တရုတ်ဆီက သင်္ခန်းစာ ၂ ခု


သင်္ခန်းစာ ( ၁ )
တရုတ် တက္ကစီသမားက " ဆေးလိပ်မသောက်ရ " ဆိုတဲ့ ဆိုင်းဘုတ်အောက် မှာ ဆေးလိပ်မီးညှိပြီးသောက်နေတယ်။ သူသောက်တာ မြင်လို့ သောက်လို့ ရမှာပဲလေဆိုပြီး နိုင်ငံခြားသား တစ်ယောက်က ဆေးလိပ် သောက်ဖို့ ဆေးလိပ်ထုတ်လိုက်တော့....
အဲဒီ တက္ကစီသမားက ရုတ်တရက် ဆေးလိပ်သောက်တာကို ရပ်ပြီး " တွေ့လား NO SMOKING.” တဲ့ လို့ ခပ်တည်တည် လက်ညှိုးထိုးပြတယ်။
သူလည်း ဆက်မသောက်တော့ဘူး။ ပိုင်တယ်။

သင်္ခန်းစာ ( ၂ )
တရုတ် နိုင်ငံ အရှေ့မြောက်ပိုင်း ပြည်နယ်မှာ ရှိတဲ့ ထိပ်သီးပိုင်း ရဲ အရာရှိ ကြီးတစ်ယောက်ဟာ ကိုယ်ကျင့်တရားပျက်ကွက်မှုနဲ့ အတော်ကြီး နာမည် ဆိုး ထွက်နေတယ်။ ပြည်သူ့ဆီက မတရား ရထားတဲ့ငွေတွေနဲ့ သူ့ရဲ့ လစ်ဗင်း တူဂဲသား အမွှာ ညီအမကို ထောက်ပံ့ပေးနေတယ် ဆိုတဲ့ စွပ်စွဲမှုလည်း ပါတယ်။ ဒီ သတင်းနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေရဲ့ ဖြေရှင်းချက်က
" ဒီ စွပ်စွဲမှုဟာ အမှားတွေပါ၊ သူ့ရဲ့ လစ်ဗင်း တူဂဲသား ညီအမက ညီအမ သာဖြစ်ပြီး အမွှာ ညီအမတွေ မဟုတ်ကြပါဘူး။ အခြေအမြစ် မရှိတဲ့စွပ်စွဲမှု သာ ဖြစ်ပါတယ် " တဲ့။
သူတို့က ပို ပိုင်သေးတယ်။


 ကမ်းလက် 

ရီးဒါး ဒိုင်ဂျက် နဲ့ အကြီးစား ဒိုင်ဂျက်


ရီးဒါး ဒိုင်ဂျက်
ဆရာမ ။              ။ မာင်တိန့်ချိန်၊ မင်းမှာ တစ်ကျပ်ရှိတယ်၊ မင်းအဘက တစ်ကျပ် ပေးတယ် ဆိုရင် မင်းမှာ ပိုက်ဆံ ဘယ်လောက်ရှိမလဲ။
မောင်တိန့်ချိန် ။     ။ တစ်ကျပ်ပဲ ရှိမှာပါဆရာမ။
ဆရာမ ။              ။ မင်း ဒါလေးတောင် မပေါင်းတတ်ဘူးလား၊ ဟင်။
မောင်တိန့်ချိန် ။     ။ ဆရာမလည်း အဘ အကြောင်း မသိပါဘူး။ အဘက တစ်ခါမှ ပိုက်ဆံမပေးဖူးဘူး။
( ဒါ့ကြောင့် မောင်တိန့်ချိန်လေး အိမ်ပြန်ရောက်တော့ အဘရိုက်တာ ခံလိုက်ရတယ် )

အကြီးစား ဒိုင်ဂျက်
ဘုရင့်စာမေးပွဲမှာ စကောလား နှစ်ယောက် ရာထူးတစ်ခုအတွက် စာမေးပွဲ ဝင်ဖြေကြတယ်။
သူတို့က မောင် Li Junhua နဲ့ မောင်တိန့်ချိန် တို့ပါ။
မေးခွန်းက
ဒေါ်လာတစ်ရာကို စာချုပ်အရ ခွဲဝေပေးရမည်ဆိုလျင်
( က ) မြန်မာအစိုးရ က ဘယ်လောက်ရမည်။
( ခ ) မြန်မာစီးပွားရေးဦးပိုင်လီမိတက် က ဘယ်လောက်ရမည်။
( ဂ ) ၀မ်ပေါင်ကုမ္ပဏီ က ဘယ်လောက်ရမည် ကို တွက်ပြခဲ့ပါ။

မောင် Li Junhua ရဲ့ အဖြေစာရွက်ထဲမှာ
( က ) မြန်မာအစိုးရ က ၁၆ ဒဿမ ၈ ရာခိုင်နှုန်း၊
( ခ ) မြန်မာစီးပွားရေးဦးပိုင်လီမိတက် က ၁၃ ဒဿမ ၈ ရာခိုင်နှုန်း၊
( ဂ ) ၀မ်ပေါင်ကုမ္ပဏီ က ၁၃ ဒဿမ ၃ ရာခိုင်နှုန်း။
I don't know the rest လို့ အောက်မှာ ရေးထားခဲ့တယ်။

မောင်တိန့်ချိန် ရဲ့ အဖြေစာရွက်ထဲမှာ
( က ) အဘက ရိုက်လိမ့်မယ်၊
( ခ ) ဒီကရှေ့ မီဒီယာကို မကြောက်တော့၊
( ဂ ) I know what I have to do. တဲ့။
နာမည်တွေများ တိုက်ဆိုင်သွားရင် တိုက်ဆိုင်မှု တစ်ခုသာဖြစ်ကြောင်း နားလည်ပေးကြပါ။


 ဇင်ဝေသော်

ဆန္ဒပြတဲ့ခေတ် ( The age of protesting )


" Men Working " ဆိုတဲ့ ဆိုင်းဘုတ်ကို အမေရိက ကောလိပ်တစ် ခု ကျောင်းသူတွေက " လိင်ခွဲခြားတယ်၊ ဖြုတ်ပေးပါ " ဆန္ဒပြကြ လို့ ဖြုတ်ပေးရတယ်။ အဲ့ဒီ သတိပေး ဆိုင်းဘုတ်မရှိလို့ လူတော်တော် များများတော့ ကျင်းထဲခြေေ ထာက်ကျပြီး ချော်လဲကြတာပေါ့။ လဲကြပေါ့လေ။ ဒါ လူ့ အခွင့်အရေးပဲ။

ပြဿနာက " Men Working " မရေးရင် ဘယ်လိုရေးမလဲ။ " Women and Men Working " ရေးရင်လည်း ဂေးတွေ၊ လက်စဘီးယန်းတွေက ဆန္ဒပြကြဦးမယ်။

“Construction Persons Working ” ကလည်း အူကြောင်ကြောင်။
အမှန်က “ Illegal Immigrants Working ” ကအမှန်ဆုံး။
စင်္ကာပူမှာဆို " Illegal အန္ဒိယန်း၊ ဘင်္ဂလားဒစ်ရ် Men Working " ပဲ။

မြန်မာပြည်မှာတော့ Illegal ( တရားမဝင်တွေက ) တွေ က ဘော့စ် ဖြစ်ေ နပြီး တရားဝင်တွေက အလုပ်သမားတွေ။

" Legal native workers " ဆိုလည်း မမိုက်ဘူး။ ဘယ်လို ရေးကြမလဲ။
ဒီခေတ်ထဲ ဆန္ဒပြမခံရအောင် ဆိုင်းဘုတ် ရေးရတာကို မလွယ်ဘူးရယ်။ တကယ်။


 ဇင်ဝေသော်

မသိမ်မွေ့နိုင်ခဲ့တဲ့ အမျိုးသားရေး ချစ်စိတ် ( ၄ )

လူသားအားလုံး တန်းတူရှိရမယ်ဆိုတာ ဟန်ဆောင်ထားတဲ့ ယုံကြည်မှုပဲ။
(လီကွမ်းယု)

မသိမ်မွေ့နိုင်ခဲ့တဲ့ အမျိုးသားရေး ချစ်စိတ် ( ၃ )  မှအဆက်

    သူတို့ပြောပြီး ငါတို့ချက်ချင်း ပြောင်းလဲပစ်လိုက်ကြတာ။ အခုဆိုရင် Istana ကိုကြည့်။ သစ်ပင်ပုံသဏ္ဍာန်တွေ ပြောင်းပြီး လှလာတယ်။ လှမှာပေါ့။ ဒီတစ်ခါ ငါတို့ရွေးချယ်တာက ဒီသစ်ပင်ကို ဒီပုံ၊ ဒီသစ်ချုံကို ဒီပုံထားရင် ဘယ်လိုထားရင် လှမယ်ဆိုတာကို သိနိုင်တဲ့ အနုပညာဓာတ်ခံရှိသူတွေကို ရွေးခဲ့တာကိုး။ အေလယ်ဘယ်မှာ သင်္ချာတော်တာ၊ သိပ္ပံပညာတော်တာနဲ့ ဒါတွေ မလုပ်နိုင်ဘူး။ ဟိုတုန်းက HDB တိုက်တွေကိုကြည့် အားလုံး တစ်ပုံစံတည်းကြီး။ ဒါကလည်း သင်္ခန်းစာတစ်ခုပဲ။
  
    မေး ။    ။ ဗီဇက အရေးပါသလို ပညာရေးကလည်း အရေးပါတာပါပဲ။
    ဖြေ ။    ။ ဒါတွေအကြောင်းကိုတော့ ငါ့ကို လာပြောနေစရာမလိုဘူး။ စာတွေ အများကြီး ငါဖတ်ခဲ့ပြီးပြီ။

    မေး ။    ။ ကျွန်တော်တို့ သုတေသနလုပ်တော့ အံ့သြစရာကောင်းတာ တွေ့ရတယ်။ စင်္ကာပူ ပညာရေးအတွက် သုံးစွဲတာက တောင်ကိုးရီးယားနဲ့ ထိုင်ဝမ်တို့အောက် လျော့နေတယ်။
    ဖြေ ။    ။ သူတို့က ငါတို့ထက် ပိုတော်နေသလား။ ထိုင်ဝမ်ကလူတွေ ငါတို့ထက် ပိုတော်နေသလား။

    မေး ။    ။ အနာဂတ်မျိုးဆက်အတွက် ဒီထက်ပိုပြီး မသုံးစွဲသင့်ဘူးလား။
    ဖြေ ။    ။ ပညာရေးဝန်ကြီးဌာနရဲ့ အသုံးစရိတ်ဟာ နှစ်အလိုက် တိုးတိုးပြီးလာနေပါတယ်။ အကောင်းဆုံး အရည်အသွေးတွေ ထုတ်ယူနိုင်အောင် ငါတို့လည်း အတတ်နိုင်ဆုံး ကြိုးစားနေတာပဲ။ စီးပွားရေးကျဆင်းခိုက်မှာ ရုပ်ပိုင်းဆိုင်ရာတွေဖြစ်တဲ့ Lab တွေ၊ အခြား ပစ္စည်းပစ္စယ တတ်ဆင်မှုတွေ အားလုံး ရအောင်ယူလိုက်နိုင်တယ်။

    ငါတို့မှာ ဘာလိုအပ်နေသလဲ။ အရည်အချင်းရှိတဲ့ ဆရာတွေလိုအပ်နေတာ။ ဒါ့ကြောင့် အရည်အချင်း ပြည့်တဲ့ဆရာသမားတွေကို ရနိုင်အောင် ကြိုစားနေကြတယ်။ မူလတန်းကစတာတောင် မဟုတ်ဘူး။ မူကြိုကစပြီး ရအောင် ရှာနေကြတာ။ မူကြိုဆရာတွေအားလုံးကို မွမ်းမံသင်တန်းပေးဖို့ လွှတ်ပေးကြတယ်။ ဒါကလည်း အရောင်တင်ပေးရုံပဲ မဟုတ်လား။ ကျောက်ကောင်းဖြစ်နေမှလည်း ပွတ်တိုက်ပေးလို့ အရောက်တက်လာတာ။ (ရီလျက်) သဲသောင်ပြင်ကို သွားကြည့်ပါလား။ ငါ့အမျိုးသမီးဆိုရင် ကျောက်ခဲလေးတွေ ကောက်ကောက်လာတတ်တယ်။ ပြီးရင် သစ်သားသေတ္တာ၊ သစ်သားလင်ပန်းလေးတွေထဲ ထည့်ထားတတ်တယ်။ အပြစ်မရှိ၊ ပိုက်ဆံမကုန်ဘဲရတဲ့ ကျေနပ်မှုမျိုး။ ကျောက်တုံးတိုင်းတော့ ချစ်စရာလေးတွေ မဟုတ်ကြဘူး။

    မေး ။    ။ အခုကောက်ယူထားတဲ့ ကျောက်တုံးလေးတွေ အရောင်လက်လာဖို့ လက်ရှိစနစ်အပေါ်မှာ ဘယ်လောက် ယုံကြည်မှုရှိသလဲ။
    ဖြေ ။    ။ အကောင်းဆုံးတော့ ကြိုးစားနေကြတာပဲ။ မင်းမှာ အကြံကောင်းဉာဏ်ကောင်းရှိရင် ပညာရေးဝန်ကြီးနဲ့ လူ့အဖွဲ့အစည်းဖွံ့ဖြိုးရေး၊ လူငယ်နဲ့အားကစားဝန်ကြီး (Minister of Education and Ministery of Community Development, Youth and Sports) ကို တင်ပြပါလား။ သူတို့ ဆွေးနွေးကြလိမ့်မယ်။ လက်တွေ့ကျတယ်ဆိုရင် သူတို့လုပ်ကြမှာ။ အကောင်းဆုံး တို့ကြိုးစားနေကြတာပဲ။ ငါတို့က မလုပ်ချင်တာ မဟုတ်ဘူး။ တခါတခါ ငါတို့လုပ်ရတာက အကန့်အသတ်တွေရှိတယ်။

    မေး ။    ။ နည်းနည်းပါးပါး တိုးတက်မှုရှိတယ်ဆိုရင်တော့ ကြိုးတော့ ကြိုးစားသင့်တာပဲ မဟုတ်ဘူးလား။
    ဖြေ ။    ။ ကြိုးစားနေကြတယ်။ Manclaki (မလေးမွတ်ဆလင်အဖွဲ့) ကိုကြည့်။ ပြီးရင် Muis (စင်္ကာပူမူစလင်ဘာသာရေးကောင်စီ) ကိုကြည့်။ သူတို့ဆိုရင် ကလေးတွေရဲ့ သင်္ချာနဲ့ သိပ္ပံဘာသာရပ်တွေ တိုးတက်လာအောင် မနေမနား ကြိုးစားနေကြတယ်။ ငါက မလေးခေါင်းဆောင်တွေကို ပြောတယ်။ ကြိုးစားကြ။ ဒါပေမယ့် အိန္ဒိယန်းနဲ့ တရုတ်တို့ကိုမီဖို့ အကွာအဝေးကတော့ အရင်အတိုင်းပဲ ရှိနေဦးမှာပဲလို့။ ဟိုကလေးတွေကလည်း ကြိုစားနေကြတာပဲ မဟုတ်လား။ ဒီတော့ ခြားနားချက်ကတော့ ရှိနေမှာပဲ။ ကလေးတွေ တိုးတက်လာတယ်။ ကွာဟမှုကတော့ ကျဉ်းမလာဘူး။ ဒါ သဘာဝပဲ။ လက်ခံရဲဖို့လိုတယ်။ ဆီဒက် က အစပိုင်း နှာခေါင်းရှုံ့တယ်။ နောက်မှ လက်ခံလာတယ်။ အဲဒီတုန်းက သူက မလေးဆရာများအသင်းရဲ့ ဥက္ကဋ္ဌ။ သူ့ကို ခေါ်ယူပြီး ပညာရေးဌာနထဲ ထည့်ပေးလိုက်တယ်။ "ကြည့် မင်းကိုယ်တိုင် မြင်ရအောင်လို့" လို့ ငါ ပြောလိုက်တယ်။ ဒါပြီးတော့ ဗြိတိသျှခေတ်က စာမေးပွဲရလဒ်တွေဆီ သွားကြည့်ရအောင်။ ဘယ်မှာလည်း တူညီတဲ့ လူ့သဘာဝရဲ့ ဉာဏ်ရည်ဉာဏ်သွေး။ ကိုလိုနီခေတ်ကတည်းက ဒီပြဿနာက ရှိနေတာ။

    ကွန်မြူနစ်တွေ ယုံကြည်သလို တူညီတဲ့ လူ့အဖွဲ့အစည်းကို တည်ထောင်ယူလို့ရတယ်ဆိုတာ မင်းယုံသလား။ ခဏကြာတော့ သူတို့လည်း ဒီအယူအဆကို အယုံအကြည်မဲ့လာကြတော့တာပဲ။ လူသားအားလုံး တန်းတူရှိရမယ်ဆိုတာ ဟန်ဆောင်ထားတဲ့ ယုံကြည်မှုပဲ။ တိန့်ရှောင်ဖိန်က ပြောတယ်။ ချမ်းသာတဲ့လူတချို့က သူများထက် ပိုပြီး မြန်မြန်ချမ်းသာသွားကြတယ်။ ကျန်တဲ့ လူတွေကတော့ နောက်မှ ချမ်းသာလာလိမ့်မယ်တဲ့။ ဒီအတိုင်း ရှေ့ဆက်လုပ်ဆိုပြီး တန်းတူ လူ့အဖွဲ့အစည်းဝါဒကို စွဲစွဲမြဲမြဲ ကိုင်ထားတဲ့ သူ့လုပ်ဖော်ကိုင်ဖက်တွေအပေါ် ကျော်လွှားပြီး သူဆုံးဖြတ်ခဲ့တာ။

    မေး ။    ။ ညီတူတဲ့အဖွဲ့အစည်း မဖြစ်နိုင်ဘူးဆိုတဲ့ မစ္စတာလီရဲ့ ဗီဇအခြေခံဝါဒကို သဘောမတူတဲ့ ၀န်ကြီးတွေ ကတ်ဘိနိတ်ထဲမှာ ဘယ်လောက်ရှိသလဲ။

    ဖြေ ။    ။ ဒါက အမှန်တရားပဲ။ အနှေးနဲ့အမြန် သူတို့လက်ခံလာရမှာပေါ့။ သူတို့ကို အယုံသွင်းနေစရာ မလိုပါဘူး။ ငါပြောတာက စောင့်ကြည့်ဆိုတာပဲ။ သူတို့စာတွေ ဖတ်ကြ၊ စောင့်ကြည့်ကြပေါ့။ ဟန်ဆောင်နေတဲ့ လူတွေ လောကကြီးထဲမှာ အများကြီးပဲ။ Larry Summer (အမေရိကန် စီးပွားရေးပညာရှင်၊ ဟားဘက်တက္ကသိုလ်ဥက္ကဋ္ဌ) (၂၀၀၁-၂၀၀၆) အလုပ်ပြုတ်သွားတယ်။ ကျောင်းသူတွေက သင်္ချာနဲ့ သိပ္ပံပညာမှာ ကျောင်းသားတွေလောက် မတော်ဘူးပြောလို့တဲ့။ တစ်ချို့ကျောင်းသူတွေ တော်ပါတယ်။ ဟုတ်တယ်။ ဒါပေမယ့် အားလုံးကို ခြုံကြည့်ရင် ကျောင်းသားတွေလောက် မတော်ဘူး။

    လူသားတွေရဲ့ ဦးနှောက်အလုပ်လုပ်ပုံကြည့်။ အမျိုးသမီးတွေက ဦးနှောက်နှစ်ဖက်စလုံး အလုပ်လုပ်တယ်။ ဖြတ်ထိုးဉာဏ်ကောင်းစေတဲ့ ဦးနှောက်က အမျိုးသမီးတွေဆီမှာ ပိုအားကောင်းတယ်။ ဒါကြောင့် လူတစ်ယောက်ရဲ့ ရည်ရွယ်ချက်ကို အဓိပ္ပာယ်ပြန်ရာမှာ သူတို့က ပိုတော်တာ။ အမျိုးသားတွေကျတော့ ဦးနှောက်ဘယ်ဖက်ခြမ်းက ပိုပြီး အလုပ်လုပ်တယ်။ ခွဲခြမ်းစိတ်ဖြာတာ သိပ်လုပ်တတ်တယ်။ မင်းယုံချင်မှသာယုံ။ အမျိုးသမီးတွေထဲမှာ ဘာကြောင့် ဒါဝင်တွေ၊ ဂျွန်မေနာဒ်ကေနီတွေ (Darwins or John Maynard Keynes ) အများကြီး မရှိတာလဲ။ သင်္ချာနဲ့ သိပ္ပံဘာသာရပ်တွေမှာ နိုဘယ်ဆုရတဲ့ အမျိုးသမီးတွေ ဘာကြောင့် အများကြီး မရှိတာလဲ။





 ဇင်ဝေသော်

သမ္မတကြီး ပိုင်သွားတဲ့ ဒီ စနေ


"ဒေါ် အောင်ဆန်းစုကြည် ဆိုရင်လည်း သူမ ရခဲ့သမျှ လက်ခုပ်သံတွေ အားလုံးနဲ့ ထိုက်တန်ခဲ့တာပါပဲ။ ဒါပေမယ့် သူမတစ်ယောက်တည်းနဲ့တော့ မြန်မာ့ပြောင်းလဲရေး ဖြစ်မလာနိုင်ပါဘူး။ စစ်တပ်ကလည်း အပေအယူ လုပ်ခဲ့လို့ပါ၊ အနောက် နိုင်ငံတွေက ဖြစ်နိုင်ခြေ လုံးဝနီးပါး မရှိဘူးထင်ထားတဲ့  အပြောင်းအလဲတွေ မထင်မှတ်ဘဲ ဖြစ်လာခဲ့တယ်။ အဲဒါ ဦးသိန်းစိန်ရဲ့ အမျှော်အမြင်နဲ့ စွမ်းဆောင်ရည် ကြောင့်ပါပဲ။ မဖြစ်နိုင်ဘူးထင်ရတဲ့ ပန်းတိုင်ကို လက်ကိုင်မိသွားတာပါ။ အတူတကွ ပူးပေါင်းလုပ်ဆောင်သွားကြဖို့ စစ်တပ်ကို နားချ၊ "ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေး၊ သူလုပ်နိုင်ခဲ့တယ်။ အခု ကမ္ဘာက  ဦးသိန်းစိန်ရဲ့ အောင်မြင်မှုကို ထောက်ခံလာနေရပါပြီ။ Foreign Policy မဂ္ဂဇင်းက ၂၀၁၂ ခုအတွက် ကမ္ဘာလုံးဆိုင်ရာခေါင်းဆောင် ၁၀၀ ထဲက  ဦးသိန်းစိန်ကို နံပတ် တစ် ရွေးထားတယ်။ The International Crisis Group ကလည်း သူ့လုပ်ဆောင်မှုတွေ အတွက် ငြိမ်းချမ်းရေးဆု ချီးမြှင့်ပါဦးမယ်။ ဦးသိန်းစိန်ဟာ ဒီဆု အားလုံးနဲ့ ထိုက်တန်ပါတယ်။ အထူးသဖြင့် စထရိတ်တိုင်းမ်က ချီးမြှင့်တဲ့ The Asian of the Year ဆုနဲ့ မလွဲမသွေ ထိုက်တန်ပါတယ်။ သူ့ထက်ပိုပြီး ထိုက်တန်သူ မရှိပါဘူး။
ပရော်ဖက်ဆာ၊ ကီရှော မဘုဘန်နီ
Professor Kishore Mahbubani
Dean of the Lee Kuan Yew School of Public Policy at the National University of Singapore.

တစ်ဦးချင်း စွမ်းရည်နဲ့ နိုင်ငံရေးကို ပြောင်းလဲပေးတဲ့ အာရှနိုင်ငံခေါင်းဆောင်တွေထဲမှာ  ဦးသိန်းစိန်ဟာ အပြုသဘော  ပြောင်းလဲမှု အများဆုံးလုပ်ဆောင်ပေးနိုင်သူပါ။ အတိတ်က အရိပ်မည်းကြောင့် ရသင့်ရထိုက်တဲ့ အသိအမှတ်ပြုခံရမှုတချို့ မရခဲ့ရှာပါဘူး။
Professor David Steinberg,
Distinguished Professor of Asian Studies at Georgetown University.

မြန်မာ နိုင်ငံကို အထီးကျန်နိုင်ငံ တစ်နိုင်ငံကနေ ကမ္ဘာ့ဇာတ်ခုံအလယ် ရောက်လာအောင် ဦးသိန်းစိန်က ဖန်တီးပေးခဲ့ပါတယ်။ စစ်ဗိုလ်ချုပ်ဟောင်းကြီးတွေနဲ့ ဆက်စပ်ပြီး အကျိုးခံစားနေရတဲ့ လူတွေနဲ့ အတိုက်အခံလုပ်နေရလေတော့ သူ့တာဝန်ဟာ တော်ရုံသတ္တိနဲ့ မရနိုင်ပါဘူး။
Mr Barry Desker,
dean of Rajaratanam School of International Studies.

(စထရိတ်တိုင်းမ် မှာ တခမ်းတနားဖော်ပြထားတဲ့ Nirmal Ghosh ရဲ့ " Childhood poverty inspired success "  ဘာသာပြန်ကို ဖော်ပြပေးပါဦးမယ်။)



 ကမ်းလက်