ဆရာမနဲ့ လီလီ

ဆရာမ။ ။ လီလီရေ၊ သစ်ပင်ပေါ်မှာ ငှက် ငါးကောင် နားနေတယ်၊ တစ်ကောင်ကို လေသေနတ်နဲ့ ပစ်ချလိုက်ရင် ဘယ်နှကောင် ကျန်မလဲ။

လီလီ ။ ။ တစ်ကောင်မှ မကျန်ပါဘူး ဆရာမ၊ သေနတ်သံကြားရင် အားလုံး လန့်ပြီး ပြန်ပြေးကြမှာပါ။

ဆရာမ။ ။ မဟုတ်ဘူးကွဲ့၊ အဖြေမှန်က လေးကောင်ကျန်တယ်တဲ့။ ဒါပေမဲ့ သမီးတွေးပုံကို ဆရာမ သဘောကျတယ်။

လီလီ ။ ။ ကျေးဇူးပါ ဆရာမ၊ သမီးလည်း ဆရာမကို တစ်ခုမေးချင်တယ်။

ဆရာမ။ ။ မေးပါ သမီး။

လီလီ ။ ။ အမျိုးသမီးသုံးယောက်မှာ တစ်ယောက်က ထမင်းချက်နေတယ်၊ တစ်ယောက်က မိတ်ကပ်လူးနေတယ်၊ တစ်ယောက်က တီဗွီကြည့်နေတယ်။ သူတို့ သုံးယောက်မှာ ဘယ်သူက အိမ်ထောင်ရှင်လဲ။

ဆရာမ။ ။ ဖြစ်နိုင်တာကတော့ ထမင်းချက်နေသူဟာ အိမ်ထောင်ရှင်ပေါ့ ကွယ်။
လီလီ ။ ။ မဟုတ်ဘူး ဆရာမရဲ့။ အဖြေမှန်က လက်ထပ်လက်စွပ် ဝတ် ထားသူတဲ့၊ ဒါပေမဲ့ ဆရာမတွေးပုံကို သမီးလည်း သဘောကျတယ်။

ဆရာမနဲ့ လီလီတို့ ကွန်ဗာဇေးရှင်းကတော့ ပြီးသွားပါပြီ၊ နောက်တွေ့မှပဲ ပညာရှင်လီလီလေးကို မေးရမယ်....
မြန်မာပြည်မှာ သမ္မတလောင်း သုံးယောက်ရှိတယ် သမီး။ သူတို့ သုံးယောက် အနက် ထောင်ထွက်နဲ့ တပ်ထွက်ကို နှုတ်လိုက်ရင် ဘယ်နှယောက် ကျန်မ လဲ လို့။

"စားဘုန်း" နှင့် အရွယ်ယ်ကပေးသည့် သင်္ခန်းစာ(ကျောင်းတွင်းမှတ်စု)

ငယ်စဉ်က ဆရာ့ ဆရာများစကားကို ကြားရစဉ် ရယ်စရာသဘောမျိးဖြင့် မိန့် ကြသည်ဟု ထင်မိသည်။ ပေးဘုန်း၊ ကျွေးဘုန်း၊ မေးဘုန်း၊ စာဘုန်း စသည် တို့ဖြစ်သည်။ ပေးဘုန်း၊ ကျွေးဘုန်း ဟူသည် အပေးအကမ်းရက်ရောသော ဆရာတော်များ ဘုန်းကြီးတတ်သည်၊ မေးဘုန်းက သတင်းစကားမေးခြင်း၊ သာကြောင်းမာကြောင်း စသည်မေးမြန်းလေ့ ရှိခြင်းပင်။ ဤသည်ကလည်း ဘုန်းကြီးခြင်းအကြောင်းတွင်ပါဝင်သည်၊ သာကြောင်းမာကြောင်း စ သည်ပြောကြားခြင်းဖြင့် ဒကာ၊ ဒကာမတို့စိတ်ကို ညွတ်နူးစေ၏။ "ကစ္စိ ဘိက္ခဝေ ခမနီယံ၊ ကစ္စိ ယာပနီယံ" စသော ဘုရားရှင်၏ နှုတ်ခွန်းဆက် စကားတို့သည် ဤသဘောအတိုင်းပဲ ဖြစ်ပေမည်။

သို့သော် "စားဘုန်း" ဆိုသည့်စကားကိုတော့ မကြာမီအချိန် အထိ ကောင်းေ ကာင်း သဘောမပေါက်ခဲ့ပါ။ လူကြီး ဖြစ်စမှာတော့ ရေးတေးတေး သဘောပေါက်သလို ရှိခဲ့သည်။ ယခင်က စားရသောကိစ္စက လွယ်သည်ဟု ထင်သည်။ "စားဘုန်း" နှင့် စာပေကိုလည်း ဆက်စပ် မကြည့်နိုင်ခဲ့။

စာသင်သား ဘဝ၊ ရဟန်းငယ်ဘဝ မှာ လူတွေက ဘာပဲကပ်ကပ် ကိုယ် ကြိုက်ရာကို စားလိုက်သည်၊ မကြိုက်ဘူးဆိုလျင် တို့လို့ပင် မကြည့်မိ။ အရွယ်ရလာတော့ သူတို့ခမျာ ချက်ထားရရှာတာဆိုသည့် အတွေး ဝင် လာတော့သည်။ အထူးသဖြင့် ကိုယ်တိုင်က လူကြီးအနေနှင့် အိမ်များကို ဆွမ်းစားသွားရသည့်အခါ ရဟန်းများ ဘုန်းပေးလေလေ ဒကာ၊ ဒကာမတို့က ကြည်နူးလေလေဖြစ်သည်ကို ကိုယ်တွေ့ ခံစားတတ်လာသည်။ အပြန် အ လှန် အားဖြင့်ကြည့်လျှင် ရဟန်းများက အားရပါးရ မဘုန်းပေးလျင် ကြားထဲ က မျက်နှာ ပူသလိုလိုဖြစ်လာသည်။

မန္တလေးမှာ နေစဉ် ဆရာဘုန်းကြီးက ဆွမ်းစားနိုင်သည့် ရဟန်းတို့ ကို ရွေး ပြီးဆွမ်းစားခေါ်သွားတတ်သည့် သဘောကို ယခုမှ သဘောပေါက် မိသည်။ ဒကာ၊ ဒကာမတို့စိတ်ကို ညွတ်နူးစေလိုခြင်း သာ ဖြစ်ပေသည်။ မေတ္တာ ကရု ဏာ သဘောပင်ဖြစ်သည်။
မြန်မာဒကာ၊ ဒကာမ၊ မြန်မာဆရာတော်များကြား၌ကား မြန်မာ အစား အစာ များသာကပ်ကြသဖြင့် အခက်အခဲက ထင်သလောက် မကြီးလှဟုထင်သည်။ လူမျိုးခြားများ ကပ်သောဆွမ်းဖြစ်နေလျှင် ပို၍အခက်ကြုံရသည်။ ကိုယ့်လျှာနှင့် မကိုက်သော်လည်း ခဲဖွယ်များဖြစ်သဖြင့် ကြိတ်ကာ မှိတ်ကာ "ခဲ" ရသည်။ ထို့ကြောင့် စလုံး ဒကာ၊ ဒကာမတို့ကို "You do your best for cooking. Then, we will try our best for eating." ဟုသာ ပြောရလေေ တာ့သည်။

Image source : သောတုဇနပအိုဝ်းပေးblog
စားရသောကိစ္စက လွယ်သည်ဟု ယခု မထင်မိတော့။ သူတို့ စိတ်ကြည်နူး မှုရစေရန် သင့်ရုံတော့ မကြိုက်လည်း စားရတော့သည်။ သူတပါးကို စိတ် ကြည်နူးမှုရစေလိုသဖြင့် ကုသိုလ်တော့ ဖြစ်တန်ရာ၏။ ဤအချက်ကို နား လည်ကြသည့် နီးစပ်သော မြန်မာ ဒကာ၊ ဒကာမတို့က မြန်မာ အစားအစာ များ ဘုန်းပေးရအောင်ဆိုပြီး အိမ်ပင့်၍ မကြာမကြာ ကပ်ကြသည်။ ထို ဆွမ်း မျိုးကို သဒ္ဓါဆွမ်း (သို့) သနားဆွမ်းဟု ခပ်သောသော အမည်ပေးလိုက်သည်။

ထိုမှဆက်စပ်ပြီး "စားဘုန်း" နှင့် စာပေကို လေ့လာကြည့်မိတော့ ဘုရားရှင် ကိုယ်တိုင် ကျင့်သုံးခဲ့သည်ကို တွေ့ရပါတော့သည်။ ဤကား ပရိနိဗ္ဗာန် မစံဝင် မီ ဘုန်းပေးခဲသည့် စုန္န၏ ဝက်ပျိုသားဟင်းလျာပင် ဖြစ်ပေသည်။ စာပေက စုန္နကို ချီးမြှောက်လိုသောကြောင့်ဟုဆို၏။ ခေတ်စကားဖြင့်ဆိုလျင် စုန္နကို ဝမ်းသာစေလိုသောကြောင့်ဟု ဆိုနိုင်သည်။ မဟာကရုဏာ၏ ပြယုဂ် တစ်ခု ပင်။
ယခု စားရသောကိစ္စက လွယ်သည်ဟု မထင်မိတော့သလို "စားဘုန်း" အကြောင်းကိုလည်း သဘောပေါက်မိသည်။ စာပေနဲ့လည်း ညီ၏။ မကြိုက် လှသော အစားအစာတို့ကို သင့်သလို လှူသူကျေနပ်ဖို့ ဘုန်းပေးရာမှာ စာနာ မှု၊ ချီးမြှောက်လိုမှု၊ ငါကြိုက်မှ ငါစားမှာပေါ့ ဆိုသည့် အတ္တဗဟိုပြု အယူ အဆ ကို ကျော်လွန်မှု စသည်တို့ ပါဝင်နေသည်။
အထူးသဖြင့် ဘုန်းကြီးလို၍ ဘုန်းပေးနေကြခြင်း မဟုတ်ဆိုသည်ကို နား လည်လိုက်မိ၏။

**နတ်နဲ့လူ**

ပုဆိန်လွတ်ကျပြီး ငိုနေတဲ့ သစ်ခုတ်သမား အကြောင်းကိုတော့ ကျနော် တို့ လေ့လာခဲ့ရပြီးပါပြီ။ သစ်ခုတ်သမားလည်း သူ့ရိုသားမှု၊ သစ်ပင်စောင့် နတ် ကူညီမှုကြောင့် ရွှေပုဆိန်၊ ငွေပုဆိန်၊ သံပုဆိန် ရခဲ့ပြီးပါပြီ။ ဒီ ပုံပြင် အသစ်ထဲမှာတော့ သစ်ခုတ်သမားရဲ့ ဇနီး မြစ်ထဲကို ကျသွားခဲ့ပါ တယ်။ ဒီ သစ်ခုတ်သမားက မြန်မာလူမျိုးတော့ မဟုတ်ပါဘူး။ ဘာလူမျိုးဆိုတာလည်း မသိပါဘူး။
ဇနီး မြစ်ထဲကျသွားခဲ့တော့ ခေတ်သစ် သစ်ခုတ်သမားလည်း ငိုတာပါပဲ။ အဲဒီအချိန် သစ်ပင်စောင့်နတ် ရောက်လာတယ်။ မင်းဇနီးကို ငါ ဆယ်ယူပေး မယ်ဆိုပြီး မြစ်ထဲကနေ အမျိုးသမီးတစ်ယောက်ကို ဆယ်ယူလာတယ်။ သူမက စကားလက် ဂျိုဟန်ဆင် (Scarlett Johansson) ဖြစ်နေပါတယ်။ ပြီးတော့ သူက စကားလက် ဂျိုဟန်ဆင်ကို ပြပြီ သူလေးက မင်းဇနီးလား လို့မေးတယ်။
သစ်ခုတ်သမားက မှန်ပါတယ်ဆိုပြီး စကားလက် ဂျိုဟန်ဆင်ကို ယူထား လိုက်တော့ နတ်က ဒေါသဖြစ်သွားတယ်။

"လူသား၊ မင်းဟာ လူလိမ်၊ လူညာ" စတဲ့ စကားတွေနဲ့လည်း စွပ်စွဲပုတ်ခတ် ပါတယ်။
ဒီတော့ လူသားက....
"ခွင့်လွှတ်ပါ နတ်မင်း။ စကားလက် ဂျိုဟန်ဆင်ဟာ ကျနော့ဇနီး မဟုတ်ပါ ဘူးလို့ငြင်းလိုက်ရင် နတ်မင်းကြီးက အခြား ချောချော အမျိုးသမီး တစ်ယောက်ကို ဆယ်ယူလာပြီး မင်းဇနီးလား လို့မေးဦးမှာပါ။ မဟုတ်ပါဘူး ဆိုတော့မှ ကျနော့် ဇနီးအစစ်ကို ဆယ်ယူလာပြီး မင်းဇနီးလား လို့မေးမှာပါ။ ဟုတ်ပါတယ်လို့ ပြောလိုက်တော့ နတ်မင်းကြီးက ကျနော့် ရိုးသားမှုကို ဂုဏ်ပြုတဲ့အနေနဲ့ သုံးယောက်စလုံး ပေးလိုက်မှာပါ။
ဒီ ပရိုစီဂျာကို ကျနော် ကောင်းကောင်း သိထားပါတယ်။
ကျွန်တော်မျိုးက ဆင်းရဲသားပါ။ မိန်းမသုံးယောက်ကို ကျွေးမထားနိုင်ပါ၊ ဒါ့ကြောင့် စကားလက် ဂျိုဟန်ဆင်လေးကိုပဲ ရွေးလိုက်မိပါတယ်" တဲ့။

ပြီးတော့ သူက စကားလက် ဂျိုဟန်ဆင်ဖက်လှည့်ပြီး
"ချစ်လေး၊ သွားကြစို့။ ဘိုင့်ဘိုင် နတ်မင်းကြီး" ဆိုကာ စကားလက်ရဲ့ လက် ကိုဆွဲကာ ထွက်သွားတော့တယ် တဲ့။

ပရိုက်ဗိတ်ဂျက်ဖြင့် လကမ္ဘာသို့

ကျွန်ုပ် ရေးခဲ့သည့် "ပရိုက်ဘိတ်ဂျက်နှင့် ၂၁-ရာစုဈာန်ရ ရဟန်းတော်များ" ဆောင်းပါး ဟောစာတန်းက သိပ်ကြာကြာ မစောင့်လိုက်ရ။ ချမ်းသာသော ထိုင်း ရဟန်းတို့ ပရိုက်ဗိတ်ဂျက်ဖြင့် ဈာန်ပျံချေပြီ။ မြန်မာရဟန်းတို့ မပျံနိုင် ကြသေး။ ယူကျုပေါ်အထိ ရောက်သွားသည့်အတွက် (ပထမဆုံးအကြိမ် လည်း ဖြစ်နေရကား) ဝေဖန်သံများ ထိုင်းမှာ တော်တော်ညံသွားသည်ဟု ဆိုကြသည်။ ပြင်သစ်နိုင်ငံရှိ ဗုဒ္ဓဘာသာဆိုင်ရာ လုပ်ဆောင်ချက်များကို သွားရောက် စစ်ဆေးရန် ဈာန်ပျံတော်မူကြခြင်း ဖြစ်သည်။

ချမ်းသာသည့် ရဟန်းတော်များ(သို့ )လူချမ်းသာကိုးကွယ်သည့် ရဟန်းတော် များက ပရိုက်ဗိတ်ဂျက် ဆက်စီးလာစရာ ရှိပါသည်။ ဝေဖန်သံများကို ထို ရဟန်းတို့က ဂရုစိုက်တော်မူကြမည်မဟုတ်ပါ၊ ထို အရှင်မြတ်တို့ ဂရုစိုက် သည်က ပရိုက်ဗိတ်ဂျက် စက်မပျက်ရေးသာ ဖြစ်ပေမည်။

ချမ်းသာသည့် ရဟန်းတော်က(သို့ )လူချမ်းသာကိုးကွယ်သည့် ရဟန်းတော် က အခြားခရီးသည်များ၊ အခြားရဟန်းတော်များနှင့် အတူ လေယာဉ် စီး လျင် ဂုဏ်ငယ်သည်ဟု ထင်ကောင်းထင်ပေလိမ့်မည် (ဘုန်းကံကြီး မားသော အချို့ ရဟန်းတော်များ လိုင်းကား၊ ဘတ်စ်ကား စီးချင်တော် မမူကြသလို)။ ထိုအခါ မဝယ်နိုင်သေးလျင်ပင် ပရိုက်ဗိတ်ဂျက် စင်းလုံးငှားပြီး ခရီးထွက်စေ ပါလိမ့်မည်။ သိက္ခာပုဒ် အထင်အရှား မရှိသဖြင့် ဝိနည်းကြောင်း အရ ပြောစ ရာ အထွေအထူးမရှိပါ။ မသင့်ဘူး ထင်ပါတယ်၊ သာသနာတော့ ကွယ်တော့ မှာပဲ ဟုလောက်သာ (တချို့က "သာသနာကွယ်" ဆိုသည့်ဝေါ ဟာရကို သုံး စွဲရန် အတော် နှစ်ခြိုက်ဟန်တူ၏၊ မကြာမကြာ သုံးကြသည် ) ပြောလို့ရမည်။

အမှန်တော့ ဘုရားလက်ထက်က ရဟန်းတော်များ အစမှာ ခြေဗလာ ဖြစ် သည်။
ထို့နောက်.. သင့်တော်သည့် ဖိနပ်။
ထို့နောက်.... လှည်း၊ လှေ။
ထို့နောက်.... ဆိုက်ကား၊စက်ဘီး။
ထို့နောက်.... ကား (ကိုယ်ပိုင်၊ မပိုင်။ ပါဂျဲရိုး၊ မရိုး၊ လင့်ခရုဇာ မဇာ စသည် )၊ မော်တော်ဆိုင်ကယ်။
ထို့နောက်.... လေယာဉ်။ ပရိုက်ဗိတ်ဂျက်။
ဘာမှ မထူးခြားလှတော့ပါ။ ထိုင်းရဟန်းတို့ ပရိုက်ဗိတ်ဂျက်ဖြင့် ဈာန်ပျံချေပြီ။ မုဒိတာ ပွားလိုက်မိပါ၏။ ပရိုက်ဗိတ်ဂျက်သည် ဈာန်အစားထိုး ပစ္စည်း ဖြစ်၏။

ချမ်းသာသည့် ရဟန်းတော်များ(သို့) လူချမ်းသာကိုးကွယ်သည့် ရဟန်းတော် များက ဤရာစုအတွင်း လကမ္ဘာသို့ပင် ပရိုက်ဗိတ်ဂျက်ဖြင့် ခရီးဆက်ကြ ဦး မည်ဟု အိမ်မက်အသစ် ထပ်မက်နေမိပြန်ချေသေး၏။

 Link : Thai Buddhist monks criticised for lavish behaviour

Just a comment from one web page :)


ဒလိုင်းလားမား v စံဇာနည်ဘို

ဒလိုင်းလားမားကြီးကတော့ လိုအပ်ရင် အစဉ်အလာဖောက်ဖို့ ဝန်လေးဟန် မတူဘူး။ သူ့နေရာကို ဆက်ခံမယ့် ပုဂ္ဂိုလ်ဟာ အမျိုးသမီးဖြစ်နိုင်တယ်လို့ အရင်တပတ်က ပြောနေပြန်တယ်။
သူ့အကြောင်းပြချက်က ကမ္ဘာကြီးဟာ ဒုက္ခသုက္ခတွေများလွန်းတော့ ကရု ဏာရှင်အမျိုးသမီးခေါင်းဆောင်ကို ပိုပြီးလိုအပ်လာနေလို့ပါ တဲ့။ အမျိုးသမီး ဘာသာရေးခေါင်းဆောင် (ဘိက္ခုနီသာသနာကို လက်မခံတဲ့ ) ထေရ ဝါ ဒ လေးနိုင်ငံခွဲကို (သီဟိုဠ်မှာ တချို့က လက်ခံပါတယ်) အသာထားတိဗက် တန် ဗုဒ္ဓဘာသာထဲမှာတောင် သဘောမတူသူတွေ ရှိကောင်း ရှိနိုင်ပါတယ်။
ဘာပဲဖြစ်ဖြစ် အနောက်ဗုဒ္ဓဘာသာတွေကတော့ အားတက်သရော ထောက် ခံကြမှာ သေချာပါတယ်။


စံဇာနည်ဘိုနဲ့ ဒလိုင်းလားမား ဘယ်သူက မှန်မလဲ စောင့်ကြည့်ရမယ်။ ဒါပေမဲ့ စံဇာနည်ဘိုက ၂၀၁၄ ကနေ ၂၀၁၅ ကို တရားဝင် ပြောင်းခွင့်ရှိ တယ်။