သူ့နာမည်ကတော့ ဦးကျော်သိန်းပါ။ ပိုပြီး တိတိကျကျ ပြောရ ရင် ရွှေပန်း တိမ် ဦးကျော်သိန်း။ ဟိုခေတ်က ရွာမှာ ရွှေပန်းတိမ်ဆိုတာရှားရှား ပါးပါး ဆိုတော့ ဦးကျော်သိန်းက နာမည်ကြီးထဲမှာလည်း ပါတာပေါ့။
ပိုက်ဆံရှိပေမဲ့ သူက ဘာသာရေး အလုပ်တွေနဲ့ သိပ်ပြီး ထဲထဲဝင်ရှိလှတာ မဟုတ်ဘူ။ အဲ သူ့မှာ ကျန်နေတဲ့မိဘဝတ္တရားက သူ့သားတွေဖြစ်ကြတဲ့ ခင်မော်ဝင်း၊ ငလင်းနဲ့ ငသင်းကို ရှင်ပြုပေးဖို့ပဲ။
သူ့သားတွေကို ရှင်ပြုအလှူပေးတော့မယ်ဆိုတဲ့ သတင်းကလည်း နယ်မှာေ တာ့ သတင်းကြီး တစ်ပုဒ်ပဲလေ။ သူ့အလှူကို လာပြီးအားပေး (စား) ဖို့ အားခဲနေကြတဲ့ ရွာနီးချုပ်စပ်က ပရိသတ်ကလည်း နည်းတာ မဟုတ်ဘူး။
နယ်မှာ အလှူပေးရတယ်ဆိုတာကလည်း လွယ်လှတာမဟုတ်ဘူး။ ထင်းက အစ လချီပြီး ကြိုတင်ခုတ်ထားကြရတာ။ ဦးကျော်သိန်းအိမ်က ထင်းခုတ်ဖို့ လုပ်အားပေးတွေခေါ်တယ် ဆိုတော့မှ တကယ် အလှူဖြစ်တော့မှာလို့ ရွာထဲ ကလည်း ယုံကြည်ကြတော့တာ။
တစ်သက်တစ်ခါ အလှူမို့ စိတ်ပြတ်တဲ့ ဦးကျော်သိန်းက ငွေဘယ်လောက် ကုန်ကုန် အားလုံးစိတ်တိုင်းကျ ဖြစ်ဖို့ဆုံးဖြတ်ထားတာပါ။ လူတွေ ကျွေးဖို့မွေး ဖို့ဆိုရင် ဆန်ကအစ အကောင်းစားတွေချည်းပဲ ဝယ်တာ။ ငါးခြောက်ဆို လည်း ရှယ်ပဲ။ ဝက်သားကိုတော့ ရွာမှာပဲ ဟင်းပေါ်ကြမှာမို့ မသင့်ဘူးလို့ ဆရာတော်က အမိန့်ရှိလို့ လက်လျှော့လိုက်တယ်၊ ငါးခြောက်ဆိုတာကတော့ ကိုယ့်အလှူမရှိလည်း ငါးတွေက သေပြီးသားတွေဆိုတော့ ပံ့သကူသားတွေပဲ မဟုတ်လား။ ထားလိုက်ပါတော့၊ ပြောချင်ရာ မရောက်ဘဲ ရှိနေမယ်။
နောက်ဆုံး အလှူမှာ ဘုန်းကြီးပင့်ဖို့ ဦးကျော်သိန်းက ဆရာတော်ဆီသွားပြီး ဩဝါဒ ခံတယ်။ သူ့စိတ်ထဲမှာ စဉ်းစားထားတာကတော့ ဆရာတော် လမ်းညွှန်ချက်အတိုင်း ပင့်သံဃာ ဘယ်လောက်များများ ပင့်မှာပဲ။ ပြော မယ်သာ ပြောတာ ရွာရှိသံဃာ သာမဏေတွေပါ ပင့်မယ်ဆိုရင် ရွာမှာတင်ပဲ နည်းတာမဟုတ်ဘူး။ အဲဒီတုန်းက တောရကျောင်းမှာတင်ပဲ ရဟန်း ရှစ်ပါး၊ သာမဏေ ၃၂ ပါး ရှိတယ်။ အလယ်ကျောင်းမှာ အဲသလောက် မများပေမဲ့ စုစုပေါင်း ၃၀ အောက်တော့ မရှိနိုင်ဘူး။ အလှူပိန်လေးတွေကတော သင်္ကန်း ကြီးဝတ်လောက်ပဲ ( ရဟန်းတွေကိုပဲ ) ပင့်တတ်ပြီး အလှူကြီးတွေကတော့ သာမဏေတွေပါပင့်ကြပါတယ်။ ဒါ့ကြောင့် ဦးကျော်သိန်းစိတ်ထဲမှာ ရှိတာက ရွာရှိ သံဃာကုန်ပေါ့။ အလှူကကြီး ဘုန်းကြီးပင့်ရာမှ သူများထက် ငယ်နေလို့ ဘယ်ဟုတ်ပါ့မလဲ။
ဆရာတော်ဆီရောက်လို့ ဆရာတော်ကိုလည်း ဦးချပြီး ရော
" ဒကာကြီး အလှူက ရွာမှာသာမက နယ်မှာပါ နာမည်ကြီးနေတယ်၊ဒကာကြီး ရဲ့ ဖောက်သည်တွေကလည်း ဒီနယ်အကုန်ဆိုတော့ "
" မှန်ပါ အမိန့်ရှိပါဘုရား "
" (....) ဆရာတော်ကိုတော့ ပင့်အုံးမှ ကောင်းမယ်၊ သူကြွတာ မကြွတာက သူ့အပိုင်း၊ ပင့်ရမှာက ကိုယ့်တာဝန်ပဲ "
" ရွာရှိ သံဃာကုန်ရယ်၊ ကျန်တာက ဆရာတော် သဘောအတိုင်းပါပဲ ဘုရား "
" (.......)ဆရာတော်ကို ပင့်ပြီဆိုမှတော့ (.......) ကို ချန်ထားခဲ့လို့ကလည်း မကောင်းပြန်ဘူး ဒကာကြီး "
" မှန်ပါ၊ ပင့်ပါဘုရား "
" (.........) ကိုလည်း ပင့်မှကောင်းမယ်၊ သူတို့က ခရီးဝေးပေမဲ့ ပွဲရှိတိုင်း ဘုန်းကြီးတို့ကို ပင့်တယ်၊ ဘုန်းကြီးတို့ကသာ မပင့်နိုင်တာ၊ ဒီတစ်ခါ ပင့်မယ် လို့ စိတ်ကူးရတယ် "
" မှန်ပါ ဘုရား "
"(......) ရွာ ဆရာတော်လေးကလည်း ဘုန်းကြီးအသစ် ကျောင်းအသစ် ဆိုတော့ လာဘ်လာဘ နည်းပါးရှာဦးမယ်။ အဲဒီ ကျောင်းကိုလည်း ချန်ထား လို့ မကောင်းပြန်ဘူး "
" မချန်ပါနဲ့ ဘုရား၊ သံဃာများလေ တပည့်တော်တို့လည်း ဝမ်းသာလေပါ ဘု ရား "
"............. "
"............... "
"................ "
".................. "
အားလုံးပြီးတော့မှ ဆရာတော်ကို ဦးချပြီး ဦးကျော်သိန်းအိမ်ပြန်သွားတယ်။
အိမ်ရောက်တော့ ဦးကျော်သိန်းက ပြုံးစိစိဖြစ်နေလို့ သူ့ဇနီးက နားလည်ရ ခက်နေတယ်။ ဆရာတော်ဆီ ဘုန်းကြီးပင့်ဖို့ သွားလျှောက်တာ ပြုံးစရာ မပါနိုင်ဘူးပေါ့။
ဒါနဲ့ ဇနီးကမေးလို့
" မယ်ပွေ့ရေ၊ ဘုန်းကြီးပင်ရတာ ခက်မှန်း ငါတော့ အခုမှ သိသဗျာ "
" ဘုန်းကြီးပင်ရတာ ဘာခက်နေလို့တုန်းတော့ "
" ခက်တယ်ဟ၊ ဒီဆရာတော်ကိုတော့ မပင့်လို့ မကောင်း၊ ဒီဆရာတော်ကို ပင့်ပြီး ဟို ဆရာတော်ကိုမပင့်ပြန်လည်း မကောင်း၊ အဲသလိုတွေ ရှိတယ်ဟ၊ ဆရာတော်ကိုတော့ မလျှောက်ခဲ့ပါဘူး၊ ငါ့ စိတ်ထဲမှာတော့လေ "
" ဆက်ပါအုံးတော့ "
" မကောင်းလို့ ပင့်ရတာက များတော့ ကောင်းလို့ပင့်ရတာက ဘယ်နှပါး မှန်းတောင် မသိတော့လို့ပါဟာ " တဲ။
တော်တော်နောက်တဲ့ ဦးကျော်သိန်းပဲ၊ အဲဒီစကားက ဆရာတော်နားကလွဲရင် လူတိုင်းနားထဲ ပြန့်သွားတယ်။ ဒါနဲ့တော့ သူ့ကို မကောင်းပင့် ကျော်သိန်းလို့ မခေါ်ကြသေးပါဘူး။
ရွာမှာ ကျော်သိန်းက နှစ်ယောက်၊ နောက်တစ်ယောက် အငယ်၊ ဒီတော့ ရွာထုံးစံအတိုင်း ကျော်သိန်းကြီး ကျော်သိန်းလေးပဲ ခေါ်ကြတာ။ ဖြစ်ချင်တော့ ကျော်သိန်းလေးက သူချစ်နေတဲ့ ကောင်မလေးက သူ့ကို ပြန်မချစ်လို့ နင်မချစ်ရင် ငါလည်း ရေနံဆီသောက်သေတော့မယ် ဆိုပြီး ရေနံဆီတွေေ သာက်ပါလေရော။ သိပ်မများတာရယ်၊ လူသိစောတာရယ်ကြောင့် ကျော် သိန်းလေး မသေလိုက်ရဘူး။
ဒါပေမဲ့ ရွာထဲကတော့ သူ့ကို ကျော်သိန်းလေး လို့ မခေါ်ကြတော့ဘူး၊ "ဘီအိုစီ ကျော်သိန်း " လို့ပဲ ခေါ်ကြတော့တယ်။ သူ့ကို ဘီအိုစီ ကျော်သိန်း လို့ခေါ်တော့ ကျော်သိန်းကြီး ကိုလည်း ကျော်သိန်းကြီးမခေါ်ကြတော့ပဲ
" မကောင်းပင့် ကျော်သိန်း " လို့ ပဲ ခေါ်ကြတော့ တယ်။
သီဟနာဒ