မြန်မာ့ ဒီမိုကရေစီအတွက် ဘာသာရေး နားလည်သည်းခံမှုသည် အဓိက

Nehginpao Kipgen ရဲ့ စထရိတ်တိုင်း ဆောင်းပါး Religious tolerance key to Myanmar's democracy ကို အကျဉ်းချုပ် ပြန်ဆိုထားတာပါ။

ကမ္ဘာပေါ်ရှိတဲ့ အခြားနိုင်ငံတွေလိုပဲ မြန်မာဟာ လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိ တဲ့ နိုင်ငံဖြစ်တယ် သို့သော် ၁၉၄၀ ခုနှ်တွေကစလို့ ပါလီမန်ထဲမှာပင် ဘာ သာရေးက အခရာ ကျခဲ့တယ်။
မြန်မာပြည်ဟာ ဘာသာရေးနဲ့ ခွဲခြားထားတယ်၊ စစ်အစိုးရလက်ထက်မှာလည်း ဗုဒ္ဓဘာသာဝင် မဟုတ်သူများ ရာထူးမြင့်မြင့် မရကြ။
သူရရွှေမန်းက ဘာသာရေး ပြဿနာ မရှိဘူးလို့ ဒီလထဲမှာပဲ ဆိုခဲ့ပေမဲ့ တ ကယ်က ခွဲခြားမှုတွေ ရှိနေဆဲပါလို့လတ်တလောအနေအထားကို ထောက်ပြ တယ်။
ဗမာ၊ ရှမ်း၊ မွန်၊ တရုတ်တို့ကြားတွင် ဗုဒ္ဓဘာသာ ကိုးကွယ်သူ အရေအတွက် များပြီး အစိုးရ စာရင်းဇယား အရ ဗုဒ္ဓဘာသာ ၈၉. ၂ ရာခိုင်နှုံး၊ ခရစ္စယန် ၅ ရာခိုင်နှုံး၊ မွတ်စလင် ၃. ၈ ရာခိုင်နှုံး၊ နတ်ကိုးကွယ်သူ ၁. ၂ ရာခိုင်နှုံး၊ ဟိန္ဒူ ၀. ၅ ရာခိုင်နှုံး ဖြစ်တယ်။

အခုအထိ ဆွေးနွေးညှိနှိုင်းရဆဲ ကချင်လက်နက်ကိုင် ပြဿနာဟာ ဗုဒ္ဓဘာ သာကို နိုင်ငံတော်ဘာသာအဖြစ် ဥပဒေ ထုတ်ပြန်ခဲ့တဲ့ ဦးနု အစိုးရလက် ထက်မှာ စတင်ခဲ့ကြောင်း၊ မကျေနပ်တဲ့ ခရစ္စယန်ဘာသာဝင် ကချင် တိုင်း ရင်းသားများက စတင် ပုန်ကန်ခဲ့ကြောင်း ရေးသားထားပါတယ်။ ကရင်တိုင်းရင်းသားများ ကြားမှာလည်း ဘာသာရေးအခြေခံပြီး ကရင်းခြင်း ကွဲပြားနေကြောင်း၊ လက်နက်ကိုင်အဖွဲ့ဆိုရာ၌ပင် ဗုဒ္ဓဘာသာ၊ ခရစ္စယန်ဘာ သာ ဟု ရှိနေကြောင်း ရေးသားထားပါတယ်။

နောက်ပြီး ရခိုင်ဗုဒ္ဓဘာသာဝင်တွေနဲ့ ရိုဟိန်ဂျာပြဿနာ၊ ဘူးသီးတောင် ၊ မောင်းတော နှစ်မြို့နယ်မှာထုတ်ပြန်ခဲ့တဲ့ ကလေးနှစ်ယောက် ဥပဒေ ကို သူက ဆက်ထောက်ပြတယ်။
လူထုတစ်ရပ်လုံးက အထူးလေးစားတဲ့ သံဃာ့အဖွဲ့ထဲမှာလည်း ရဟန်း တ ချို့ကြောင့် သဘောထား ကွဲလွဲမှုရှိနေနိုင်ကြောင်း အထူးသဖြင့် အမျိုးသားေ ရး ဝါဒ ပြင်းထန်သူ ဝိရသူနဲ့ ၉၆၉ လှုပ်ရှားမှုကြောင့်ဖြစ်နိုင်ကြောင်း၊ အမျို့စောင့် ဥပဒေ မူကြမ်းအကြောင်း၊ မွတ်စလင်တွေနဲ့ စီးပွားရေး အဆက်အဆံ မလုပ်ရေး လှုပ်ရှားမှုတွေအကြောင်း ဆွေးနွေးထားပါတယ်။

နောက်ဆုံး သူဆွေးနွေးရေးသားသွားတာကတော့ ဒီမိုကရေစီဆိုရာမှာ လွတ်လပ်စွာ ယုံကြည်မှု ရွေးချယ်ခွင့်၊ ယုံကြည်မှုအချင်းချင်း နားလည်၊ ခွင့် လွှတ်ခြင်း ဖြစ်တယ်။ နိုင်ငံရေးနဲ့ ဘာသာရေး လက်ပွန်းတတီးရှိလှ တဲ့ မြန် မာနိုင် ငံရဲ့ ဒီမိုကရေစီအတွက် ဘာသားရေးကိစ္စဟာ အရေးကြီးလှကြောင်း ပါပဲ။

Religious tolerance key to Myanmar's democracy.
By: Nehginpao Kipgen
The writer is general Secretary of the US-based Kuki international Forum, and researches on the politics of South and South-east Asia, with a concentration on Myanmar.

Post a Comment