ငယ်စဉ်က ဆရာ့ ဆရာများစကားကို ကြားရစဉ် ရယ်စရာသဘောမျိးဖြင့် မိန့် ကြသည်ဟု ထင်မိသည်။ ပေးဘုန်း၊ ကျွေးဘုန်း၊ မေးဘုန်း၊ စာဘုန်း စသည် တို့ဖြစ်သည်။ ပေးဘုန်း၊ ကျွေးဘုန်း ဟူသည် အပေးအကမ်းရက်ရောသော ဆရာတော်များ ဘုန်းကြီးတတ်သည်၊ မေးဘုန်းက သတင်းစကားမေးခြင်း၊ သာကြောင်းမာကြောင်း စသည်မေးမြန်းလေ့ ရှိခြင်းပင်။ ဤသည်ကလည်း ဘုန်းကြီးခြင်းအကြောင်းတွင်ပါဝင်သည်၊ သာကြောင်းမာကြောင်း စ သည်ပြောကြားခြင်းဖြင့် ဒကာ၊ ဒကာမတို့စိတ်ကို ညွတ်နူးစေ၏။ "ကစ္စိ ဘိက္ခဝေ ခမနီယံ၊ ကစ္စိ ယာပနီယံ" စသော ဘုရားရှင်၏ နှုတ်ခွန်းဆက် စကားတို့သည် ဤသဘောအတိုင်းပဲ ဖြစ်ပေမည်။
သို့သော် "စားဘုန်း" ဆိုသည့်စကားကိုတော့ မကြာမီအချိန် အထိ ကောင်းေ ကာင်း သဘောမပေါက်ခဲ့ပါ။ လူကြီး ဖြစ်စမှာတော့ ရေးတေးတေး သဘောပေါက်သလို ရှိခဲ့သည်။ ယခင်က စားရသောကိစ္စက လွယ်သည်ဟု ထင်သည်။ "စားဘုန်း" နှင့် စာပေကိုလည်း ဆက်စပ် မကြည့်နိုင်ခဲ့။
စာသင်သား ဘဝ၊ ရဟန်းငယ်ဘဝ မှာ လူတွေက ဘာပဲကပ်ကပ် ကိုယ် ကြိုက်ရာကို စားလိုက်သည်၊ မကြိုက်ဘူးဆိုလျင် တို့လို့ပင် မကြည့်မိ။ အရွယ်ရလာတော့ သူတို့ခမျာ ချက်ထားရရှာတာဆိုသည့် အတွေး ဝင် လာတော့သည်။ အထူးသဖြင့် ကိုယ်တိုင်က လူကြီးအနေနှင့် အိမ်များကို ဆွမ်းစားသွားရသည့်အခါ ရဟန်းများ ဘုန်းပေးလေလေ ဒကာ၊ ဒကာမတို့က ကြည်နူးလေလေဖြစ်သည်ကို ကိုယ်တွေ့ ခံစားတတ်လာသည်။ အပြန် အ လှန် အားဖြင့်ကြည့်လျှင် ရဟန်းများက အားရပါးရ မဘုန်းပေးလျင် ကြားထဲ က မျက်နှာ ပူသလိုလိုဖြစ်လာသည်။
မန္တလေးမှာ နေစဉ် ဆရာဘုန်းကြီးက ဆွမ်းစားနိုင်သည့် ရဟန်းတို့ ကို ရွေး ပြီးဆွမ်းစားခေါ်သွားတတ်သည့် သဘောကို ယခုမှ သဘောပေါက် မိသည်။ ဒကာ၊ ဒကာမတို့စိတ်ကို ညွတ်နူးစေလိုခြင်း သာ ဖြစ်ပေသည်။ မေတ္တာ ကရု ဏာ သဘောပင်ဖြစ်သည်။
မြန်မာဒကာ၊ ဒကာမ၊ မြန်မာဆရာတော်များကြား၌ကား မြန်မာ အစား အစာ များသာကပ်ကြသဖြင့် အခက်အခဲက ထင်သလောက် မကြီးလှဟုထင်သည်။ လူမျိုးခြားများ ကပ်သောဆွမ်းဖြစ်နေလျှင် ပို၍အခက်ကြုံရသည်။ ကိုယ့်လျှာနှင့် မကိုက်သော်လည်း ခဲဖွယ်များဖြစ်သဖြင့် ကြိတ်ကာ မှိတ်ကာ "ခဲ" ရသည်။ ထို့ကြောင့် စလုံး ဒကာ၊ ဒကာမတို့ကို "You do your best for cooking. Then, we will try our best for eating." ဟုသာ ပြောရလေေ တာ့သည်။
စားရသောကိစ္စက လွယ်သည်ဟု ယခု မထင်မိတော့။ သူတို့ စိတ်ကြည်နူး မှုရစေရန် သင့်ရုံတော့ မကြိုက်လည်း စားရတော့သည်။ သူတပါးကို စိတ် ကြည်နူးမှုရစေလိုသဖြင့် ကုသိုလ်တော့ ဖြစ်တန်ရာ၏။ ဤအချက်ကို နား လည်ကြသည့် နီးစပ်သော မြန်မာ ဒကာ၊ ဒကာမတို့က မြန်မာ အစားအစာ များ ဘုန်းပေးရအောင်ဆိုပြီး အိမ်ပင့်၍ မကြာမကြာ ကပ်ကြသည်။ ထို ဆွမ်း မျိုးကို သဒ္ဓါဆွမ်း (သို့) သနားဆွမ်းဟု ခပ်သောသော အမည်ပေးလိုက်သည်။
ထိုမှဆက်စပ်ပြီး "စားဘုန်း" နှင့် စာပေကို လေ့လာကြည့်မိတော့ ဘုရားရှင် ကိုယ်တိုင် ကျင့်သုံးခဲ့သည်ကို တွေ့ရပါတော့သည်။ ဤကား ပရိနိဗ္ဗာန် မစံဝင် မီ ဘုန်းပေးခဲသည့် စုန္န၏ ဝက်ပျိုသားဟင်းလျာပင် ဖြစ်ပေသည်။ စာပေက စုန္နကို ချီးမြှောက်လိုသောကြောင့်ဟုဆို၏။ ခေတ်စကားဖြင့်ဆိုလျင် စုန္နကို ဝမ်းသာစေလိုသောကြောင့်ဟု ဆိုနိုင်သည်။ မဟာကရုဏာ၏ ပြယုဂ် တစ်ခု ပင်။
ယခု စားရသောကိစ္စက လွယ်သည်ဟု မထင်မိတော့သလို "စားဘုန်း" အကြောင်းကိုလည်း သဘောပေါက်မိသည်။ စာပေနဲ့လည်း ညီ၏။ မကြိုက် လှသော အစားအစာတို့ကို သင့်သလို လှူသူကျေနပ်ဖို့ ဘုန်းပေးရာမှာ စာနာ မှု၊ ချီးမြှောက်လိုမှု၊ ငါကြိုက်မှ ငါစားမှာပေါ့ ဆိုသည့် အတ္တဗဟိုပြု အယူ အဆ ကို ကျော်လွန်မှု စသည်တို့ ပါဝင်နေသည်။
အထူးသဖြင့် ဘုန်းကြီးလို၍ ဘုန်းပေးနေကြခြင်း မဟုတ်ဆိုသည်ကို နား လည်လိုက်မိ၏။
သို့သော် "စားဘုန်း" ဆိုသည့်စကားကိုတော့ မကြာမီအချိန် အထိ ကောင်းေ ကာင်း သဘောမပေါက်ခဲ့ပါ။ လူကြီး ဖြစ်စမှာတော့ ရေးတေးတေး သဘောပေါက်သလို ရှိခဲ့သည်။ ယခင်က စားရသောကိစ္စက လွယ်သည်ဟု ထင်သည်။ "စားဘုန်း" နှင့် စာပေကိုလည်း ဆက်စပ် မကြည့်နိုင်ခဲ့။
စာသင်သား ဘဝ၊ ရဟန်းငယ်ဘဝ မှာ လူတွေက ဘာပဲကပ်ကပ် ကိုယ် ကြိုက်ရာကို စားလိုက်သည်၊ မကြိုက်ဘူးဆိုလျင် တို့လို့ပင် မကြည့်မိ။ အရွယ်ရလာတော့ သူတို့ခမျာ ချက်ထားရရှာတာဆိုသည့် အတွေး ဝင် လာတော့သည်။ အထူးသဖြင့် ကိုယ်တိုင်က လူကြီးအနေနှင့် အိမ်များကို ဆွမ်းစားသွားရသည့်အခါ ရဟန်းများ ဘုန်းပေးလေလေ ဒကာ၊ ဒကာမတို့က ကြည်နူးလေလေဖြစ်သည်ကို ကိုယ်တွေ့ ခံစားတတ်လာသည်။ အပြန် အ လှန် အားဖြင့်ကြည့်လျှင် ရဟန်းများက အားရပါးရ မဘုန်းပေးလျင် ကြားထဲ က မျက်နှာ ပူသလိုလိုဖြစ်လာသည်။
မန္တလေးမှာ နေစဉ် ဆရာဘုန်းကြီးက ဆွမ်းစားနိုင်သည့် ရဟန်းတို့ ကို ရွေး ပြီးဆွမ်းစားခေါ်သွားတတ်သည့် သဘောကို ယခုမှ သဘောပေါက် မိသည်။ ဒကာ၊ ဒကာမတို့စိတ်ကို ညွတ်နူးစေလိုခြင်း သာ ဖြစ်ပေသည်။ မေတ္တာ ကရု ဏာ သဘောပင်ဖြစ်သည်။
မြန်မာဒကာ၊ ဒကာမ၊ မြန်မာဆရာတော်များကြား၌ကား မြန်မာ အစား အစာ များသာကပ်ကြသဖြင့် အခက်အခဲက ထင်သလောက် မကြီးလှဟုထင်သည်။ လူမျိုးခြားများ ကပ်သောဆွမ်းဖြစ်နေလျှင် ပို၍အခက်ကြုံရသည်။ ကိုယ့်လျှာနှင့် မကိုက်သော်လည်း ခဲဖွယ်များဖြစ်သဖြင့် ကြိတ်ကာ မှိတ်ကာ "ခဲ" ရသည်။ ထို့ကြောင့် စလုံး ဒကာ၊ ဒကာမတို့ကို "You do your best for cooking. Then, we will try our best for eating." ဟုသာ ပြောရလေေ တာ့သည်။
Image source : သောတုဇနပအိုဝ်းပေးblog |

Post a Comment