စထရိတ်တိုင်း သတင်း ကောက်နှုတ်ချက် (မောနင်း ပို့စ်)


ဒီနေ့ စထရိတ်တိုင်းမှာ မြန်မာနဲ့ပတ်သက်လို့ သတင်းနှစ်ပုဒ်ပဲ ပါတယ်။

၁။ သူရ ဦးရွှေမန်းလည်း သမ္မတဖြစ်ချင်သူစာရင်းထဲ ပါသွားပြီ။
( နိုင်ငံနဲ့ လူမျိုးကို ထိထိရောက်ရောက် အလုပ်အကြွေးပြုနိုင်ဖို့ )

၂။ မြန်မာကဝယ်တဲ့ တရုတ်ပြည်လုပ် MA60 လေယာဉ် ပျက်ကျတဲ့ သတင်း
ပါ။
(တကယ်က MA60 က မျက်နှာမလိုက်ပါဘူး၊ ဝယ်တဲ့နိုင်ငံတိုင်းမှာ ပျက် ကျနေတာပါ)

ဒီနေ့ သတင်းနှစ်ပုဒ်ကို ချုပ်လိုက်တော့......
ဘယ်သူပဲ သမ္မတဖြစ်ချင် ဖြစ်ချင် MA60 လေယာဉ်ကို မဝယ်သင့်ဆိုတာပါပဲ။

နိုင်ငံရေး ဂျုတ်

မေး။ ။ နိုင်ငံရေးသမားတွေ အမှန်ပြောတဲ့အခါ ရှိပါသလား။
ဖြေ။ ။ ရှိပါတယ်။
မေး။ ။ ဘယ်လိုအခါမှာပါလဲ။
ဖြေ။ ။ သူတို့ချင်း တစ်ယောက်ကို တစ်ယောက် "လူလိမ်" လို့ ပြောတဲ့ အခါ မှာပါ။


Post a Comment