NUS Buddhist Society


NUS (National University of Singapore) ကျောင်းသားလေးတွေရဲ့ ပထမ ဆီမိနာ။ ဒီနေ့ ညနေ။ လူငယ်နဲ့ ဗုဒ္ဓဘာသာ လမ်းစဉ်အကြောင်း ပေါ့ပေါ့ပါးပါး ပြောမယ်

August 26 at 12:09pm



သမ္မတဟောင်း မစ္စတာ နသန်ရဲ့ဈာပနကြောင့် ကားလမ်းတွေပိတ်နေလို့ မနည်းချုပ်ပြောခဲ့ရတယ်။
(NUSBS Tea Talk)




 August 26 at 9:09pm


NUS Buddhist Society ရဲ့ အကြံပေးတွေက ၂၀၀၈/၂၀၀၉ တုံးကဆိုရင် သူတို့တက္ကသိုလ်က ဘွဲ့ရတွေချည်းပဲ။ အား ရှားပါး။ 
ကိုယ်တို့က ရွာကပါလာတဲ့ ပညာလေးနဲ့ မနည်းတိုးယူခဲ့ရတာ။ အခုတော့ မကြောက်တော့ပါဘူး။ ကိုယ်လည်း ဆရာကြီးတန်းထဲ ဝင်နေပြီပဲဥစ္စာ။ အဟက်။
August 26 at 9:27pm · 

ဒီနေ့ အရှင်စက္ကပါလတို့ NUS (National University of Singapore) ကွင်းထဲ ပထမဆုံးအကြိမ် ခြေစစ်ပွဲ ဝင်ပါပြီ။
မလွယ်ပေမဲ့ နိုင်ငံခြားသားထဲ တည့်တည့်တိုးတာကို ပို စိတ်ဝင်စား၊ ပို အားပေးမိတယ်။
"Go on, move on. You can do it." ပေါ့လေ။
August 29, 2016

The link,
Mangala Vihara, Burmese tradition and NUS Buddhist Society.


Aug 29, 2016

ကျောင်းသားလေးတွေပေမဲ့ လေ့လာမှုအား မနည်းဘူး။ 'ကပ္ပိယ' ဆိုတဲ့ဝေါဟာရကို အမိအရ သုံးစွဲပြနိုင်တယ်။ စကားပြောရင် လဲတွေ လားတွေ လော်တွေနဲ့ပေမဲ့ စလုံးကလေးတွေကို လျှော့တွက်လို့ လုံးဝမရဘူး။
Aug 30, 2016