“လူပီသဖို့ ငိုရမယ် ၂ (I cry, therefore I am)”


Humanity’s sob story.
By Michael Trimble.

" ယဘုယျကျကျပြောရရင် ပိုပြီးလည်းချမ်းသာ၊ ပိုပြီးလည်း ဒီမိုကရေစီ ထွန်း ကားတဲ့ နိုင်ငံကြီးတွေက လူတွေဟာ ပိုပြီးငိုတတ်ကြပါတယ်။ မျက်ရည် ကျရ မှာ မရှက်သလို မျက်ရည်ကျမိရင်လည်း ဝန်ခံရမှာ ဝန်မလေးတတ်ကြပါဘူး "

"အမေရိကန်တွေ၊ ဂျာမန်တွေ၊ အီတာလီယန်တွေဟာ ဘူဂေးရီးယန်းတွေ၊ တရုတ်တွေ၊ ပီရူးလူမျိုးတွေထက် ပိုပြီး မျက်ရည်လွယ်ကြတယ် "

ဒါတင်မကသေးပါဘူး။ ရှေးဟောင်း ဂရိသူရဲကောင်းကြီးတွေမှာလည်း မျက် ရည်နဲ့ မဝေးကွာလှပါဘူး။ Odysseus တို့၊ Agamemnon တို့၊ Achilles တို့လည်း မျက်ရည်နဲ့ မျက်ခွက် သိပ်မပြတ်ခဲ့ပါဘူး။
ဒါကို မယုံရင် လတ်တလော ကမ္ဘာ့သမိုင်းကို ပြန်ကြည့်ပါ။ အမေရိကန်သမ္မ တ ရော်နယ်ရီဂင်၊ ဘီ(လ်) ကလင်တန်တို့ ဂျော့ဘု(ရှ်) တို့ဆိုရင် အငိုမင်း သားကြီးတွေ(Weepy Chief Executive) လို့တောင် ဆိုစမှတ်ပြုခဲ့ရပါတယ်။

တစ်ပတ်တည်း နှစ်ခါငိုသူတစ်ယောက် အရင်တစ်ပတ်ကပဲ တွေ့ခဲ့ရပါသေး တယ်။ အဲဒါ သမ္မတ အိုဗားမားပါပဲ။ အိုင်အိုဝါးမှာ မိန့်ခွန်းပြောစဉ်တစ်ကြိမ်၊ ချီကာဂိုမှာ မိန့်ခွန်းပြောစဉ် တစ်ကြိမ်၊ တစ်ပတ်အတွင်း နှစ်ကြိမ်ငိုခဲ့ပါတယ်။ Babe Ruth က သူ့မှာ ကင်ဆာရှိနေပြီလို့ သိရတဲ့အချိန်မှာ ငိုခဲ့သလို Floyd Patterson လည်း မိုဟာမက် အလီကို ရှုံးတုန်းက ငိုခဲ့တာပါပဲ။

အမျိုးသမီးရော အမျိုးသားပါတူတဲ့အချက်က သူတို့က အိမ်တွင်းထဲမှာဆို ပိုပြီးငိုတတ်ကြတယ်။ ညနေ စောစောပိုင်းမှာ ပိုပြီးငိုတတ်တယ်။ တစ်ယောက်တည်းရှိနေတဲ့အခါ (သို့) အမျိုးသမီး အဖော်ရှိနေတဲ့အခါ မျိုးတွေမှာ ငိုတတ်ကြတယ်။ ရုပ်ရှင်ကြည့်နေစဉ်မှာ ကြေကွဲဝမ်းနည်းစရာတွေ ဇာတ်လမ်းထဲမှာပါနေရင် ကိုယ့်ဘေးမှာ သူငယ်ချင်းလည်း ရှိနေမယ်ဆိုရင် ပိုပြီး မျက်ရည်ကျတတ်ပါတယ်။

လူတွေရဲ့ ကိုယ်စီကိုယ်စီ စစ်တမ်းအရ သနားတတ်သူ၊ ခံစားနားလည်တတ် သူတွေဟာ စိတ်ဓာတ်မာသူ၊ ခံစားမှုကို ထိန်းထားတတ်သူတွေထက်ပိုပြီး မျက်ရည်လွယ်တတ်ပါတယ်။ ငိုတဲ့ အကြိမ်ရေနဲ့ပတ်သက်လို့ကတော့ ဒီထက်ပိုပြီး ကျယ်ပြန့်ပါတယ်။ တချို့ဆို ဝတ္တုဖတ်ရင်း၊ ရုပ်ရှင်ကြည့်ရင်း ငိုနေတတ်ကြသလို တချို့ဆိုရင် သူတို့ တစ်ဘဝလုံးမှာ ငိုကြွေးမိတဲ့ အကြိမ်ရေကို ရေတွက်လို့တောင် ရနိုင်ပါတယ်။

တစ်ခုခုအဆင်မပြေလို့၊ စိတ်ညစ်လို့၊ အိမ်တွင်းရေးပြဿနာဖြစ်လို့ ငိုပြီဆိုရင် တခြားငိုကြွေးခြင်းတွေထက် ပိုပြီးအချိန်ကြာတတ်တယ်။ ပျော်ရွှင်ရ၊ ကျေနပ် ရလို့လည်း မျက်ရည်ကျတတ်ပါတယ်။ ဒါပေမယ့် ဒီမျက်ရည်ကျခြင်းက ခဏ မျှသာပါ။

ဒါဝင်ရဲ့ သုံးသပ်ချက်အရကတော့ အနောက်နိုင်ငံမဟုတ်တဲ့ အခြား တိုင်းပြည်တွေနဲ့စာရင် ဗြိတိန်မှာ ငိုကြွေးမှုက ပိုနည်းတယ်လို့ ဆိုပါတယ်။ အနောက် ဥရောပနိုင်ငံတွေက (ဗြိတိန်အပါအဝင်) သူများထက် ငိုကြွေးတာ နည်းတယ်လို့ ဆိုလိုချင်ဟန် တူပါတယ်။

ငိုကြွေးမှုနဲ့ပတ်သက်လို့ ယဉ်ကျေးမှုကို အခြေခံ သုတေသနလုပ်ခဲ့တဲ့ ဒတ် (ခ်ျ) လူမျိုး စိတ်ပညာရှင် A.J.J.M. Vingerhoets နဲ့ သူ့မိတ်ဆွေရဲ့ တွေ့ရှိ ချက်က ပိုပြီးဆွဲဆောင်မှုရှိပါတယ်။ (၃၇) နိုင်ငံကို သူတို့ သုတေသနပြုခဲ့ကြ ရာမှာ အမေရိကန်တွေ၊ ဂျာမန်တွေ၊ အီတာလီယန်တွေဟာ ဘူဂေးရီးယန်းေ တွ၊ တရုတ်တွေ၊ ပီရူးလူမျိုးတွေထက် ပိုပြီး မျက်ရည်လွယ်ကြတယ်လို့ ဆိုပါ တယ်။

ယေဘုယျကျကျပြောရရင် ပိုပြီးလည်းချမ်းသာ၊ ပိုပြီးလည်း ဒီမိုကရေစီ ထွန်း ကားတဲ့ နိုင်ငံကြီးတွေက လူတွေဟာ ပိုပြီးငိုတတ်ကြပါတယ်။ မျက်ရည်ကျရ မှာ မရှက်သလို မျက်ရည်ကျမိရင်လည်း ဝန်ခံရမှာ ဝန်မလေးတတ်ကြပါဘူး။ သူတို့ နိုင်ငံတွေမှာလည်း ငိုကြွေးတာနဲ့ ပတ်သက်ရင်တော့ အမျိုးသမီး၊ အ မျိုးသား ကွဲပြားမှုကတော့ ရှိနေဆဲပါ။

ဒီနိုင်ငံကြီးတွေက လူတွေ ဘာကြောင့် မျက်ရည်ပိုလွယ်ရသလဲဆိုရင် ယဉ်ကျေးမှုနဲ့လည်း ဆိုင်ပါတယ်။ တချို့ယဉ်ကျေးမှုက မျက်ရည်ကျမှု ဟာ ပျော့ညံ့ခြင်းလို့ ယူဆတတ်ကြပါတယ်။ ဒီမိုကရေစီကျတဲ့ နိုင်ငံတွေဟာ တဖက်သားရဲ့ မျက်ရည်ကျမှုကိုလည်း ပိုပြီးနားလည်းတတ်ကြပါတယ်။ ဒါကသည်ပင် ဝမ်းနည်းလို့ ကျတဲ့မျက်ရည်ကို ထိန်းနေစရာမလိုဘူးဆိုတဲ့ အယူအဆဝင်သွားပြီး မျက်ရည်လွယ်သွားကြတာလည်း ဖြစ်နိုင်တယ်လို့ ယူဆနိုင်ပါတယ်။

ဝမ်းနည်းမှုနဲ့ ငိုကြွေးမှုဟာ ဆက်စပ်နေတယ်လို့ ယုံကြည်ထားကြပေမယ့် လူ တစ်ယောက်ဟာ ငိုပြီးရင် ပိုပြီးပျော်ရွှင်လာတတ်ပါတယ်။ သုတေသန တွေ့ ရှိချက်တွေက ပြောပြတဲ့အချက်ကတော့ အမျိုးသမီး ၈၅-ရာခိုင်နှုံးနဲ့ အမျိုး သား ၇၃-ရာခိုင်နှုံးဟာ ငိုပြီးတဲ့နောက် ခံစားရတာ ပိုသက်သာလာတယ် ဆို တဲ့ အချက်ပါ။

ကမ္ဘာ့လူသားတွေ လက်ခံထားတာကတော့ မျက်ရည်ဟာ စိတ်တင်းကျပ်မှု ကို ဖြေလျော့စေဖို့၊ ခံစားမှုကို ဖွင့်ထုတ်ဖို့၊ နာကျင်မှုကို သက်သာစေဖို့ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။ (တကယ်တမ်း လက်ခံထားကြတဲ့ အထဲမှာလည်း လူခန္ဓာကိုယ်ထဲကထွက်လာတဲ့ အရည်တွေထဲမှာ မျက်ရည်တစ်ခုကိုသာ စက်ဆုပ်စရာအနေနဲ့ သဘောမထားကြတာပါ။)

ဘာသာရေးခေါင်းဆောင်တွေ အနေနှင့်လည်း ကရုဏာကို ဖွင့်ပြသတဲ့ အနေ နဲ့ မျက်ရည်ကျပြတတ်ကြပါတယ်။ ဒါကလည်း ကမ္ဘာတဝှမ်းလုံးပါ။

" ကြက်သွန်နီနဲ့ ဇနီးမျက်ရည် "


မျက်ရည်ဆိုတာ ဝမ်းနည်းကြေကွဲမှုရဲ့ သင်္ကေတဆိုတာ တစ်ကမ္ဘာလုံး လက် ခံထားရတဲ့ အချက်ပါ။ ဒါပေမယ့် တစ်ခါတစ်ခါကျတော့ စိတ်က အလွန် အမင်း ဝမ်းနည်းနေတော့ မျက်ရည်ကျလို့မရတဲ့ အခါမျိုးတွေလည်း ရှိနေ တတ်ပြန်ပါသေးတယ်။ ဥပမာ မိမိအလွန်ချစ်မြတ်နိုးသူတစ်ယောက် ဆုံးပါး သွားတဲ့အခါမျိုးတွေမှာပေါ့။

ဒီနေ့ခေတ်မှာ မျက်ရည်ကျခြင်း၊ မကျခြင်းနဲ့ပတ်သက်လို့ ထူးထူးခြားခြား ဘာမှ မပြောကြပေမယ့် ရှေးရှေးခေတ်တုန်းကတော့ လင်သားတစ်ယောက် ဆုံးပါးလို့ လူရှေ့မှာ ဇနီးက မျက်ရည်မကျရင် လူထုက ဝေဖန်ပြစ်တင်တာ မျိုးတွေ ရှိတတ်ပါတယ်။ ယောင်္ကျားဆုံးတာတောင် မျက်ရည်မကျတဲ့မိန်းမ၊ မကြာခင် တစ်ပင်ထူမယ့်မိန်းမ စတာမျိုးတွေပေါ့။ အဲဒီအခါမျိုးတွေမှာ ဇနီး (မုဆိုးမ) တွေဟာ ကြက်သွန်နီရဲ့ အကူအညီနဲ့ မျက်ရည်ကျပြရတတ်ပါတယ်။ ဒီမျက်ရည်ကျမှုက ရှေးခေတ်တုန်းကတော့ လူမှုရေးမှာသာမက နိုင်ငံရေး ထဲမှာတောင် ရှိနေပါတယ်။ မျက်ရည်ကျရမယ့်အချိန်မှာ ကျကို ကျပေးရမယ် ဆိုတဲ့ သဘောမျိုးပေါ့။

မျက်ရည်ကို အခြားလူမှုရေးကိစ္စတွေမှာလည်း အဓိပ္ပါယ်တစ်ခုခုအနေနဲ့ သတ်မှတ်ကြပြန်တယ်။ Rousseau က သူ့ရဲ့ “Confessions” ပြဇာတ်ထဲမှာ မျက်ရည်ဟာ ဘယ်လောက်ချစ်မြတ်နိုးတယ်ဆိုတာရဲ့ အထင်ရှားဆုံး သင်္ကေတတစ်ခုဖြစ်တယ်လို့ ဆိုထားပါတယ်။ ဒါတင်မကဘူး၊ မျက်ရည်ဟာ ကိုယ့်အတ္တကို ရှေ့တန်းတင်ထားလွန်းလို့ ဘာမဟုတ်တဲ့ ကိစ္စအတွက် ကျတဲ့ မျက်ရည်လည်း ရှိနေပြန်သေးတယ်လို့ သူကပဲ ဆိုထားပြန်ပါတယ်။

တခြားဇာတ်လမ်းတွေထဲမှာလည်း မျက်ရည်ဟာ တစ်ဖက်သားကို စိတ် ယိမ်း ယိုင်စေနိုင်တယ်ဆိုတဲ့ အကြောင်းတွေ့ရပြန်ပါတယ်။
ရှိတ်စပီးယားကတော့ သူ့ရဲ့ “The Taming of the Shrew” ထဲမှာ-
“ And if the boy have not a woman’s gift
To rain a shower of commended tears,
An onion will do well for such a shift” လို့ ရေးထားခဲ့တယ်။
( ဆက်ရန် )


ဇင်ဝေသော်

Post a Comment