ဘုရား ပန်းအိုး ရေ

မြန်မာများ ဘုရားပန်းတင်သော ပန်းအိုးနှင့် တရုတ်များ ဘုရားပန်းတင်သော ပန်းအိုးများကို လေ့လာကြည့်ရာ မြန်မာတို့က ပန်းအိုးထဲကို ရေပြည့်လုခမန်း ထည့်တတ့်ပြီး တရုတ်တို့က ရေကို လက်နှစ်လုံးစာလောက်သာ ထည့်ထား တတ်ကြသည်။
တစ်ရက် နှစ်ရက်ခန့်ကြာလောအခါ ဘုရားပန်းအိုး ရေကိုလဲကြသည်။ ရေ လဲ သည့်အခါ တရုတ်တို့က ရေကြောင့် ဆွေးရိနေသော ပန်းရိုးတို့ကို ဖြတ်ပစ်ပြီး ထိုပန်း လန်းသေးလျှင် ပြန်တင်ကြသည်။ သို့သော် မြန်မာတို့တင်သော ပန်း အိုးတို့ကိုကား ထိုနည်းအတိုင်း ကျင့်သုံးဖို့ အခက်ကြုံတတ်သည်။ အကြောင်း က ရေအပြည့်ထည့်လိုက်သဖြင့် ပန်း အရိုးအားလုံး ရေကြောင့် ဆွေးရိနေ ပြီး ဖြစ်နေတတ်သောကြောင့်ပင်။


အဘယ့်ကြောင့် ဘုရား ပန်းအိုး ရေများ ပုတ်စော်နံရသနည်း ဆိုလျှင် လည်း ရေကြောင့် မဟုတ် ပန်းရိုးကြောင့်သာ ဖြစ်နိုင်သည်။
ဤသည်မှာ လေ့လာမှတ်သားမိသည့် ကျောင်းတွင်း ဒိုင်ယာရီမျှသာ ဖြစ် သည်။