ဘာသာရေး ဘက်မျှမှု

အင်္ဂလိပ်တို့ ကိုလိုနီချဲ့စဉ် ဗုဒ္ဓဘာသာ နိုင်ငံများ အနေနှင့် အနည်းနဲ့ အများ ဘာသာရေးအားနည်းသွားမှုတွေ ရှိခဲ့နိုင်ပါသည်။ သို့သော် ကျွန်ုပ်တို့ ပြန်ရ လိုက်သည့် အချက်ကိုလည်း မမေ့သင့်ပါ။
ကျွန်ုပ်တို့ ဘာ ပြန်ရလိုက်သလဲဆိုလျင် ဆာ အက်ဒွင် အာနိုးဟု ဆိုရပါလိမ့် မည်။ သူသည် အန္ဒိယကိုလိုနီနယ်သို့ တာဝန်ဖြင့် ရောက်လာရသူ ဖြစ်သည်။
ထို့နောက် ယဉ်ကျေးမှုကို ထိတွေ့၊ လေ့လာ၊ ခံစားမိရင်း ဂန္တဝင် ကဗျာရှည် ကြီးကို မွေးဖွား ရေးသားနိုင်ခဲ့သည်။

အနောက်ကမ္ဘာသို့ ဗုဒ္ဓဘာသာရောက်သွားရာတွင် ဆာ အက်ဒွင် အာနိုး၏ "အာရှတိုက် အလင်းရောင်" က အကြီးမားဆုံး အင်အားတစ်ခုဖြစ်ခဲ့ပါသည်။

ဗုဒ္ဓဘာသာ နိုင်ငံတိုင်းက အားနည်းသွားသည့် ပြည်တွင်း ဘာသာရေး အား တို့ကို ပြန်လည် ထိမ်းမတ်နိုင်သည်ဆိုလျင် အာရှတိုက် အလင်းရောင် က ဗုဒ္ဓဘာသာအတွက် အသားတင် အမြတ်ဖြစ်ပါသည်။

ဘာသာရေး ရှုဒေါင့်ကကြည့်လျင် ကျွန်ုပ်တို့ မရှုံးလှပါ။ အရှုံးရှိသလို အမြတ် လည်း ရလိုက်ပါသည်။ အာရှတိုက် အလင်းရောင် ကို အင်္ဂလိပ်တို့ ဖျက်ဆီး လို့မရတော့ပါ။
ပုဂ္ဂလိက အမြင်အားဖြင့် ဤသည်မှာ သဘာဝ ဘက်မျှမှုအားတစ်ခု ဖြစ် သည်။

ဗုဒ္ဓဘာသာကို ဖြူစင်သည်ဟု ယုံကြည်ကြလျင် ဖြူလျှင် ညစ်ထေး လွယ် သည်ဟုလည်း ကျွန်ုပ်တို့ နားလည်ထားကြသင့်သည်။

Post a Comment