ဒီနေ့ နိုင်ငံရပ်ခြားမှာ အလုပ်လုပ်နေကြတဲ့ မြန်မာအရေအတွက် ဘယ်ေ လာက် များနေပြီလဲ။ ဒီအဖြေက ဘယ်သူ့ဆီမှာမှ တိတိကျကျ မရှိတာ သေ ချာတယ်။ စင်္ကာပူ တစ်မြို့တည်းမှာကိုပဲ မြန်မာ သံရုံးက ထုတ်ပြန်တဲ့ စာရင်း နဲ့ အမှန်တကယ်ရှိနေတဲ့ လူဦးရေက ဘယ်တော့မှ ထပ်တူကျနိုင်တာ မဟုတ် ပါဘူး။
အမေရိကရောက်သူ၊ ဥရောပရောက်သူ၊ ဩစတေးလျရောက်သူ၊ ဂျပန်၊ကိုရီး ယား၊ စင်္ကာပူစသည် ရောက်နေသူတွေ အမျိုးမျိုး ရှိနိုင်ပါတယ်။ ဘယ်လောက်ပဲ လားရာ နိုင်ငံတွေကွဲကွဲ သူတို့ ထွက်ခွါရာကတော့ မြန်မာ ဆိုတဲ့ တတိယနိုင်ငံ တစ်နိုင်ငံကပါ။ ဒီတော့ ပထမကမ္ဘာက တတိယနိုင်ငံ သားတွေပေါ့။
စင်္ကာပူမှာ ဒီနှစ် ပိုပြီး လစာတွေမြင့်လာရမယ်၊ ခရိုက်တီးရီးယာတွေ မြင့်လာ ရမယ်၊ လက်ရှိအလုပ်သမားတွေထဲက ဒီစံတွေကို မမီတဲ့ နိုင်ငံခြား အလုပ် သမားတွေ တစ်ဝက်လောက် လျှော့ချဖို့ စတင်နေကြပါပြီ။ ဒီမူနဲ့ ပတ်သက်လို့ စင်္ကာပူဟာ နိုင်ငံခြား အုပ်သမားတွေအပေါ် လိုတစ်မျိုး မလိုတစ်မျိုး ဆို တဲ့ ဝေဖန်သံတချို့လည်း ခံနေရတယ်၊ ဒါမှမဟုတ် ဒီလိုပြောလာနိုင်တယ် ဆို တဲ့ လိပ်ပြာ မလုံ့တလုံ ခံစားချက်ရှိလာနိုင်ပါတယ်။ ဒါနဲ့ပဲ စထရိတ်တိုင်းက သူတို့မူကို ကာကွယ်ဖို့ ဆောင်းပါးရှည်တစ်ပုဒ်ဖော်ပြလာတယ်။ သူတို့ ဆောင်းပါးကို ကိုးကားရင်း နိုင်ငံခြားမှာ အလုပ်လုပ်နေသူတွေရဲ့ ဘဝအစိတ်အပိုင်း တချို့ကို ထင်ဟပ်စေမယ့် ဒီဆောင်းပါးကို ရေးမိပါ တယ် ။ ပြည်ပကိုထွက်ပြီး အလုပ်လုပ်လိုသူတွေအတွက်လည်း အင်ဖို ခပ်ပါးပါး ရနိုင်တာပေါ့။
နိုင်ငံခြားသားတွေ အများကြီး ရောက်လာမှာကို စိုးရိမ်တဲ့ နိုင်ငံတွေထဲမှာ စင်္ကာပူသာ ထီးထီးကြီး ရှိနေတာ မဟုတ်ပါဘူး။ နိုင်ငံတိုင်းလိုလိုမှာ ရှိနေပါ တယ်။ ဒီဆောင်းပါးထဲမှာ ဗြိတိန်၊ ဩစတေးလျ၊ ဟောင်ကောင်၊ ထိုင်ဝမ်၊ ထိုင်း နဲ့ အင်ဒိုနီးရှားတို့ ပါဝင်ပါတယ်။
ဒီအနေအထားကို ရောက်အောင် ဖန်တီးပေးတာကတော့ ကုမ္ပဏီတွေက အလုပ်သမားခ ဈေးချိုနိုင်သမျှ ချိုအောင် ရနိုင်ရေး ကြိုးစားချက်နဲ့ ကိုယ့်ပြည် သူပြည်သားတွေကို ဘယ်လို ကာကွယ်မလဲဆိုတဲ့ အစိုးရတွေရဲ့ တုန့်ပြန် ချက်တွေပါပဲ။ စိတ်ဝင်စားစရာ တော်တော် ကောင်းပါတယ်။ ကုမ္ပဏီက အမြတ်များများ ကျန်ချင်တယ်။ လုပ်အားခ လျော့ချချင်တယ်။ ဒီတော့ ဒီလုပ် အားဟာ ဖောရိန်းက လုပ်အားလား၊ ပြည်တွင်းကလုပ်အားလား ဆိုတာ စဉ်း စား မနေအားတော့ပါဘူး။ ဒါကို ထိန်းချုပ်ပေးနိုင်တာကတော့ အစိုးရပါပဲ။ အထူးသဖြင့် အလုပ်သမားရေးဝန်ကြီးဌာနရဲ့ တင်းကြပ်တဲ့ မူဝါဒပါပဲ။
၁။ ဗြိတိန်
ဖွံ့ဖြိုးပြီးနိုင်ငံတွေထဲမှာ နိုင်ငံခြားသား အလုပ်သမား ဥပဒေနဲ့ ပတ်သက်လို့ ဗြိတိန်ဟာ တင်းကြပ်မှု အပြင်းထန်ဆုံး နိုင်ငံတွေထဲမှာ ပါပါတယ်။ သူတို့ရဲ့ ဒီဥပဒေဟာ (၁၉၇၃) ခုနှစ်ကတည်းက ရှိနေခဲ့ပြီးသားပါ။ ဗြိတိန်နိုင်ငံထဲကို အလုပ်ယာယီနဲ့ ဝင်လာရင်း အပြီးနေထိုင်ဖို့ ကြိုးစားလာကြလိမ့်မယ် ဆိုတာ ကလည်း သိပ်မမှားနိုင်တဲ့ တွက်ကိန်းတစ်ခုလည်း ဖြစ်နေတယ် မဟုတ်လား။ ဒါ့ကြောင့်ပါ။
ဒီတော့ ပြည်ထဲရေး (Home Office) ဝန်ကြီးဌာနအောက်မှာ UK Border Agency ဆိုတာ ပေါ်ပေါက် လာခဲ့ရတာပါ။ ဒီအေဂျင်စီကပဲ အလုပ်သမား ခန့်အပ်ဖို့ လျှောက်လွှာတိုင်းကို စစ်ဆေး ကိုင်တွယ်ပါတော့တယ်။ သူတို့မူ အရ ၂၀၀၈ - ခုနှစ်ကစလို့ ဗီဇာအဆင့် (၅) မျိုး (Five tiers) ခွဲခြား သတ် မှတ်ထားခဲ့ပါတယ်။
နံပါတ် (၁) ဗီဇာအဆင့်ကတော့ အထူးချွန်းဆုံး၊ အတော်ဆုံးလို့ ဗြိတိသျ အစိုးရ ကလည်း ယုံကြည်၊ ကမ္ဘာကလည်း အသိအမှတ်ပြုခံထားရတဲ့ ပညာ ရှင်၊ သိပ္ပံပညာရှင်နဲ့ မီလျံနာသူဋ္ဌေးတွေပါ။ ဒီအုပ်စုကတော့ ဘာ စာရွက်စာ တန်း၊ ဘာအထောက်အထားမှ မလိုဘဲ အချိန်မရွေး ဗီဇာနံပါတ် (၁) ကို လျှောက်ထားနိုင်ပါတယ်။ ပျိုတိုင်းကြိုက် နှင်းဆီအုပ်စုပေါ့။
ဗီဇာအဆင့် (၂) နဲ့ (၃) ကတော့ အရည်အချင်းရှိတဲ့ အလုပ်သမားတွေနဲ့ အ ထိုက် အလျှောက် အရည်အချင်းရှိတဲ့ အလုပ်သမားတွေအတွက် ရည်စူးပါ တယ်။ သူတို့ကတော့ အလုပ်လုပ်ခွင့် ပါမစ် မလျှောက်ခင်မှာ အလုပ်ရှင် ကုမ္ပဏီရဲ့ အလုပ်ကမ်းလှမ်းထားတဲ့ စာကို ပြသဖို့ လိုပါတယ်။
ဗီဇာ (၄) နဲ့ (၅) ကတော့ ဗြိတိသျမှာ ကျောင်းလာတက်တဲ့ ကျောင်း သားေ တွရယ်၊ အခြားကိစ္စမှာ အကြုံးဝင်သူတွေရယ်ကို ရည်ညွှန်းပါတယ်။ ဒီ ဗီဇာ လေးနဲ့ငါးဟာ အများအားဖြင့်တော့ ဗြိတိသျမှာ အလုပ်လုပ်ခွင့် (တရား ဝင်) မရကြပါဘူး။
ဗီဇာအဆင့် နှစ်နဲ့သုံးကတော့ အလုပ်လုပ်ဖို့ ရောက်လာကြတယ် ဆိုတာ ဗေ ဒင်မေးစရာ မလိုတော့ပါဘူး။ သူတို့နဲ့ ပတ်သက်လို့ နှစ်စဉ်နှစ်တိုင်း အစိုးရက ကန့်သက်ချက် လူဦးရေ ထုတ်ပြန်ပေးတယ်။ လူဦးရေ မပြည့်ခင် ကိုယ် က လျှောက်တယ်ဆိုရင်တောင် ဗီဇာ ရ၊ မရတော့ တစ်ဦးချင်းစီရဲ့ ကံနဲ့ပဲ ဆိုင်နေပါတော့တယ်။
သူတို့ကို အလုပ်ခန့်မယ့် အလုပ်ရှင်တွေကလည်း နိုင်ငံခြားသားကို အလုပ် မခန့်မီမှာပဲ ဘော်ဒါအေဂျင်စီမှာ မှတ်ပုံအရင်တင်ပြီး ခွင့်ပြုချက်လည်း ရထား ပြီး ဖြစ်နေရပါမယ်။ ဒါက နှစ်စဉ် လုပ်ကို လုပ်ရမယ့် တာဝန်တစ်ခုပါ။ အဲ သလိုပဲ ဒီကုမ္ပဏီက နိုင်ငံခြားသား ဘယ်လောက် အလုပ်ခန့်ခွင့် ရှိတယ် ဆို တာကိုလည်း ဘော်ဒါအေဂျင်စီက နှစ်တိုင်း ကန့်သက် ထုတ်ပြန်ပေးပါတယ်။ ကန့်သက်ပေးထားတဲ့ ကိုယ်တာထဲမှာ ရှိနေတယ်ဆိုရင်တောင်မှ ဗီဇာ ရ၊ မရ ကို ဘယ်သူမှ အာမ မခံနိုင်ပါဘူး။
ဒါတင် မကသေးပါဘူး။ နိုင်ငံခြားသားကို ငှါးရမ်းမယ့် ကုမ္ပဏီတစ်ခုဟာ လို အပ်နေတဲ့ လက်ရှိ အလုပ်ရာထူးအတွက် ဗြိတိန်လူမျိုး (သို့) ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေရဲ့ လူမျိုးတွေထဲမှာ ရှာလို့၊ ခန့်လို့ မရနိုင်ကြောင်း သက်ေ သ အထောက်အထားတွေနဲ့ ရှင်းပြကြရပါတယ်။
ဒီလို ကြိုးစားပြီး ဗြိတိန်လူမျိုး (သို့) ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေရဲ့ လူမျိုးတွေထဲမှာ ရအောင်ရှာ ပါတယ်ဆိုတာ သက်သေပြဖို့ ပြည်တွင်း သတင်းစာ၊ အပြည်ပြည်ဆိုင်ရာ သတင်းစာ၊ ဝက်(ဘ်)ဆိုက်တွေမှာ အ လုပ်ကြေညာ ခေါ်ရပါတယ်။ အလုပ်ကြေညာခေါ်ပြီး အနည်းဆုံး တစ် ပတ် စောင့်ရတယ်။ အလုပ်လာလျောက်သူတွေနဲ့ အင်တာဗျူးတွေကိုလည်း ရက်ကော့ဒ် လုပ်ထားရတယ်။ ဒါတွေရှိတော့မှ နိုင်ငံခြားသားကို မခန့် မဖြစ်တော့တာကြောင့် ခန့်လိုက်ရပါတယ်လို့ ရှင်းပြလို့ ရတယ်။
သူတို့ ဘယ်လောက်ပဲ ကြိုးစားကြိုးစား သူတို့ ဗြိတိန်လူမျိုးတွေကို အမှန် တ ကယ်ပဲ ခန့်အပ်ဖို့ ကြိုးစားခဲ့တယ်ဆိုတာကို အတည်ပြု၊ ဆုံးဖြတ်ဖို့ကတော့ လူဝင်မှုကြီးကြပ်ရေး အရာရှိနဲ့ပဲ သက်ဆိုင်ပါတယ်။
တရုတ်ဒိုင်ယာလက်စကား ပြောတတ်သူကို လိုအပ်နေလို့ ခန့်ရတာစတဲ့ ဆင်ခြေမျိုးတွေနဲ့ အလုပ် မဖြစ်နိုင်သလို ဈေးချိုလို့ ငှါးရမ်းတာမျိုး မဖြစ် ရေ အာင်လည်း တားမြစ်ထားပါတယ်။ လူတစ်ယောက်ရဲ့ ဝင်ငွေဟာ တစ်နာရီ မှာ အနည်းဆုံး (၆း၁၉) ပေါင် ရှိနေရပါမယ်။
ဘယ်လိုပဲ ဥပဒေနဲ့ တားတား၊ တချို့ လစ်ဟာတာမျိုးလည်း ရှိနေတတ်ပါ တယ်။ အထူးသဖြင့် ဗြိတိသျတက္ကသိုလ်တွေက ဘွဲ့ရတဲ့ ကျောင်းသားတွေ ဆိုရင် ဗီဇာသက်ညှာခွင့် ပြုထားလေတော့ တချို့ အလုပ်လုပ်ရင်း အမြဲနေ သွားတတ်တာတွေလည်း ရှိနေတတ်ပါတယ်။
အလားတူပါပဲ။ အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီကြီးတွေရဲ့ ဌာနချုပ်တွေက ဗြိ တိန်မှာ ရှိနေရင် သူတို့ အလုပ်သမားတွေကို အခြားနိုင်ငံမှာ ရှိတဲ့ ဌာနခွဲတွေ ကနေ ပြောင်းလွှဲပေးနိုင်ပါတယ်။ ဒါပေမဲ့ ယာယီသာ ခွင့်ပြုတာမျိုး ဖြစ်သလို သက်မှတ်ထားတဲ့ ကိုယ်တာလည်း ရှိနေမှပါ။
ဒီစစ်စတန်ကို ကုမ္ပဏီတွေကတော့ သဘောမတွေ့ကြလို့ တော်တော် ကျယ် ကျယ်လောင်လောင် ဝေဖန်နေကြပါတယ်။ အခြားဌာနက အရာရှိတွေကို ဗြိတိန်မှာ တာဝန်ပြောင်းပေးဖို့ ဗီဇာလျှောက်ထားရတဲ့ အချိန်က လပေါင်း များစွာ ချီပြီး ကြာနေတာပဲ။ ဒါသာ ဖြစ်တယ်၊ ဒီနည်းလမ်းက အကုန်အကျ နည်းလှတယ်တော့ မဟုတ်ဘူး။ ဗီဇာအဆင့်နှစ် အလုပ်သမားတစ်ယောက် ကို ငှါးရမ်းဖို့ လယ်ဗီးကတင် ပေါင် တစ်ထောင်ပါ။
ဒါသာ ဖြစ်တယ်၊ အစိုးရမှာလည်း လူထုရဲ့ ဝေဖန်မှုတွေကနေ လွတ်နေ တာတော့ မဟုတ်ပြန်ပါဘူး။ အစိုးရရဲ့ မူဝါဒဟာ နိုင်ငံခြား အလုပ်သမားတွေ ဝင်မလာနိုင်အောင် မတားမြစ်နိုင်ဘူးလို့ လူထုက ယုံကြည်ကြလို့ပါ။
သူတို့ပြောတဲ့ နိုင်ငံခြား အလုပ်သမားဆိုတဲ့ အထဲမှာ ဗြိတိသျလူမျိုးတွေနဲ့ ဥရောပသမဂ္ဂ (၂၆) နိုင်ငံက လူမျိုးတွေ မပါဝင်ပါဘူး။ သူတို့ကတော့ လာချင် ရင်လာ၊ အလုပ်လုပ်ချင်ရင်လုပ်၊ ပြဿနာ မရှိပါဘူး။
(ဆက်ရန်)
ဇင်ဝေသော်