ကျနော်တို့ဘလော့ဂ်အပေါ်မှာ အခုတလော တိုင်တန်းနစ်စာမျက်နှာတွေ ဘူလီကျတာခံနေရပါတယ်။ ဒါပေမယ့် မတတ်နိုင်တောဘူး။ ဆက်လွှတ်လိုက်ရပါတော့တယ်။ ပြောရင်ယုံဖို့ခက်တယ်၊ ဒီဇာတ်ကားကို ဆုံးအောင်မကြည့်ဖူးဘူး။ လီယိုနာဒိုနဲ့(အထူးသဖြင့်) ကိတ်ဝင်းစလက်တို့က ကျနော့်အပေါ် ဒီလောက် မစည်းရုံးနိုင်ခဲ့ပါဘူး။ နှလုံးသားတစ်ခြမ်းကို အလံဖြူတစ်လက်နဲ့ သိမ်းပိုက်သွားတာက ဆူဇီ နဲ့ ဂျိမ်းစ် ကင်မရွန်းတို့ပါ။ သူတို့ဟာ မြန်မာ့အရေးနဲ့ပတ်သက်လို့ ၂၀၀၇ ကတည်းက ကျယ်ကျယ်လောင်လောင်အာပေးခဲ့ကြသူတွေပါ၊ ဒေါ်စု နဲ့ပတ်သက်ရင်တော့ အထူးသဖြင့် ဆူဇီကင်မရွန်းပေါ့။အဲဒီကနောက် ကင်မရွန်းတို့နောက်ခြေရာခံရင်း ရွာအနောက်ခြမ်းက သူဋ္ဌေးတွေနဲ့ အဒိဋ္ဌသဟာယက(unseen friends)ြ ဖစ်ခဲ့ရတာပါ။ ဂျိမ်းစ် နဲ့ဆက်နွှယ်ပြီး ယူတူးက ဆရာကြီး ဘိုနို ကိုတောင် ဒေါ်စု ရဲ့ပရိသတ်တစ်ယောက်အနေနဲ့ တွေ့ခဲ့ရပါသေးတယ်။ ကြုံမှ ဘိုနိုအကြောင်းလည်းရေးရပါဦးမယ်။ အခုတော့ (သင်္ကြရက်တွင်းပေမယ့် ) တိုင်တန်းနစ်ရာပြည့်ဖြစ်နေလို့ မျက်စေ့စုံမှိတ်၊ တစ်၊နှစ်၊သုံး အော်ရွတ်ပြီး လွှတ်လိုက်မိပါတယ်။
(ဇင်ဝေသော်)
တိုင်တန်းနစ်ကို “Unsinkable” လို့ ကြေငြာခဲ့ပေမယ့် တကယ်ကြုံတွေ့ခဲ့ရတာကတော့ ဒီလို မဟုတ်ခဲ့ဘူး။
ဝိုင်ယာလက် အော်ပရေတာက ရေခဲ့တောင်နဲ့ ပတ်သက်တဲ့ သတင်းတွေ ထပ်ရခဲ့ပေမယ့် ပဲ့ထိမ်းတို့ထံ ပို့မပေးခဲ့ပါဘူး။ ပင်လယ်ရေ စောင့်ကြည့်သူ နှစ်ယောက်မှာလည်း အဝေးကြည့်မှန်ပြောင်း မရှိခဲ့ပါဘူး။ ပြီးတော့ အနီးမှာရှိတဲ့ Califonion ဆိုတဲ့ သင်္ဘောကို အကူအညီတောင်းဖို့ ဆစ်ဂနယ် မပေးဖြစ်ခဲ့ကြပါဘူး။
၁၉၉၈ - ခုနှစ်မှာ The Passenger Vessel Association က တိုင်တန်းနစ် သတိပေးသံ (Titanic Alert) ကို ထုတ်ပြန်ခဲ့ပါတယ်။ အကြောင်းကတော့ ရေကြောင်းခရီးသည်တွေက ရုပ်ရှင်ထဲက သရုပ်ဆောင်တွေကို အတုခိုးရင်း အန္တရာယ်ရှိတဲ့ သင်္ဘောရဲ့ အပိုင်းတွေပေါ်မှာ လိုက်ပြီး လုပ်တတ်ကြလို့ပါ။ အထူးသဖြင့် လီယိုနာဒိုရဲ့ “I’m the king of the world” ဆိုတဲ့ ပြကွက်မျိုးပါ။
ဒီလမှာပဲ တိုင်တန်းနစ်ဇာတ်ကားဟာ 3D အနေနဲ့ ထွက်လာခဲ့ပါတယ်။
တီးဝိုင်းထဲက တစ်ယောက်မှ အသက်ရှင် မကျန်ရစ်ခဲ့ပါဘူး။
လက်တလော သုတေသနက ပြောပြတာကတော့ အမေရိကန်တွေထက် ဗြိတိသျှလူမျိုးတွေက ပိုပြီး အသေအပြောက် များခဲ့ပါသတဲ့။ အကြောင်းကတော့ ဗြိတိသျှတွေက လူကြီးလူကောင်းဆန်ဆန် တန်းစီနေကြတာဖြစ်ပြီး အမေရိကန်တွေကတော့ လူကြီးလူကောင်းဆန်တာ၊ မဆန်တာ အပထား၊ အသက်ကယ်လှေပေါ် ရောက်ဖို့ အဓိကထားပြီး တိုးတိုးဝှေ့ဝှေ့ သွားကြလို့ပါတဲ့။
ဒါ့ကြောင့်ပါ။ နောက်ဆုံး ဆက်ရပ်သတင်းကလွဲရင် ရီးဒါးဒိုင်ဂျက်ထဲက Leesa Hamilton ရဲ့ ဆောင်းပါးကို သင့်သလို ဘာသာပြန်ထားတာပါ။
(ဇင်ဝေသော်)
တိုင်တန်းနစ်ကို “Unsinkable” လို့ ကြေငြာခဲ့ပေမယ့် တကယ်ကြုံတွေ့ခဲ့ရတာကတော့ ဒီလို မဟုတ်ခဲ့ဘူး။
By the numbers
- 10 စက္ကန့် - ရေခဲတောင်နဲ့ သင်္ဘောရဲ့ကြား အကွာအဝေးဟာ (၁၀) စက္ကန့်မျှသာဖြစ်။
- 2208 - သင်္ဘောသား၊ ခရီးသွား စုစုပေါင်း တိုင်တန်းနစ်ပေါ်မှာ (၂၂၀၈) ယောက်ရှိ။
- 1496 - စုစုပေါင်း (၁၄၉၆) ယောက် သေဆုံး။
- 20 - အသက်ကယ်လှေပေါင်း (၂၀) ပါရှိ။
- 1178 - တကယ်တမ်းဆိုရင် လူပေါင်း (၁၁၇၈) ယောက် တင်ဆောင်နိုင်။
- 676 - အများဆုံး တစ်စုတစ်ဝေးတည်း သေဆုံးမှုသည် သင်္ဘောဝန်ထမ်းများ ဖြစ်ကြသည်။ စုစုပေါင်း (၆၇၆) ယောက်ရှိ။
What went wrong (ဘာတွေ မှားခဲ့သလဲ)
သမိုင်းသုတေသီများ အဆိုအရ အားလုံးအတွက် တာဝန်ရှိသူမှာ “The Millionaires’ captain” လို့ခေါ်တဲ့ ကပ္ပတိန် Edward Gohn Smith ပါပဲ။ သူဟာ အတွေ့အကြုံများစွာရှိတဲ့ ကပ္ပတိန်ပါ။ ရေခဲတောင်နဲ့ ပတ်သက်တဲ့ သတင်းကြောင့် တောင်ဖက်ယွန်းယွန်း ရေကြောင်းကို ယူခဲ့ပေမယ့် သင်္ဘောရဲ့ အမြန်နှုန်းကို မလျော့ချခဲ့သလို အထူးစောင့်ကြပ် ကြည့်ရှု့မှုတွေ မပြုလုပ်ခဲ့ပါဘူး။ဝိုင်ယာလက် အော်ပရေတာက ရေခဲ့တောင်နဲ့ ပတ်သက်တဲ့ သတင်းတွေ ထပ်ရခဲ့ပေမယ့် ပဲ့ထိမ်းတို့ထံ ပို့မပေးခဲ့ပါဘူး။ ပင်လယ်ရေ စောင့်ကြည့်သူ နှစ်ယောက်မှာလည်း အဝေးကြည့်မှန်ပြောင်း မရှိခဲ့ပါဘူး။ ပြီးတော့ အနီးမှာရှိတဲ့ Califonion ဆိုတဲ့ သင်္ဘောကို အကူအညီတောင်းဖို့ ဆစ်ဂနယ် မပေးဖြစ်ခဲ့ကြပါဘူး။
Doing something pointless?
ဒီအဖြစ်အပျက်ကို အခြေခံပြီး “Rearranging the deck chairs on the Titanic” ဆိုတဲ့ အင်္ဂလိပ်စကားကို ၁၉၇၀ - ခုနှစ်တွေက စတင် သုံးစွဲခဲ့ကြပါတယ်။ အမေရိကန် ဗြူရိုကရက်ရဲ့ အချိန်ဖြုန်းခြင်းကို ညွှန်းဆိုခဲ့ကြတာပါ။ (အဓိပ္ပါယ်မရှိတဲ့ အလုပ်လုပ်နေရင် ဒီစကားကို ဒီနေ့ သုံးလို့ ရနေပါပြီ။)The Timeline
- Mar 31, 1909 ။ Beffast နဲ့ Ireland မှာရှိတဲ့ Mauretania နဲ့ Lusitania ကို ယှည်ပြိုင်ဖို့ White Star Line ကို တည်ဆောက်ခဲ့။
- Apr 10, 1912 ။ အဲ့ဒီခေတ်က အများဆုံး ခရီးသွားတွေကို သယ်ဆောင်လာတဲ့ တိုင်တန်းနစ်ဟာ အင်္ဂလန်နိုင်ငံ၊ ဆော်သင်(ပ်)တန် မြို့ကနေ နယူးယောက်ကို စတင်ထွက်ခွါခဲ့ပါတယ်။ ပြင်သစ်နဲ့ အိုင်ယာလန်ဆိပ်ကမ်းတွေမှာ ရပ်နားခဲ့။
- Apr 14, 1912 ။ ည (၁၁)နာရီ မိနစ် (၄၀) အချိန်မှာ ရေကြောင်းကြည့် သင်္ဘောသားက ငြိမ်သက်နေတဲ့ ပင်လယ်ပြင်ထဲမှာ တစ်ခုခု ထူးထူးဆန်းဆန်း တွေ့လိုက်ရပါတယ်။ အဲ့ဒီနေရာက ကနေဒါပိုင် Newfoundland နဲ့ ကီလိုမီတာ (၆၄၀) ခန့် ဝေးပါတယ်။ ဒါနဲ့ သူက အချက်ပေး ခေါင်းလောင်းကို တီးခဲ့တယ်။ တစ်မိနစ်တောင် မကြာဘဲ တိုင်တန်းနစ်ဟာ ရေခဲတောင်ကို ဝင်တိုက်ပါတော့တယ်။
- Apr 15, 1912 ။ မနက် (သန်းခေါင်ကျော်) (၁၂) နာရီ (၄၅) မိနစ်မှာ ပထမဆုံး အသက်ကယ်လှေကို ချကြပါတယ်။ (၂) နာရီ မိနစ် (၂၀) မှာ သင်္ဘောကြီး နှစ်ပိုင်းကွဲထွက်သွားပြီး နစ်မြုတ်ပါတော့တယ်။ အချက်ပေးမီးတွေကြောင့် မနက် (၄) နာရီမှာ RMS Carpaththia ရောက်လာပြီး အသက်ရှင် ကျန်ရစ်သူတွေကို ဆက်လက် ကယ်တင်ခဲ့တယ်။
- Apr 17, 1912 ။ The White Star Line က ဘာသာရေးဆိုင်ဝန်ကြီး၊ အသုဘကိစ္စ ဆောင်ရွက်သူတွေ (သုဘရာဇာတွေ) ရေခဲ၊ အခေါင်း၊ ကင်းဘတ်အိပ်တွေကို သယ်ပြီး စတင်ခရီးထွက်ခဲ့ကြတယ်။ အေးခဲနေတဲ့ မြောက်အတ္တလန်တိက် သမုဒ္ဒရာထဲက လူသေအလောင်း (၃၃၇) လောင်း တွေ့ရှိခဲ့ကြတယ်။
- 1985 ။ အမေရိကန်၊ ပြင်သစ် စူးစမ်းလေ့လာရေးသမားတွေက လေးကီလိုမီတာလောက်မှာ နစ်မြုတ်နေတဲ့ သင်္ဘောရဲ့ အကြွင်းအကျန်တစ်ချို့ကို တွေ့ရှိခဲ့ကြတယ်။
- 2009 ။ သင်္ဘောပေါ်မှာ အသက်ရှင် ကျန်ရစ်သူတွေထဲက Millvina Dean ဟာ နောက်ဆုံးအနေနဲ့ အသက် (၉၇) နှစ်မှာ သေဆုံးခဲ့ပါတယ်။ ဒီနောက် တိုင်တန်းနစ်ပေါ်က ကိုယ်တွေ့ကြုံဖူးသူရယ်လို့ ကမ္ဘာမှာ မရှိတော့ပါဘူး။
Question of chivalry (ဦးစားပေးခြင်းရဲ့ အငြင်းပွားစရာ)
တိုင်တန်းနစ် အသက်ကယ်လှေအဖွဲ့က “Women and children first” ဆိုတဲ့ ဆောင်ပုဒ်ကို ကိုင်ဆောင်ထားကြတယ်။ သင်္ဘောကုန်းပက်ပေါ်က အဖွဲ့က အသက်ကယ်လှေပေါ် အမျိုးသမီးတွေနဲ့ ကလေးတွေကိုပဲ တက်စေခဲ့ပေမယ့် သင်္ဘောဘေးက အသက်ကယ်လှေအဖွဲ့ကတော့ အမျိုးသားတွေကိုပါ အသက်ကယ်လှေပေါ် တက်ခွင့်ပြုခဲ့တယ်။ ဒါ့ကြောင့် တိုင်တန်းနစ်ပေါ်က အသက်ရှင် ကျန်ရစ်တဲ့ အမျိုးသားတွေကို “လူကြောက်” တွေလို့ စွပ်စွဲခဲ့ကြပါတယ်။The Blockbuster
စာရေးဆရာ၊ ဒါရိုက်တာ James Cameron က ၁၉၉၇ - ခုမှာ တိုင်တန်းနစ် ရုပ်ရှင်ဇာတ်ကား ရိုက်ကူးခဲ့တယ်။ ဒေါ်လာ မီလျံ (၂၀၀) ခန့် ကုန်ကျခဲ့ပါတယ်။ ဘီရိုတွေ၊ အသက်ကယ်လှေတွေကစလို့ အနီးစပ်ဆုံး မူရင်းနဲ့တူနေဖို့ အတက်နိုင်ဆုံး ကြိုးစားခဲ့တယ်။ ခရီးသွားအနေနဲ့ ပါဝင်ရမယ့် သူတွေကိုတောင် ၁၉၁၂ - ကလူတွေရဲ့ စရိုက်နဲ့တူအောင် သင်တန်းတွေ ပေးခဲ့တယ်။ ဒီဇာတ်ကားဟာ အော်စကာဆု (၁၅)ဆုလုံး သိမ်းကြုံးယူသွားလိမ့်မယ်လို့ ထင်ကြေးပေးခဲ့ကြပေမယ့် (၁၁)ဆုပဲ ရခဲ့ပါတယ်။၁၉၉၈ - ခုနှစ်မှာ The Passenger Vessel Association က တိုင်တန်းနစ် သတိပေးသံ (Titanic Alert) ကို ထုတ်ပြန်ခဲ့ပါတယ်။ အကြောင်းကတော့ ရေကြောင်းခရီးသည်တွေက ရုပ်ရှင်ထဲက သရုပ်ဆောင်တွေကို အတုခိုးရင်း အန္တရာယ်ရှိတဲ့ သင်္ဘောရဲ့ အပိုင်းတွေပေါ်မှာ လိုက်ပြီး လုပ်တတ်ကြလို့ပါ။ အထူးသဖြင့် လီယိုနာဒိုရဲ့ “I’m the king of the world” ဆိုတဲ့ ပြကွက်မျိုးပါ။
ဒီလမှာပဲ တိုင်တန်းနစ်ဇာတ်ကားဟာ 3D အနေနဲ့ ထွက်လာခဲ့ပါတယ်။
When the ship went down (Business as usual)
သင်္ဘောကြီး နစ်မြုပ်နေစဉ်အထိပဲ သင်္ဘောပေါ်က တီးဝိုင်းဟာ အတီးမပျက် ဆက်လက် ဧည့်ခံနေခဲ့ကြတယ်။ ဒီ တိုင်တန်းနစ်တီးဝိုင်းအဖွဲ့ကို ဂုဏ်ပြုတဲ့ “business as usual” ဆိုတဲ့စကားဟာ ပေါ်ပြူလာ ဖြစ်လာခဲ့တယ်။တီးဝိုင်းထဲက တစ်ယောက်မှ အသက်ရှင် မကျန်ရစ်ခဲ့ပါဘူး။
When life is on the line (လူပါး အသက်ရှင်)
ဒီလို အန္တရာယ်နဲ့ ကြုံရတဲ့အခါ သင်္ဘောပေါ်မှာ ကသောင်းကနင်း ဖြစ်နေမှာပဲလို့ ထင်စရာ ရှိပေမယ့် အသက်ရှင် ကျန်ရစ်သူတွေ ပြောစကားအရကတော့ အားလုံး သေသေဝပ်ဝပ်ပါပဲတဲ့။ ခရီးသွား တော်တော်များများဟာ သင်္ဘောကို ယုံကြည်ပြီး သင်္ဘောပေါ်ကနေ မစွန့်ခွါလိုကြပါဘူးတဲ့။ အမျိုးသား အနည်းငယ်ကသာ အကောင်းဆုံး ဝတ်စုံတွေကို ဝတ်ဆင်ပြီး gentle man ပုံစံနဲ့ အသက်ကယ်လှေပေါ် ခပ်တည်တည် တက်ကြပါသတဲ့။လက်တလော သုတေသနက ပြောပြတာကတော့ အမေရိကန်တွေထက် ဗြိတိသျှလူမျိုးတွေက ပိုပြီး အသေအပြောက် များခဲ့ပါသတဲ့။ အကြောင်းကတော့ ဗြိတိသျှတွေက လူကြီးလူကောင်းဆန်ဆန် တန်းစီနေကြတာဖြစ်ပြီး အမေရိကန်တွေကတော့ လူကြီးလူကောင်းဆန်တာ၊ မဆန်တာ အပထား၊ အသက်ကယ်လှေပေါ် ရောက်ဖို့ အဓိကထားပြီး တိုးတိုးဝှေ့ဝှေ့ သွားကြလို့ပါတဲ့။
ဆက်ရပ်သတင်း
တိုတန်းနစ်ပေါ်မှာ မြန်မာလူမျိုး အသေအပြောက်တော့ မရှိခဲ့ပါဘူး။ အကြောင်းကတော့ မြန်မာ့နှစ်သစ်ကူး သင်္ကြန်ပွဲနဲ့ တိုက်ဆိုင်နေလို့ ဘယ်မြန်မာလူမျိုးကမှ ဒေါ်လာ (၄၃၅၀) ပေးရတဲ့ ပထမတန်းလက်မှတ်ကို ဝယ်ဖို့ စိတ်မဝင်စားကြလို့ပါ။ဒါ့ကြောင့်ပါ။ နောက်ဆုံး ဆက်ရပ်သတင်းကလွဲရင် ရီးဒါးဒိုင်ဂျက်ထဲက Leesa Hamilton ရဲ့ ဆောင်းပါးကို သင့်သလို ဘာသာပြန်ထားတာပါ။
Copyright © 2012 ကမ်းလက်. All rights reserved.