီးေ တွ တွေ့မြင်လိုက်ရတာာက သူတို့နိုင်ငံကတော့ လမ်းဆုံးကိုရောက်နေပြီ ။ ရွေးစရာ (ဆက်သွားစရာ လမ်း) ဘာမှမရှိတော့ဘူးဆိုတာပါပဲ။

ဖွံ့ဖြိုးတိုးတက်နေတဲ့ ထိုင်းနိုင်ငံဆီ နယ်ခြားလေးကိုကျော်ပြီးကြည့်လိုက်မိ တယ်ဆိုရင်ပဲ ဒီအမြင်က ရှင်းရှင်းလင်းလင်းတွေ့မြင်ရမှာပါ။ သဘာဝ အရင်း အမြစ်အနေနဲ့ကြည့်ရင် ထိုင်းနိုင်ငံထက်ပိုပြီး မချမ်းသာဘူးဆိုရင်တောင်မှ ထိုင်းနိုင်ငံလောက်တော့ မြန်မာလည်း ချမ်းသာပါတယ်။
ဥပမာ အနေနဲ့ နှစ်နိုင်ငံလုံးကထွက်တဲ့ ရှောက်ချိုသီးတွေကို နှိုင်းယှဉ်ကြည့် ပါ။ သိပ္ပံနဲ့ နည်းပညာကို အသုံးပြုပြီးစိုက်ပျိုးထားတာ ဖြစ်နေတော့ ထိုင်းက ထွက်တဲ့ ရှောက်ချိုသီးက အလုံးပိုကြီးသလို ချိုလည်း ပိုချိုတယ်။ နောက်ပြီး ထိုင်းနိုင်ငံဟာ ဒီဒေသတွင်းမှာ သစ်ခွပန်း၊ ပန်းပင်၊ သစ်သီးတွေ တင်ပို့ရာမှာ နံပါတ်တစ် ဖြစ်နေပါတယ်။ သီအိုရီအရပြောရရင် ရာသီဥတုနဲ့ မြေသြဇာ ကြွယ်ဝမှုက နှစ်နိုင်ငံလုံး ကံကောင်းစွာ ပိုင်ဆိုင်ထားကြတော့ ထိုင်းစိုက်ပျိုး လို့ရနိုင်တာမှန်သမျှ မြန်မာပြည်မှာလည်း စိုက်ပျိုးနိုင်တာပါပဲ။ ဒါပေမဲ့ ဘာ မှ ဖြစ်မလာခဲ့ဘူး။ နောက်ထပ် စိတ်မကောင်းစရာ နှိုင်းယှဉ်ကြည့်စရာတစ်ခု က ထိုင်းနိုင်ငံက ဆေးဝါးတွေရရှိဖို့ နယ်ခြားကို ကျော်ဖြတ်ပြီး ကျောက်မျက် ရတနာ ထွင်းထွက်ပစ္စည်းတွေနဲ့ လဲလှယ်ယူနေကြရတယ်။ မြန်မာက အများ ကြီးနောက်ကျကျန်နေရစ်ခဲ့ပါတယ်။

နာဂစ်မုန်တိုင်းဒဏ်ကိုခံလိုက်ရခြင်းဟာ စစ်တပ်အရာရှိတွေကိုရော မြန် မာပြည်သူလူထုကိုပါ လှုပ်နှိုးလိုက်တာပါပဲ။ ၂၀၀၈ ခုမှာ ဖြစ်ပွားခဲ့တဲ့ ဒီဘေး ဒဏ်ကြောင့် သန်းပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်။ ဘာလုပ်လို့ ဘာ ကိုင်ရမှန်းမသိတဲ့ အစိုးရဟာ သူတို့ကိုယ်တိုင် ထိထိရောက်ရောက် ကူညီေ စာင့်ရှောက်မှုမပေးနှိုင်သလို စိတ်လိုလက်ရ အကူအညီပေးလိုတဲ့ အမေရိ ကန်၊ ပြင်သစ်စတဲ့ နိုင်ငံခြားတိုင်းပြည်တွေရဲ့ အကူအညီကိုလည်း လက်မခံခဲ့ ကြပါဘူး။
သူတို့နဲ့ ဆန့်ကျင်ဖက်သာဓက ကတော့ တရုတ်ပြည်၊ စီချွမ်း (Sichun) ပြည် နယ်မှာ လှုပ်သွားတဲ့ ငလျင်ပါ။ အပျက်အစီးအရ မြန်မာပြည်အောက် မရောက်ပါဘူး တရုတ်ပြည်ကူညီစောင့်ရှောက်ရေးအဖွဲ့တွေက ချက်ချင်းေ ရာက်သွားပြီး ကယ်ဆယ်မှု ကူညီပံ့ပိုးမှုတွေ လုပ်ပေးခဲ့ကြတယ်။ တရုတ်ခေါင်းဆောင် ပရီးမီးယား ဝင်ကျားပေါင်ကိုယ်တိုင် ဒါကို အဓိက ဦး စားပေးအနေနဲ့ ဦးဆောင်လုပ်ပြလိုက်တော့ တစ်နိုင်ငံလုံး တက်ညီလက်ညီ ကူညီပံ့ပိုးပေးခဲ့ကြပါတယ်။ မြန်မာနိုင်ငံရေး ကျွမ်းကျင်သူတွေကတော့ နာဂစ် မုန်တိုင်း အန္တရာယ်ဟာ နိုင်ငံရဲ့ စိုးရိမ်စရာအကောင်းဆုံးရေမှတ်ကိုရောက် သွားပြီး ပြောင်းလဲမှု၊ အစပျိုးပေးလိုက်တာလို့ သုံးသပ်ကြပါတယ်။ သူတို့ သုံးသပ်ချက်ဟာ အမှန်တရားးနဲ့ မဝေးလှဘူးလို့ ကျွန်တော်ထင်ပါတယ်။

မြန်မာနိုင်ငံဟာ ၂၀၁၁ ခုရောက်တဲ့အခါမှာတော့ ဆိုင်းမဆင့်ဘုံမဆင့် နဲ့ ပြုပြင်ပြောင်းလဲရေးကိုစတင်အကောင်အထည်ဖော်လာပါတော့တယ်။
နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးခဲ့တယ်။ ဒီအထဲမှာ အောင်ဆန်ုးစု ကြည် လည်းပါဝင်ခဲ့ပါတယ်။ နိုဘယ်ဆုတံဆိပ်ရှင် အောင်ဆန်းစုကြည်ကို ၂၀၁၂ ခု ကြားဖြတ်ရွေးကောက်ပွဲမှာ ပါဝင်အရွေးခံခွင့်ပြုခဲ့တယ်။ သူမလည်း အရွေးချယ်ခံရပြီး ပါလီမန်ထဲရောက်သွားခဲ့ပါတော့တယ်။ ရွေးကောက်ပွဲပြီး တဲ့အခါမှာလည်း ခပ်သွက်သွက်ပဲ နိုင်ငံရေး အကျဉ်းသားတွေကို ဆက်ပြီး လွှတ်ပေးခဲ့ပါတယ်။ ဖြစ်နိုင်တဲ့အကြောင်းတစ်ရပ်ကတော့ စီးပွားရေးပိတ်ဆို့ ထားတဲ့ နိုင်ငံတွေကို စီးပွားရေးပြန်ဖွင့်ပေးလာအောင် စည်းရုံးလုပ်ဆောင် မှုတစ်ခုပါ။ ဒီအချက်ဟာ နိုင်ငံစီးပွားရေးအတွက် အရေးကြီးတယ်ဆိုတာ သူတို့ သိထားကြပါတယ်။ အနောက်နိုင်ငံတွေကလည်း အစပထမတော့ တွန့်ဆုပ်ဆုပ်ပါပဲ။ ဒါပေမဲ့ တဖြည်းဖြည်းဖွင့်ပေးလာခဲ့ကြတယ်။
၂၀၁၂ ခု နိုဝင်ဘာလထဲမှာ အမေရိကန်သမ္မတ အိုဘားမား မြန်မာပြည်ကို အလည်ရောက်လာချိန်မှာ မြန်မာနိုင်ငံလည်း ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံပေါ် အပြည့်အဝရောက်ရှိလာခဲ့ပါတော့တယ်။




ဒီနိုင်ငံဟာ ၂၀၁၅ ခုမှာ အမှန်တကယ်လွပ်လပ်ပြီး တရားမျှတမှုရှိတဲ့ ရွေးေ ကာက်ပွဲကျင်းပလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဒီရွေးကောက်ပွဲဟာ ဒေါ်အောင်ဆန်းစုကြည် အပြတ်အသတ်အနိုင်ရပေမဲ့ စစ်အစိုးရက လုံးဝအသိအမှတ်မပြုခဲ့တဲ့ ၁၉၉၀ ခု ရွေးကောက်ပွဲပြီးမှာ ပထ မဆုံးကျင်းပနိုင်မဲ့ ရွေးကောက်ပွဲ ဖြစ်နေပါလိမ့်မယ်။ မြန်မာနိုင်ငံဟာ ဖြည်းဖြည်းနဲ့မှန်မှန် ပုံမှန်နိုင်ငံတစ်နိုင်ငံအဖြစ် ရောက်ရှိလာနေပါတယ်။

၁၉၆၀ ခုနှစ်တွေအတွင်းမှာ မြန်မာ့ခေါင်းဆောင်ဗိုလ်ချုပ်နေဝင်းဟာ ဆိုရှယ် လစ်လမ်းစဉ်ကို လိုက်ခဲ့ပါတယ်။ ပြီးတော့ ဗြိတိသျှအစိုးရက စီးပွားရေးလုပ် ဖို့ခေါ်သွင်းလာတဲ့ အိန္ဒိယန်းတွေကို အိန္ဒိယပြန်ပို့ခဲ့တယ်။ အဲဒီ အိန္ဒိယန်းတွေ က စီးပွားရေးနဲ့ ကူသန်းရောင်းဝယ်ရေး ကျွမ်းကျင်သူတွေပါ။ သူတို့ကိုပြန်လွှတ်၊ တံခါးပိတ်ဝါဒကျင့်သုံးပြီး မြန်မာလူမျိုးတွေအချင်းချင်းပဲ စီးပွားရေးလည်ပတ်နေတော့ နိုင်ငံလည်း နှစ်ပေါင်းလေးဆယ်လောက် သေသွားတယ်။

လွန်ခဲ့တဲ့ ဆယ်နှစ်ဝန်းကျင်လောက်ကတော့ ဗိုလ်ချုပ်ကြီးတွေထဲမှာ ဥာဏ် ရည်ဥာဏ်သွေး အထက်မြက်ဆုံးဖြစ်တဲ့ ခင်ညွှန့်နဲ့ ကျွန်တော်အဆက် အသွယ်ရှိခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီးတွေထဲမှာ ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ စိတ် ဝင်စားတာလည်း သူတစ်ယောက်ပဲ ရှိပါတယ်။ ဆူဟာတို့လမ်းစဉ်ကိုလိုက်ဖို့ သူ့ကို ကျွန်တော်တိုက်တွန်းခဲ့ပါသေးတယ်။ စစ်ဝတ်စုံကိုချွတ်၊ နိုင်ငံရေးပါတီထောင်၊ ရွေးကောက်ပွဲနိုင်အောင်လုပ်၊ လူထု ရဲ့ထောက်ခံမှုရလာပြီဆိုရင် စီးပွားရေးတံခါးဖွင့်လိုက်လို့ ပြောခဲ့ပါတယ်။ ကျွန်တော်ပြောပြီးလို့ မကြာခင်မှာပဲ ခင်ညွှန့်လည်း အဖမ်းခံလိုက်ရပြီး နေ အိမ် အကျယ်ချုပ် အချခံလိုက်ရပါတော့တယ်။ အဲဒီနောက် မြန်မာစစ်တပ်နဲ့ ကျွန်တော်လည်း အဆက်အသွယ်မရှိတော့ပါဘူး။ နောက်ပြီး မြန်မာပြည် သွားပြီး တိုက်တွန်းနေလို့လည်း စင်္ကာပူအတွက် အကျိုးအမြတ် ဘာမှမရှိနိုင် ဘူးလို့လည်း သုံးသပ်မိပါတယ်။
နိုင်ငံတော်တော်များများကြိုးးစားခဲ့ကြပြီး ဘယ်သူမှလည်း အောင်မြင်မှု မရရှိခဲ့ကြပါဘူး။ ဒါကြောင့် ဒီ အလုပ်ဟာ ကျွန်တော်လုပ်ရမယ့်အလုပ်လို့ မထင်တော့ပါဘူး။

ဆက်ရန်

အိန္ဒိယ၊ ဇာတ်စနစ် သံကွန်ခြာထဲမှာ (လေး)


လူတစ်ယောက်ရဲ့ ကမ္ဘာ့ အမြင် (ဂျပန်၊ ကိုရီးယား၊ အိန္ဒိယ)

မေး။ ။ အမေရိကန်နဲ့ အိန္ဒိယဆက်ဆံရေးကရော ဘယ်လိုဆက်ရှိနေမလဲ။ သူတို့ဆက်ဆံရေး ပိုမိုကောင်းမွန်လာမယ်လို့ ထင်မိပါသလား။

ဖြေ။ ။ အမေရိကန်တွေက တရုတ်နဲ့ရင်ဘောင်တန်းနိုင်တဲ့ နိုင်ငံကို လို ချင်နေတာဆိုတော့ သူတို့ဆက်ဆံရေးက အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေ မှာပဲ။ လူဦးရေ အရေအတွက် တရုတ်နဲ့ ရင်ဘောင်တန်းနိုင်တာလည်း သူတို့ ပဲ ရှိတယ်။ အိန္ဒိယရဲ့ GDP က တရုတ်အောက်နည်းပေမဲ့ GDP ရဲ့ ရာခိုင်နှုန်းေ တ်ာတော်များများကို စစ်အင်အားအတွက် အိန္ဒိယတွေက အသုံးပြုတယ်။ ဒါပေမဲ့ သူ့နေရာနဲ့သူ သုံးသင့်တယ် ထင်တယ်။ တရုတ်အမျိုးသမီးက အခု အာကာသထဲကနေ ပြန်လာပြီ။ အိန္ဒိယတွေ မလုပ်ရသေးဘူး။ သူတို့စွမ်းနိုင် တယ်ဆိုတာ သံသယမရှိပါဘူး။ ဒါပေမဲ့ အချိန်တွေလိုအုံးမယ်။ စီးပွားရေး ထောက်ပံ့မှုတွေ လိုတယ်။ တရုတ်က အမေရိကန်တွေလုပ်နိုင် သမျှ သူတို့လည်း လုပ်နိုင်တယ်ဆိုတာပြဖို့ ပြင်ဆင်နေကြပြီ။

မေး။ ။ ကိုယ်ရေးကိုယ်တာလေး နည်းနည်းမေးချင်လို့ပါ။ အိန္ဒိယ ကိုရောက်စဉ် နှစ်ခြိုက်သဘောကျစရာတွေရှိရင် ပြောပြပါလား။
ဖြေ။ ။ အိန္ဒိယကို မရောက်ဖြစ်တာတောင် အတော်ကြာပြီ။ နံပါတ်တစ်၊ သူ တို့က အင်္ဂလိပ်စကားပြောတယ်။ ဒီတော့ စိတ်ထဲမှာ နွေးနွေးထွေးထွေးရှိ တယ်။ နှစ်ကတော့ အိန္ဒိယအစားအစာ၊ သူတို့အစားအသောက်ကို ငါကြိုက်တယ်။

မေး။ ။ မစ္စတာလီက ငရုတ်သီးအစပ်ကြောက်တယ် မဟုတ်လား။
ဖြေ။ ။ စားဖိုမှုးကို ငရုတ်သီးလျော့ထည့်ဖိုပြောလို့ ရတာပဲ။ ငါမကြိုက်တာ ကတော့ ဟိုတယ်တွေဘေးမှာ အခင်းကြီး အခင်းငယ်ထိုင်ကြတာပဲ။ အိန္ဒိယ စီးတီးမှာရှိတဲ့ (India city) ဟော်တယ်အသစ် ရှယ်ရက်တန် (Sheratan) မှာတည်းနေတုံးက လမ်းဘေးမှာ ကိစ္စပြီးနေတဲ့လူတွေကို ရှင်းရှင်းကြီးမြင် ခဲ့ရဖူးတယ်။ အဲ့ဒါ သူတို့ဒီမိုကနေရစီ တဲ့။ တရုတ်ပြည်မှာဆိုရင် ဒါမျိုးတွေကို လက်ခံမှာမဟုတ်ဘူး။ တရုတ်ပြည်မှာ အိမ်ခြေယာမဲ့လူတန်းစားတွေ ဘယ်လောက်များသလဲဆိုတာတော့ ငါလည်း မသိဘူး။ ဒါပေမဲ့ ဒီလို မြို့တော်ကြီးတွေမှာ အခင်းကြီး၊ အခင်းငယ်သွားတာကိုတော့ တရုတ်အစိုးရ က ခွင့်မပြုလောက်ဘူး။

အိန္ဒိယ၊ ပြီး

အိန္ဒိယ၊ ဇာတ်စနစ် သံကွန်ခြာထဲမှာ (သုံး)


လူတစ်ယောက်ရဲ့ ကမ္ဘာ့ အမြင် (ဂျပန်၊ ကိုရီးယား၊ အိန္ဒိယ)

"အိန္ဒိယရဲ့ ပြဿနာက အိမ်၊ ပညာရေး၊ စာသင်ကျောင်းနဲ့ လူနေမှု အဆင့် အတန်းပဲ။ တချို့နေရာတွေမှာဆိုရင် ကျောင်းမရှိလို့ ဆရာတွေက သစ်ပင်ေ အာက်မှာ စာသင်ပေးကြရတယ်။ ဒီတော့ လူဦးရေများနေလည်း ပညာ မ တတ်တဲ့လူတွေတိုးတာတာပဲ အဖတ်တင်မှာပေါ့"
(လီကွမ်းယု)


မေး။ ။ အိန္ဒိယရဲ့ မတူညီကွဲပြားမှုတွေအကြောင်းကို မစ္စတာလီ ပြောခဲ့ တယ်။ ဒါပေမဲ့ ဘာသာစကား၊ ဇာတ်စနစ်တွေမပါဝင်ဘဲ ဂန္ဓီတို့၊ နေရူး တို့ နောက်မှာ အားလုံးညီညီညွတ်ညွတ် ထောက်ခံခဲ့ကြတာမဟုတ်လား။
ဖြေ။ ။ အဲသလိုမဟုတ်ဘူး။ ညီညီညွှတ်ညွှတ်ရှိတယ်ဆိုတာ ညီညွှတ်ရ မယ့်အကြောင်းနောက်ခံ ရှိနေလို့။ ဂန္ဓီက ဆားအခွန်ကို ဆန့်ကျင်တော်လှန် ခဲ့တယ်။ ဒါ့ကြောင့် လူတွေကြားမှာ သူက အိုက်ကွန်ဖြစ်ခဲ့တာ။ နေရူးက ပထ မဆုံး တစ်သီးပုဂ္ဂလခေါင်းဆောင်၊ ဒါကြောင့် သူဆီက မျှော်လင့်ချက်တွေ လည်း အများကြီးရှိခဲ့ကြတယ်။ ၁၉၄၇၊ သြဂုတ်လ၊ ၁၄ ရက်၊ အိန္ဒိယ လွတ် လပ်ရေးနေ့မှာ တော်တော်ကောင်းတဲ့မိန့်ခွန်း အင်္ဂလိပ်လိုပြောခဲ့တယ်။ မိန့်ခွန်းအဖွင့်က “သန်းခေါင်ယံအချိန်မှာ ကမ္ဘာက အိပ်မောကျနေစဉ် အိန္ဒိယက ဘဝနဲ့ လွတ်လပ်ရေးအတွက် နိုးထနေမယ်” တဲ့။
“At the stroke of the midnight hour, when the world sleeps, India will awaken to life and freedom.”
ဒါပေမဲ့ အိန္ဒိယလူဦးရေရဲ့ ခြောက်ပုံတစ်ပုံကပဲ သူ့စကားကို နားလည်တယ်။ သူ့ ကက်ရှပီးယားလေသံဝဲတဲ့ ဟိန္ဒီကလည်း ပြေပြေပြစ်ပြစ်မရှိလှဘူး။ ဒီအတွက် သူနောင်တရတဲ့အကြောင်း ပြောဖူးတယ်။ သူက ဟာရိုး (Harrow) နဲ့ ကိန်းဘရေ့ခ်ျမှာ ပညာသင် ဘွဲ့ရခဲ့သူ။

မေး။ ။ သူ့စကားကို လုံးဝနားမလည်တဲ့လူတွေကြားမှာတောင် နေရူးဟာ နတ်ဘုရားတစ်ပိုင်းလို ကိုးကွယ်ခံနေရတာပဲ။
ဖြေ။ ။ မဟုတ်ဘူး။ ဒါက ဖြစ်စေချင်တဲ့ဆန္ဒနဲ့ အတိတ်ကို ပြန်လည်တမ်း တခြင်း သဘောလောက်ပဲ။ အသက်အရွယ်ရလာလေလေ ငါတော့ စိတ် မကောင်းဖြစ်ရလေလေပဲ။ တကယ်လို့ ငယ်ငယ်ရွယ်ရွယ်နဲ့နေရူး အသက် ရှင်လျက်ရှိနေမယ်ဆိုရင်တောင် အိန္ဒိယ လူထုအဖွဲ့အစည်းကို သူပြောင်း လဲပေးနိုင်မှာ မဟုတ်ဘူး။ ငါ ငယ်စဉ်တုန်းကတော့ သူ ဒီထက် ပိုလုပ်ပေး ခဲ့သင့်တယ်လို့ စိတ်ထဲမှာ ဖြစ်ခဲ့မိသေးတယ်။ အခုမှ ငါသဘောပေါက်လာ တာက အထူးသဖြင့် ဇာတ်ခွဲခြားမှု တစ်ယူသန်အစွဲကို ဘယ်နည်းနဲ့မှ သူ ချွတ်ပေးလို့ မရနိုင်ဘူးဆိုတာပဲ။

မေး။ ။ အင်ဒီရာ ဂန္ဓီကတော့ စိတ်ဓာတ်တော်တော်မာတဲ့ အမျိုးသမီးပဲလို့ တစ်ခါက မစ္စတာလီ မှတ်ချက်ပေးဖူးသလားလို့။
ဖြေ။ ။ ဟုတ်တယ်။ သူက စိတ်ဓာတ်တော်တော်မာတဲ့ အမျိုးသမီးကြီး။

မေး။ ။ သူ အိန္ဒိယကို အုပ်ချုပ်ခဲ့တဲ့စနစ်က အာဏာရှင်ဆန်သလားလို့။ အဲသလိုခေါင်းဆောင်မှု အိန္ဒိယက လိုနေတယ်လို့များ သူမက ထင်မြင်ခဲ့ လို့လား။
ဖြေ။ ။ ဟုတ်မယ်။ အိန္ဒိယဟာ အားကောင်းတဲ့ခေါင်းဆောင် လိုတယ်လို့ ငါထင်တယ်။ နိုင်ငံရဲ့ သဘာဝကကို ကိုယ်ထင်ရာ ကိုယ်စိုင်းနေကြတာ။

မေး။ ။ သူတို့ မှာ အားသာချက် မရှိတော့ဘူးလား။
ဖြေ။ ။ သူတို့ အားသာချက်ဆိုတာကပဲ သူတို့အားနည်းချက်ဖြစ်နေတယ်။ သူတို့က အရောင်အသွေးစုံတယ်။ မတူညီဘူး။ မြေငလျင်လှုပ်မှုဖြစ်ပြီ ဆို ပါတော့၊ ကျောက်ခဲ၊ မြေခဲတွေက နေရာရွေ့သွားပေမဲ့ သူ့အစုလေးနဲ့သူ ရှိနေတယ်။ တရုတ်ငလျင်ကတော့ ကျောက်ခဲ၊ မြေခဲတွေ ဖွာကြဲသွားတယ် လို့ ဆိုလိုတာ မဟုတ်ပါဘူး။ အိန္ဒိယရဲ့ အနေအထားကျတော့ သူ့ပြည်နယ်နဲ့ သူ့ အစိုးရနဲ့သူပဲ။ သူတို့ကို ပြောင်းရွှေ့လိုက်ပေမဲ့ ပုံစံတစ်မျိုးမျိုးနဲ့ အစု
လိုက်ပြန်ဖြစ်နေတတ်တယ်။

မေး။ ။အိန္ဒိယ လူဦးရေရဲ့ အသက်ပျမ်းမျှကွာဟမှု အကြောင်းကရော ဘယ်လိုလဲ၊ သူတို့မှာ အသက်(၁၅)နှစ်နဲ့ (၃၅)နှစ်အကြား လူငယ်တွေ အများကြီးရှိနေတယ်။ ဒါက စီးပွားရေးအတွက် အားသာချက် မဟုတ်ဘူး လား။
ဖြေ။ ။ လူငယ်ထုရဲ့ မောင်းနှင်အားတော့ ရှိမှာပေါ့။ သူတို့ ကလေးမွေး ဖွားနှုန်းက ၂.၅ ရှိတယ်။ တရုတ်ထက် ပိုများတာပေါ့။ တရုတ်လည်း ကလေး တစ်ယောက်ပေါ်လစီနဲ့ပတ်သတ်လို့ တချိန်ချိန်မှာ နောင်တရစရာတော့ ရှိ တယ်။ ဒါပေမဲ့ အိန္ဒိယရဲ့ ပြဿနာက အိမ်၊ ပညာရေး၊ စာသင်ကျောင်းနဲ့ လူနေမှုအဆင့်အတန်းပဲ။ တချို့နေရာတွေမှာဆိုရင် ကျောင်းမရှိလို့ ဆရာေ တွက သစ်ပင်အောက်မှာ စာသင်ပေးကြရတယ်။ ဒီတော့ လူဦးရေများနေရင် လည်း ပညာမတတ်တဲ့လူတွေတိုးတာတာပဲ အဖတ်တင်မှာပေါ့။

မေး။ ။ တရုတ်ကိုတော့ အမေရိကားနဲ့နှိုင်းယှဉ်ပြီး စီးပွားရေးတောင့်တင်း၊ အာရှမှာ လွှမ်းမိုးမှုရှိလာနိုင်မယ်လို့ ကြိုတင်နိမိတ်ဖတ်ခဲ့တယ်။ ဒါဆိုရင် အိန္ဒိ ယကရော ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်လာနိုင်မလဲ။
ဖြေ။ ။ အိန္ဒိယသမုဒ္ဒရာထဲမှာတော့ သူတို့အားကောင်းနေလိမ့်မယ်။ သူတို့က တစ်သီးတစ်ခြားစီပေမဲ့ ဗြိတိသျှလက်ထက်က ရှိခဲ့တဲ့ ကြည်းတပ် နဲ့ရေတပ်အဆင့်အတန်းကို သူတို့ ထိန်းထားနိုင်တယ်။ ဒေလီမှာရှိတုန်းက သူတို့ရဲ့ Republic Day အခမ်းအနားကို ငါတက်ခဲ့ရဖူးတယ်။ ၁၉၉၆ ခု အိန္ဒိ ယခရီးစဉ်ကို သွားတုန်းကပေါ့။ သူတို့ စစ်ရေးပြအခမ်းအနားက တော်တော် အထင်ကြီးစရာကောင်းတာပဲ။ ခေါင်းပေါင်းတွေနဲ့ ပန်ဂျာဗီ(ပန်ချာပီ)ကြီးေ တွရော၊ အခြားတိုင်းရင်းသားစစ်သားတွေရောပဲ။ လူမျိုးတွေ ကွဲပြားနေပေ မဲ့ လေတပ်ကလည်း အားကောင်းတယ်။ အိန္ဒိယ သမုဒ္ဒရာထဲမှာတော့ သူတို့ ကို အလွယ်တကူအနိုင်ယူလို့မရဘူး။

မေး။ ။ အိန္ဒိယ လူ့အဖွဲ့အစည်းက မစည်းလုံးဘူးဆိုရင် သူတို့ (စစ်တပ်ထဲ မှာ) ကရော ဘာဖြစ်လို့ စည်းစည်းလုံးလုံးရှိနေရတာလဲ။
ဖြေ။ ။ စစ်တပ်မှာ ယူနီဖောင်းရှိတယ်လေ။ မင်းစစ်တပ်ထဲဝင်ရင် စစ်တပ် အမိန့်ကို နာခံရမှာပဲ။ ဒါပေမဲ့ နိုင်ငံရေးလောကမှာတော့ ပြည်နယ် အရာရှိ က ဒေလီကအမိန့်ကို နာခံချင်မှ နာခံတာ။ နောက်ပြီး နိုင်ငံရဲ့ လုံခြုံရေးဟာ အရေးကြီးဆုံးလို့ သူတို့ ယုံကြည်ကြတယ်။ ဒီတော့ ဒေလီကနေ မိုင်ထောင် ချီဝေးတဲ့ အက်ဒမန်ကျွန်းအပါအဝင် ကာကွယ်ရေးအတွက် ပိုပြီးတော့လည်း အားစိုက်ကြတယ်။

မေး။ ။ ပစိဖိတ်သမုဒ္ဒရာထဲမှာရော သူတို့ပါဝါ ဝင်ရောက်လာနိုင်မလား။
ဖြေ။ ။ အိန္ဒိယရေတပ်က ပစိဖိတ်ထဲ ဝင်လာမယ်လို့ ငါတော့ မထင်မိပါ ဘူး။ ငါထင်တာကတော့ တရုတ်ပဲ။ တရုတ်ဟာ မြန်မာနဲ့ ပါကစ္စတန်မှာ ဆိပ် ကမ်းကြီးတွေ တည်ဆောက်လာလိမ့်မယ်။ တကယ်တော့ ဒီဆိပ်ကမ်းတွေက အာဖရိက ကနေ ကုန်တင်ဝင်လာမယ့် သူတို့သင်္ဘောတွေ လုံခြုံရေး အတွက် ပဲ။ ဒါပေမဲ့ အိန္ဒိယသမုဒ္ဒရာထဲသွားပြီး တရုတ်က ဗိုလ်ကျချင်လို့တော့ မရဘူး။

ဆက်ရန်

အိန္ဒိယ၊ ဇာတ်စနစ် သံကွန်ခြာထဲမှာ (နှစ်)


လူတစ်ယောက်ရဲ့ ကမ္ဘာ့ အမြင် (ဂျပန်၊ ကိုရီးယား၊ အိန္ဒိယ)

"ဒီမိုကရေစီဆိုတာ ပြဿနာအားလုံးကို ဖြေရှင်းပေးနိုင်တဲ့ လိုတရ မန္တာန် မဟုတ်ဘူးဆိုတာပါ။ .....ရှည်လျားတဲ့ သမိုင်းနောက်ခံရှိတဲ့ လူ့ အဖွဲ့အ စည်းတွေမှာ ရှိပြီးသား အချက်တွေကို ရုတ်တရက်ပြောင်းလဲပစ်ဖို့ မလွယ်ကူ လှဘူး" (လီကွမ်းယု)

ဇာတ်စနစ်နဲ့ပတ်သတ်တဲ့ အတွေ့အကြုံကို ၁၉၇၀ ခုနှစ်တွေကတည်းက ကျွန်တော် သတိထားမိခဲ့ပါတယ်။ အိန္ဒိယ ဗြဟ္မဏဇာတ်ဖြစ်တဲ့ A.Sankaran ဆိုတဲ့ ကိုယ်ရေးအရာရှိ ကျွန်တော်မှာ ရှိခဲ့ပါတယ်။ သူ့ပုံပန်းသဏ္ဍန်ကို ကြည့် ပြီး ဆန်ကရန်ဟာ ဗြဟ္မဏဇာတ်လို့ ပြောလို့ရတယ်။ ကျွန်တော်ရဲ့ အိန္ဒိယ ခရီးစဉ် တစ်ခုမှာ ဆန်ကရန်လည်း ကျွန်တော်နဲ့အတူ ပါလာပါတယ်။ ကျွန်တော်တို့ အစိုးရအိမ်တော်ကို သွားတော့ (Raj Bhavan or Government House) သတိထားမိစရာတစ်ခုသွားတွေ့မိတယ်။ ကျွန်တော်တို့ အစိုးရအိမ်တော်ကိုရောက်လို့ သူက တောက်တိုမယ်ရ အလုပ် သမားတွေကို စကားပြောတော့ သူတို့အားလုံးက တလေးတစားလိုက်နာကြ တယ်။ သူ့အမူအယာနဲ့ စကားပြောဟန်ကိုကြည့်ပြီး သူဟာ ဗြဟ္မဏ တစ်ေ ယာက်ဆိုတာ သူတို့ကသိကြသလို သူ့စကားကလည်း တကယ်ထိရောက် တယ်။ ဆန်ကရန်ကတော့ အခုဆုံးသွားရှာပါပြီ။ ဒါပေမဲ့ ဒီအတွေ့အကြုံ ကိုတော့ ကျွန်တော်ဘယ်တော့မှ မေ့မှာ မဟုတ်တော့ဘူး။ ဘာမှ မဆိုင်တဲ့ စင်္ကာပူမွေး ဗြဟ္မဏတစ်ယောက်က အိန္ဒိယက အလုပ်သမားတွေကို စ ကားပြောတော့ သူဇာတ်မြင့်တာကို ကြည့်ပြီး တလေးတစားဆက်ဆံပြကြ တယ်။

နောက်ထပ်အဖြစ်အပျက်ကတော့ သိပ်မကြာခင် နှစ်ပေါင်း (၂၀)လောက် တုန်းက။ အာဂရကနေ ဒေလီကို ကားနဲ့ခရီးသွားစဉ်တုန်းကပါ။ အာဂရ (Agra) မှာ ရာထူးအမြင့်ဆုံးအရာရှိတစ်ယောက်တစ်ယောက် ကျွန်တော် နဲ့အတူရှိနေလို့ ဇာတ်စနစ်နဲ့ပတ်သတ်ပြီး သူ့ကို တီးခေါက်ကြည့်မိပါတယ်။ “ဆိုပါတော့၊ ကျွန်တော်က ကျွန်တော်ဟာ ဗြဟ္မဏတစ်ယောက်ဖြစ်ပါတယ် လို့ဆိုရင် ခင်ဗျားအနေနဲ့ ယုံကြည်နိုင်ပါ့မလား” လို့ သူ့ကိုမေးတော့
သူက “ခင်ဗျားမှာ ဗြဟ္မဏတွေရှိရမယ့် အဆင့်အတန်း၊ ကြွယ်ဝချမ်းသာမှုနဲ့ ကိုယ်ကျင့်တရားရှိမယ်ဆိုရင် ကျွန်တော်က ယုံကြည်မှာပါ၊ ဒါပေမဲ့ ခင်ဗျားက ကျွန်တော့်သမီးကို လက်ထပ်ချင်တယ်ဆိုရင်တော့ ခရေစေ့တွင်းကျ စစ်ဆေး ကြည့်ရပါလိမ့်မယ်” လို့ ပြန်ပြောတယ်။

“ဒေလီလို ရှုပ်ထွေးလှတဲ့ မြို့တော်ကြီးမှာနေသူတစ်ယောက်ရဲ့ နောက်ေ ကြာင်းကို ဘယ်လိုလုပ်လိုက်ကြည့်နိုင်ပါမလဲ” လို့ ကျွန်တော်ကမေးတော့
“ဒေလီက ဒီလောက်ကြီးရှုပ်ထွေးလီတာ မဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ်တစ်နေ ရာရာမှာတော့ ခင်ဗျား နေကိုနေရပါလိမ့်မယ်၊ ဒါဆိုရင် နောက်ကြောင်းခံ လိုက်ကြည့်ဖို့လည်း မခက်တော့ပါဘူး” လို့ သူကပြန်ဖြေပါတယ်။

ဒါတွေ ကြုံတွေ့ခဲ့ရတာက လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေကပါ။ ဒါပေမဲ့ ပြောင်းလဲ မှုထူးထူးခြားခြား မရှိလှပဲ ဒါတွေဟာ အရင်အတိုင်းပဲ ရှိနေဆဲပါ။ ပိုပြီး ခေတ် မှီတဲ့ မွန်ဘိုင်းလိုမြို့မှာတော့ ဇာတ်စနစ်က နည်းနည်းအားလျော့လာနေသလို ရှိပါတယ်။ ဒါပေမဲ့ တစ်နိုင်ငံလုံးကို ခြုံကြည့်ရင်တော့ ဇာတ်စနစ်ကို လက်မခံ သူက တော်တော်နည်းပါးပါတယ်။ ဇာတ်စနစ်အောက်ကနေ လုံးဝ လွတ်မြောက်ပါပြီလို့ အိန္ဒိယကိုယ်တိုင်ကြွေးကြော်ဖို့ကတော့ ဆယ်စုနှစ် များ စွာ ဒါမှမဟုတ်ရာစုနှစ်များစွာအထိတောင် ကြာနေနိုင်ပါသေးတယ်။

ဒါတွေကြောင့် တရုတ်နဲ့ အိန္ဒိယတို့ကြားကွာဟမှုကလည်း ပိုပိုများလာစရာပဲ ရှိပါတယ်။ အိန္ဒိယရဲ့ တစ်ဦးချင်းဝင်ငွေက (ဒေါ်လာ ၁၅၀၀) တရုတ် တစ်ဦး ချင်းဝင်ငွေက (ဒေါ်လာ ၅၄၀၀)ဆိုတော့ သုံးပုံတစ်ပုံတောင်မရှိပါဘူး။ အိန္ဒိယတိုးတက်မှုနှုန်းက တရုတ်တိုးတက်မှုနှုန်းရဲ့ ၆၀ (သို့) ၇၀ ရာခိုင်နှုန်းေ လာက် ရှိနေပါတယ်။ သူတို့တရုတ်ကို မှီလာမယ်လို့လည်း ကျွန်တော် မထင် မိပါဘူး။ အားကောင်းတဲ့ ပုဂ္ဂလိကလုပ်ငန်းတွေကြောင့် အိန္ဒိယရဲ့ အစိတ် အပိုင်းအချို့ဟာ တိုးတက်မှု မြန်ကောင်းမြန်နိုင်ပါတယ်။ မွန်ဘိုင်းက အဓိ ကနေရာဖြစ်မယ်။ ကမ္ဘာ့အဆင့်ရှိ စီးပွားရေးပညာရှင် N-R Narayana Murthy လို ပုဂ္ဂိုလ်က ဦးဆောင်တဲ့ Infasys လို ကုမ္ပဏီတွေရှိနေတော့ ဘန်ဂလော (Bangalor) မြို့ဆိုရင်လည်း ဖွံ့ဖြိုးတိုးတက်မှုနှုန်းမြန်ဆန်တဲ့ မြို့တော်ပါ။ ဒါပေမဲ့ Infosys ကုမ္ပဏီက လူပေါင်း ဘယ်လောက်အလုပ်ပေး ထားနိုင်မှာလဲ။ အဲသလို စွမ်းရည်မျိုး တစ်ပြည်လုံးမှာ ဖြန့်မထားနိုင်ဘူး။

အခွင့်အလမ်း သိပ်မရှိတာကြောင့်လည်း ဖြစ်မယ်။ နိုင်ငံရဲ့ ဗြူရိုကရေစီ စနစ်ကြောင့် လိုအပ်ချက်ကို ဖြည့်ဆည်းမပေးနိုင်လို့ စိတ်ပျက်တာကြောင့် လည်း ဖြစ်မယ် အရည်အချင်းတကယ်ရှိတဲ့ အိန္ဒိယန်းတွေဟာ နေရာ သစ်တွေ ဆီသွားရောက်နေထိုင်းပြီး အိန္ဒိယကို ပြန်မသွားကြတော့ဘူး။ ဒါကလည်း အိန္ဒိယနဲ့တရုတ်ကြားမှာ သိသာထင်ရှားလှတဲ့ ခြားနားချက်ကြီး တစ်ခုပါ။ တရုတ်တွေလည်းပဲ အမေရိကားကို အများကြီး သွားကြတာပါပဲ။ ဒါပေမဲ့ တချို့ကပြန်လာပြီး တရုတ်ပြည်ထဲမှာ စီးပွားရေးလုပ်ကြတယ်။ အိန္ဒိ ယမှာ မရရှိနိုင်တဲ့ အခွင့်အရေးတွေတရုတ်ပြည်ထဲမှာ ရှိနေတယ်။ တနည်းပြောရရင် အိန္ဒိယ ဦးနှောက်ယိုစီးမှုဒဏ်ခံနေရသလောက် တရုတ်က မခံရဘူး။ အိန္ဒိယကနေထွက်ခွာသွားတဲ့လူတွေဟာ ပထမတန်းစားတွေချည်း ပဲ။ သူတို့ကပဲ Pepsi Co တို့ Deutsche Bank တို့လို ကမ္ဘာ့ကော်ပိုရေးရှင်း ကြီးတွေကို လည်ပတ်နေတာပါ။

နောက်ပြီး သိသာထင်ရှားတဲ့ အိန္ဒိယရဲ့အားနည်းချက်က အခြေခံအဆောက် အဦး မလုံလောက်မှုပါ။ စီးပွားရေးလုပ်ရာမှာ အဓိကကျတဲ့ အခြေခံ အေ ဆာက်အဦး မပြည့်စုံတဲ့အတွက် ရင်းနှီးမြှုပ်နှံသူတွေကြားမှာ သူတို့နာမည်က မကောင်းလှဘူး။ ဆိပ်ကမ်း၊ ရထားလမ်း၊ လေယာဉ်ကွင်း ကူးလူးဆက်ဆံေ ရး၊ နေချင်စဖွယ် မြို့ပြ စတာတွေမရှိဘူး။ တရုတ်ပြည်ထဲမှာ မြှုပ်နှံမှုတွေ လုပ်နေတဲ့ ဂျပန်စီးပွားရေးသမားတချို့ သူတို့လုပ်ငန်းတွေ ထပ်ခွဲနိုင်ဖို့ အိန္ဒိယထဲကို ဝင်သွားကြတယ်။ ဟိုလည်းရောက်ရော ညံ့ဖျင်းလွန်းတဲ့ အဆောက်အဦးတွေကို မြင်တွေ့ရပြီး အံ့သြစိတ်ပျက် ဖြစ်ကြရတယ်။ ပစ္စည်းတွေကို ပြည်တွင်းထဲ ဘယ်လိုသွင်းမလဲ။ ထုတ်လုပ်ပြီးသားကုန်တွေ ကို ဘယ်လိုပြန်ထုတ်ကြမလဲ။ တရုတ်ပြည်ရဲ့ အဝေးပြေးလမ်းမကြီးဆိုရင် ၁၉၈၈ခုမှာ ကီလိုမီတာ တစ်ရာတောင်မပြည့်သေးဘူး။ ၂၀၁၀ လည်းရော က်ရော ကီလိုမီတာ (၇၄,၀၀၀) အထိရှိလာတယ်။ အမေရိကန်အဝေးပြေးလမ်းမကလွဲရင် ကမ္ဘာမှာ အရှည်ဆုံးလမ်းမကြီးပဲ။ သူတို့နဲ့ နှိုင်းစာကြည့်တော့ အိန္ဒိယက ကီလိုမီတာ (၇၀၀)ပဲ ရှိတယ်။

အိန္ဒိယအစိုးရက လာမယ့်ငါးနှစ်အတွင်း လိုအပ်တဲ့ အခြေခံ အဆောက် အဦးတွေအတွက် အမရိကန်ဒေါ်လာ ဝမ်းထရီလီယံ သုံးမယ်လို့ပြောနေ တယ်။ ဒါကို ဘယ်သူက တာဝန်ယူ တည်ဆောက်မှာလဲ။ အိန္ဒိယန်းတွေေ ဆာက်လုပ်မှာဆိုရင် အချိန်တွေ အများကြီးပိုကြာမှာ သေချာတယ်။ လက်တွေ့ကျတဲ့နည်းကတော့ ကိုရီးယား၊ ဂျပန်၊ တရုတ်တွေကို ပေးပြီး အဆောက်ခိုင်းလိုက်ဖို့ပဲ။ ဒါဆိုရင် လေးငါးနှစ်အတွင်းမှာ ပြီးနိုင်မယ်။ အိန္ဒိယက ဒါမျိုးရော လုပ်ပါ့မလား။ ကျွန်တော့်အထင်ကတော့ သိပ်မသေ ချာလှပါဘူး။

အိန္ဒိယနဲ့ပတ်သတ်ပြီး ဒီလို သုံးသပ်နေရတာ တကယ်ဝမ်းနည်းစရာပါ။ စစချင်းမှာတော့ အိန္ဒိယက ဒီမိုကရေစီ၊ တရုတ်က တစ်ပါတီအာဏာရှင် စနစ်မို့ အိန္ဒိယကို အမှတ်တွေ ပိုပေးခဲ့မိပါတယ်။ အသက်အရွယ် ရလာ တာနဲ့အမျှ ကျွန်တော်သိလိုက်ရတာနှစ်ခုရှိပါတယ်။ တစ်ခုကတော့ ဒီမို ကရေစီဆိုတာ ပြဿနာအားလုံးကို ဖြေရှင်းပေးနိုင်တဲ့ လိုတရ မန္တာန် မဟုတ်ဘူးဆိုတာပါ၊ ဒီမိုကရေစီစနစ်သာကျင့်သုံးရင် တရုတ်ပြည်လည်း ဒီနေ့တရုတ်ပြည်အနေအထားမှာ မရှိနိုင်ပါဘူး။ နောက်တစ်ချက်ကတော့ တချို့လူ့အဖွဲ့အစည်းတွေရဲ့ အလုပ်ခွင်မှာ ပြင်ရခက်တဲ့ အခြေခံအချက်ေ တွရှိနေတယ်။ အထူးသဖြင့် ရှည်လျားတဲ့ သမိုင်းနောက်ခံရှိတဲ့ လူ့အဖွဲ့ အစည်းတွေမှာ အဲ့ဒီ ရှိပြီးသား အချက်တွေကို ရုတ်တရက်ပြောင်းလဲပစ်ဖို့ မလွယ်ကူလှဘူးဆိုတာပါ။ အိန္ဒိယဆိုရင် သူတို့ပြည်တွင်းထဲမှာ ကို ပဲ ပြောင်းလဲလို့ မရနိုင်လောက်အောင် အမြစ်တွယ်နေတဲ့ ဇာတ်စနစ်ကြီး ရဲ့ လှောင်အိမ်ထဲမှာ အပိတ်ခံနေရပါတယ်။

ဆက်ရန်

အိန္ဒိယ၊ ဇာတ်စနစ် သံကွန်ခြာထဲမှာ (တစ်)


လူတစ်ယောက်ရဲ့ ကမ္ဘာ့ အမြင် (ဂျပန်၊ ကိုရီးယား၊ အိန္ဒိယ)

"တစ်နိုင်ငံက လုပ်ဆိုလုပ်ချလိုက်တယ်။ နောက်တစ်နိုင်ငံက စကားတွေပဲ စွတ်ပြောနေပြီး လုပ်တဲ့အဆင့်ကို ရောက်မလာနိုင်ဘူး။ တရုတ်တွေ ဆီ မှာ တွေ့မြင်ရတဲ့ စည်းလုံးခြင်းရဲ့အင်အားမျိုး အိန္ဒိယမှာ မတွေ့ရဘူး" (လီကွမ်းယု)

တရုတ်နဲ့ အိန္ဒိယကြားမှာ တိုင်းတာစရာ တူညီမှုဘာမှ မရှိဘူးဆိုတဲ့ကောက် ချက် ဒီနှစ်တွေအတွင်းမှာ ကျွန်တော်ဆွဲလိုက်နိုင်ခဲ့ပါတယ်။ တရုတ်ပြည်ဟာ မူလဘူတကျကျတိုးတက်လာခဲ့ပြီး လူမျိုးအနေနဲ့လည်း တစ်မျိုးတည်းဖြစ် လာပါတယ်။ တကယ်တော့ နိုင်ငံတစ်ခုကို ပြင်ပကမ္ဘာက ဖန်ဆင်းပေးလို့ မရပါဘူး။ တရုတ်ပြည်မှာ ဟန်လူမျိုးက (၉၀) ရာခိုင်နှုန်းရှိနေပြီး သူတို့ပြော တဲ့စကားကိုလည်း တစ်နိုင်ငံလုံးက နားလည်ကြတယ်။ အိန္ဒိယမှာ ဒေသသုံးဘာသာစကားပေါင်း (၄၀၀)ကျော်ရှိနေပြီး (အီကော်နော် မစ်၊ ဖေဖော်ဝါရီ၊ ၂၀၁၂) ဗြိတိသျှအစိုးရလက်ထက် ရထားလမ်းတွေနဲ့ နယ်မြေတွေဆက်သွယ်မပေးခင်က သူ့လူစု၊ သူ့ဘုရင်နဲ့သူ ရှိနေခဲ့ကြပါတယ်။ အဲသလို ဘာသာစကားမတူကွဲပြားနေမှုကြောင့် ဒေလီမြို့တော်ကနေ ပြီး နိုင်ငံလူဦးရေရဲ့ (၄၀)ရာခိုင်နှုန်းထက်ကျော်တဲ့လူတွေကို စကားမပြောနို င်တော့ပါဘူး။ ဒေလီဟာ ဟင်ဒီစကား အများဆုံးပြောတဲ့မြို့ပါ။ ၂၀၁၁ ခု စစ် တန်းအရ အိန္ဒိယလူဦးရေရဲ့ (၄၁)ရာခိုင်နှုန်းဟာ ဟင်ဒီစကားပြောပြီး ဟိန္ဒူ မ ဟုတ်တဲ့ ပန်ချာပီတွေလည်း ဟင်ဒီစကားကို နားလည်နိုင်ကြပါတယ်။ အခြားဘာသာစကားတွေဖြစ်ကြတဲ့ တမီး(လ်)တို့၊ ပန်ဂျာဘီ(ပန်ချာပီ)စကား တို့ဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်နေပါတယ် ဆိုတဲ့ သမိုင်းအထောက် အထား လုံးဝမရှိပါဘူး။ ဒီဘာသာစကားတစ်မျိုးမျိုးကို ပြောနေရင် နားမလည်သူတွေ အဖို့ ဂရိစကားကို ပြောနေသလိုပါပဲ။ အင်္ဂလိပ်စကားပြောမယ်ဆိုရင် လူဦးရေ ၁.၂ ဘီလီယံထဲက သန်း(၂၀၀)လောက်နားလည်မယ်။ ဟင်ဒီစကားပြောရင် သန်း(၅၀၀)လောက်က နားလည်မယ်။ တမီး(လ်)စကားပြောရင် သန်း(၆၀) ဝန်းကျင်လောက်ကပဲ နားလည်မယ်။ ဒီအချက်ဟာ ဝန်ကြီးချုပ်ဖြစ်လာသူ တစ်ယောက်အတွက် အကြီးအကျယ် အဟန့်အတားကြီးတစ်ခုပါပဲ။ ဘယ်ဝန်ကြီးချုပ်မှလည်း ဒီဘာသာစကားတွေအားလုံး ပြောနိုင်ဖို့ မစွမ်းနိုင်ပါ ဘူး။

အိန္ဒိယဟာ ဘယ်တုံးကမှ လူမျိုးတစ်မျိုးတည်းနိုင်ငံမဖြစ်ခဲ့ပါဘူး။ လူမျိုး တစ် မျိုးတည်းဆိုတာက ဗြိတိသျှအစိုးရနဲ့ အိန္ဒိယအမျိုးသားရေးဝါဒီတွေရဲ့ စည်း ရုံးရေးစကားသက်သက်ပါ။ သူတို့ ဘယ်လောက်ပဲကြိုးစားခဲ့ကြပါစေ ဒီအယူ အဆက အမှန်တရားဆိုတာထက် စိတ်ဓာတ်ရေးရာ သဘောတရားလောက် ပဲ ရှိပါတယ်။

အိန္ဒိယနဲ့တရုတ် ရှေးဟောင်းယဉ်ကျေးမှုကြီးနှစ်ခုကို နှိုင်းယှဉ်ကြည့်တော့ ဒါကလည်း ပန်းသီးနဲ့ လိမ္မော်သီးလိုပါပဲ။ တရုတ်ပိုင်ဆိုင်ရရှိခဲ့တာတွေကို အိန္ဒိယရော ပိုင်ဆိုင်ရရှိနိုင်မလားဆိုတဲ့ မေးခွန်းဟာ ပန်းသီးကို လိမ္မော် သီးဖြစ်အောင် လုပ်လို့ရမလားဆိုတဲ့ မေးခွန်းနဲ့အတူတူပါပဲ။ အိန္ဒိယနဲ့ တရုတ် တို့ အခြေခံ မတူညီတဲ့ယဉ်ကျေးမှုတွေရဲ့ ရလာဒ်က တော်တော်ထင်သာမြင် သာရှိပါတယ်။ တစ်နိုင်ငံက လုပ်ဆိုလုပ်ချလိုက်တယ်။ နောက်တစ်နိုင်ငံက စကားတွေပြောနေပြီး လုပ်တဲ့အဆင့်ကို ရောက်မလာနိုင်ဘူး။ တရုတ်တွေ ဆီမှာ တွေ့မြင်ရတဲ့ စည်းလုံးခြင်းရဲ့အင်အားမျိုး အိန္ဒိယမှာ မတွေ့ရဘူး။

အိန္ဒိယနိုင်ငံရေးပေါ်လစီတွေထဲမှာလည်း အက်ကြောင်း တွေ့ရပြန်တယ်။ ဒေ လီမှာရှိတဲ့အရာရှိက အခြားပြည်နယ်ကအရာရှိကို ဘာလုပ်ဆိုတာမျိုး သွားပြောလို့မရဘူး။ ပြည်နယ်အရာရှိက ဒေလီကလူရဲ့ ထောက်ခံမဲအပေါ် ရပ်တည်နေတာမဟုတ်ဘူး။ သူအုပ်ချုပ်နေတဲ့ ဒေသတွင်းက လူတွေေ ထာက်ခံရင် ဟိုလူမထောက်ခံလည်း သူက ဘာမှမဖြစ်ဘူး။ တရုတ်ပြည်မှာ ဗဟိုကပေးတဲ့အမိန့်ကို မလိုက်နာဘူးဆိုရင် ဘေးဖယ်ခံရမှာပဲ။ တရုတ်ပြည်က ပြည်ထောင်စုတစ်စုတည်းအနေနဲ့ ခရီးဆက်နေချိန် အိန္ဒိယ ကတော့ မတူညီတဲ့ကွဲပြားမှုတွေကြောင့် တစ်ပေါင်းတစ်စည်းတည်းဖြစ်လာဖို့ လွယ်ကူလိမ့်မယ်မဟုတ်ဘူး။

တရုတ်နိုင်ငံရဲ့ ကလေးတစ်ယောက်ပေါ်လစီကိုကြည့်ပြီး ပြောစရာရှိကောင်း ရှိနိုင်မယ်။ ဒါပေမဲ့ တရုတ်ပြည်က ဥပဒေဘောင်ထဲကနေ ပြတ်ပြတ်သား သားဆောင်ရွက်တတ်တဲ့အကျင့်ကိုလည်း သတိရသင့်ပါတယ်။ ၂၀၁၂ ခု၊ စက်တင်ဘာလသတင်းမှာ ပါလာခဲ့တယ်။ ရှန်ရှီပြည်နယ်က ဖိန်ကျင်းမေ (Feng Jianmei) ဆိုတဲ့အမျိုးသမီးက အစိုးရခွင့်ပြုချက်မရပဲ ကိုယ်ဝန်ဆောင် ထားလို့ဆိုပြီး (၇)လသားကိုယ်ဝန်ကို အစိုးရက ဖျက်ချခိုင်းခဲ့တယ်။ အဲဒီ အချက်က ဗဟိုဦးစီးမှုစနစ်ဟာ ဘယ်လိုရှိတယ်ဆိုတာ ပြသနေပါတယ်။ မင်း ဥပဒေကို ချိုးဖောက်တယ်။ ဒါဆို ကိုယ်ဝန်ဖျက်ချ၊ အဲသလိုမျိုးပါ။ အိန္ဒိယက အဲသလိုဖိအားပေးဖို့ အသာထား၊ အဲသလို ဥပဒေမျိုးကို ထုတ်မှာမဟုတ်ပါ ဘူး။ အိန္ဒိယအရှုပ်တော်ပုံထဲက နောက်တစ်ချက်က ဇာတ်ခွဲခြားမှုစနစ်ပါပဲ။ အဲဒီအချက်ကလည်း နိုင်ငံရဲ့တိုးတက်မှုကို နှေးကွေးစေတဲ့ အဓိကအချက်ပါ။ သူတို့ဇာတ်စနစ်အရ ကိုယ်အောက်နိမ့်တဲ့ဇာတ်ရှိသူကို လက်ထပ်လိုက်ရင် ကိုယ်ပါ အလိုလိုဇာတ်နိမ့်ထဲပါသွားတယ်။ ဒီတော့ ဗြဟ္မဏက ဗြဟ္မာချင်း၊ ကုန်သည်က ကုန်သည်ချင်း၊ ဆင်းရဲသားက ဆင်းရဲသားချင်းပဲ လက်ထပ် ကြတော့တယ်။ ဟိန္ဒူဘုန်းကြီးဖြစ်နေတဲ့ ဗြဟ္မဏဇာတ်တွေဟာ ကမ္ဘာမှာ ဘယ်လူတန်းစားနဲ့မဆို ရင်ဘောင်တန်းနိုင်တဲ့ ဥာဏ်အရည်အသွေး ရှိ တယ်။ တော်တော်များများက ဘာသာစကားပေါင်းများစွာပြောနိုင်ကြတယ်။ ဒီတော့ ဒီဇာတ်စနစ်ကြီးက အိန္ဒိယကို ဘယ်လိုထိခိုက်လာသလဲ။

ကျွန်တော့်အကြံပြုချက်ဟာ ပေါ်ပြူလာမဖြစ်နိုင်ပေမဲ့ ဒါဟာ လုံးဝအမှန် တရားဆိုတာတော့ ကျွန်တော်ယုံကြည်ထားပါတယ်။ ဗြဟ္မဏလူတန်း စားတွေထဲမှာပဲ တဝဲဝဲလယ်နေတယ်။ တရုတ်ရှေးဟောင်း ယဉ်ကျေးမှုကို ကြည့်ရင် ထက်မြက်တဲ့အစိုးရအရာရှိ၊ ဘုရင့်အရာရှိတစ်ယောက်ဟာ မိန်း မတွေအများကြီးယူခွင့်ရှိပြီး သူ့မျိုးရိုးဗီဇတွေကလည်း အများကြီးပျံ့နှံ့သွား တယ်။ ဗြဟ္မဏတစ်ယောက်ကျတော့ သူရဲ့ဇာတ်တစ်ဆင့်ချမပေးဘဲ ဗြဟ္မဏမဟုတ်သူကို လက်ထပ်လို့ မရတော့ ဘူး။ ဇာတ်စနစ်သာမရှိရင် ဗြဟ္မဏတွေက သူတို့မျိုးရိုးဗီဇကို ပျံ့နှံ့စေပြီး၊ (၅၀) ရာခိုင်နှုန်း ဗြဟ္မာဏတွေ အများကြီးရှိလာနိုင်ပါတယ်။

ဆိုပါတော့၊ နိုင် ငံတစ်ခုမှာ ဥပဒေအသစ်တစ်ခုတိုးလာတယ်။ တက္ကသိုလ် ဘွဲ့ရတစ်ယောက်က တက္ကသိုလ်ဘွဲ့မရသူကို ကိုယ့်ရှိပြီးသား အဆင့်အတန်း မစွန့်လွတ်ပဲ လက်ထပ်ခွင့်မရှိဘူးဆိုရင် အဲ့ဒီလူ့အဖွဲ့အစည်းဘယ်မှာ လမ်း ဆုံးသွားမလဲ။

ဆက်ရန်

လူတစ်ယောက်ရဲ့ ကမ္ဘာ့ အမြင် (ဂျပန်၊ ကိုရီးယား၊ အိန္ဒိယ)


ကိုရီးယား အမေး၊ အဖြေ

"ဗမာစစ်ခေါင်းဆောင်တွေက ဒီပုံအတိုင်းဆိုရင် ဘယ်မှရောက်မှာ မဟုတ်တော့ဘူးဆိုတာ သဘောပေါက်လို့ ပြောင်းသွားကြတာ။... မြန်မာ စစ်ဗိုလ်ချုပ် ကြီးတွေ လုံခြည်နဲ့ ခေါင်းပေါင်း ဝတ်ထားတာကို ကြည့်၊ ကိုရီးယားတွေလောက် ရက်စက် ခေါင်းမာပုံ မပေါက်ဘူး။ လူတွေချင်း မတူကြ ဘူး" (လီကွမ်းယု)
ဆရာကြီးရယ်၊ ဟုတ်ရဲ့လားဗျာ။

မေး ။ ။ အရှေ့မြောက်အာရှမှာ နျူးကလီးယားလက်နက် ပြိုင်ဆိုင်မှုတွေ ရှိလာနိုင်တယ်လို့ မြင်ပါသလား။
ဖြေ ။ ။ မြောက်ကိုရီးယားမှာ နျူးကလီးယားလက်နက် ရှိနေပြီတောင် ဖြစ်နိုင်တယ်။ တောင်ကိုရီးယားပဲ ပိုင်ဆိုင်ဖို့ ရှိတော့တယ်။ သူတို့အနေနဲ့ စွမ်းနိုင်တယ်လို့လည်း ငါ ထင်တယ်။ အမေရိကန်က စီးပွားရေး ကျဆင်း သွားပြီး အာရှထဲမှာ ခွန်အားဖြည့်တင်းဖို့ မစွမ်းနိုင်တော့ဘူးဆိုရင် ဒါ ဖြစ် လာနိုင်တယ်။ အဲဒီအချိန်မှာ အမေရိကန်တွေ အာမခံထားတဲ့ တောင် ကိုရီး ယားနဲ့ ဂျပန်တို့ရဲ့ လုံခြုံရေးကိစ္စကလည်း မရှိနိုင်တော့ဘူး။

မေး ။ ။ ဒီလိုဆိုရင် နျူကလီးယားပိုင်ဆိုင်ချင်တဲ့အထဲမှာ ဂျပန်တွေလည်း ပါဝင်နေပြီပေါ့။
ဖြေ ။ ။ သူတို့ကတော့ ဟီရိုရှီးမားနဲ့ နာဂါဆာကီမှာ ခံထားရတော့ နျူး ကလီးယား ပိုင်ဆိုင်ဖို့ ကြိုးစားတဲ့နေရာမှာ နောက်ဆုံးက ဖြစ်နေလိမ့်မယ်။ အဲဒီမြို့တွေမှာ သေဆုံးသွားတဲ့ လူတွေကြောင့် သာမက ဗုံးရဲ့အကျိုး ဆက်ဖြစ် သွေးကင်ဆာ (leukemia) စတဲ့ ရောဂါတွေကြောင့် သေဆုံးရတဲ့ လူတွေကိုပါ ထည့်သွင်းစဉ်းစားကြလိမ့်မယ်။ ဒီတော့ သူတို့ကတော့ နျူး က လီးယားကို စိတ်အနာကြီး နာနေကြမယ်။

မေး ။ ။ တကယ်လို့ ဂျပန်ရော တောင်ကိုရီးယားပါ အနုမြူလက်နက်တွေ ပိုင်ဆိုင်ထားကြပြီးဆိုရင် အရှေ့မြောက်အာရှဒေသတွင်းမှာ လုံခြုံ မသွားနိုင် ဘူးလား။ အားလုံးက အနုမြူတွေ ရှိနေတော့ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ စစ်ဖြစ်ရဲ မှာ မဟုတ်တော့ဘူး။
ဖြေ ။ ။ ဒါက အခြေအနေ အရပ်အရပ်အပေါ် မူတည်နေလိမ့်မယ်။ အနုမြူလက်နက်နဲ့ ပတ်သက်တဲ့ သီအိုရီတွေကလည်း အများသားလား။ မင်းက အနုမြူနဲ့ ရန်သူကို တစ်ချက်တည်း အပြီး လက်ဦးမှုယူပြီး တိုက် လိုက်နိုင်ရင် ရန်သူက ဘာမှ သိပ်တုန့်ပြန်နိုင်မှာ မဟုတ်တော့ဘူးလေ။ တစ်ချက်တည်း မပြတ်လိုက်ဘူးဆိုရင်တော့ ရန်သူက ပြန်တိုက်လာမှာ။ ဒါဆိုရင်တော့ အပြန်အလှန် ပစ်ခတ်ကြရင်းနဲ့ အတော် ကြောက်စ ရာ ကောင်းမယ်ဆိုတာ မြေကြီးလက်ခက် မလွဲပဲ။

မေး ။ ။ လာမယ့်နှစ် (၂၀) အတွင်း ကိုရီးယားကျွန်းဆွယ်မှာတော့ စစ်ဖြစ်နိုင်ခြေ မရှိဘူးလို့ ထင်တယ် မဟုတ်လား။
ဖြေ ။ ။ မဖြစ်လောက်ဘူးလို့ ထင်တယ်။ ဘယ်သူ့ အကျိုးအမြတ်မှ မရှိဘူး။

မေး ။ ။ မြောက်ကိုရီးယား ခေါင်းဆောင်မှုပိုင်း အနေနဲ့ လစ်ဗျားဆီကနေ သင်္ခန်းစာ ယူနိုင်သလို မြန်မာဆီကကော သင်္ခန်းစာ ယူနိုင်မယ် မဟုတ်ဘူး လား။ သူတို့ စစ်အာဏာရှင်လည်း နောက်ဆုံး စိတ်ပြောင်းခဲ့ကြတာပဲ။
ဖြေ ။ ။ ဗမာစစ်ခေါင်းဆောင်တွေက ဒီပုံအတိုင်းဆိုရင် ဘယ်မှရောက်မှာ မဟုတ်တော့ဘူးဆိုတာ သဘောပေါက်လို့ ပြောင်းသွားကြတာ။ ထိုင်းနိုင်ငံ ဖွံ့ဖြိုးတိုးတက်နေတာကို သူတို့ တွေ့ရတယ်။ ဒီပုံစံနဲ့ ဆက်ပြီးခရီးဆက်လို့ မရနိုင်တော့ဘူး၊ နောက်ဆုံး ပြိုလဲကျသွားမှာဆိုတာကို သူတို့ သိသွားကြ တယ်။ ဒါပေမဲ့ မြောက်ကိုရီးယားတွေက ယဉ်ကျေးမှုအရရော ပုံသဏ္ဍာန် အရပါ မတူ ကွဲပြားနေကြတယ်။ မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေ လုံခြည် နဲ့ ခေါင်းပေါင်း ဝတ်ထားတာကို ကြည့်၊ ကိုရီးယားတွေလောက် ရက် စက် ခေါင်းမာပုံ မပေါက်ဘူး။ လူတွေချင်း မတူကြဘူး။



မေး ။ ။ ကင်ဒေးဂျုံ (Kim Dae-Jung) ရဲ့ ဆန်းရှိုင်းပေါ်လစီ အချိန်ကနေ စပြီး တောင်ကိုရီးယားရဲ့ မြောက်ကိုရီးယားအပေါ် ကျင့်သုံးတဲ့ ပေါ်လစီက ရုတ်တရက်ကြီး ပြောင်းသွားခဲ့တယ်။ သမ္မတလီမြောင်ဘတ် (Lee Myung-bak) ဆိုရင် တော်တော် တင်းမာတဲ့ ပေါ်လစီကို ကျင့်သုံးခဲ့တာပဲ။ အဲဒါ ပညာသားပါတဲ့ ပေါ်လစီလား။
ဖြေ ။ ။ ကင်ဒေးဂျုံရဲ့ ပေါ်လစီကတော့ အလုပ် မဖြစ်ပါဘူး။ အလုပ် သာ ဖြစ်ခဲ့ရင် ဒီပေါ်လစီကို ဆက်ပြီး ကျင့်သုံးမှာပေါ့။ မြောက်ကိုရီးယားက ဒါကို အခွင့်ကောင်းယူနေတာ။ လီမြောင်ဘတ်ရဲ့ ပေါ်လစီက အဓိပ္ပါယ် ပိုရှိတယ်။ မင်းက အစာကျွေးလို့ ကျေးဇူးတင်ရကောင်းမှန်းမှ မသိ၊ လက်ကိုပါ ကိုက်နေမှတော့ ဘာလို့ ဆက်ကျွေးနေတော့မှာလဲ။

မေး ။ ။ တောင်ကိုရီးယားနဲ့ ပတ်သက်လို့ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က မစ္စတာလီ မှတ်ချက်ပေးဖူးတယ်။ တောင်ကိုရီးယားဟာ မာရှယ်လော ဥပဒေအောက်ကနေ ရုတ်တရက်ကြီး လွတ်လပ်တဲ့ ဒီမိုကရေစီ ပုံစံ ကို ပြောင်းခဲ့တယ်။ အဲသလို ရုတ်တရက် ပြောင်းလဲတဲ့ နိုင်ငံတိုင်း ပြဿ နာတွေ ကြုံတွေ့ရတယ် စသဖြင့်ပေါ့။ အခုလက်ရှိ တောင်ကိုရီးယားကို ကြည့်ပြီး သူတို့ပြောင်းလဲမှု အောင်မြင်ခဲ့တယ်လို့ မထင်မိဘူးလား။
ဖြေ ။ ။ စစ်မက်လိုလားတဲ့ အဖွဲ့အစည်းတွေ မပါဘဲ ဖြည်းဖြည်း ချင်း ပြောင်းလဲယူကြလိမ့်မယ်လို့ ငါက တွက်ထားတာ။ အဲဒီ အဖွဲ့အစည်းတွေ က အခုလည်း စစ်သွေးစစ်မာန် ရှိနေတုန်းပါပဲ။ သူတို့ လက်သီးလက်မောင်းေ တွ တန်းပြီး ဆန္ဒပြနေပုံတွေကို မင်းတို့ မြင်ဖူးမှာပဲ။ အဲဒါ သူတို့ယဉ်ကျေးမှုရဲ့ အစိတ်အပိုင်းပဲ။

မေး ။ ။ တချို့ကလည်း ဒါကို စွမ်းရည်ပြသတာလို့ ပြောကြပါတယ်။ သူတို့ ဘယ်လောက် စည်းကမ်းသေဝပ်သလဲဆိုတာ ပြတာမျိုးပေါ့။
ဖြေ ။ ။ ဂျပန်လူမျိုးတွေလည်း သန်မာတာပါပဲ။ သူတို့ အဖွဲ့အစည်းတွေ ဆန္ဒပြရင် လက်ပတ်လောက်ပဲ လက်မောင်းမှာ ပတ်ထားကြတာပါ။ ဂျပန်တွေက သူတို့ ရင်ဆိုင်ရတဲ့ ပြဿနာတွေထက် ကုမ္ပဏီတွေနဲ့ နိုင်ငံကို ဦးစားပေး စဉ်းစားကြတယ်။ ဒီအချက်ကို ထောက်ဆကြည့်ရင် ကိုရီးယားနဲ့ ဂျပန် တူကိုမတူဘူး။

ကိုရီးယားအားလုံး ပြီး

မြောက်ကိုရီးယား (သို့မဟုတ်) ဆင်သေကို ဆိတ်သားရေနဲ့ ဖုံးသူ(၃)


လူတစ်ယောက်ရဲ့ ကမ္ဘာ့ အမြင်
(ဂျပန်၊ ကိုရီးယား၊ အိန္ဒိယ)

နောက်ပြီး ဒီ တောင် မြောက်ကိုရီးယားအနေအထားက မတည်မငြိမ် အနေ အထားမျိုးလည်း မဟုတ်ပါဘူး။ ဒီတော့ ပါဝင်ပတ်သက်နေတဲ့ နိုင်ငံအားလုံး ဟာ ဒီပုံစံအတိုင်းပဲ (၁၀) နှစ်၊ အနှစ် (၂၀) ကြာအောင် ရှိနေပါလိမ့်မယ်။ ဘာ မှ အပြောင်းအလဲ မရှိသလောက် ဖြစ်နေမယ်။ နောက်ဆုံးတော့ အနှေးနဲ့ အမြန် မြောက်ကိုရီးယားလူထု ပေါက်ကွဲလာပြီး စစ်အာဏာရှင်စနစ် ဇာတ် သိမ်းသွားလိမ့်မယ်။ သူတို့ အုပ်ချုပ်တဲ့ စနစ်ကြီးက တကယ့်ကို မခံမရပ်နိုင် စ ရာကြီးမို့ပါ။ ဒီအနေအထားမျိုး မြန်မြန် ရောက်မလာအောင် ကင် (မ်) မိသား စုကလည်း တတ်နိုင်သလောက် နည်းမျိုးစုံနဲ့ ထိန်းချုပ်ဖို့ ကြိုးစားမှာပဲ။ အချိန် အတော်ကြာသည်အထိ ဆွဲထားဦးမယ့် သဘောပါ။ သာမန် မြောက်ကိုရီး ယား ပြည်သူလူထုကြီး ပြင်ပကမ္ဘာနဲ့ ဆက်သွယ်မိသွားမှ အပြောင်းအလဲ က ဖြစ်တော့မယ့် သဘောပါ။

အခုလက်တလောမှာတော့ မြောက်ကိုရီးယားက ကမ္ဘာ့ပြဿနာရှာတဲ့ နိုင် ငံအနေနဲ့ နျူးကလီးယား လက်နက်ပိုင်ဆိုင်ဖို့ ကြိုးစားနေတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ သူတို့ကို ပြောနိုင်ဆိုနိုင်တာကလည်း တရုတ်ပြည်ပဲ ရှိတယ်။ တရုတ်ပြည်ကလည်း အခုအထိတော့ နျူးကလီးယားကိစ္စကို လက်လျော့ သွားအောင် မစည်းရုံးနိုင်သေးဘူး။ လက်ရှိစစ်အစိုးရ အာဏာတည်မြဲရေး အတွက် နျူးကလီးယားလက်နက် ပိုင်ဆိုင်ခြင်းဟာ အဓိကကျတယ်ဆိုတာ ကို မြောက်ကိုရီးယားတွေက သဘောပေါက်ကြတယ်။ နောက်ပြီး တရုတ် က တောင်ကိုရီးယားဆီက နည်းပညာနဲ့ အရင်းအနှီးကို လိုချင်ပြီး တောင် ကို ရီးယားနဲ့ ချက်ချင်း ရင်းရင်းနှီးနှီး ပေါင်းလိုက်တော့ တရုတ်ပြည်ကိုလည်း သူ တို့က အကြွင်းမဲ့ မယုံကြည်ကြတော့ဘူး။

မြောက်ကိုရီးယားတွေက နျူးကလီးယားလက်နက်ကို ဖန်လှောင်အိမ်ထဲမှာပဲ ထားပြီး အရေးကြုံမှ ဖန်လှောင်အိမ်ကို ခွဲဖောက်မယ့် သဘောရှိပါတယ်။ ဒီကြားထဲမှာ နိုင်ငံတကာကပေးတဲ့ ထောက်ပံ့ကြေးတွေကို ထိုင်ယူနေ ကြ လိမ့်မယ်။ နျူးကလီးယားကိစ္စကို သူတို့ လက်လျော့လိုက်ကြမှာတော့ မဟုတ် ဘူး။
ကျွန်တော်ကိုယ်တိုင်သာ သူတို့နေရာမှာ ဆိုရင်လည်း ဒီတွက်ကိန်းအတိုင်း လုပ်မိမှာပါပဲ။ တရုတ်ကလည်း ကျွန်တော့်ကို ဖိအားတွေ ပေးနေပါလိမ့်မယ်။ ကျွန်တော် ကျရှုံးသွားလို့ သူတို့ အကျိုးအမြတ်လည်း မရှိဘူး၊ ဒီတော့ ကျွန်တော်ကရော ဘာဖြစ်လို့ တရုတ်အစိုးရစကားကို နားထောင်နေတော့မှာ လဲ။ ရှေ့မှာ လစ်ဗျားက ပြထားခဲ့တာ ရှိဖူးပြီးသားပဲ။ သူတို့ စိတ်ဝင်စားတာ က နျူးကလီးယားလက်နက် ပိုင်ဆိုင်ဖို့ ကြိုးစားနေခြင်းပဲ။ လစ်ဗျားက ကဒါဖီ ဆိုရင် အနောက်နိုင်ငံတွေရဲ့ စကားကို နားထောင်ပြီး နျူးကလီးယား လက် နက် ပိုင်ဆိုင်ရေးကို လက်လျှော့ခဲ့တယ်။ ဒါနဲ့ ပြည်တွင်း မငြိမ်မသက်နဲ့ ပုန် ကန်မှု ထဖြစ်ရော။ ပြင်သစ်နဲ့ အမေရိကန်က သူပုန်တွေကို ဝင်ပြီး အားပေး လိုက်တော့ နောက်ဆုံး ၂၀၁၁ - ခုမှာ ကဒါဖီကိုယ်တိုင် သူပုန်တွေရဲ့ သတ်ဖြတ်ခြင်းကို ခံလိုက်ရတယ်။ ဒီအဖြစ်အပျက်က မြောက်ကိုရီးယားက ကင် (မ်) မိသားစုကို ထိတ်လန့်စေမှာ အမှန်ပါပဲ။

မြောက်ကိုရီးယားက သောင်မတင် ရေမကျ ဖြစ်နေစဉ်မှာ တောင်ကိုရီးယားကတော့ ပုံမှန် တိုးတက်နေလိမ့်မယ်။ ဒီနှုန်းအတိုင်း နှစ်ပေါင်း အတော် ကြာ ကြာ ဖြစ်နေလိမ့်မယ်။ တောင်ကိုရီးယားက ကမ္ဘာနဲ့ ချိတ်ဆက်မိသွားပြီ၊ အ ထူးသဖြင့် ဈေးကွက်ကျယ်ကျယ်၊ လုပ်အားခချိုတဲ့ ဧရာမ အိမ်နီးချင်း တ ရုတ်ပြည်နဲ့ ချိတ်ဆက်မိသွားပြီ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က တောင်ကိုရီးယားကို ကျွန်တော်ရောက်တော့ ကျွန်တော်နဲ့ တွေ့တဲ့လူတိုင်း တရုတ်ပြည်မှာ စီးပွားရေး လုပ်ချင်တဲ့ အကြောင်းပဲ ပြောနေကြတယ်။ နောက်ပြီး နိုင်ငံတကာကိုပညာသင်သွားကြတဲ့ ကျောင်းသားအရေအတွက်မှာ တောင်ကိုရီးယားကျောင်းသား အရေ အ တွက်က တော်တော်များတယ်။ ဒါတွေက အနာဂတ်အတွက် အရေးကြီးတဲ့ ဆက်ဆံရေးကို အားကောင်းစေလိမ့်မယ်။ တောင်ကိုရီးယားရဲ့ အောင်မြင်မှု (၂၁) ရာစု ဇာတ်လမ်းထဲမှာ ဒီကိစ္စက အထူးအားရစရာ အချက် တစ်ချက် ဖြစ်နေပါတယ်။



LED တီဗွီတွေကအစ တောင်ကိုရီးယားဟာ ကုန်ပစ္စည်း ထုတ်လုပ်မှုမှာ ဦးဆောင်နိုင်ငံ တစ်နိုင်ငံ ဖြစ်နေခဲ့ပြီ။ သူတို့ကုန်တံဆိပ်တွေ ဖြစ်ကြတဲ့ ဆမ်ဆောင်း၊ LG၊ ဟွန်ဒိုင်းနဲ့ အခြားကုန်ပစ္စည်းတွေဟာ အောင်မြင်မှု အရှိ ဆုံး နိုင်ငံတကာ ကုမ္ပဏီကြီးတွေ ကြားထဲမှာ ရပ်တည်နေနိုင် ကြပြီ။ နောက် ပြီး သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်မှု (RD) မှာလည်း အားကောင်းတယ်။ လူဦးရေ သန်း (၅၀) လောက်နဲ့ ဒီလောက် ကြီးမားတဲ့ ကုမ္ပဏီကြီးတွေ ပေါ် ထွက်လာနိုင်တာဟာ အတော် အထင်ကြီးဖို့ ကောင်းပါတယ်။

ကိုရီးယားတွေဟာ နယ်မြေတစ်ဝှိုက်မှာ အမာဆုံး လူမျိုးစုလည်း ဖြစ်ကြ တယ်။ ကျူးကျော်လာတဲ့ မွန်ဂိုလီးယားတွေကို ဆက်မတိုးနိုင်အောင် ပိတ် ဆို့တိုက်ခိုက်ခဲ့တာ ကိုရီးယားလူမျိုးတွေပါ။ မွန်ဂိုလီးယားတွေ ဂျပန်ကို ဆက် တိုက်ဖို့ ပင်လယ်ရေကြောင်းကို ဖြတ်ကြရမှာဆိုတော့ တော်တော်များများက ကိုရီးယားထဲမှာပဲ အခြေချ နေထိုင်ခဲ့ကြတော့တယ်။ နောက်ပြီး အလယ်ပိုင်း အာရှမှာ တိုက်ခိုက်ရေးစိတ်ဓာတ် အပြင်းပျဆုံး စစ်သားတွေက ကိုရီးယားေ တွပဲ။ တော်တော် မာကျောတဲ့ လူမျိုးတွေပါ။ နောက်ပြီး တောင်ကိုရီးယား လူ မျိုးတွေဟာ ပညာကောင်းကောင်း တတ်ကြတယ်။ မနားမနေ အလုပ်ကြိုးစား မှုအပြင် စူးစမ်းဆင်ခြင်မှုလည်း ရှိကြတယ်။ ဒီအရည်အသွေးတွေကို ဆက် ထိမ်းထားကြလိမ့်မယ်လို့ ကျွန်တော်မြင်ပါတယ်။

ဒါပေမဲ့ အတိတ်က အောင်မြင်မှုရှိခဲ့လို့ အနာဂတ်လည်း အောင်မြင်လိမ့်မယ် လို့တော့ ဘယ်အရာကမှ အာမခံချက် ပေးမထားပါဘူး။ ဒီအတိုင်း အောင်မြင်မှု ဆက်ရနေဖို့ဆိုရင် တောင်ကိုရီးယားလည်း အဟန့် အတားတချို့ကို ကျော်ဖြတ်ကြရပါလိမ့်ဦးမယ်။

တစ်အချက်အနေနဲ့ သူတို့ လူဦးရေအတက်အကျကို ဂရုစိုက် စောင့်ကြည့်နေ ဖို့ လိုပါလိမ့်မယ်။ သူတို့ ကလေးမွေးဖွားနှုန်းလည်း နည်းတာပါပဲ။ ဒါပေမဲ့ ဂျပန်နဲ့စာရင် တောင်ကိုရီးယားက နိုင်ငံခြားသားကို ပိုပြီး လက်ခံတယ်။ ဒါက သူတို့အတွက် အထင်ကရ အားသာချက်ပါပဲ။ နိုင်ငံရဲ့ အနာဂတ် စီးပွားရေး အားကောင်းနေဖို့ဆိုရင် ကျဆင်းနေတဲ့ ကလေးမွေးဖွားနှုန်းကို တစ်နည်း နည်းနဲ့ ရပ်တန့်နိုင်မှ ရပါလိမ့်မယ်။

ဒုတိယအချက်အနေနဲ့ကတော့ အချင်းချင်း ငြင်းခုံတိုက်ခိုက်နေကြတာထက် နိုင်ငံ့စီးပွားရေး ရှေ့ခရီးကို အာရုံပိုစိုက်ထားဖို့ လိုအပ်ပါတယ်။ ကိုရီးယား လူ့အဖွဲ့အစည်းမှာ အဲဒီရော ဂါက အထင်ကရကြီးပါ။ နိုင်ငံရေးပါတီတွေ အချင်းချင်းထဲမှာရော ကုမ္ပဏီ ကြီးတွေအချင်းချင်းထဲမှာပါ အမြတ်အစွန်းတွေကို အစိုးရနဲ့ လူထုကို ပြန် လည်ဝေငှ၊ ပေးဆောင်ဖို့နဲ့ ပတ်သက်ပြီး တော်တော်ကြီး ငြင်းခုံနေကြတတ် ပါတယ်။
ဒါကြောင့် တချို့ကုမ္ပဏီကြီးတွေကို နိုင်ငံ့အပြင်ထွက်ပြီး လည်ပတ်ဖို့ မောင်း ထုတ်လိုက်သလို ဖြစ်သွားနိုင်ပါတယ်။ အဲသလို ငြင်းခုံနေမှုတွေဟာ နိုင်ငံရဲ့ စွမ်းအားနဲ့ အရင်းအမြစ်ကို ကုန်ခမ်းစေပါတယ်။ တကယ်လို့သာ တောင်ကိုရီး ယားလူမျိုးတွေက တညီတညွှတ်နဲ့
“Let’s attack global market together.” (ကမ္ဘာ့ဈေးကွက်ထဲကို တညီ တညွှတ်တည်း ဝင်တိုးကြရအောင်)
လို့သာ ပြောပြီး တိုးကြမယ်ဆိုရင် ဒီထက် အများကြီး အားကောင်းလာစရာ ရှိပါတယ်။

တောင်၊ မြောက်ကိုရီးယားပြီး။
အမေးအဖြေ ဆက်ရန် …

မြောက်ကိုရီးယား (သို့မဟုတ်) ဆင်သေကို ဆိတ်သားရေနဲ့ ဖုံးသူ(၂ )


လူတစ်ယောက်ရဲ့ ကမ္ဘာ့ အမြင်
(ဂျပန်၊ ကိုရီးယား၊ အိန္ဒိယ)

"တရုတ်ကတော့ စစ်ရေးနဲ့ပဲဖြစ်ဖြစ်၊ ငြိမ်းချမ်းရေးနဲ့ပဲဖြစ်ဖြစ်ကိုရီးယား နှစ်နို င်ငံ ပေါင်းစည်းသွားမှာကို မလိုလားပါဘူး။ သူတို့က အခု မြောက်ကိုရီးယား ကို ရုပ်သေးရုပ်လို ဆက်ဆံနေတာပါ။ ပေါင်းစည်းသွားပြီဆိုရင် တောင်ကိုရီး ယားက ဦးစီးမိသွားမယ်........ ယေဘုယျအနေနဲ့ ပြောရရင် ကိုယ့်အိမ်နီး ချင်းတွေ အကြပ်ရိုက်နေရင် တရုတ်အနေနဲ့ ပိုပြီး သက်သောင့်သက်သာ ရှိမယ့် အနေအထား မဟုတ်လား" 
(လီကွမ်းယု)

အခုတလော နှစ်တွေအတွင်းမှာ မြောက်ကိုရီးယားက စစ်ရေးအရ ပါဝင်တိုက် ခိုက်မှုတွေ ရှိနေခဲ့တယ်။ တောင်ကိုရီးယား စစ်သင်္ဘော ချီယုံနန် (Cheonan) ကို နှစ်မြှုပ်ပစ်ခဲ့တယ်၊ ယောင်ပြုန်းကျွန်း (Yeonpyeong) ကို အပိုင်စီးထား တယ်။ ဒီပဋိပက္ခနှစ်ခုအတွင်းမှာ တောင်ကိုရီးယားလူမျိုး (၄၈) ဦး သေဆုံး ခဲ့တယ်။ အဲသလို စစ်မက်လိုလားတဲ့ အပြုအမူတွေဟာ ငြိမ်းလုနီး ဖရောင်း တိုင် ပြန်တောက်တဲ့ သဘောမျိုး ဖြစ်နိုင်သလို သူတို့ နျူးကလီယား စီမံကိန်း ရှိနေပြီဆိုတာ သက်သေပြချင်တဲ့ သဘောမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ မြောက်ကိုရီးယား ခေါင်းဆောင်တွေ ဘယ်လောက်ပဲ ဆင်ခြင်တုံ တ ရားမဲ့မဲ့ သူတို့ မကျော်သင့်တဲ့ စည်းကို ကျော်လို့ မရဘူးဆိုတာလောက်တော့ သိထားကြလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဒီလိုတွေလုပ်ပြီး အောင် ပွဲခံနေကြတာကလည်း ဆိုးဆိုးရွားရွား လက်တုန့်ပြန်မှုတွေ မခံကြရသေးလို့ ပဲ ဖြစ်နိုင်ပါတယ်။ တချို့ စောင့်ကြည့်အကဲခက်သူတွေ ဝေဖန်သလို အာဏာ လက်လွှဲယူလာမယ့် ကင်ဂျုံအန်းကို သူတို့ စစ်အင်အား ဘယ်လောက်ရှိတယ် ဆိုတာ ပြချင်ကြလို့လည်း ဖြစ်နိုင်ပါတယ်။



အလားတူပါပဲ၊ တောင်ကိုရီးယားအနေနဲ့ကလည်း ပြန်လည်ပူးပေါင်းဖို့ကိစ္စကို အလျင်စလို မဖြစ်ချင်လောက်ပါဘူး။ စစ်ဖြစ်ဖို့ဆိုပြန်တော့လည်း သူတို့မြို့ေ တာ် ဆိုး(လ်) က မြောက်ကိုရီးယား စစ်လက်နက်တွေနဲ့ အလှမ်းဝေးလှတာ မဟုတ်ဘူး။ စစ်ပွဲမှာ တောင်ကိုရီးယားက နိုင်လိုက်တယ်ဆိုရင်တောင်မှ မြို့တော်ကတော့ ပျက်စီးသွားမှာပါ။ နောက်ပြီး ဆိုး(လ်) မြို့မှာ ရှိတဲ့ လူထု က တောင်ကိုရီးယားတစ်နိုင်ငံလုံး လူဦးရေရဲ့ ငါးပုံတစ်ပုံလောက် ရှိတယ်။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြန်လည် ပေါင်းစည်းဖို့ ကျပြန်တော့လည်း တောင်ကိုရီး ယားက လိုလိုချင်ချင် မရှိနိုင်ပြန်ဘူး။ သူတို့ရဲ့ ရေရှည်ရည်မှန်းချက်က ပြန်လည်ပူးပေါင်းရေး ဆိုပေမဲ့ နှစ်ဦး သေ ဘာတူ ပြန်လည်ပူးပေါင်းကြဖို့ဆိုရင် တောင်ကိုရီးယားက စီးပွားရေးအရ အများကြီး အရှုံးပြသွားလိမ့်မယ်။ ဒီတော့ မြောက်ကိုရီးယားရဲ့ စီးပွားရေး မကောင်းခင် တက်နိုင်သလောက်တော့ အချိန်ဆွဲထားဖို့ တောင်ကိုရီးယားက ဆန္ဒရှိနေမှာ သေချာပါတယ်။ တောင်မြောက်ကိုရီးယား ပူးပေါင်းရေးက အရှေ့အနောက်ဂျာမဏီ ပူးပေါင်းရေးထက် နှစ်ဆသုံးဆပိုပြီး အခက်အခဲ ရှိ ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် မြောက်ကိုရီးယားရဲ့ အခြေအနေက အရှေ့ ဂျာမဏီထက် အများကြီး ပိုဆိုးနေလို့ပါ။ ဒါသာဖြစ်တယ်၊ အရှေ့အနောက် ပူးပေါင်းပြီးတဲ့နောက် ဂျာမဏီ ရင်ဆိုင်ရတဲ့ အခက်အခဲက မသေးလှပါဘူး။

တစ်ခု ပြောစရာ ရှိတာက
“ကဲ … ငါတို့ ပူးပေါင်းကြစို့”၊
နောက်ထပ် ပြောစရာ စကားတစ်ခွန်းက
“ငါတို့ လူနေမှုအဆင့်အတန်းအထိ မင်းတို့ရောက်လာအောင် မင်းတို့ကို
ငါတို့ကျွေးမွေးထားမယ်” ပဲ ဖြစ်ပါတယ်။
တောင်ကိုရီးယားအနေနဲ့က မြောက်ကိုရီးယား ဖြည်းဖြည်းချင်းတံခါးဖွင့် လာတာကို လိုချင်ကြတယ်။ ကြာလေ ကောင်းလေ သဘောပါ။ အမှန်တ ကယ် ပူးပေါင်းမှု မလုပ်ခင် ပြုပြင်ပြောင်းလဲမှုတွေ ဆယ်စုနှစ်ချီပြီး ပြုလုပ်မှာ ကို တောင်ကိုရီးယားက သဘောတွေ့မှာ သေချာပါတယ်။

၁၉၅၀ - ခုနှစ်တွေက ကိုရီးယားစစ်ပွဲမှာ အဓိကပါဝင် ပတ်သက်ခဲ့ကြတဲ့ အမေရိကန်နဲ့ တရုတ် စူပါပါဝါကြီးတွေကလည်း လက်ရှိအနေအထားအပေါ် မကျေမနပ် မရှိကြပါဘူး။ ဒီအတိုင်းလေး မဟုတ်ဘူးဆိုရင် အခြေအနေက ဒီထက်ဆိုးသွားနိုင်မယ် မဟုတ်လား။ အမေရိကန်တွေဆိုရင်လည်း အီရတ်နဲ့ အာဖဂန်နစ္စတန် စစ်ပွဲနှစ်ပွဲအတွက် စစ်အသုံးစရိတ်တွေနဲ့ ဖတ်ဖတ်မောေ နချိန်ဆိုတော့ နောက်ထပ်စစ်ဖြစ်ဖို့ ခံတွင်းပျက်နေကြပါပြီ။ တောင်ကိုရီးယား ကို ကာကွယ်ဖို့အတွက် အမေရိကန်က လက်နှေးမှာ မဟုတ်ဘူးဆိုတာ သံ သယရှိစရာ မလိုပေမဲ့ ဒီအနေအထားလေးအတိုင်း နှစ်ပေါင်း အတော်ကြာေ အာင် ရှိနေဖို့တော့ သူတို့ မျှော်လင့်နေကြမှာပါ။

တရုတ်ကတော့ စစ်ရေးနဲ့ပဲဖြစ်ဖြစ်၊ ငြိမ်းချမ်းရေးနဲ့ပဲဖြစ်ဖြစ် ကိုရီးယား နှစ်နိုင် ငံ ပေါင်းစည်းသွားမှာကို မလိုလားပါဘူး။ သူတို့က အခု မြောက်ကိုရီးယားကို ရုပ်သေးရုပ်လို ဆက်ဆံနေတာပါ။ ပေါင်းစည်းသွားပြီ ဆိုရင် တောင်ကိုရီး ယားက ဦးစီးမိသွားမယ်၊ ဒါဆိုရင် အမေရိကန် ရေတပ်က တရုတ် ကိုရီးယား နယ်စပ်ဖြစ်တဲ့ ယာလုမြစ် (Yalu River) အထိ ရောက်လာကြလိမ့်မယ်။ အမေရိကန် ရေတပ်သင်္ဘောတွေ သူတို့နိုင်ငံ ခြေရင်းအထိ ရောက်လာမှာက တရုတ်အတွက် မနှစ်မြို့စရာ မဟုတ်လား။ ပြီးတော့ ဒီအကြောင်းဟာ ကိုရီး ယားစစ်ပွဲ ဖြစ်ခဲ့ရခြင်းရဲ့ အဓိကအကြောင်းထဲမှာ ပါဝင်နေတယ်။ သူတို့နှစ်နိုင်ငံ ပေါင်းစည်းမိသွားရင် အမေရိကန်တပ်တွေ ဆုတ်ပေးပါမယ်လို့ အမေရိကန်တွေက သဘောတူခဲ့မယ်ဆိုရင်တောင် ဒီပေါင်းစည်းမှုသတင်းက တရုတ်ပြည်အတွက် သတင်းကောင်း မဖြစ်နိုင်ပါဘူး။ (အမေရိကန်တပ်တွေ ဆုတ်ခွာဖို့က ရာခိုင်နှုန်း အတော်နည်းပါတယ်။)
သူတို့နယ်စပ်မှာ အားကောင်းလာတဲ့ ကိုရီးယားကို တရုတ်က ဘယ် မြင်ချင် မှာလဲ။ ယေဘုယျအနေနဲ့ ပြောရရင် ကိုယ့်အိမ်နီးချင်းတွေ အကြပ်ရိုက်နေ ကြရင် တရုတ်အနေနဲ့ ပိုပြီး သက်သောင့်သက်သာ ရှိမယ့် အနေအထား မဟုတ်လား။

ဆက်ရန်