တရုတ် (သို့) ဘာတွေပျက်ပျက် ကြေးနီထွက်ရင် တူးသူ

အာဖဂန်နစ္စတန်ဆိုတာ ဘီစိ(၁) ရာစုကအစပျိုးခဲ့ပြီး အေဒီ (၁၀ ) ရာ စုလောက်အထိ ဗုဒ္ဓဘာသာစည်ပင်ထွန်းကားခဲ့တယ်လို့ ယူဆလို့ ရတဲ့ နေ ရာပါ။ ရှေးဟောင်း ယဉ်ကျေးမှု၊ ကုန်သွယ်မှုတွေ ရှိခဲ့တာကိုလည်း "the Silk Road" သမိုင်းက သက်သေခံနေတယ်။
တရုတ်နဲ့ ဆက်စပ်လို့ အငြင်းပွားဖွယ်ရာ (သို့) မြန်မာပြည်က လက်ပံေ တာင်းအပြီး ကံဆိုးရရှာတာကတော့ အာဖဂန်နစ္စတန်က မီးအီနက် (Mes Aynak) ရှေးဟောင်းဗုဒ္ဓမြို့တော်ကြီး (Ancient Buddhist city on the route of the Silk Road in Afghanistan) ပဲ ဖြစ်ပါတယ်။


ဘီစိ(၁) ရာစုကနေ အေဒီ (၁၀ ) ရာစုလောက်ထိစည်ပင်ထွန်းကားခဲ့တဲ့ မီးအီနက် ရှေးဟောင်းဗုဒ္ဓမြို့တော်ကြီးရာကြီးရဲ့အောက်မှာ ပမာဏ ကြီးမား လှတဲ့ ကြေးနီသိုက်ကြီးကို ရှာဖွေတွေ့ရှိထားပါတယ်။ ဒီ ကြေးနီသိုက်ကြီးကို တူးဖော်လိုက်ရင် ရရှိလာမဲ့အကျိုးအမြတ်က လက်ရှိ အာဖဂန်တနိုင်ငံလုံး လည်ပတ်နေတဲ့ ဘတ်ဂျက်ငွေပမာဏရဲ့ ငါးဆဖြစ်ပါတယ် တဲ့။ ကမ္ဘာ့ဘဏ်နဲ့ အမေရိကန်-တရုတ်တို့က ပဏာမလေ့လာတိုင်းတာမှု လုပ် ငန်းတွေအတွက် လိုအပ်ငွေဒေါ်လာ (၁ )ဘီလျံကိုထုတ်ချေးလိုက်ကြပြီး တရုတ်က တူးဖော်ရေးကန်ထရိုက်ရလိုက်ပါတယ်။

အခြားနိုင်ငံတကာ မိုင်းကုမ္ပဏီတွေက ရှေးဟောင်းမြို့တော်ကြီးကိုဖြိုဖျက်မှ ရမည့်အချက်ကို ထည့်သွင်းစဉ်းစားနေရလို့ မဝံ့မရဲ ဖြစ်နေကြချိန်မှာတရုတ် ကတော့ (ဘာဖြစ်ဖြစ် သဘောနဲ့) လက်ရဲဇက်ရဲကန်ထရိုက်ဝင်ဆွဲသွားတာ ပါ။ အခုတော့ တရုတ်ရဲ့ကြးနီးတူးဖော်ရေးလုပ်ငန်ဟာ မြန်မာပြည်က လက်ပံတောင်းအရေးလို နိုင်ငံတကာ ရှေးဟောင်းသုတေသန ပညာရှင်တွေ အများကြီးစိုးရိမ်သောကရောက်ရတဲ့ အရေးကိစ္စတခုဖြစ်နေပါတယ်။

သမိုင်း၊ ပထဝီနိုင်ငံရေး၊ ရှေးဟောင်သုနေသန နဲ့ သဘာဝ ဝန်းကျင်ကို လေး စားသူတွေ အမြင်မှာတော့ တရုတ်ဟာ ကြေးနီသာရရင် အဘနှဖူးလည်း သိုက် တူးမယ့်သဘော ဖြစ်နေပါတော့တယ်။

မူရင်း: William Dalrymple The Guardian, Friday 31 May 2013 22.00 BST
Link : click here