သေတာတောင် Gangnam Style နဲ့


ကမ္ဗောဒီးယားနိုင်ငံသား (Sihanoukville သီဟာနုဗဲလေး နေ) တစ်ယောက် က သူ့ကိုယ်သူ အဆုံးစီရင်ပြီး သူ့ဈာပနမှာ ဝမ်းနည်းစရာသီချင်းတွေအစား ဂန်းနန်စတိုင်နဲ့ ခရီးဆုံးပေးဖို့ သေတန်းစာ ရေးထားတဲ့အကြောင်း the Cambodia Herald ကဖော်ပြထားပါတယ်။ သူ့ဈာပနမှာ ဘာသာရေး ကိစ္စေ တွဖြစ်တဲ့ တရားပေး၊ ရေစက်ချ( ဗုဒ္ဓဘာသာဆို ) တရားဟော၊ ယူလော် ဂျီပြော ( ခရစ်ယန်ဆို ) လုပ်ပေးရမယ့် ဘုန်းကြီးတော့ ဒုက္ခပဲ။ဂန်းနန်စတိုင်နဲ့ များ လုပ်ပေးရမှာလား မသိတတ်။

တရုတ်တွေ သင်္ချာတော်တယ်ဆို

Tom Lasseter ဆိုတဲ့ ဂျာနယ်လစ်ဇ်တစ်ယောက်က မြွေပေါတဲ့ တရုတ်ပြည် ၊ Hunan ပြည်နယ်ထဲက Xianling ဆိုတဲ့ရွာကလေးကို သွားရောက်လည် ပတ်ချင်တယ်လို့ တောင်းခံလာတော့ ဒေသဆိုင်ရာ အာဏာပိုင်တွေက သတိပေးစကားနဲ့အတူ ခွင့်ပြုချက်ပေးခဲ့တယ်။ ဖတ်ကြည့်ပါ။

“A total of 160 snakes escaped,” it said. “ Of these, 159 were caught and one was killed. A few may still be at large.”

မြွေအကောင်ရေ ၁၆၀ လွတ်ထွက်သွားတယ်၊ ၁၅၉ ကောင် အရှင်ဖမ်းမိပြီး တစ်ကောင်ကို အသေဖမ်းမိတယ်၊ လွတ်နေတဲ့ မြွေတွေ ရှိနိုင်သေးတယ် တဲ့။


 ကမ်းလက် 

Post a Comment