ရဟန်းနှင့် ဟန်းဖုန်း (ကျောင်းတွင်းမှတ်စု)

မြန်မာ၊ တရုတ် ဗုဒ္ဓဘာသာများ ကြားမှာ ခေတ်မီ ဟန်းဖုန်းများနှင့် ပတ်သက် ပြီး အသံနှစ်မျိုး ကွဲနေတတ်သည်။
" ဒီဘုန်းဘုန်းက မိုက်တယ်၊ အပ်ပဒိတ်တွေမှ ကိုင်တာ" က မြန်မာအများစုရဲ့ အသံဖြစ်တတ်ပြီး
"သူ့ခေတ်နဲ့သူ သုံးတော့ သုံးရမှာပေါ့၊ ရဟန်းက အဲသလောက်ကြီး ရုပ် ဝတ္ထုတွေနဲ့ပတ်သက်လို့ ခေတ်မီနေဖို့ လိုအပ်သလား" က တရုတ်အများစုတို့ အသံဖြစ်နေတတ်သည်။

သူတို့မှလည်း မဟုတ်၊ ဘလက်ဘန်း ဆိုသည့် " ထေရဝါဒဗုဒ္ဓဘာသာနှင့် မလက္ကာရေလက်ကြား ယဉ်ကျေးမှု" ကို သုတေသနပြုနေသူ အမေရိကန် ပါမောက္ခတစ်ယောက်က (သူမက ဘုန်းကြီးတစ်ပါးနှင့် သုံးစွဲ ပြောဆိုရ မည့် မြန်မာ့ ဝေါဟာရများ တစ်လုံးမှ မလွဲအောင် ၄၅ မိနစ်ခန့် စကားပြော သွားနိုင်သည်) နောက်ဆုံးပေါ် ဟင်းဆက်ဖြင့် စကားပြောနေဟန် (ထိုဟင်း ဆက်ဖြင့် တွဲကာ တမင်ရိုက်ထားဟန်တူသော) ရဟန်းတစ်ပါးဓာတ်ပုံကို ကြည့်ကာ ပြုံးနေလေသည်။
သူမ အပြုံးကို ကိုယ်လည်း ဘာသာမပြန်တတ်။ ထိုစဉ် သူမကိုင်သည့် ဟန်း ဖုန်းကိုကြည့်တော့ နိုကီးယား အဟောင်းလေြး ဖစ်နေသည်ကို တွေ့ရသည်။ (အချိန်ရမှ ဒီဟန်းဆက်လေးကို အပ်ပဒိတ် လုပ်ရဦးမယ်ဘုရား၊ အသုံးပြုလို့ သိပ်မကောင်းတော့ ဟု သူမက ဆိုသည်)

ရုပ်ဝတ္ထုတိုးတက်သည့် နိုင်ငံသား ဗုဒ္ဓဘာသာများနှင့် မိမိတို့ နိုင်ငံမှ ဗုဒ္ဓဘာ သာများ၏ ရုပ်ဝတ္ထုများအပေါ် မတူညီသော အမြင်ကို လေ့လာရလိုက်မိေ သာ ကျောင်းတွင်းမှတ်စုလေးသာ ဖြစ်ပါသည်။

ကိုင်နိုင်၍ (သို့) လှူသူရှိ၍ ကိုင်ဆောင်တော်မူကြသည့် ရဟန်းများကို ဝေဖန် လိုစိတ်၊ ဣဿာယှဉ်စိတ် မရှိပါ။
ရှူမြင်ကြပုံတွေကတော့ မတူကြပါလေ။

Post a Comment