တန်ပြန် အကျိုးသက်ရောက်မှု

ကျောင်းမှာ ဥပဒေအသစ် ထုတ်လိုက်ကြသည်။
ဖူးလ် မွန်း၊ နယူး မွန်း နှင့် တနင်္ဂနွေ ဘုရားရှိခိုးချိန်တွင် သံဃာတော်များကို
လေးစားသောအားဖြင့် သံဃာတော်များ ခုံပေါ်တွင် သီတင်းသုံးပြီးမှ
လူပုဂ္ဂိုလ်များ ကြမ်းပြင်တွင် ထိုင်ရန်၊ ထို မတိုင်မီ လက်အုပ်ချီ မတ်တပ်ရပ် နေကြရန်ဖြစ်သည်။

ယင်း ဥပဒေအသစ် ၏ တန်ပြန် အကျိုးသက်ရောက်မှုက
ရဟန်းတော်များကိုယ်တိုင် အရင်နှင့် မတူ (လူ ပုဂ္ဂိုလ်များ အကြာကြီး ရပ်စောင့် မနေရရန်)
အမြန် ထိုင်ပေးနေရခြင်းပင်ဖြစ်သည်။

ကိုယ့်ရှူး ကိုယ်ပတ်သော ဥပဒေဖြစ်ကြောင်း သိလိုက်ရ၏။


သီဟနာဒ







Copyright © 2012 ကမ်းလက်. All rights reserved.

ကမ်းလက် ကိုးလပြည့် အမှတ်တရ

တစ်လပြည့်ခဲ့ပြန်ပါပြီ။ လန်ဒန်သားတို့ရဲ့ အမှားမှား အယွင်ွးယွင်း အိုလံပစ်လည်း စခဲ့ပြီ။
ခဏရပ်၊ ကျေးဇူးတရား တစ်ချို့ကို ပြန်ပွားမိတယ်။ ကတညုတ ကတဝေဒီ။

တာရာမင်းဝေ ကတော့
" ငါ့ရှင်တို့က ဘာလဲ
ငါက ဘာလဲ
နာမည်တွေ မြေကြီးပေါ် ပစ် ချပြီး
လှလှ ပပ ပြိုင်ရဲပါတယ် " တဲ့။

နာမည်တွေ မြေကြီးပေါ် ချ ပြီး ကမ်းလက်ကို စခဲ့မိကြတယ်။

ဘာသာရေး၊ နိုင်ငံရေး၊ လူမျိုးရေး သုံးခု ကို
ယက်စပ်ပြီး ( တတ် မှတ် သမျှ ဖြန့် ဆန့် မိတယ်။)
ဝေးလွင့်သွားတဲ့ နားလည်မှုတွေကို နားလည်ရင်း...
ရှင်သန်ဆဲ၊ ဖွံ့ထွားဆဲ နားလည်မှုတွေကို တနိုးတမြတ် ထားရင်း...



(ရွာက ပြန်ရောက်တဲ့ နောက်)
ပို ကျယ်တဲ့ ၊( အင်တာနက်နဲ့ တစိမ်းတရံ )
စာဖတ်သူ လွင်ပြင်ဆီ စိတ်ဖြန့်ကျက်ရင်း
အားပေး စကားပြန် ရှစ်ခုကို ရိက္ခာ ထုပ် ပိုးရင်း
ပြည်တော်ပါ အတူး ( စိန်တူး ) နဲ့ ခက်ခက် တို့ရဲ့
မြေကြီးပေါ်က နာမည်တွေကို ကျေးဇူးစကား ဆိုရင်း
ကမ်းလာတဲ့ လက် အသစ်တွေကို ကျေးဇူးစကား ဆိုရင်း
ခရီးတစ်ခု ရဲ့ ထောင့်ချိုးကနေ ခပ် ကုပ်ကုပ် နောက်ပြန် ကြည့်မိတယ်။


"စရထ ဘိက္ခဝေ စာရိကံ "
လမ်း ဆက်လျှောက် ချစ်သား တို့ တဲ့။
သုံးလောက မီးရှူးရဲ့ အားပေးစကား
ခပ်ဝါးဝါး ပေမယ့် ကြားလိုက်တယ်။ ။


သီဟနာဒ







Copyright © 2012 ကမ်းလက်. All rights reserved.

တောင်မှန်းမသိ မြောက်မှန်းမသိ

အိုလံပစ်က မစရသေးဘူး ဗြိတိသျှအိုလံပစ်ပွဲ ဖြစ်မြောက်ရေး ကော်မတီကတော့ အဝါကတ် ထိသွားပြီ။ ကိုလံဘီယာ နဲ့ အမျိုးသမီး ဘောလုံးပွဲ မကန်မီ မြောက် ကိုရီယား အားကစား သမားတွေကို တောင် ကိုရီယား နိုင်ငံ အလံ နဲ့ တွဲပြီး မိတ်ဆက်လိုက်ပါလေရော။ ဒါကို မကျေနပ်တဲ့ ဘောလုံးသမားတွေက ကွင်းထဲဆင်းဖို့ ငြင်းဆန်နေလို့ တစ်နာရီ ကျော်ကျော် နောက်ကျသွားခဲ့တယ်။ မြောက်ကိုရီယား အိုလံပစ်အဖွဲ့ ခေါင်းဆောင်က မကျေမနပ် အဖြစ်ဆုံး၊ ဒါမျိုး အမှား ထပ်ပြီး မကျူးလွန်မိစေဖို့ အိုလံပစ် ကော်မတီကို တောင်းဆိုခဲ့တယ်။ နိုင်ငံတော် အလံ နဲ့ နိုင်ငံတော်သီချင်း ကို ပွဲမစမီ မှန် မမှန် စစ်ဆေးဖို့ သက်ဆိုင်ရာ နိုင်ငံရဲ့ အဖွဲ့ ခေါင်းဆောင် တစ်ယောက်ယောက်ကို စေခိုင်းသင့်ကြောင်းလည်း အကြံပြု သွားခဲ့တယ်။


အိုလံပစ် ကော်မတီ ဂျက်ကွက် က ဒါမျိုး ထပ်မဖြစ်စေရဖို့နဲ့ ဖြစ်သွားတာကလည်း နိုင်ငံရေး ပယောဂ မပါ ဟျူးမင်း မစ်စ်တိတ် သက်သက်သာဖြစ်ကြောင်း တောင်းပန်ခဲ့တယ်။ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းတောင် သူ့ နေရာသူ နေမရတော့ဘဲ ရိုးသားတဲ့ အမှား တစ်ခု ဖြစ်ကြောင်း ဝင် တောင်းပန်ခဲ့ရတယ်။

ဂလက်စကို မှာရှိတဲ့ ပွဲ ဖြစ်မြောက်ရေး ကော်မတီက ဗီဒီယို အမှားကို ပို့လိုက်တဲ့ လန်ဒန် ဌာနချုပ်ကို လှမ်းပြီး အပြစ်တင်တယ်။ လန်ဒန်အိုလံပစ်ပွဲ နဲ့ ပတ်သက်လို့ ဒါက ပထမဆုံး အကြိမ်တော့ မဟုတ်ပါဘူး တဲ့။ တောင် အာဖရိက အသင်းကို လည်း တောင်းပန်ခဲ့ရ ပြီးပါပြီ။ လူမျိုးရေး အသားရောင် ခွဲခြားတဲ့ နိုင်ငံတော်သီချင်း ကို မှား ဖွင့်လိုက်မိလို့ ပါ တဲ့။

ဒါတင် မပြီးသေးဘူး။ ကိုလံဘီယာ နည်းပြက ပွဲစဉ် ကပျက် ယပျက် ဖြစ်ပြီး သူ့ ကစားသမားတွေ စိတ် ကသိကအောက် ဖြစ်ရတာမို့ မြောက် ကိုရီယားကို နှစ် ဂိုးပြတ် ရှူံးရတာလို့ စောဒက တက်နေဆဲ ပါ။

လန်ဒန်အိုလံပစ်ပွဲတော် ကတော့ အမှားတွေနဲ့တင် စိတ်ဝင်စားစရာ ကောင်းနေပြီ။

Ref: The Times,London. Associated Press. AGENCE France-press.


ဇင်ဝေသော်
(16-Jul-2012)







Copyright © 2012 ကမ်းလက်. All rights reserved.

အရှေ့နဲ့ အနောက် ဘော့စ် များ

ဝန်ထမ်း လျှော့ချတဲ့ အထဲမှာ ကိုယ် ပါသွားပြီဆိုရင်...
အနောက် ဘော့စ်။ ။ ဒီကိစ္စအတွက် လုံးဝ စိတ်မကောင်းပါဘူး၊ ကျနော်တို့မှာလည်း ရွေးစရာ မရှိတော့......... ။
အရှေ့ ဘော့စ်။ ။ ယူ အာ အောက်တ်။ (You are out.)

အလုပ်ခန့်လိုက်ပါပြီလို့ အသိပေးတဲ့ အခါ.....
အနောက် ဘော့စ်။ ။ လူတွေ့ နှစ်ကြိမ် အင်တာဗျူးပြီးတဲ့နောက် ဘုတ်အဖွဲ့ရဲ့ ဆုးံဖြတ်ချက်အရ ခင်ဗျားကို ခန့်လိုက်ပါပြီ။
အရှေ့ ဘော့စ်။ ။ ယူ အာ အင်။(You are in.)

လုပ်ငန်းခွင်ထဲ ပိုကောင်းတဲ့ အထောက်အကူ ပစ္စည်း စတာတွေ တောင်းဆိုရင်.....
အနောက် ဘော့စ်။ ။ နားလည်တဲ့ပညာရှင်တွေနဲ့ တိုင်ပင်ပြီး တောင်းဆိုထားတာတွေ ဖြည့်ဆည်းနိုင်ဖို့ ကြိုးစားပါမယ်။
အရှေ့ ဘော့စ် ။ ။ ဟား ဟား ဟား။ (Ha ha ha)

လစာတိုးပေးဖို့ တောင်းတဲ့ အခါ......
အနောက် ဘော့စ် ။ ။ ခင်းဗျား တိုးတောင်းတာက နည်းနည်းများနေတယ်ဗျာ၊ စာရင်းကိုင် မန်နေဂျာနဲ့ ဆွေးနွေးကြည့်ပါရစေဦး။
အရှေ့ ဘော့စ် ။ ။ ဟား ဟား ဟား။

အထက်လူကြီးကို ဝေဖန်မိတဲ့ အခါ.........
အနောက် ဘော့စ် ။ ။ ဝန်ထမ်းတွေက တစ်ခုခု ဖီးဘက် ပေးစရာရှိရင် ကျနော်တို့ နားထောင်ဖို့ အသင့်ပါ။
အရှေ့ ဘော့စ် ။ ။ ယူ အာ အောက်တ်။

အလုပ်တွေ ပိနေကြလို့ အားပေးစကား ပြောဖို့ လိုတဲ့ အခါ........
အနောက် ဘော့စ် ။ ။ အလုပ်အရမ်းပိနေတာ သိပါတယ်ဗျာ၊ အတတ်နိုင်ဆုံး ကြိုးစားကြတာပေါ့။
အရှေ့ ဘော့စ် ။ ။ ယူ လိတ်၊ ယူ အောက်တ်။ ( You late, you out )

ကျန်းမာရေး တစ်ခုခုကြောင့် နစ်နာကြေး တောင်းတဲ့ အခါ.......
အနောက် ဘော့စ် ။ ။ အားလုးကို မကာမိရင်တောင် ဆေးကုသစားရိတ်ကိုတော့ ကုမ္ပဏီ က ကျခံမှာပါ။
အရှေ့ ဘော့စ် ။ ။ ယူ အောက်တ်။

ကျန်းမာရေး ခွင့် တစ်ရက်လောက် တောင်းတဲ့ အခါ.......
အနောက် ဘော့စ် ။ ။ ကောင်းပါပြီ၊ နေကောင်းသွားရင် မနက်ဖြန် တွေ့ကြတာပေါ့။
အရှေ့ ဘော့စ် ။ ။ ဟား ဟား ဟား။

အိုဗာတိုင် ဆင်းပေးဖို့ လိုတဲ့အခါ
အနောက် ဘော့စ်။ ။ တစ်နာရီ၊ နှစ်နာရီလောက် အချိန်ပို ဆင်းပေး နိုင်ကြမလား၊ လုပ်အားခ နှစ်ဆ ပေးပါမယ်။
အရှေ့ ဘော့စ်။ ။ကုမ္ပဏီ တံခါးပေါက်ကို သော့ခတ်ပစ်လိုက်၊ တစ်ယောက်မှ မပြန်စေနဲ့။


ဇင်ဝေသော်







Copyright © 2012 ကမ်းလက်. All rights reserved.

ဗီဇ

တစ်ချိန်ကတော့ မီးသတ်သမားဖြစ်ချင်ခဲ့တာလို့ထင်မိတယ်။

အခုမှ ရှင်းရှင်းလင်းလင်းသိရတာက
ကျနော်က မီးငြိမ်းသတ်ချင်တာမဟုတ်ဘူး၊

မှန်ပြူတင်းပေါက်တွေကို
ပုဆိန်နဲ့ရိုက်ခွဲချင်တဲ့ ဝါသနာ ပါတာ။


ကမ်းလက်







Copyright © 2012 ကမ်းလက်. All rights reserved.