ပြန်ချင်တဲ့ ကွန်မင့်များ ( ၁ )

( စင်္ကာပူကို လာသင့် မလာသင့် ထဲက ကွန်မင့်တချို့ကို သိပ်များသွားတဲ့ အတွက် မပြန်နိုင်ခဲ့ပါဘူး။ အခု ပြန်ဖတ်တော့ ပြန်သင့်တဲ့ ကွန်မင့်တချို့ တွေ့ရပါတယ်၊ အကျိုးရှိလောက်တာလေးတွေကို တတ်နိုင်သရွေ့ ရွေးပြီး ပြန်လိုက်ပါတယ်။ )

မြတ်စွာဘုရား singlish ကိုတောင် အတီးအတပြောနေရတဲ့ကောင်တွေလောက်တောင် ငတို့ဘန်းကျော်သားတွေ အီးလို မတတ်ဘူးဆိုပဲ
လေပကွာ
ဘယ်သူတွေကို ဘယ်လိုကြည့်ပြီး ပြောလေတယ်မသိဘူး
September 26 at 12:55pm ·

ပထမဆုံးပြောချင်တာက ဘွဲ့ရတွေ မဆိုထားနဲ့ အေ လယ်ဘယ်လောက် အောင်တဲ့သူတွေတောင် အင်္ဂလိပ်စာကို ကောင်းကောင်း တတ်ပါတယ်။ မတတ်နေမလား၊ အများစုက အိမ်မှာရော ကျောင်းမှာပါ အင်္ဂလိပ် ပဲ သုံးကြတာကိုး။

စကားပြောတဲ့လေသံက singlish မို့ လားတွေ၊မားတွေ ပါနေကြတာပါ။ ဒါက သူတိုချင်း နေ့စဉ်သုံး နဲ့ ဖုန်း မက်ဆေ့တွေမှာ တွေ့ရတာပါ။ စနစ်တကျ ပွဲတွေ လမ်းတွေမှာပြောရင် ပညာတတ်တွေက ( ရယ်စရာက လွဲရင် ) လား လဲ တွေ မပါကြဘူး။
အင်္ဂလိပ် လို ရှယ်ရေးနိုင်တယ်။ စတန်းဒတ် အင်္ဂလိပ်စကားကို တစ်ခေါက် နားထောင်ရုံနဲ့ ရာနှုန်းပြည့် ( နီးပါး ) နားလည်တယ်။

အထူးမှတ်သင့်တာက အင်္ဂလိပ် မီဒီယာနဲ့ ကမ္ဘာ့ တက္ကသိုလ်တွေကို တက်ဖို့ တိုဖယ်တွေ ဘာတွေ သူတို့ မဖြေရဘူး။ တတ်လို့ပေါ့ ဗျာ။ စကားပြောတဲ့လေသံကတော့ သူတို့ အသံနဲ့ သူတို့ပဲ ထွက်မှာပေါ့။ လမ်းပေါ်က လေသံကို နားထောင်ပြီး မတတ်ဘူးထင်ရင် မှားပါတယ်။ ပညာတတ်တွေက နေရာကြည့်ပြီး အင်္ဂလိပ် လိုလည်း ပြောတယ်၊ singlish လိုလည်း ပြောပါတယ်။


လေးစားလျက်
ဇင်ဝေသော်

တော်တော် ချာ တဲ့ နယ်စပ်ဝန်ကြီး

OIC နဲ့ သဘောတူညီမှု လက်မှတ်ရေးထိုးသတဲ့။

၁။ သူတို့ပြောတဲ့ လူသားချင်း စာနာမှုဆိုတာကို ယုံကြည်ခြင်း ၊
၂။ ရိုဟိန်ဂျာအရေးအခင်းကို ကောင်းကောင်းကိုင်တွယ်နိုင်ရင် အဖွဲ့ချုပ်ကို သူတင်ကိုယ်တင် ယှဉ်နိုင်မယ်ဆိုတာ သဘောမပေါက်ခြင်း ၊
၃။ ရေနံကို သောက်ရင် သေနိုင်သလို ရေနံကရတဲ့ ငွေတွေကလည်း အဆိပ်ဆိုတာ မသိခြင်း ၊
၎။ အင်္ဂလိပ်စာ မတတ်တော့ ကမ္ဘာ့နိုင်ငံတွေရဲ့ ပေါ်လစီကို မျက်ခြေပြတ်ခြင်း ၊
၅။ အသားမကျသေးတဲ့ ဒီမိုကရေစီစနစ်နဲ့ မတည်ငြိမ်သေးတဲ့ အစိုးရကို တစ်ဖက်သားက အခွင့်အရေး ယူလာနိုင်တယ်ဆိုတာ နားမလည်ခြင်း ၊
ဒါတွေကြောင့် နယ်စပ်ဝန်ကြီးဟာ ခပ်ချာချာပဲလို့ ပြောပါရစေ။


၁။ OIC ပြောတဲ့ “လူသားချင်း စာနာမှု” ဆိုတဲ့ စကားကို ဝန်ကြီးတစ်ယောက်က ယုံကြည်သတဲ့။ ဒါဆို ကျွန်တော် မေးမယ်။

သီရိလင်္ကာစတဲ့ နိုင်ငံတွေမှာ ဆူနာမီ ဖြစ်ခဲ့တယ်။ မြန်မာပြည်မှာ နာဂစ်ဖြစ်ခဲ့တယ်။ ဘယ် OIC က ဘာတွေ သွားပြီး အကူအညီ ပေးခဲ့သလဲ။ ဒီထက် စာနာစရာကောင်းတဲ့ လူသားတွေ ရှိပါဦးမလား။ ဂျပန်ဆိုရင် အခုအထိ ပုံမှန် ပြန်မရောက်သေးဘူး။

သူတို့ကို အကူအညီ ပေးနေတာ ဘယ်သူတွေလဲ။
ကိုရီးယားက ခရစ်ယန်ချပ်ကျောင်းတွေ၊ ထိုင်ဝမ်က ဗုဒ္ဓဘာသာတွေ၊ သူတို့အများဆုံး ပေးနေကြတာ။
ဘယ်မလဲ စေတနာရှင် OIC !

၂။ လွတ်လွတ်လပ်လပ်သာ မဲပေးရရင် စစ်တပ်ထဲမှာတောင် လက်ရှိအစိုးရ မဲရမလားဆိုတာ မသေချာတော့ဘူး။ ပြည်တွင်းက အွန်လိုင်းသုံးသူတွေ (၉၀) ရာခိုင်နှုန်း ကျော်ကျော်က Burma ပဲ ရှိသေးတယ်။ ဒါက အဖွဲ့ချုပ်ရဲ့ အားသာမှုကို ပြနေတာပဲ။ ဒီအချိန်မှာ ရိုဟိန်ဂျာကိစ္စ ရုတ်တရက်ကြီး “ပွ” ထွက်လာတယ်။ အဲ့ဒါ “Blessing in disguise” ပဲ။ နိုင်ငံရေးအရ ပြောရရင် ဒီကိစ္စကို ပြတ်ပြတ်သားသား ကိုင်တွယ်နိုင်လိုက်ရင် ဘာသာရေးစိတ်ဝင်စားတဲ့ လူထုကြီးဆီက ထောက်ခံမှုတွေ အများကြီး ရလာစရာ ရှိတယ်။ မနပ်တာ။ ရွေးကောက်ပွဲလည်း နိုင်ချင်သေးတယ်။

ဟိုတုန်းက ဆိုရိုးတစ်ခု ဖြစ်တဲ့ “အင်္ဂလိပ်အခက်၊ မြန်မာ့အချက်” လိုပဲ။ ဒါကို အခွင့်အရေးမှန်း မသိသလို ရအောင်လည်း ယူနိုင်မယ့် သဘောမရှိဘူး။ ဒီမိုကရေစီလေး ရလာလို့ ပျော်စပြုနေတဲ့ ပြည်သူကို ရိုဟိန်ဂျာက ထမင်းထဲ သဲဖြူးလိုက်တယ်။ ဒါကို ရအောင် နိုင်ငံရေးနည်းနဲ့ မဖြေရှင်းနိုင်ဘူး။ ဒီလို ဝန်ကြီးတွေနဲ့ ဖွဲ့ထားတဲ့ အစိုးရကို ပြည်သူက ဘယ်လို ယုံကြည်ရမှာလဲ။

“ရိုဟိန်ဂျာအခက်၊ စစ်အစိုးရအချက်” ။ ဒါကို မသိဘူး။

၃။ ရေနံကို သောက်လို့ မရဘူး။ ရေနံကရတဲ့ ငွေဟာ အဆိပ်။ ဒါကို လီကွမ်းယု ထောင်းထောင်းကြေအောင် ပြောခဲ့ပြီးပြီ။ သူတို့ ငွေတွေ ယူလိုက်ရင် သူတို့ တရားဟောဆရာတွေ ပါလာမယ်။ သူတို့ တရားဟော ဆရာတွေက မွတ်စလင်မဟုတ်တဲ့ အစိုးရတိုင်းကို ထော်လော်ကန့်လန့်လုပ်ဖို့ သင်ပေးမယ်။ ယုံကြည်မှု မတူသူကို သတ်ရင်၊ မဒိမ်းကျင့်ရင် ကုသိုလ်ရတယ်လို့ ဟောလိမ့်မယ်။

အစ္စလမ်ဘာသာ အဆုံးအမကို စွပ်စွဲနေတာ မဟုတ်ပါဘူး။ ဒါပေမဲ့ အကြမ်းဖတ်မှု မှန်သမျှ ဘယ်အပေါက်ကနေ ထွက်လာတာလဲ။ ကင်ဆာဖြစ်စေတဲ့ ဆဲလ်တွေဟာ သာမန် ဆဲလ်တွေကနေပဲ ဖြစ်လာတာ။ ထိမ်းမရ၊ သိမ်းမရ ဖြစ်တာ။ ယေဘုယျ အကြမ်းဖက်သမားတွေကို ကြည့်။ ရေနံက ငွေတွေကနေ အကြမ်းဖက်သမားတွေ ဖြစ်နေတာ။ သေဖို့ အသင့်ဖြစ်နေတဲ့ (Nothing to lose) အကြမ်းဖက်သမား တစ်ယောက်ကို သေရမှာ ကြောက်နေတဲ့ လူဆယ်ယောက်က မနိုင်ဘူး။ ပိုဆိုးတာက မေတ္တာ၊ ကရုဏာတွေနဲ့ ဗုဒ္ဓဘာသာတစ်သန်းက အဲဒီလူတစ်ယောက်ကို ရှုံးလိမ့်မယ်။

လက်တစ်ဆုပ်စာ လူလေးတွေအတွက် အမေရိကန်အစိုးရ စစ်အသုံးစရိတ်တွေ သန်းပေါင်းများစွာ သုံးစွဲနေရတာ သာဓကပဲ။ လူ့အခွင့်အရေး၊ လူသားတန်ဖိုးကို မသိတဲ့ လူတစ်ယောက်ကြောင့် လူ့အခွင့်အရေးကို လေးစားတဲ့ ကမ္ဘာ့လူကြီးလူကောင်း သန်းပေါင်းများစွာ စိတ်သောက ရောက်ကြရတယ်။

ဒါနဲ့များ OIC အထောက်အပံ့ကို ယူသတဲ့။

၎။ ကမ္ဘာ့နိုင်ငံတွေရဲ့ ပေါ်လစီလားရာကိုလည်း ဘာမှ သိပုံမပေါ်ဘူး။ အီးယူနဲ့ အမေရိကတို့ကပါ ဘာသာရေးနဲ့ ပတ်သက်ပြီး ပိုတင်းကြပ်တဲ့ ဥပဒေတွေ ထုတ်ဖို့ လုပ်နေကြရပြီ။ သူတို့ပြောတဲ့ လွတ်လပ်စွာ ပြောရေးဆိုခွင့်၊ လစ်ဘရယ် ဒီမိုကရေစီဆိုတာတွေကို အကြမ်းဖက်ရေနံငွေတွေက ကျကျနန အခွင့်ကောင်းယူပြီး ဆော်နေတာကို သိသွားကြပြီ။

နိုင်ငံရေးစကားဆိုတော့ အစ္စလာမ်လို့ ဘယ်ပြောနေပါ့မလဲ။ ရလေးဂျင်းလို့ပဲ အားလုံးကိုခြုံပြီး ပြောမှာပေါ့။ ဒါပေမယ့်တင်းကြပ်လာမယ့် ဥပဒေတွေဟာ တခြားဘာသာတွေနဲ့ ဘာမှ မဆိုင်ဘူး။ "အဲယားကွန်းခန်းထဲ ဆေးလိပ်မသောက်ရ" ဆိုသလိုပဲ ကျန်တဲ့သူတွေက သောက်မှ မသောက်တာ၊ ဘာထူးပြီး လိုက်နာနေစရာ လိုမှာလဲ။ သောက်တဲ့လူတွေကို သွားထိမှာပေါ့။

အာဏာရှင်ဆန်တယ်ပဲပြောပြော ၊ ဘာပဲပြောပြော မွတ်ဆလင်ကို ထိန်းတဲ့နေရာမှာ စင်္ကာပူဟာ အတော်ဆုံးပဲ။ တခြားဘာသာတွေကို ဆူညံခွင့် မပြုသလို မွတ်စလင် ဗလီကလည်း အသံချဲ့စက်နဲ့ ဘာသာရေးစာတွေ ရွတ်ဖတ်လို့ မရဘူး။ အဲသလို တင်းမထားလို့ကတော့ ကျွန်းပေါက်စ ပျောက်သွားမယ်။

ကမ္ဘာ့နိုင်ငံတွေက နိုင်ငံရေးစကား၊ နိုင်ငံရေး ဦးနှောက်တွေနဲ့ အကြမ်းဖက်ရေနံငွေတွေကို စနစ်တကျ ထိန်းသိမ်းနေရတဲ့အထဲ - OIC ရဲ့ လူသားချင်းငဲ့ညှာထောက်ထားမှုဆိုတဲ့ အကူအညီကို လက်ခံသတဲ့။ အာရပ်သဌေးတွေက ဗုဒ္ဓဘာသာရခိုင်တွေကို ဒီလောက်စေတနာရှိပါ့မလား ၀န်ကြီးရယ်။

အင်္ဂလိပ်စာကလည်း ကောင်းကောင်းမတတ်၊ မှတ်သားသင့်တဲ့ ကမ္ဘာ့စာတွေကို ဘာသာပြန်ပေးမယ့်သူလည်း မရှိဘူးထင်ပါရဲ့။

၅။ ကျနော်ထင်တာမမှားဘူးဆိုရင် ဒီမိုကရေစီ အကူးအပြောင်းကာလကို အခွင့်ကောင်းယူပြီး ရိုဟိန်ဂျာ ချာနယ်ကနေတဆင့် မွတ်ဆလင် လွှမ်းမိုးရေးကို ၀င်လာတာပါ။ စစ်အစိုးရဆိုရင်လည်း သူတို့ဘာမှ မလုပ်ရဲပါဘူး။ သူ့ကျောင်းသားပညာတတ်တွေတောင် ပစ်သတ်တဲ့ အစိုးရမျိုးကို ရိုဟိန်ဂျာလည်းကြောက်ပါတယ်။

သွေးတိုးစမ်းတာလောက်ကလွဲရင် တကယ်မလုပ်ရဲပါဘူး ။ သူတို့ကို အကူအညီပေးမယ့် အာရပ်ကမ္ဘာနဲ့ ရိုဟိန်ဂျာတွေကလည်း အဝေးကြီး မဟုတ်လား။

ဒီမိုကရေစီစနစ်အတည်တကျဖြစ်သွားပြီး ၀န်ကြီးတွေကလည်း ပညာတတ်တွေဖြစ်ကုန်ရင် ဒီလို "လူသားအချင်းချင်း စာနာ" ဆိုတာမျိုးတွေယုံကြည်ကြမှာ မဟုတ်တော့ဘူး။ ၀င်လို့ရမှာ မဟုတ်တော့ဘူး ။

ဒါကြောင့် အခွင့်ကောင်းယူပြီး စပ်ကူး မတ်ကူးကြားမှာ အချိန်ကိုက် ၀င်လာတာပါ။ သူတို့က သူတို့ အခွင့်အရေးကိုသိတယ်။ ၀န်ကြီးတို့က ၀န်ကြီးတို့ အခွင့်အရေးကို မသိဘူး။ အခွင့်အရေးရှိပါတယ်။ မတည်ငြိမ်သေးတဲ့ ဒီမိုကရေစီစနစ် ဆိုတာကို အခွင့်ကောင်းယူပြီး ခပ်တင်းတင်း ကိုင်တွယ်ထားလို့ရတယ်။ (နောက်ဆို မရတော့ဘူး)

အကြမ်းဖက်မှုပါသွားလို့ ကမ္ဘာ့ရင်းနှီးမြုပ်နှံသူတွေ လက်တွန့်မှာကို စိုးရိမ်တာလား။

ဒါဆိုရင်တော့ ဒီအစိုးရရဲ့ စီးပွားရေး အမြင်ကလည်း "ချာ" သွားပြန်ရော။

ဘူးသီးတောင်က ကိစ္စကို ဘူးသီးတောပင်မှာပဲ ရအောင်ရှင်းပါ။ ရန်ကုန်ကို မရောက်ပါစေနဲ့။ အကျိုးအမြတ်ရမယ်ဆိုရင် ဘယ်ကုမ္ပဏီမှ လက်တွန့်နေမှာ မဟုတ်ပါဘူး။ လာမှာပါပဲ။ ထိုင်းနိုင်ငံထိသွားတယ်ဆိုတာက ပြဿနာအရင်းက ဘန်ကောက်မှာ ဖြစ်သွားလို့ပါ။ မလေးနယ်စပ်မှာ ပြဿနာရှိတာနဲ့တော့ ဘန်ကောက်က စီးပွားရေးသမားက အိမ်ပြန်မသွားပါဘူး။

NGO တွေ ၊ လူ့အခွင့်အရေးသမားတွေကတော့ ပြောကြ ဝေဖန်ကြမှာပေါ့။ ဒါပေမယ့် ဗုံးကို ခါးပတ်လာတဲ့ အကြမ်းဖက်သမားကို တကယ် ကိုင်တွယ်ရတာက NGO တွေ ၊ လူ့အခွင့်အရေးသမားတွေ မဟုတ်ဘူး ၊ အစိုးရတွေ။ ဒီတော့ အစိုးရဟာ တိကျတဲ့ ပေါ်လစီကျင့်သုံးဖို့ သူတို့ကို ဂရုစိုက်စရာ သိပ်မလိုဘူး ။ အစိုးရက အစိုးရ အလုပ်ကိုပဲ လုပ်ရပ်တယ်။

အမေရိကရဲ့ တွင်းတာဝါ ပြိုကျသွားတယ်။
ဒီတော့ NGO တွေ ၊ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့တွေက "ဒါမျိုးလုပ်ရပ်ကို ရှုံ့ချပါတယ် " တဲ့။ ဒါပဲ။ ဒီထက်မပိုဘူး။
တကယ်တမ်း ဘင်လာဒင်ကို ရှာပုံတော်ဖွင့်ရတာက ဂျော့(ရှ်)ဘု(ရှ်) အစိုးရပါ။

ချာတယ် ၀န်ကြီးရယ် ။ ချာသမှ တော်တော်ချာ။


ဇင်ဝေသော်

မြန်မာတွေ ချယ်လ်ဆီး သောက်ကြတယ်

ကိုလိုနီခေတ်တုန်းက ဗြိတိသျှတွေကို
အမြတ်ကြီးစားတွေလို့ ပြောကြတယ်
တံခါးဖွင့် စီးပွားရေး ခေတ်မှာ ဆင်းရဲသားတွေက
ကိုယ့်ဘာသာ ငွေစုပြီး လန်ဒန်က ဘောလုံးအသင်းကို ထောက်ပံ့တယ်။

မြန်မာတွေ ထိုင်းတွေက ထေရဝါဒလို့ အော်ကြတယ်
ကြုံတိုင်းလည်း ငါးပါးသီလတွေ နှုတ်တက် ရွတ်ဆိုကြတယ်
ဒါပေမယ့်
ဘီလျံနာ အေဘရာ မိုဘစ်ကို အခွန်ပေးနိုင်တာက
မြန်မာ နဲ့ ထိုင်း က ဘီယာ နဲ့ ဝီစကီ ကုမ္ပဏီ တွေ။

ဘာပဲ ဖြစ်ဖြစ်
မြန်မာတွေ ချယ်လ်ဆီး သောက် နိုင်ကြပြီ်။ ။


 ဇင်ဝေသော်

ပရီးမီးယား လိဂ် အစား သတင်းသုံးပုဒ်

၁ ။ အိုင်တီ သတင်း

ဝါရှင်တန် ပို့စ်က နောက်တောက်တောက် ဆောင်းပါးတစ်ပုဒ် ပါလာပါတယ်။
ဒိုင်နိုဆော၊ မျိုးတုန်း ပျောက်ကွယ်။ The Dinosaur. Extinct
မမ်မို့သ်၊ မျိုးတုန်း ပျောက်ကွယ်။ The Mammoth.Extinct
ဒိုဒို ၊ မျိုးတုန်း ပျောက်ကွယ်။ The Dodo. Extinct
မောက်စ်။ မျိုးတုန်း ပျောက်ကွယ်ရန် အကြီး အကျယ် အန္တရာယ် ရှိ။ The mouse. Endangered.
အိုင်ပက် ယဉ်ကျေးမှု ပညာရေးလောကမှာ ထွန်းကားလာတဲ့နောက် ၁၂ အောက် အမေရိက ကလေးတွေဟာ မောက်စ်ကို မသုံးကြရုံသာမက ဒါက ဘာလဲ လို့တောင် မေးကြပါသတဲ့။

၂ ။ အခွန်ရှောင်တဲ့ သူဌေးပေါက်စ

အမေရိကမှာ ဒီအပတ် ပြောစမှတ်ဖြစ်နေတာက ဘီလျံနာ သူဌေးလေး Eduardo Saverin က အခွန် မပေးချင်လို့ အမေရိကန် နိုင်ငံသား အဖြစ်ကို စွန့်လွှတ်ပြီး စင်္ကာပူ နိုင်ငံသား အဖြစ် ခံယူလိုက်ခြင်းပါ။ သူဟာ နှယ်နှယ် ရရ သူဌေး မဟုတ်ပါဘူး၊ Facebook စီအီးအို Mark Zuckerberg အလုပ် စတင်နိုင်အောင် ငွေ အရင်းအနှီး ထုတ်ပေးခဲ့သူလေးပါ။ သူ စင်္ကာပူ နိုင်ငံသား အဖြစ် ခံယူလိုက်ခြင်းက အခွန်နဲ့ မဆိုင်ပါဘူး လို့ သူက ဆိုပေမယ့် ဘယ်သူကမှတော့ မယုံကြည် ကြပါဘူး တဲ့။

၃ ။ သမ္မတကြီး ပေးလိုက်ရင် ပြီးရော


ငြိမ်းချမ်းရေး နိုဘယ်ဆု ပြောပါတယ်။ အီးယူကို ပေးလိုက်တော့ အငြင်းပွားစရာတွေ ဖြစ်ကုန်ရော။
ဆုယူတော့ရော ဘယ်သူတက်ယူမှာတုန်း။အီးယူ ဥက္ကဋ္ဌ Herman Van Rompuy လား ယူရိုပီယံ ကော်မရှင် ဥက္ကဋ္ဌ Jose Manuel Barroso လား။ ငြိမ်းချမ်းရေး နိုဘယ်ဆု တက်ယူဖို့ ( မြန်မာ တချို့လို ) ရန်ဖြစ်နေကြမှ ဒုက္ခ။
ဘာကြောင့် ငြိမ်းချမ်းရေး နိုဘယ်ဆု ပေးရတာလည်းဆိုတော့ ၁၉၅၀ ခု တွေကစလို့ ပြင်သစ် နဲ့ ဂျာမနီ၊ ပြီးတော့ ဥရောပ သမဂ္ဂကို ညီညွတ်အောင် ပေါင်းစည်းပေးနိုင်ခဲ့ လို့ တဲ့။

လှတယ်။ အမေရိကန် သမ္မတ အိုဘားမားသာ နိုဘယ်ဆု ရစဉ်က ဘာမှ မပြောခဲ့ဘူးဆိုရင်။

လွန်ခဲ့တဲ့ သုံးနှစ် သူ နိုဘယ်ဆု ရစဉ် သူပြောခဲ့တာက သူ တကယ် မလုပ်ရသေးတာတွေ အတွက် ရတဲ့ ဆု တဲ့။
ဒီတစ်ခါ ပြောင်းသွားပြီ။ လုပ်ခဲ့ဖူးတာတွေ အတွက် ပေးတဲ့ နိုဘယ်ဆု ဖြစ်သွားပြီ။ အနာဂတ်၊ အတိတ် အတွက် ပေးတဲ့ နိုဘယ်ဆုတွေ။ ပစ္စုပ္ပန်မပါဘူးလို့ ပြောစရာ ဖြစ်နေတာပါ။

ဒါကြောင့် ကျနော်တို့ သမ္မတကြီးကို ပေးလိုက်ရင် ဘာမှ ဝေဖန်စရာ မရှိတော့ဘူး။ ၂၀၁၅ ရွေးကောက်ပွဲ ရောက်ရင်လည်း " ဝိတ် " ညီသွားမယ်။ ဟိုဖက်ကလည်း နိုဘယ် ဆုကြီးနဲ့ ဒီဖက်ကလည်း နိုဘယ် ဆုကြီးနဲ့။
အဲသလို ရွေးကောက်ပွဲမျိုး ဘယ်နိုင်ငံမှ မရှိလောက်သေးဘူး။ နာတာမှ တကယ် နာ။


ဇင်ဝေသော်

စီးပွားရေး ပဉ္စလက် ( ၁း ၂ )

မေး ။     ။ ဖော်ကျွန်းမဂ္ဂဇင်းရဲ့ ထိပ်တန်းကုမ္ပဏီ (၅၀၀) စာရင်းမှာ ဥရောပနိုင်ငံ သေးသေးလေးတွေက ကုမ္ပဏီတွေ တော်တော်များများ ပါနေတာ တွေ့ရတယ်။ ဖင်လန်က နှစ်၊ ဆွီဒင်က ခြောက်၊ ဆွစ်ဇာလန်က ဆယ့်လေး ကုမ္ပဏီတောင် ပါနေတယ်။ စင်္ကာပူက လုံးဝ မပါဘူး။

ဖြေ ။    ။ အရင်ဆုံး သူတို့ရဲ့အားသာချက်ကို ပြောပြမယ်။ သူတို့မှာ ဥရောပတစ်တိုက်လုံး ဈေးကွက်ရှိတယ်။ ဒီတော့ သူတို့က နယ်ပယ်ကျယ်တယ်။ အခြေ ပိုခိုင်တယ်။ ဥရောပနိုင်ငံသားတွေ အားလုံးဟာ ပက်စ်ပို့ဒ် မပါဘဲ ဥရောပနိုင်ငံတိုင်းကို သွားလို့ရတယ်။ မင်းက ဆွီဒင်လို့ ပြောတယ်။ တကယ် စီးပွားရေးလုပ်နေသူတွေက ဆွီဒင်လူမျိုးတွေချည်း မဟုတ်ဘူး။ အနောက်ဥရောပသားတိုင်း စီးပွားရေး ဝင်လုပ်လို့ ရတယ်။ သူတို့ နောဒစ်နိုင်ငံသားတွေ အားလုံးက အပြန်အလှန် ပြောင်းလဲခွင့် ရှိကြတယ်။ ဒိန်းတွေ၊ ဆွီဒီတွေ၊ နော်ဝေးဂျီးယန်းတွေက လူမျိုးစု တစ်စုတည်းရယ်။ အိုင်ယာလန်ဆိုရင်လည်း အဲ့ဒီနိုင်ငံတွေက အခြေချနေထိုင်သူတွေနဲ့ စင်္ကာပူထက်တောင် လူမျိုးစုံသေးတယ်။ ပြီးတော့ ဂျူးလူမျိုး အိုင်းရစ်တွေက အများကြီး။ သူတို့က အရည်အချင်းကို အဲ့သလို လူတွေဆီက ရွေးယူတာ။ အဲ့ဒါ အဓိက အားသာချက်ပဲ။ ငါတို့ စင်္ကာပူက အင်ဒိုနီးရှားက ပိတ်လိုက်၊ မလေးရှား၊ ထိုင်း၊ ဖိလစ်ပိုင်က ပိတ်ဆို့လိုက်နဲ့ ဘယ်မှာလဲ ဈေးကွက်။


စင်္ကာပူမှာ ဒီလိုပြဿနာတွေနဲ့ ရင်ဆိုင်နေရတော့ ဒီကိစ္စတွေအကြောင်းပြောရင် အစကို ပြန်သွားပြီး ပြောဖို့လိုတယ်။ စီးပွားရေးပညာရှင်တွေ၊ လေ့လာသုံးသပ်သူတွေ ရောက်လာပြီး တစ်ခြားကို ပြန်သွားကြတယ်။ သူတို့က ပြောတယ်။ ငါတို့က စီးပွားရေးသမားကြီးတွေ မွေးထုတ်မပေးနိုင်ဘူးတဲ့။ စီးပွားရေးနဲ့ အမီလိုက်ဖို့ လုံလောက်တဲ့ စီးပွားရေးသမားတွေ ဘယ်လိုလုပ် မွေးထုတ်ပေးနိုင်မှာလဲ။ ဟောင်ကောင်တို့၊ ထိုင်ဝမ်တို့လည်း မတတ်နိုင်ဘူး။ အခြေခံ အရင်းအမြစ်တွေ မရှိဘဲ R & D စီးပွားရေးတွေမှာ သူများနဲ့ ယှဉ်ပြီး ဘယ်အလုပ်လုပ်နိုင်မှာလဲ။

တို့သာ ဂျူးတွေဆိုရင်တော့ စွမ်းကောင်းစွမ်းနိုင်လိမ့်မယ်။ ဂျူးတွေက ကမ္ဘာပေါ်မှာ ဦးနှောက်စွမ်းရည် အကောင်းဆုံး လူမျိုးတွေ။ "The Economic" ဖတ်တုန်းက တွေ့လိုက်ရတယ်။ ရုရှားကဂျူးတွေ အစ္စရေးကို ပြန်သွားကြတော့ လူတွေက သူတို့ကို လိုက်ရှာကြည့်ကြတယ်တဲ့။ လူတစ်ယောက် လက်ဆွဲအိပ်ကြီးကြီးကို သယ်ယူလာတယ်ဆိုရင် သူ့မှာ ဘေ့(စ်)ဂစ်တာကြီး ရှိတယ်တဲ့။ သေးတဲ့အိပ်နဲ့ လူဆိုရင် သူ့မှာ တယောပါတယ်။ ဒီထက် အိပ်ကသေးမယ်ဆိုရင် ထရမ်းပက် ပါလာသူတဲ့။ လူတစ်ယောက်က အိပ်ကို ပါမလာဘူးဆိုရင်တော့ သူက စန္ဒရားဆရာလား၊ သိပ္ပံပညာရှင်လားပဲတဲ့။ သူတို့ဆီမှာ မှတ်တမ်းနုတ်တွေပဲ ပါတယ်။ တကယ် အရည်အချင်းရှိတဲ့လူတွေ။ ရုရှားက ရူးလို့ သူတို့ကို မောင်းထုတ်တာ။ အဲ့ဒီ ဂျူးတွေက ရုရှားကို ကောင်းကောင်း အလုပ်အကျွေး ပြုထားနိုင်တယ်။

ကံကောင်းလို့ ငါတို့စနစ်က မှန်သွားတယ်။ တံခါးဖွင့်ရအောင်၊ အဲ့ဒီအထဲက အကောင်းဆုံးတွေကို ရွေးယူရအောင်လို့ ပြောခဲ့ကြတယ်။ အခု တရုတ်ပြည်ဆိုရင် စက်မှုစီးပွားရေးမှာ ဂျပန်တွေ၊ ကိုရီးယားတွေလို လုပ်ယူလို့ ရတယ်။ တရုတ်တွေက မရူးဘူး။ သူတို့မှာ ဦးနှောက်အရည်အသွေး ရှိတယ်ဆိုတာ သိကြတယ်။ သူတို့ဆီက အတော်ဆုံးလူတွေကို ထိပ်တန်းကျောင်းတွေ၊ တက္ကသိုလ်တွေ၊ သုတေသနဌာနတွေမှာ ကောင်းကောင်း လေ့ကျင့်ပေးနေကြတာ။

သူတို့ ဘာလုပ်ကြမလဲ။
သူတို့ဘာသာသူတို့ ချန်ပီယံဆိုတဲ့ကားတွေ ထုတ်ကြမလား။ မဟုတ်ဘူး။ သူတို့က MNC တွေကို ဝင်လာဖို့ ဖိတ်ခေါ်တာ။

ကောင်းပြီ။ ခင်ဗျားတို့ကား မော်ဒယ်အဟောင်းတွေကို ယူခဲ့။ ဒီက အင်ဂျင်နီယာတွေ၊ ဒီဇိုင်နာတွေ၊ အလုပ်သမားတွေကိုသာ ငှါးပြီး အလုပ်လုပ်လို့ ပြောတယ်။ တရုတ်တွေက သူတို့ဘာသာ သူတို့ဆိုရင် Hyundai တို့ Toyota တို့ကို မယှဉ်နိုင်ဘူး။ နိုင်ငံပေါင်းစုံက စက်ရုံတွေမှာ အလုပ်လုပ်နေတဲ့ ထိပ်တန်းဦးနှောက်တွေနဲ့ဆိုရင် မကြာခင် သူတို့ Lexus တို့၊ မာစီးဒီးတို့ ထုတ်လုပ်လာလိမ့်မယ်။ တဖြည်းဖြည်းနဲ့ Jumbo လေယာဉ်ကြီးတွေတောင် ထုတ်လုပ်လာကြဦးမှာ။

မေး ။     ။ ဒီလိုဆိုရင် စင်္ကာပူက ကုန်ပစ္စည်းထုတ်လုပ်မှုအတွက် အမြဲတမ်း နိုင်ငံခြားကုမ္ပဏီကြီးတွေကို မှီခိုနေရမှာပေါ့။
ဖြေ ။    ။ အတိအကျပဲ။

မေး ။     ။ ဒါဆိုရင် ကျွန်တော်တို့က MNC (Multi National Company) အပြည်အပြည်ဆိုင်ရာ ကုမ္ပဏီကြီးတွေရဲ့ လက်အောက်ခံ စီးပွားရေးအနေနဲ့ပဲ ရှိနေတော့မှာပေါ့။

ဖြေ ။    ။ ငါက မင်းတို့အိမ်နီးချင်းနိုင်ငံတွေကို ကြည့်မိဖို့ လက်ညှိုးထိုးပြတာ။ ကောက်ချက်ကတော့ မင်းတို့ဘာသာမင်းတို့ ဆွဲယူကြပေါ့။ တို့က ဥရောပထဲမှာလား၊ ပစိဖိတ်သမုဒ္ဒရာ ရပ်ဝန်းထဲမှာလား။ ပစိဖိတ်ထဲမှာဆိုရင်တော့ အသေကောင်ပဲ။ တို့က ဖီဂျီဆိုပါစို့။ ဖီဂျီကို ခု ဘယ်သူ လေယာဉ်နဲ့ သွားသေးသလဲ။ ဟိုတုန်းကတော့ ဩစတေးလျသွားဖို့ ဖီဂျီကနေတဆင့် သွားကြရတယ်။ အခု ဖီဂျီကိုသွားတယ်ဆိုတာကတော့ ဈေးပေါပေါနဲ့ ရက်ရှည်ရှည် ဟောလီးဒေးထွက်ဖို့လောက်ပဲ ရှိတော့တယ်။ ဒီတော့ အခု ဖီဂျီဆိုတာက အမေရိကန်တွေ ဟောလီးဒေးသွားတဲ့ နေရာအဆင့်မှာပဲ ကျန်တယ်။ သဲသောင် ဖွေးဖွေးတွေ၊ ဆက်ဆံရလွယ်ကူတဲ့လူတွေ၊ အုန်းပင်အုန်းသီးတွေ၊ တိုးရစ်တွေကို ကောင်းကောင်း ဆားဗစ်ပေးတဲ့ အမေရိကန်ပိုင်တဲ့ ဟိုတယ်တွေ ... ဒါတွေပဲ ရှိတယ်။

တို့က စင်္ကာပူ၊ လူနှစ်သန်းလောက် ဈေးကွက်ရှိတယ်။ ပထမမျိုးဆက်ရဲ့ သက်တမ်းအတွင်းမှာပဲ လှေကားထောင် တက်ခဲ့ကြတယ်။ တို့ ဘယ်လို ကြိုးစားခဲ့ကြရသလဲ။ ပြင်ပကမ္ဘာကို သေသေချာချာ အကဲခတ်ပြီး ကြည့်။ ဒါ တို့ သွားရမယ့်လမ်း။ စွမ်းအားအမြင့်ဆုံးကို ရအောင်ညှစ်ထုတ်ယူပြီး ရောက်အောင် သွားကြရမယ်လို့ ကြုံးဝါးခဲ့ကြတယ်။ ဒီအဆင့်ထက်မြင့်အောင် ဘာဆက်လုပ်ကြရမလဲ။

တရုတ်နဲ့ အိန္ဒိယတို့ အကြီးအကျယ် မလုပ်လောက်တဲ့ စီးပွားရေးနယ်ပယ်တွေမှာ အာရုံစူးစိုက်ပြီး အလုပ်လုပ်ကြမယ်။ အဲ့သလို ဘောင်ကျဉ်းကျဉ်းလေးထဲမှာ အောင်မြင်ခဲ့ကြတယ်။ အဲ့ဒီအရည်အချင်းတွေမှာ တရုတ်တို့၊ အိန္ဒိယတို့က တို့ကို မယှဉ်နိုင်ဘူး။ ဥပမာ... ယုံကြည်စိတ်ချရမှု၊ သိပ္ပံဆိုင်ရာအသိပညာတွေ လုံခြုံစွာ သိမ်းဆည်းပေးနိုင်မှု၊ သန့်ရှင်းမှု၊ တရားဥပဒေစိုးမိုးမှုတွေပဲ။ ဒီအရည်အချင်းတွေကို မီဖို့ တရုတ်နဲ့ အိန္ဒိယအဖို့ အချိန် တော်တော် လိုနေလိမ့်ဦးမယ်။

တကယ်လို့ ဂျိုဟိုးမှာသာ Shenzhen ( ဟောင်ကောင် တစ်ဖက်ကမ်းက အထူးစီးပွားရေးဇုန် ရှန်ဇန်း (သို့) ရှင်ကျန့် ) ရှိရင် "ကောင်းပြီ၊ ထိုင်ပြီး ဆွေးနွေးကြရအောင်၊ တို့ သူတို့နဲ့ ဝင်ပေါင်းကြမလား" လို့ ပြောမိမှာပဲ။ ငါ ရီစရာ ပြောနေတာ မဟုတ်ဘူး။ Shenzhen ကိုသွားလို့ အားလုံး အကောင်းချည်းလို့တော့ ပြောမရဘူး။ ကောင်းတာတွေ တော်တော်များများ ရှိမယ်။ Shenzhen က မင်ဒရင်းစကား ပြောတာ၊ ကင်တိုနီး မပြောဘူး။ ၁၉၈၀ - ခုနှစ်မှာ တိန့်ရှောင်ဖိန်လည်း တံခါးဖွင့် ပေးလိုက်ရော အထူးစီးပွားရေးဇုန်အနေနဲ့ ချက်ချင်းတိုးတက်လာခဲ့တယ်။ ရွာသေးသေးလေး တစ်ရွာကနေ လူဦးရေ (၇) သန်းရှိတဲ့ စီးပွားရေးမြို့တော်ကြီးဖြစ်ဖို့ နှစ်နှစ်ဆယ်ကျော်လေးပဲ ကြာလိုက်တယ်။ ဟောင်ကောင်က လူတွေ အဲ့ဒီကို သွားပြီး ဆံပင်ညှပ်ကြ၊ လက်သည်းညှပ်ကြ၊ ရိုးရာဝတ်စုံတွေ ချုပ်ကြ လုပ်ကြတယ်။ ဟောင်ကောင်က စက်ချုပ်သမားတွေက သူတို့ကို မယှဉ်နိုင်ဘူး။

မေး ။     ။ စင်္ကာပူမှာ ပြည်တွင်းဖြစ် ကုန်ထုတ်လုပ်မှု အားနည်းတာနဲ့ ပတ်သက်လို့ လူထုမြင်နေတာက စင်္ကာပူအစိုးရက အပြည်အပြည်ဆိုင်ရာကုမ္ပဏီကြီးတွေကို အားပေးသလို ပြည်တွင်းစက်မှုလုပ်ငန်းရှင်တွေကို အားမပေးလို့ လို့ ဖြစ်နေတယ်။

ဖြေ ။    ။ မဟုတ်ပါဘူး။ လုံးဝ မမှန်ဘူး။ အမေရိကန်တွေရဲ့ အသေးစားနဲ့ အလတ်စား စီးပွားရေးသမားတွေက အစိုးရရဲ့ ထောက်ပံ့မှုကို တောင်းခံမနေကြဘူး။ Silicom Valley မှာဆိုရင်လည်း သူတို့ ကားသိုလှောင်ရုံတွေ၊ တင့်ကားတွေ တည်ဆောက်ပြီး သူတို့စီးပွားရေး သူတို့ ရှာကြတာပဲ။ အစိုးရရဲ့ အထောက်အပံ့ကို လိုချင်တာနဲ့ တပြိုင်နက် သူတို့ကို စီမံကွပ်ကဲမှု သင်တန်းတွေ ပေးရတော့မယ်။ ချေးငွေတွေ ထုတ်ချေးရတော့မယ်။ သူတို့က ဒီကိစ္စတွေမှာ မတော်ဘူး။ ဒီတော့ သူတို့ဘာသာ သူတို့ပဲ လုပ်ကြတယ်။

ငါ အခုပြောတာကိုလည်း မမေ့နဲ့။ ထိပ်တန်းကို ရောက်နေတဲ့လူတွေဟာ စီးပွားရေးမှာသာ လာဘ်မြင်တာ မဟုတ်ဘူး။ သူတို့ စိတ်ဓာတ်ခွန်အားတွေက သိပ်ကောင်းတယ်။ Bill Gates ၊ Michael Dell ၊ John Chambers တို့ကိုကြည့်။ ငါ သူတို့နဲ့ တွေ့ဖူးတယ်။ တော်တော် စွမ်းနိုင်တဲ့လူတွေ။

အဲ့သလို စွမ်းနိုင်တဲ့လူတွေ တို့မှာ ဘယ်ရှိလို့လဲ။ ဘယ်မှာ သွားရှာမလဲ။ အသေးစားနဲ့ အလတ်စား စီးပွားရေးလောကထဲမှာ ရှာမှာလား။ မရဘူး။ အဲ့ဒီလောကထဲမှာ ဒုတိယတန်းစားနဲ့ တတိယတန်းစားတွေပဲ ရှိတယ်။ ပထမတန်းစားတွေက သူတို့ဆီမှာ (ငါတို့ဆီမှာ) အလုပ် မလုပ်ဘူး။ ဒါက ငါတို့ ကံကြမ္မာပဲ။ ဟုတ်တယ် မဟုတ်လား။

မလေးရှားရော ဘယ်လို လုပ်ခဲ့သလဲ။ သွင်းကုန်တွေအားလုံး ပိတ်။ မင်းတို့လာပြီး Petronas (ရေနံနဲ့ဓာတ်ငွေ့ကုမ္ပဏီ) မှာ လာလုပ်၊ ပြီုးရင် Proton (ကားကုမ္ပဏီ) ကို လာလုပ်လို့ ပြောကြတယ်။ သူတို့ ပရိုတွန်ကားတွေ စလုပ်တော့ jurgen Schrempp (မာစီးဒီးကားကုမ္ပဏီဥက္ကဋ္ဌ) က ငါ့ကို ပြောဖူးတယ် "ပျက်စီးပြီ" တဲ့။ အမှန်ပေါ့။ လုံးဝ ပျက်စီးသွားတာပဲ။ စီးပွားရေးအတူလုပ်ဖို့ တံခါးလည်း ဖွင့်ပေးထားသေး၊ ကိုယ့်ဟာကိုလည်း အသေးစားထုတ်ကုန်တွေ ခွဲပြီး ထုတ်ချင်သေး။ ဒါမျိုးလုပ်လို့ ရမလား။

ထိုင်းကိုလည်း ကြည့်။ ထိုင်းနိုင်ငံဟာ အရှေ့တောင်အာရှရဲ့ Detroit ဖြစ်နေတယ်။ စပယ်ယာပတ်ပစ္စည်းလေးတွေ သူတို့ဆီမှာလုပ်၊ ကားတွေကို သူတို့ဆီမှာဆင်။ ဒါမျိုးလောက်နဲ့ သွားယှဉ်လို့ ဘယ်ရမှာလဲ။ သူတို့ ပရိုတွန်ကို အကာအကွယ်ပေးဖို့ဆိုပြီး မလေးရှားတွေက သွင်းကုန်တွေအားလုံး ပိတ်ဆို့၊ လွတ်လပ်စွာ ကူးသန်းရောင်းဝယ်ရေးစာချုပ်ကို ဆိုင်းငံ့ထား ... တဲ့။ အဲ့ဒါ သူတို့ လူမျိုးရေးသိက္ခာကိစ္စ။ သူတို့ ပရိုတွန်ကို ကာကွယ်နိုင်ရဲ့လား။ Volkswagen က ဝယ်ယူဖို့ ပြောတယ်။ သူတို့က ငြင်းတယ်။ မလေးလူမျိုးပဲ ဦးစီးရမယ်တဲ့။ အဲ့ဒီ စီးပွားရေးက အခုထိ အရှုံး မရပ်သေးဘူး။ ငါဆိုရင် "ဒီကုမ္ပဏီကို ဖြုတ်လိုက်တော့။ ဒီကုမ္ပဏီက အောက်ခြေကနေ ဘယ်တော့မှ တက်လာမှာ မဟုတ်ဘူး။ အရှုံးနဲ့ လုံးခြာလိုက်နေမယ့်စက်ရုံပဲ" လို့ ပြောမိမှာပဲ။



ဇင်ဝေသော်
Zin Wai Thaw