"တစ်ကျောင်း တစ်ဂါထာ တစ်ရွာ တစ်ပုဒ်ဆန်း" က ဆိုရိုးစကားဖြစ်ချေ သည်။ ယနေ့ ခေတ်စကားဖြင့် လစ်ဘရယ်ဖြစ်သည်ကို ဆိုခြင်းလား၊ ညှိနှိုင်း လို့ မရသည်ကိုဆိုခြင်းလား ကွဲကွဲပြားပြားတော့ မသိပေ။ တစ်ရွာ တစ်ပုဒ် ဆန်းကို မဆိုလိုချင်သော်လည်း တစ်ကျောင်း တစ်ဂါထာကိုတော့ဖြင့် တို့ ထိ ကြည့်ချင်သည်။
ဘာသာရေး ပွဲလမ်းများ စတင်ရာ၍ ဩကာသ ကန်တော့ချိုးက စ၍ ညှိနှိုင်း လို့ မရတော့။ ဩကာသကန်တော့ချိုး အမျိုးမျိုး ဖြစ်နေကြ၏။ သူ့ဟာနဲ့သူ မှန်ကြသည်ချည်းသာ၊ ပြဿနာက နှစ်သံ သုံးသံ ကွဲနေခြင်းသာ ဖြစ်၏။ သာသနာကွယ်မည့် ကိစ္စတော့ မဟုတ်။
ထို့နောက် သံဃာတော်များ ပရိတ်ရွတ်ရာ၌ ဤ ဇာတိရုပ်က တဖန် ပေါ် လာပြန်၏။ သီရိလင်္ကာ၊ ထိုင်းသံဃာတော်များ ပရိတ်ရွတ်ဖတ်ရာ၌ မည်မျှ သံဃာများများ တညီတညွတ်ရှိလှသည်။ အထူးသဖြင့် ထိုင်းသံဃာတို့က အညီညွတ်ဆုံး ဖြစ်သည်၊ တစ်သောင်းရွတ်လည်း တစ်သံထဲ ထွက်၏။ တောင်ပိုင်းထိုင်း၊ မြောက်ပိုင်းထိုင်း အတူတူဖြစ်သည်။ မေတ္တာစိတ်သာ ပဓာနဟု ဆိုရန်တော့ရှိသည်၊ သို့သော် သံဃာအများကြီး အဖြတ် အရပ် ညီညီ ရွတ်ဖတ်တော်မူကြလျှင် ပို၍ ကြည်ညို ကြည်နူးဖွယ်ကောင်းသည်ကို ဇွတ်မငြင်းကြသင့်။ အသံထွက်မှစ၍ ကျွန်ုပ်တို့က တစ်ကျောင်း တစ်ဂါထာ ဆန်လွန်းလှ၏။
ထို့နောက် ရေစက်ချကြ၏။ အားလုံး ကိုယ့်မူနဲ့ကိုယ် ချကြသည်။ ထို့ကြောင့် ရေစက်ချ အမျိုးမျိုးဟူသည့် စာအုပ်တွေလည်း ရှိလာရတော့ သည်။ သီရိလင်္ကာတို့က တိုသည်၊ ရှင်းသည်၊ ထိမိသည်၊ ရစက်ချ အမျိုးမျိုး စာအုပ်တွေမလို။ တို၊ ရှင်း၊ ထိမိပေမပေါ့၊ မူရင်းကို ကိုင်လိုက်သည်ကိုး။ မူရင်းဘုရားဟောဖြစ်သည့် တိရောကုဋ္ဋသုတ်လာ "ဣဒံ နော ဉာတီနံ ဟော တု၊ သုခိတာ ဟောန္တု ဉာတယော" ကို ရွတ်လိုက်ကြသည်။
မဟာဂန္ဓာရုံဆရာတော်ကြီး မွေးရပ်ရွာရောက်ခိုက် မိဘနှစ်ပါးနှင့် ဆွေမျိုးများ ကို ရေစက်ချအမျှဝေရာ၌
"ဣဒံ နော ဉာတီနံ ဟောတု၊ သုခိတာ ဟောန္တု ဉာတယော" ကိုသာ တူဖြစ် သူကို ရွတ်ဆိုစေကြောင်း ရှားရှားပါးပါး မှတ်သားလိုက်ရသည်။ ဆရာတော် ကြီး၏ ကြည်ညိုဖွယ်များတွင် ဤသို့ ဘုရားဟောကို နံပါတ်တစ်ထားခြင်းများ ပါဝင်သည်။
ရွတ်ဖတ်သရစ္ဇျာယ်လျှင် အကျိုးများစွာရနိုင်သည့် ဘုရားဟော ဂါထာတော် များ ပိဋကတ်တော်မှာ အလွန်များပြားလှပါလျက် သမ္ဗုဒ္ဓေ ဂါထာများ ပေါ်ပြူ လာဖြစ်နေခြင်းက "တစ်ကျောင်း တစ်ဂါထာ" ၏ အစွမ်းကို ပြသလျက် ရှိ သည်။
ထိုထိုသော အကြောင်းတို့ကြောင့် ပရိတ်ရွတ်ရာ၌ပင် အခြားသံဃာများလို ညီညွတ်အောင် ကျွန်ုပ်တို့ မရွတ်တတ်ကြတော့။ ဖြတ်ချင်ရာ ဖြတ်၊ ရပ်ချင်ရာ ရပ်၏။ မှန် မမှန်က ရွတ်ဖတ်နည်း (စည်းကမ်း) ထက် မိုက်ကရိုဖုန်းနှင့် အနီး ဆုံးဆရာတော်နှင့်သာ ဆိုင်လေတော့သတည်း။
"တစ်ကျောင်း တစ်ဂါထာ တစ်ရွာ တစ်ပုဒ်ဆန်း" ဟူသတတ်။ ။

Post a Comment