မေး ။ ။ အချစ်ဆိုတာ မစ္စတာလီ ယုံသလား။ မြင်မြင်ချင်း ချစ်မိတဲ့အချစ် ဆိုတာမျိုးပေါ့။
ဖြေ ။ ။ မြင်မြင်ချင်း ချစ်တယ်ဆိုတဲ့အချစ်ကို ငါ မယုံဘူး။ အဲ့ဒါ အကြီး အ ကျယ် အမှားလို့ ငါ ထင်တယ်။ မြင်မြင်ချင်း ချစ်တယ်ဆိုတာ ရုပ်ရည်ရူပကာနဲ့ ဖမ်းစားတာ ခံလိုက်ရတာ၊ နောက်ပိုင်း နောင်တ ရလိမ့်မယ်။
မေး ။ ။ သေချာရဲ့လား။
ဖြေ ။ ။ သေချာတယ်။ ငါ့ဇနီးဆိုရင် ငါ သူ့ကို သိလာတာ အကြာကြီးပဲ။ ရပ် ဖဲ(လ်) ကောလိပ်မှာ ငါနဲ့ အတူ ကျောင်းတက်နေတော့ သူ့ကို လုံးဝ စိတ် မ ဝင်စားခဲ့ဘူး။ သိပ်ငယ်သေးတော့ ငါ့ကျောင်းစာနဲ့ငါ ပိနေတာလည်း ဖြစ် မှာပေါ့။ ဒါပေမဲ့ တစ်နေ့တော့ သူက ငါ့ကို စိတ်ဝင်စားတယ်လို့ ပြောတယ်။ အဲ့ဒါ စစ်အတွင်းမှာ။ ငါက Yong Nyuk ကို တွေ့ဖို့ စက်ဘီးနဲ့ သူ့အိမ် အသွား မှာ သူ့ကို တွေ့ခဲ့တာ။ အချိန်လည်း နည်းနည်းရှိတာနဲ့ သူ့ကို ပြောမိတယ်။ ဒီကောင်မလေးက မဆိုးဘူးပဲလို့။
အဲ့ဒီနောက် မိတ်ဆွေတွေ ဖြစ်လာကြတာ။ တဖြည်းဖြည်းနဲ့ ပိုပိုပြီး ရင်းနှီး လာခဲ့ကြတယ်။ ဒီကိစ္စကို သေသေချာချာ ငါ စဉ်းစားတယ်။ မှန်ခဲ့တယ်လို့ ထင်တယ်။ အဲ့ဒီက စပြီး တစ်ယောက်အကြောင်း တစ်ယောက် နားလည်ဖို့ ကြိုးစားခဲ့ကြတာ။ အခုဆိုရင် ငါတို့ ဝါသနာကအစ အတူတူပဲ။
လူတွေ လက်ထပ်နှုန်း တိုးမြှင့်ဖို့ စည်းဝေးပွဲမှာ တော်တော် အတွေ့အကြုံများ တဲ့ အိန္ဒိယန်းရှေ့နေ တစ်ယောက်နဲ့ တွေ့တယ်။ သူ့နာမည်တော့ မေ့နေ တယ်ကွာ။ ဘွဲ့ရအမျိုးမျိုးတွေ အိမ်ထောင် မပြုကြတာနဲ့ ပတ်သက်လို့ ငါ မိန့် ခွန်းပြောခဲ့တယ်။ ၁၉၈၀ - ခုဆီကလို့ ထင်တာပဲ။ အဲ့ဒီရှေ့နေ ပြောတာ က တော်တော် မှတ်သားထိုက်တယ်။ အနောက်တိုင်းမှာ ကိုယ်ချစ်တဲ့ မိန်းမ ကို ယူတယ်ဆိုပြီး ခဏနေတော့ မချစ်တော့ဘူး။ အိန္ဒိယမှာတော့ ကိုယ် လက်ထပ်တဲ့ မိန်းမကို ကိုယ်ချစ်လိုက်ကြတာပဲ။ လက်မထပ်ခင်မှာ အဲ့ဒီ မိန်းကလေးက ဘယ်သူဆိုတာတောင် မသိကြဘူးတဲ့။ မဆိုးဘူးပဲကွ။
ဇယကုမာရ်ကလည်း သူလက်ထပ်ခဲ့တာလည်း အဲ့ဒီအတိုင်းပဲလို့ ပြောတယ်။ မိဘပေးစားလို့ ယူခဲ့ကြပေမဲ့ သူတို့ဘဝက ပျော်ပျော်ရွှင်ရွှင်ပဲ။ သူကရှေ့နေ၊ သူ့မိန်းမက ဒေါက်တာ။
သူတို့က ဂြိုလ်နင်းဂြိုလ်စီးကအစ မိသားစုနောက်ခံသမိုင်း၊ လူမှုရေးနောက် ခံသမိုင်း၊ ငွေကြေးကြွယ်ဝမှုတွေအထိ သေသေချာချာ လေ့လာကြတာ။ ဒီတော့ … အင်း … ရှေ့သွားနောက်လိုက် ညီတယ်ပေါ့ကွာ။ ဒီလို စီစဉ်တာ က “ဟာ … ဒီကောင်မလေးက ချောတယ်” ဆိုတာထက် ပိုကောင်းတယ်လို့ ထင်တယ်။ ( ဇယကုမာရ် - အကြီးတန်းဝန်ကြီးနဲ့ အမျိုးသားလုံခြုံရေး ပူးတွဲ ဝန်ကြီး)
ကောင်မလေးကတော့ အပျံစားပဲ။ သူ့ကိုပဲ လက်ထပ်မယ်ဆိုရင်တော့ မင်း နောက်တရမှာပဲ။ အလှအပဆိုတာ အရေပြားပေါ်မှာပဲ ရှိတယ်။ လက်ထပ်ပြီး တစ်နှစ်၊ နှစ်နှစ်လောက်လည်း ကြာရော “အိုး … ငါတော့ အကြီးအကျယ် မှားပြီ” ဆိုတာ ဖြစ်လာမှာပဲ (ရီလျှက်)။ ဟိုကောင်မလေးကလည်း အဲ့သလို တွေးမှာပဲ။
ဒါနဲ့ပဲ မင်းတို့ ဘဝတွေကလည်း ကိုယ့်လမ်းကိုယ်လျှောက် ဖြစ်ကရော။
မေး ။ ။ ကျွန်မ ကိုယ်ရေးကိုယ်တာကို ပြောခွင့်ပြုရင် ပြောချင်ပါတယ်။ ကျွန်မ အိမ်ထောင်ပြု ဖြစ်တာက မစ္စတာလီရဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိက အားပေးခဲ့လို့ပါ။
ဖြေ ။ ။ ကြားရတာ ဝမ်းသာတယ်ကွာ။ စာအုပ်ထဲက ဘယ်အပိုင်းလဲ။
မေး ။ ။ စထရက်ဖို့မှာ လျှို့ဝှက်လက်ထပ်ခြင်းဆိုတဲ့ အပိုင်းပါ။
ဖြေ ။ ။ သူမက ရှေးဟောင်းယဉ်ကျေးမှုကို ဆုပ်ကိုင်ထားတဲ့ မိသားစုထဲက အိုး(လ်)ဖက်ရှင် မိန်းကလေး။ ငါကလည်း အတူတူပဲ။ မှားကောင်း မှားမယ်။ ငါတို့ လက်ထပ်လိုက်ကြတယ်။ သူကလည်း ပညာသင်ဆုယူပြီး ပညာ သင်နေတာ။ ငါ့ကျူတာကလည်း လက်ထပ်လိုက်ပြီဆိုတာ သိရင် သိပ် သဘောကျမှာ မဟုတ်ဘူး။ ဒါနဲ့ ငါတို့လည်း လျှို့ဝှက်ထားလိုက်ကြတယ်။
သူက လက်ထပ်လက်စွပ်ကို ဆွဲကြိုးနဲ့တွဲပြီး ဆွဲထားတယ်။ ငါ ပေးနိုင်တာက လည်း အဲ့ဒီလက်စွပ်လေး တစ်ကွင်းပဲ။ အဲ့ဒီလက်စွပ်ကလေးက နေ့ရက်တွေကအစ အရင်အတိုင်း မပျောက်မပျက် ရှိဆဲပဲ။ ငါ မှန်ခဲ့တယ်လို့ ထင်တာပဲ။
ဒီနှစ်တွေမှာ ကျန်းမာရေးနဲ့ ပညာရေးအဖွဲ့တွေက ထုတ်တဲ့သတင်းတွေကို ဖတ်ရတယ်။ တို့ဆီက (၇) ရာခိုင်နှုန်းကျော်တဲ့ ဆယ်ကျော်သက်လေးတွေ လိင်ဆက်ဆံကြသတဲ့။ သိပ် မကောင်းလှဘူး။ ငါ့မြေးတွေသာ အဲ့သလိုဆိုရင် စိတ်မကောင်း တော်တော် ဖြစ်မိမယ်။
မေး ။ ။ အကြိုက်နှစ်သက်ဆုံး ရုပ်ရှင်ကားရော ရှိလား။
ဖြေ ။ ။ အခုတော့ ရုပ်ရှင်ရုံ မသွားတော့သလို ကြည့်လည်း မကြည့်ဖြစ်ေ တာ့ပါဘူး။ အချိန်ကုန်တယ်ကွ။ ကျောင်းသားဘဝတုန်းက ကြည့်ခဲ့ရတဲ့ ဟာသကားတစ်ကားကိုတော့ သတိရတယ်။ မင်းသားက Danny Kaye တဲ့။ လန်ဒန်မှာ ကြည့်ခဲ့တာ။ ဇာတ်ကားနာမည်တော့ မေ့နေပြီ။ တော်တော် ကောင်းတယ်။ ရီရတယ်။ သူက သရုပ်ဆောင်တတ်၊ သီချင်းဆိုတတ်ရယ်၊ တော်တော်များများ လုပ်ပြနိုင်တယ်။ ဟာသမဟုတ်တဲ့ ကားတွေထဲကဆိုရင် Pygmalion ပဲ။ နောက် သူတို့ ပြန်ရိုက်ကြသေးတယ်။ နာမည်တော့ မမှတ်မိတော့ဘူး။ ဂီတကို အခြေခံ ရိုက်ထားတဲ့ကား။ တော်တော် ကောင်းတယ်။ သရုပ်ဆောင်တွေက Rex Harrison နဲ့ Audrey Hepburn။
မေး ။ ။ My Fair Lady လား။
ဖြေ ။ ။ အေး … ဟုတ်တယ်။ ဒီဇာတ်ကားက စိတ်ထဲမှာ စွဲနေတာ။ ငါ့ စိတ်ထဲမှာ အစွဲဆုံးကတော့ Gone with Wind ပဲ။ အမေရိကန် စစ်တွင်း ဇာတ်ကား။ အဲ့ဒီနောက်တော့ ရုပ်ရှင်တွေ မကြည့်ဖြစ်တော့ဘူး။ စာအုပ်တွေ ဖတ်လာတဲ့ အခါမှာ ရုပ်ရှင်ကရတဲ့ ခံစားမှုက ဘာမှ မဟုတ်တော့သလိုပဲ။
မေး ။ ။ အနှစ်ခြိုက်ဆုံး စာရေးဆရာ၊ အတွေးအခေါ်ဆရာတို့ရော ရှိပါ သလား။ စင်္ကာပူရီယန်းတွေ ဖတ်သင့်တယ်လို့ ထင်တဲ့ စာအုပ်မျိုး ရှိရင် ပြောပြပေး ပါလား။
ဖြေ ။ ။ မင်းက ဘယ်လိုစာပေမျိုးကို စိတ်ဝင်စားတာလဲ။ ဂန္ထဝင်ကို စိတ် ဝင်စားရင်တော့ ရှိတ်စပီးယား ဖတ်ပေါ့။ စီးပွားရေးကို စိတ်ဝင်စားရင် Hayek ကိုဖတ်။ တစ်ခုခုလုပ်ဖို့ စီစဉ်ထားရင် သူ့စာတွေ ဖတ်သင့်တယ်။ သူပြောတာ မှန်တယ်။ နိုင်ငံရေးကို စိတ်ဝင်စားရင်တော့ အဲ့သလို စာအုပ် တစ်အုပ်နှစ် အုပ်ကို ညွှန်းရုံနဲ့ မရဘူး ထင်တယ်။ ခက်ခက်ခဲခဲ လေ့လာယူရတဲ့ သင်္ခန်းစာ မျိုးပဲ။ ကနေဒီရဲ့ Profiles in Courage တို့၊ အိုဗားမားရဲ့ သူ့ဘဝအကြောင်း စတိုရီတွေ ဖတ်ပြီး လေ့လာလို့တော့ ရတာပေါ့။
မေး ။ ။ ကျွန်မဆီကို သူများက ပေးလိုက်တဲ့ စိတ်ဝင်စားစရာ မေးခွန်း တစ်ခု ပါလာတယ်။ “လက်တွေ့ဘဝနဲ့ အကြုံးမဝင်တဲ့ ရှားလော့ဟုမ်းလို စာမျိုးကို မစ္စတာလီ တစ်သက်လုံး မဖတ်ခဲ့ဖူးဘူးဆိုတာ ဟုတ်ပါသလား” တဲ့။
ဖြေ ။ ။ ယေဘုယျအားဖြင့်တော့ မဖတ်ဖူးဘူးလို့ ဖြေရမှာပဲ။ ဖတ်စရာ အချိန်မှ မရှိတာ။ ဘာသာပြန် အသစ်ထွက်လာတော့ “Don Quixote” ကိုတော့ ဖတ်ဖြစ်တယ်။ တော်တော် ကောင်းတဲ့ ဘာသာပြန်ပဲ။ ငါ စပိန် ကို ရောက်နေတုန်းက အင်္ဂလိပ်ဘာသာပြန်စာအုပ် ရခဲ့တာ။ ငါ့အလုပ်နဲ့ မဆိုင်ပေမဲ့ အပန်းဖြေတဲ့ သဘောနဲ့ ဖတ်တာပေါ့။ အဲ့ဒီစာအုပ်က ရာစုနှစ်ေ ပါင်းများစွာ နောက်ပြန်ခေါ်သွားတယ်။စိတ်ဝင်စားစရာ တော်တော် ကောင်းပါတယ်။
မေး ။ ။ သင်္ခန်းစာယူစရာ တစ်ခုခုများ ရခဲ့သလား။
ဖြေ ။ ။ မင်းက ရန်သူအတုကို အစစ်ထင်ပြီး တိုက်နေတာလို့ ဆိုလိုချင်တာ ထင်တယ်။ အချိန် ကုန်အောင်ကွာ။ အဲ့ဒါက ဟာသစာအုပ်ပဲ။ ငါက ရန်သူ အတုကို တိုက်စရာ မလိုပါဘူး။ ငါ့မှာ ရန်ဖက် အစစ်တွေကို ပြည့်လို့။ (Don Quixote စာအုပ်က (၁၇) ရာစုက စပိန်စာရေးဆရာ Migruel De Cervantes ရေးတဲ့ စာအုပ်ပါ။ အဲ့ဒီစာအုပ်ထဲက အဓိကဇာတ်ဆောင် Don Quixo က ရေပန်းတွေ ဖြာကျနေတာကို ရန်သူလို့ ထင်ပြီး တိုက်ခိုက်ခဲ့တယ်။ ဒါ့ကြောင့် “Tilting at windmills” ဆိုတဲ့စကား ပေါ်လာပြီး တကယ်မဟုတ် တဲ့ ရန်သူတွေကို တိုက်တဲ့နေရာမှာ အသုံးပြုပါတယ်)
မေး ။ ။ နောက်ထပ် ကျွန်မကို အမေးခိုင်းလိုက်တဲ့ မေးခွန်း ရှိပါသေးတယ်။ ဒီမေးခွန်းကို မေးသူက goth တီးဝိုင်းရဲ့ အဖွဲ့ဝင်ပါ။
ဖြေ ။ ။ နင် ပြောလိုက်တာ ဘာရယ်။
မေး ။ ။ A goth Music Band ပါ။
ဖြေ ။ ။ အဲ့ဒါက ဘာတုန်း။
မေး ။ ။ ဒါက အားလုံး အနက်ရောင်တွေ ဆင်တူဝတ်ဆင်ပြီး အလွန် စိတ်ခြောက်ခြားစရာ ကောင်းတဲ့ မြူးဇစ်တွေကို တီးခက်ကြတာပါ။
ဖြေ ။ ။ ဘာ့ကြောင့် goth လို့ ခေါ်တာလဲ။
မေး ။ ။ goth က gothic ကို ရည်ညွှန်းပါတယ်။ Victorian gothic လိုပေါ့။
ဖြေ ။ ။ ဟုတ်ပြီ။ goth။ ရပြီ။ ဒီတော့ …
မေး ။ ။ သူတို့တီးဝိုင်းက ဒီမှာ မှတ်ပုံတင်ဖြစ်ဖို့ ခက်နေတာ။ သူတို့ အဖွဲ့ ဝင် တွေက ခြောက်ယောက် အထက်မှာ ရှိမယ်။ လိုအပ်တဲ့ စာရွက် စာ တမ်းတွေအားလုံးကိုလည်း သက်ဆိုင်ရာကို တင်ပြခဲ့ပြီးပြီ။ မှတ်ပုံတင် ရပြီ ဆိုတော့မှ သူတို့က တရားဝင် ပွဲတွေမှာ တီးခတ်လို့ ရကြမှာ မဟုတ်လား။ မဂ္ဂဇင်းတွေ ဘာတွေကနေ ကြော်ငြာပြီး လူထုသိအောင်လည်း လုပ်ပါတယ်။ ဒါပေမဲ့ သူတို့တီးဝိုင်းအတွက် သုံးစွဲထားတဲ့ ပုံတွေကို အေဂျင်စီတွေက ဆင် ဆာဖြတ်ကြတယ်။ တချို့ဆိုရင် သူတို့ပုံတွေအတွက် တော်တော် မကျေ မနပ်တောင် ဖြစ်ကြတာ။
သူသိချင်တာက အနုပညာနဲ့ ပတ်သက်ပြီး စင်္ကာပူမှာ ဒီထက်ပိုပြီး လွတ် လွတ်လပ်လပ် ဖန်တီးခွင့် ရှိမလား ဆိုတာပါပဲ။
ဖြေ ။ ။ လူထု နားမကလောဘူးဆိုရင်တော့ ငါ့သဘောကတော့ ရှိပါစေ ပါပဲ။ အမည်းရောင် ဝတ်ချင်ဝတ်၊ ခြောက်ခြားစရာတွေ တီးချင်ရင် တီးပေါ့။ ငါ့သဘောကို ပြောပါတယ်။ ဒါပေမဲ့ ဒါက လူထုကြီးကို ထိပါးလာစေနိုင်တယ်၊ လူထုကြီးနဲ့ မသင့်မြတ်ဘူးဆိုရင်တော့ ဒါကို ဆိုင်းထားရမယ်လို့ ငါတော့ ပြောမှာပဲ။ ဘာ့ကြောင့် လူထုကို စိတ်ဆင်းရဲအောင် လုပ်နေမလဲကွာ။
ငါ့ကို နားလည်မှု မလွဲနဲ့နော်။ ငါက လစ်ဘရယ်မဟုတ်သလို ကွန်ဆာဗေး တစ် လည်း မဟုတ်ဘူး။ အရာအားလုံးကို လက်တွေ့ကျကျပဲ တွေးတယ်၊ လုပ်တယ်။
ဇင်ဝေသော်