ညီမလေးရေ-
ဒီတစ်ခါတော့ စာသင်ခန်းထဲကို ပထမဝင်လာတာက
ရသေ့ကြီးတဲ့ကွယ်။ သူ့လက်ထဲမှာလည်း ငိုက်နေတဲ့စပါးနှံတစ်နှံ ကိုင်ထားသတဲ့။ ကလေးတွေက
စာကလေးတွေများ အစာကျွေးဖို့လားလို့ စဉ်းစားနေတာပေါ့။
မဟုတ်ပါဘူးကွာ၊ ရသေ့ကြီးက စပါးနှံကိုပြပြီး-
ဒီတော့ ကျောင်းသားလေးတစ်ယောက်က-
“ပညာရှိမဖြစ်ချင်တော့ပါဘူး။ ပညာရှိဖြစ်ရင်
လူတကာကို မော့မကြည့်ရဲတော့ဘူး။ ကျွန်တော်တို့မှာ အဲသလောက်ပျော့တဲ့ ခါးရိုးတွေမရှိဘူး။
လူတွေ့တိုင်းကို ဦးညွှတ်အရိုအသေ မပေးနိုင်ဘူး၊ စပါးနှံဆိုတာက လေလာရာ ယိမ်းတတ်တဲ့ သဘောလည်းရှိတယ်၊ ကျနော်တို့က အဲလိုကြီး လိုက်မယိမ်းနိုင်ပါဘူး” လို့ တွေးတွေးဆဆ ပြောသတဲ့။
ဒီတော့ ရသေ့ကြီးက-
“မင်းတို့ခေတ် လူငယ်တွေ တော်တော်ပြောရခက်တာပဲ”
ဆိုပြီး စိတ်ဆိုးဆိုးနဲ့ စာသင်ခန်းထဲက ထွက်သွားသတဲ့။
ရသေ့ကြီး စာသင်ခန်းထဲက ထွက်သွားတော့ (၂၁)
ရာစု ရဟန်းတစ်ပါး ဝင်လာသတဲ့ကွယ်။ သူ့လက်ထဲမှာ ပြောင်းဖူးကြီးတစ်ဖူးလည်း ကိုင်ထားသတဲ့။
အဲဒီ
ရဟန်းက-
“ကလေးတို့ရေ၊ ဒီပြောင်းဖူးကြီးကို ကြည့်ကြကွဲ့။
ဒီပြောင်းဖူးကြီးဟာ အဆံလည်းပြည့်နေပြီး၊ နေတာကလည်း ပညာရှိဆန်ဆန် ခပ်ဖြောင့်ဖြောင့် ခပ်မှန်မှန်ပဲ။ သူတတ်ထားတဲ့
ပညာကို ဘယ်အာဏာ ဘယ်ပါဝါနဲ့မှ မလဲနိုင်ဘူးလို့လည်း ခံယူထားတယ်။ ဒီတော့ ဒီပြောင်းဖူးကြီးက
လူတွေ့တိုင်း ဦးညွှတ်အရိုအသေ မပေးတော့ဘူးတဲ့။ သူ့ခါးက သိပ်မပျော့လို့လည်း နေမှာပေါ့ကွယ် ၊ ဒီတော့ သူကလေလာတိုင်းလည်း လိုက်ယိမ်းစရာ မလိုတော့ဘူး”
လို့ ရှင်းပြသတဲ့။
ဒီတော့ ကလေးတွေက “ဟုတ်တာပေါ့၊ ပညာတတ်ပြီး
ဘာမှမဟုတ်တဲ့လူတွေကို လိုက်ဦးညွှတ်ရတာ၊ လေလာတိုင်း လိုက်ယိမ်းနေရတာ ခါးညောင်းပါတယ်” လို့ ပြောကြသတဲ့။ ။
ဒါပါပဲ
ညီမလေးရယ်-
ဒီပုံပြင်က အန္တရာယ်ကြီးသကွဲ့ ။ ညီမလေးကို
ချစ်လို့ (အားကြီးချစ်လို့) ပြောတာ။ သူများတွေကို
လျှောက်မပြောရဘူးနော်။ သဘောတူသော်ရှိ၊ မတူသော်ရှိပေါ့ကွယ်။ မှတ်ထားနော် ညီမလေး။
ဇင်ဝေသော်
Copyright © 2011 ကမ်းလက်. All rights reserved.