NGO ချည်းအားမကိုးပါနဲ့

မစ္စတာ Jonathan ရဲ့ဆောင်းပါးတစ်ချို့ကို စွဲစွဲမြဲမြဲ ဖတ်ခဲ့တာကြာပါပြီ။ သမာသမတ်ကျတဲ့အမြင်ရှိတယ်လို့ ယုံကြည်လို့ပါ။ အခုလည်း ဘယ်သူမှမတို့မထိရဲတဲ့ NGO တွေရဲ့စကားကို သူကခပ်ပါးပါးကောက်ကြောင်းပြထားခဲ့တယ်။ ကြိုက်လွန်းလို့ ဘာသာပြန်မျှဝေလိုက်တာပါ။ မူရင်းဆောင်းပါးနာမည်ကတော့ Moving beyond sanctions ပါ။ ခုတလော ဘလော့ဂ် တက်နှုန်းစိပ်နေတာက ပြည်တွင်းရေးရယ်၊ ဒီလိုစာရေဆရာကြီးတွေကြောင့်ပါ။ (ဇင်ဝေသော်)

ဆယ်စုနှစ်ပေါင်းများစွာ စီးပွားရေးပိတ်ဆို့လာခဲတဲ့နောက် ဗြိတိသျှဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း မြန်မာပြည်ခရီးစဉ်နဲ့ပတ်သက်လို့ တစ်စုံတစ်ရာ အကျိုးရှိနိုင်လိမ့်မယ်ဆိုတာကတော့ အသေအခြာပါဘဲ။ သူဟာ နှစ်ငါးဆယ်အတွင်း မြန်မာပြည်ကို ပထမဆုံးရောက်မဲ့ ဥရောပထိပ်တန်း နိုင်ငံရေးခေါင်းဆောင်တစ်ယောက်ပါ။ ဗြိတိသျှအစိုးရဟာ စစ်အစိုးရအပေါ် အရေးယူမှုတွေနဲ့ပတ်သက်လို့ လက်သံအပြောင်ဆုံး ဥရောပအစိုးရလည်းဖြစ်ပါတယ်။

အခု အမှန်တကယ်လိုအပ်နေတာက မြန်မာနဲ့ အီးယူ ပေါင်းစပ်ပေးနိုင်ဖို့ပါ။ ဒါမှလည်း သူ့ခရီးစဉ်ကမျှော်ရကျိုးနပ်လိမ့်မယ်။ အာဏာရှင်အစိုးရတွေနဲ့ကိုင်တွယ်ဖြေရှင်း ဖို့ ပြဿနာမရှိလှတဲ့ ဥရောပအစိုးရတွေဆီက စီးပွားရေးပိတ်ဆို့ထားတာတွေပြန်ဖွင့်ဖို့ ဘယ်လိုအရိပ်အမြွက်မှ မပြကြသေးပါဘူး။ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကိစ္စအတွက် အကြီးမားဆုံးထူးခြားမှုကိုဖြစ်စေနိုင်သူပါ။ ရုပ်ရည်က နွဲ့နောင်းနောင်း ဖျက်ဆီးလို့မရတဲ့ နိုင်ငံရေးခံယူချက်တွေနဲ့သူမဟာ အနောက်ဆန်ပါတယ်။

မြန်မာဟာ ဘယ်တုန်းကမှ ဥရောပရဲ့ အရေးကြီးတဲ့စီးပွားရေး လုပ်ဖော်ကိုင်ဖက်နိုင်ငံမဟုတ်ခဲ့ပါဘူး၊ ဒါကြောင့် မြန်မာကိုစီးပွားရေး ပိတ်ဆို့မှုဆိုတာ အပျင်းပြေလေ့ကျင့်ခန်းတစ်ခုမျှသာပါ။ သူတို့ပိတ်ဆို့မှုကြောင့်၏ ဘာမှလည်းထူးထူးခြားခြား ဖြစ်မလာခဲ့ပါဘူး။

မြန်မာရဲ့လတ်တလော ပြောင်းလဲမှုအပေါ် ဘယ်သူမှ သံသယမရှိကြပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို ကျင့်သုံးတယ်၊ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးတယ်၊ ငြိမ်းချမ်စွာဆန္ဒပြမှုပေးတယ်၊ ဒါတွေဟာ ဥရောပအကြိုက်တွေပါ။ ဒေါ်အော်ဆန်းစုကြည်ရဲ့ NLD ပါတီ အောင်ပွဲခံခဲ့တဲ့ရွေးကောက်ပွဲ ရလာဒ်နဲ့ပတ်သက်လိုးလည်း သူတို့အနေနဲ့ကျေနပ်စရာပါ။

ဒါပေမယ့် စီးပွားရေးပိတ်ဆို့တာတွေ ရုပ်သိမ်းဖို့နဲ့ပတ်သက်လို့တော့ စိတ်ကူးရကြသေးပုံမရှိပါဘူး။ ဘာကြောင့်လဲလို့စဉ်းစားရင် စီးပွားရေးပိတ်ဆို့မှုဟာ ဥရောပရဲ့ လက်ကျန် လက်နက်လေးတစ်ခုဖြစ်နေလို့ပါ။ ဥရောပနိုင်ငံတွေဟာ သူတို့နိုင်ငံနယ်နိမိတ်ကိုကျော်ပြီး စစ်အင်အားမဖြည့်ဆည်းနိုင်ကြတော့ဘူး။ အာရှမှာ ဥရောပစစ်တပ်မရှိဘူး။ ပြီးတော့ အာဖဂန်နစ်တန်နဲ့ လစ်ဗျား မှာ စစ်ရေးပတ်သက်ခဲ့ပြီးတဲ့နောက် တစ်ချိန်က သူတို့ ချန်ပီယံဖြစ်ဖူးတဲ့ ဖြန်ဖြေရေးကိစ္စကိုတောင် သိပ်စိတ်မဝင်စားကြတော့ဘူး။

စီးပွားရေး အင်အားကရှိနေတော့ စီးပွားရေးပိတ်ဆို့မှုက သူတို့ရဲ့ အသိအမှတ်ပြုလောက်တဲ့ လက်နက်တစ်ခု ဖြစ်နေဆဲပါ။ ဒီနှစ် ဇန်နဝါရီလက စပြီး အီးယူက စီးပွားရေးပိတ်ဆို့ လာလိုက်တာ ၁၅ ခုလောက်ရှိနေပြီ၊ ဒီအရေအတွက်ကအရင် ဆယ်နှစ် ပေါင်းတာထက်ပိုနေပါတယ်။ အီးယူ အစိုးရတွေက သူတို့က စီးပွားရေးပိတ်ဆို့လိုက်ရင် တစ်ခုခုဖြစ်လာလိမ့်မယ်လို့ ထင်နေကြတယ်၊ အထောက်အားတွေကိုကြည့်တော့ သူတို့ထင်သလိုမဟုတ်ပြန်ဘူး။

မြန်မာအစိုးရ ပြုပြင်ပြောင်းလဲရေးလုပ်တယ်ဆိုတာ အီးယူရဲ့ စီးပွားရေးပိတ်ဆို့မှု တစ်ခုတည်းကြောင့်မဟုတ်ပါဘူး။ ဒီကိစ္စမှာ အီးယူက ပမွှားလေးပါ။ နောက်ပြီးအီးယူ အစိုးရတေူရဲ့ စီးပွားရေးပိတ်ဆို့မှုကြောင့် အီရန်နဲ့ ဆီးရီးယား တို့ပြောင်းလဲလာလိမ့်မယ်လို့ ဘယ်သူမှ မယုံကြည်ပါဘူး။ ဒီတော့ စီးပွားရေးပိတ်ဆို့မှုဟာ ထိရောက်တယ်ဆိုတာထက် သူတို့ဟာ အရေးပါတယ်ဆိုတာလေးကိုပြဖို့ပဲ ပိတ်ဆို့နေကြရတာပါ။

ဒီထက်အန္တရာယ်ရှိတဲ့ အယူအဆ ဥရောပမှာရှိနေတယ်။ ဒါက စီးပွားရေးပိတ်ဆို့မှု တစ်ချို့ကိုသာဖွင့်ပေးရမယ်၊ အားလုံးမဖွင့်ရ၊ ဖွင့်လိုက်ရင် ပြောင်းလဲမှုတစ်မျိုးတစ်ဖုံ ဖြစ်သွားနိုင်တယ် ဆိုတာပါပဲ။ စစ်အစိုးရနဲ့ တစောင်းစေး မျက်ချေး ဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုအဖွဲ့(International Crisis Group)ကတောင် ပြုပြင်ပြောင်းလဲမှုဟာ အကျိုးရှိတယ်ဆိုတာ စစ်အစိုးရကို ပြသဖို့ အနောက်နိုင်ငံများအနေနဲ့ စီးပွားရေးပိတ်ဆို့မှု တွေ အမြန်ရုပ်သိမ်းသင့်တယ်လို့ သဘာဝကျကျ ပြောဆိုလာကြပါတယ်။

အကြီးမားဆုံးပြောင်းလဲမှုလုပ်ခဲ့ပြီးတဲ့နောက် မြန်မာနိုင်ငံဟာ နိုင်ငံတစ်ဝှမ်းလုံး ယုံကြည်မှုတည်ဆောက်ဖို့ လိုနေတယ်။ ဒီအခြေအနေမှာ ခေါင်းမာသူ ပြောင်းလဲမှုကိုလိုလားသူ စတာတွေခွဲခြားပြီး ဒဏ်ပေး၊ ဆုပေးစနစ်ကိုပဲ ကျင့်သုံးမယ်ဆိုတဲ့အယူအဆဟာ ပြပြင်ပြောင်းလဲရေးကို အများကြိးအဟန့်အတား ဖြစ်စေနိုင်ပါလိမ့်မယ်။ လတ်တလောအနေအထားက ဘာဘာညညာ တောင်းဆိုမှုတွေလုပ်မနေဘဲ မြန်မာနိုင်ငံရေးကို ထောက်ခံအားပေးနေရမဲ့အချိန်ဖြစ်ပါတယ်။

စီးပွားရေးပိတ်ဆို့တာတွေ ရုပ်သိမ်းဖို့တင်မကပဲ အခြားလုပ်စရာတွေများကြီး ရှိနေပါတယ်။ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးတွေ၊ သူတို့ကို ကယ်ဆယ်ရေးလေ့ကျင့်ပေးမှုတွေ စစ်အစိုးရနဲ့ပူးပေါင်းလုပ်ဆောင်နိုင်ပါတယ်။ ဒီကိစ္စတွေမှာ အီးယူ နိုင်ငံတွေက ကျွမ်းကျင်ပါတယ်။

နောက်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ အီးယူ နိုင်ငံတွေက ကြားဝင်ဖြန်ဖြေပေးနိုင်တယ်။ တိုတိုပြောရရင် အီးယူ နိုင်ငံတွေအနေနဲ့ နက်ဂတစ်ဆန်တဲ့ စီးပွားရေးပိတ်ဆို့တာတွေအပြင် အပြုသဘောဆောင်တဲ့ အားပေးမှုတွေ အများကြီးလုပ်ပေးနိုင်တယ်။

ဒါတွေကိုလုပ်ဖို့ ပထမဆုံး အီးယူအစိုးရတွေရဲ့သဘောထား အရင်ပြောင်းလဲရလိမ့်မယ်။ ဒီကိစ္စမှာ ဗြိတိန်က အရေးကြီးဆုံးပါ။ ဗြိတိန်ကိုချီးကျူးရမှာက သူတို့ဟာကျန်းမာရေးနဲ့ပညာရေး အတွက် သုံးနှစ်အတွင်း ပေါင် ၁၈၀ မီလျံ မြနမာနိုင်ငံကိုလှူဒါန်းခဲ့တယ်။ ဒီပမာဏက ဥရောပ တစ်တိုက်လုံးပေါင်းတာထက် ပိုပါတယ်။

ဒါပေမယ့်ဗြိတိသျှအစိုးရဟာ မြန်မာပြည်တွင်းက NGOတွေရဲ့ ဩဇာသက်ရောက်မှု့ အများကြီးခံနေပါတယ်။ သူတို့က ပြည်တွင်းမှာ အားလုံး အလိမ်အညာတွေချည်းပဲလိ့ ဆိုနေကြဆဲပါ။ လတ်တလောမတိုင်ခင်ကအထိ မြန်မာပြည်တွင်းရေးကို ကမ္ဘာက သိလာအောင် NGOတွေက ဆော်အောပေးခဲ့တာပါ။ ချီးကျူးဂုဏ်ပြုထိုက်ပါတယ်။ အခု သူတို့မှာ ဗွီတိုအာဏာမရှိတော့ပါဘူး။

မစ္စတာဘရောင်းနဲ့အီးယူခေါင်ဆောင်တွေအနေနဲ့ အတုအယောင်ပြောင်းလဲမှုဆိုတဲ့ ဝေဖန်သံတွေကို အံတုပြီး စီးပွားရေးပိတ်ဆို့မှုကလည်း အလုပ်မဖြစ်တော့တဲ့ပေါ်လစီ လို့သဘောပိုက်ကာ မြန်မာပြည်အတွက် ရှေ့ကရပ်ပြဖို့သင့်နေပါပြီ။

The Straits Times.Friday,April 13,2012.
By Jonathan Eyal.
Euro Correspondent
Original story >>Moving beyond sanctions
ဇင်ဝေသော်









Copyright © 2012 ကမ်းလက်. All rights reserved.

Post a Comment