မောနင်းပို့စ် (မွတ်စလင် အထူးထုတ်)

Ladies first

ဂျုတ်နဲ့ စရအောင်။
အရှေ့အလယ်ပိုင်း စစ်ပွဲအတွင်းက ဂျုတ်တစ်ခုပါ။ စစ်ပွဲအတွင်းလို့ပြော ရအောင်ကလည်း ဘယ်တုံးက ငြိမ်းချမ်းနေလို့လဲလို့ မေးစရာပါပဲ။ ထားပါတော့။

အီရတ်က ကူဝိတ်ကို ဝင်မသိမ်းမီ ဆယ်နှစ်လောက်တုံးက အမေရိကန် ဂျာနစ်လစ်ဇ် တစ်ယောက် ကူဝိတ်ကိုရောက်တော့ အမျိုးသားတွေက အမျိုးသမီးတွေရှေ့ ဆယ်တောင်အကွာလောက်ကနေ လမ်းလျှောက်နေကြတာကို တွေ့ရတယ်။ ဇနီး ခင်ပွန်း တန်းတူ မလျှောက်ကြဘူး၊ ဘယ်နေရာမဆို အမျိုးသားဦးဆောင်တယ်ဆိုတဲ့ မဟာပုရိသဝါဒပေါ့။

နောက် ဆယ်နှစ်လောက်ကြာလို့ အဲဒီ ဂျာနစ်လစ်ဇ် ကူဝိတ်ကို တစ်ခေါက်ပြန်ရောက်တော့ အပြောင်းအလဲတွေကြောင့် အံ့ဩတကြီး ဖြစ် ခဲ့ရပါသတဲ့။ ဒီတစ်ခါ တွေ့ရတာက အမျိုးသမီးတွေက အမျိုးသားတွေရှေ့ ဆယ်တောင်အကွာလောက်ကနေ လမ်းလျှောက်နေကြတာကို တွေ့လိုက် ရတယ်။ အမျိုးသမီး အခွင့်အရေးတွေ ရလာပြီ၊ အာရပ် ကမ္ဘာက အမျိုးသမီးတွေ ဦးဆောင်မှုအခန်းကဏ္ဍတွေမှာ နေရာရလာပြီ ပေါ့။

ဒါနဲ့ အမျိုးသမီးငယ်ကို ချဉ်းကပ်ပြီး အင်တာဗျူးကြည့်တယ်။
"ဘယ်လိုအကြောင်းတရားတွေကြောင့် အခုလို အမျိုးသမီးတွေကိုယ်တိုင် ဦးဆောင်မှုအခန်းကဏ္ဍတွေမှာ နေရာရလာရတာလဲ" ဆိုတော့
အာရပ် အမျိုးသမီးငယ်က
"မြေမြှတ်မိုင်းဗုန်းတွေ ကြောင့်ပါ" တဲ့။

(The World Joke Book)

၂ ။ ငါတို့ ဥပုသ်စောင့်နေလို့ နင်တို့ အိမ်သာဘေး သွားစားကြ

ဖြစ်ရပြန်ပြီ။ မလေးရှား၊ KL နားက ဆလန်းဂေါ (Selangor) က စာသင်ကျောင်းမှာပါ။ မွတ်စလင်ကလေးတွေ ဥပုသ်စောင့်နေတဲ့ရက်မို့ သူတို့ကို အနှောက်အယှက်မဖြစ်ရအောင် မွတ်စလင်မဟုတ်တဲ့ ကျောင်းသား ကလေးတွေ နေ့လယ်စာ စားချိန်မှာ အိမ်သာနဲ့ မျက်နှာချင်းဆိုင်က အဝတ် စားလဲလှယ်ခန်းမှာ သွားစားခိုင်းလို့ ကမ္ဘာကျော် ဖေ့စ်ဘုတ်လောကမှာ ပူညံပူညံဖြစ်နေကြရပြန်ပါတယ်။
ဒါကို မကျေမနပ်ဖြစ်ရလွန်းလို့ မွတ်စလင်မဟုတ်တဲ့ ကျောင်းသား မိခင် ဂုဏေစဝေရီ ကယ်လီ (Gunesweri Kelly) က အဲဒီ (ကလေးတွေ အိမ် သာဘေး စားနေကြရတဲ့) ဓာတ်ပုံကို သူမရဲ့ ဖေ့စ်ဘုတ်ပေါ်တင်လိုက်ရာ ကနေ ပြန့်သွားခဲ့တာလို့ ဆိုပါတယ်။
ပညာရေးဝန်ကြီးကတော့ ဒီကိစ္စကို အမှုမှန်ပေါ်အောင် စစ်ဆေးပြီး နောက် ဒါမျိုးမဖြစ်ရအောင် ထိထိရောက်ရောက် အရေးယူမယ်လို့ လေသံ ပစ်နေကြောင်း သိရပါတယ်။
(စထရိတ် တိုင်းမ်)

၃။ ဆရာမ ခေါင်းမြီးခြုံ ဖွင့်ပါ၊ ပလိစ်

ဖြစ်ရပြန်ပြီ။ ဒါက ဖိလစ်ပိုင်မှာ။ မွတ်စလင်ကျောင်းဆရာမတွေ စာသင်ခန်း ထဲ ရောက်တာနဲ့ ခေါင်းမြီးခြုံ ဖွင့်ပြီး စာသင်ဖို့ အစိုးရက ဥပဒေ ထုတ်ပြန်ခဲ့ ပါတယ် (စာသင်ခန်း အပြင်မှာတော့ သဘောရှိ၊ ကရောဟိ ပါ)။ ဒါမှသာ ဆရာနဲ့ တပည့် ပိုပြီး ထိတွေ့နားလည်နိုင်မယ်၊ တချို့အသံထွက်တွေ က နှုတ်ခမ်းလှုပ်တာကိုပါ မြင်ရမှ ပီပီပြင်ပြင်သိရှိနိုင်မယ် စတဲ့ အကြောင်းပြ ချက်တွေနဲ့ပါ။
ဒါကို မွတ်စလင်အဖွဲ့ချုပ်က ပညာရေးဖြစ်လို့ သူတို့အနေနဲ့ ဘဘောတူကြောင်း ဒါပေမဲ့ တရားဝင်ထုတ်ပြန်တဲ့စာတော့ သူတို့လက်ခံရရှိမှု မရှိသေးကြောင်း ပြောခဲ့ပါတယ်။
(စထရိတ် တိုင်းမ်)

အစ္စလမ်မစ် ဥပဒေ အလျှော့ပေးသွားရပြီ

"နော်ဝေနိုင်ငံသူ Ms Marte Deborah Dalelv ဟာ သူမကို အဓမ္မ အကျင့် ခံရတာကို ရဲသွားတိုင်လိုက်မိလို့ ထောင်ဒဏ် ၁၆ လ အကျခံလိုက်ရတယ်။ အဓမ္မကျင့်သူကိုတော့ ၁၃ လ ဒူဘိုင်းတရားရုံးက ထောင်ဒဏ် ချမှတ်လိုက် ပါတယ်" (၂၁ ရက်၊ တနင်္ဂနွေနေ့ ပို့စ်) 

ဒီပို့စ်ထဲမှာ ပါတဲ့ကောင်မလေးကို ဒူဘိုင်းတရားရုံးက အရေးမယူတော့ဘဲ (ယူလို့မှ မရတာ) လွတ်ငြိမ်းခွင့် ပေးလိုက်ရပါပြီ။ ကမ္ဘာ့ အသံနဲ့ ကမ္ဘာ့ အားပဲ။
အစွန်းရောက် အစ္စလမ်မစ် ဥပဒေနဲ့ ယုံကြည်မှုတွေကို ကမ္ဘာနဲ့ချီပြီး တိုက်ရင် ရတယ်ဆိုတဲ့ သာဓကပေါ့။


 

ဖြစ်ရပလေ၊ ဖခင်အတွက် ရှက်ရတယ်လို့

"ဖခင် (သို့) ဖခင်သဖွယ် ကျေးဇူးကြီးမာလှသည့် ပုဂ္ဂိုလ်ကြီးများအတွက် ဝေယျာဝစ္စများ ပြုခြင်း၊ အလေးဂါရဝပြုခြင်း (ဘာသာရေးမှာ ဘုရားရှိခိုးခြင်း၊ လူ မှုရေးမှာ အလေးပြုခြင်း၊ ဂါရဝပြုခြင်း) စသည်တို့ကို သိမ်ငယ်သည်ဟု ထင်ခြင်း၊ ထိုထိုအမှုတို့အား မိမိပြုလုပ်နေသည်ကို လူမြင်မှာ ရှက်နိုး မှု ဖြစ်ခြင်းစသည်တို့သည် အောက်တန်းကျသည့် တလွဲမာနသာဖြစ်ကြောင်း ရှက်နိုးစွာ မိမိအတ္တကို ပြန်ကြည်းရင်း စဉ်းစားနေမိ၏"

ဤအကြောင်းကို မရေးမီ မိမိကျင်လည်ခဲ့ရသည့် ဘဝနောက်ခံအကြောင်းကို အနည်းငယ်ပြန်ပြောမှ လိပ်ပတ်လည်လိမ့်မည်ထင်သည်။ မန္တလေးရှိ သာမန် စာသင်သားတို့ ဘဝအတိုင်း ဆွမ်းခံ၊ ဆွမ်းစား၊ စာကျက်၊ စာတက်ဖြင့် အချိန်ကုန်ခဲ့ရတာဖြစ်သည်။ မန္တလေးမှာနေစဉ် အထူးသဖြင့် ဗုဒ္ဓဝေယျာဝစ္စ များနှင့် အလှမ်းကွာဝေးခဲ့သည်။ ဘုရားဆွမ်းကပ်၊ ရေကပ်၊ ပန်းကပ် စသည် တို့ကို ဆရာတော်တာဝန်ပေးထားသည့် သာမဏေ (သို့ ) ရဟန်းငယ်တို့ သာ ပြုလုပ်ကြသည်။ ဆရာတော်ကလည်း စာကို ကြိုးစား သင်ယူဖြေဆိုနေ ကြသည့် သာမဏေ (သို)့ ရဟန်းတို့ကို ဝေယျာဝစ္စများ ပြုလုပ်ရန် ခိုင်းခဲ၏။ စာကိုသာ အာရုံစိုက် ကျက်မှတ်စေလိုခြင်း စေတနာ ဖြစ်၏။

ရွာမှာနေစဉ်ကလည်း ဤ ဗုဒ္ဓဝေယျာဝစ္စများကို အမြဲပြုလုပ် ပြင်ဆင် သူတို့ မှာ ကျောင်းအိပ် ကျောင်းသားများသာ ဖြစ်သည်ကို အမှတ်ရမိသည်။ သို့ဖြင့်ပင် ဤ ရဟန်းနှင့် ဗုဒ္ဓဝေယျာဝစ္စက ကာလအတန်ကြာ အလှမ်းေ ဝးနေခဲ့လေတော့သည်။
တခါတခါ ဗုဒ္ဓဝေယျာဝစ္စများ ကိုယ်တိုင် ပြုလုပ်နေစဉ် လူပုဂ္ဂိုလ်များ ရောက် လာတတ်ပြီး
"ကိုယ်တိုင်လုပ်နေရသလား၊ တပည့်တွေကို မခိုင်းဘူလား၊ တပည့်တော် လုပ်လိုက်မယ်"
စသည် ပြောဆိုပြီး သူတို့က ကုသိုလ်ယူသွားတတ်ကြသည်။
ဤကား ပြဿနာ မဟုတ်ပါ။ ပြဿနာက စိတ်ဖြစ်သည်။

သို့ဖြင့် စင်္ကာပူရောက်လာခဲ့သည်။ စင်္ကာပူ၏ ထုံးစံအတိုင်းနေ့ခင်းပိုင်းတွေမှာ သူ့အလုပ်နဲ့သူ ရှုပ်နေကြသဖြင့် ကျောင်းက တိတ်ဆိတ်နေတတ် ၏ ။ ကျောင်း၌ ရဟန်းနှစ်ပါးရှိရာ မိမိက အငယ်ဖြစ်သဖြင့် နေ့ခင်းပိုင်းများမှာ ဘုရားပန်းအိုးတို့ကို ရေလဲခြင်း စသည်လုပ်တတ်သည်။ ထိုအခါ မြန်မာ ဒကာ၊ ဒကာမတွေ ရောက်လာတတ်ပြီး
"အရှင်ဘုရား၊ ကိုယ်တိုင်လုပ်နေရသလား၊ တရုတ်တွေ မရှိဘူးလား၊ တပည့်တော်မ လုပ်လိုက်မယ်"
စသည် ပြောဆိုပြီး သူတို့ကလည်း ကုသိုလ်ယူသွားတတ်ကြသည်။
ဤသည်လည်း မဟုတ်။ ပြဿနာက စိတ်ဖြစ်သည်။

ထိုနှစ်များအတွင်း ဗုဒ္ဓဝေယျာဝစ္စများ လုပ်လျှင်ပင် ပုန်းရှိုးကွယ်ရှိုး လူ မမြင်အောင် လုပ်လာတတ်သည်။ သူတို့ပြောလာမည့် "ကိုယ်တိုင်လုပ်နေ ရသလား" ဆိုသည့် စကားအပေါ် ရှက်စိတ်ဝင်လာခြင်းကြောင့်ဖြစ်မည်ဟု ကိုယ်တိုင် သုံးသပ်မိသည်။ ဤ ကိစ္စများသည် ကပ္ပိယများ၊ သာမဏေ များ သာ ပြုလုပ်လေ့ရှိသည် ဆိုသည့် အမှတ်မှား အယူမှား သညာဝိပ္ပလ္လာသ၊ ဒိဋ္ဌိဝိပ္ပလ္လာသတို့ကြောင့်လည်း ဖြစ်နိုင်ပြန်၏။
ဤ ဝိပ္ပလ္လာသတို့က အချိန်အတော်ကြာ ဒုက္ခပေးခဲ့ကြောင်း ဝန်ခံရပါလိမ့်မည်။
နောက်မှ မိမိကိုယ်ကိုယ် ပြန်ပြောမိသည်။
"မင်းက ဘာကောင်မို့လို့ ဘုရားပန်းလဲ၊ ဘုရားပန်းအိုး ရေလဲရတာကို ဘာ အကြောင်းနဲ့ ရှက်နေရတာလဲ၊ စာသင်တာ မဟုတ်၊ စာချတာမဟုတ်၊ တရားဟောတာမဟုတ်လို့ သေးမွှားတဲ့ အလုပ်ဆိုပြီး ရှက်နေတာလား၊ မင်းအဖေ ဘုရားသခင်ရဲ့ ဗုဒ္ဓဝေယျာဝစ္စတွေကိုလုပ်တာပဲ၊ ဘယ်သူမြင်မြင် ဘာကြောင့် ရှက်နေရမှာလဲ" ဟု ဖြစ်သည်။
ထိုမှနောက်မှသာ မိမိနှင့် ဗုဒ္ဓဝေယျာဝစ္စ အဆင်ပြေသွားတော့သည်။ သို့မဟုတ်လျှင် စာမေးပွဲ အောင်လေလေ၊ ရာထူးကြီးလာလေလေ၊ ဩဝါဒါစရိယ ဖြစ်လေလေ ဘုရားနှင့် ဝေးလာလေလေ ဖြစ်ပေတော့မည်။ ကံကောင်း၍ ဤ အတွေးပေါ်လာခြင်းဖြစ်သည်။

ထို့အတူ ဤ လောက၌......
ဖခင် (သို့) ဖခင်သဖွယ် ကျေးဇူးကြီးမာလှသည့် ပုဂ္ဂိုလ်ကြီးများအတွက် ဝေ ယျာဝစ္စများ ပြုခြင်း၊ အလေးဂါရဝပြုခြင်း (ဘာသာရေးမှာ ဘုရားရှိခိုးခြင်း၊ လူမှုရေးမှာ အလေးပြုခြင်း၊ ဂါရဝပြုခြင်း) စသည်တို့ကို သိမ်ငယ်သည်ဟု ထင်ခြင်း၊ ထိုထိုအမှုတို့အား မိမိပြုလုပ်နေသည်ကို လူမြင်မှာ ရှက်နိုး မှု ဖြစ်ခြင်း စသည်တို့သည် အောက်တန်းကျသည့် တလွဲမာနသာဖြစ်ကြောင်း ရှက်နိုးစွာ မိမိအတ္တကို ပြန်ကြည်းရင်း စဉ်းစားနေမိ၏။

နှင်းဆီပွင့်ဖတ်ပေါ်သွေးတဲ့ဓား (သို့) ခရီးကြမ်း နှစ်

"တချို့လမ်းတွေက ကြမ်းရှတယ်
မေးရိုးမာမာတွေနဲ့ စီခင်းလို့။
တချို့လမ်းတွေက ချောမွတ်တယ်
အဒိန္နာဒါန နဲ့မြေညှိလို့။
တချို့လမ်းတွေက ကွေ့ကောက်ဝေးကွာတယ်
အံသွားတွေနဲ့ လမ်းဖောက်လို့။
တချို့လမ်းတွေက ဖြောင့်ဖြူးနီးကပ်တယ်
မုသာဝါဒနဲ့ လမ်းပြင်လို့"


စင်္ကြာမင်းလောင်းရဲ့ စာမျက်နှာ
သားအနေနဲ့ဖတ်တာ
သားအနေနဲ့ တတ်မြောက်တာ
အမေ တစ်ယောက်ထဲ ပါဘဲ
(တကယ်ဆို ခမည်းတော်တောင် မပါဘူး )
အမေ့ အတွက် သိဒ္ဓတ္ထ ဆိုတာ
စင်္ကြာမင်းလောင်း မဟုတ်
ဗုဒ္ဓအလောင်း မဟုတ်
နုံချာသူ မဟုတ်
မြင့်မြတ်သူမဟုတ်
ဘာဆို ဘာမှ မဟုတ်
သားဟာ သားပဲဖြစ်တယ်
အဲဒါ..အမေပါဘဲ။

သာကိယ မာန်တွေနဲ့
သံလိုက်ဓာတ် လွတ်နေတာ
သိဒ္ဓတ္ထရဲ့ အမေရင်း တစ်ယောက် ဝေစု
အမရင်း တစ်ယောက်ကို ခွဲပေးခဲ့ရတာ
( ဘဝါဘဝက ပါရမီ လို့ ဆိုကြသပေါ့ )
အဲဒါ..အမေပါဘဲ။

တချို့လမ်းတွေက ကြမ်းရှတယ်
မေးရိုးမာမာတွေနဲ့ စီခင်းလို့။

တချို့လမ်းတွေက ချောမွတ်တယ်
အဒိန္နာဒါန နဲ့မြေညှိလို့။

တချို့လမ်းတွေက ကွေ့ကောက်ဝေးကွာတယ်
အံသွားတွေနဲ့ လမ်းဖောက်လို့။

တချို့လမ်းတွေက ဖြောင့်ဖြူးနီးကပ်တယ်
မုသာဝါဒနဲ့ လမ်းပြင်လို့။


ဒီလမ်းတွေရဲ့ ပွေလီမှုမှာ
မဇ္ဈိမပဋိပဒါ ခြုံအုပ်နေတယ်၊
ဒီလမ်းကိုထွင်ဖို့
နီစွေး မြိရှတဲ့ ဓားတစ်ချောင်းတော့ လိုမှာပေါ့။

လူတချို့ကဆိုမယ်
ထွက်ပြေးခြင်းဟာ ရင်ဆိုင်တာ မဟုတ်ဘူးလို့
တစ်ခါတစ်ခါမှာတော့
ထွက်ပြေးခြင်းနဲ့ ရင်ဆိုင်တာဟာ
အပြောင်မြောက်ဆုံး အနုပညာပါဘဲ။ ။


ထပ်ပြောပါစေအမေ...
သိဒ္ဓတ္ထဆိုတဲ့ အမေ့သား ( ဓား ) ဟာ
ဓားသွေးကျောက်ပေါ် လမ်းလျှောက်ခဲ့တာမဟုတ်
( ဒီတော့ )
ကျောက်စီဓားအိမ်ထဲမှာ အိပ်မောကျ
အလှပြ ဓားတစ်ချောင်းလည်းမဟုတ်ဘူး။

သိဒ္ဓတ္ထဆိုတဲ့ အမေ့သား ဟာ
နှင်းဆီပွင့်ဖတ်ပေါ်သွေးခဲ့တဲ့ ဓားပါ

ဒါကြောင့်လည်း
သိမ်မွေ့မှုနဲ့ခက်မာ
ညင်သာသာနဲ့ကြုံးဝါး
ပန်းလက်ဖဝါးနဲ့ လေးကြမ်းတင်
နန်းရင်ပြင်ကနေ မွဲတေရ
ဝိရောဓိ ရသတွေ
တကယ်ကို အချိုးကျတဲ့ ဓားတစ်ချောင်းပါ
ခွင့်လွှတ်ပါ အမေ။ ။

အမေ့နာမည်က ဂေါတမီ
ဂေါတမီဆိုတာက ဂေါတမရဲ့အမေ...
အမေ့နာမည်ကိုထပ်တူပြုဖို့
(စက္ကဝတ္တီဆိုတဲ့ ဂုဏ်ဟာ)
မခို့တရို့နဲ့ မျက်လွှာချရှက်နေလိမ့်မယ်၊
အမေ့နာမည်ကို ဂုဏ်ပြုဖို့
ဂေါတမဖြစ်ဖို့ကလွဲလို့ လမ်းမရှိဘူး။


ဒီတော့မှ
ဂေါတမဆိုတာက အမေ့သား
အဲဒီသားအမေက ဂေါတမီ
မိထွေးတော်နဲ့ မွေးစားသား
သားတို့ သားအမိကြားမှာ
ခပ်ပါးပါးတောင် နေရာမရှိဘူး။

သွားပါရစေ အမေ
သားအဖျားမို့ အသည်းခွဲတာ
အမေဖျားမို့ အသည်းခွဲခံရတာ
ဒီရောဂါသာ မရှိရင်
အမေ ကျန်းမာပါပြီ။

ဂီတကို မြတ်နိုးတဲ့အမေ
ငြိမ်သက်စွာ နက်နဲတဲ့ အမေ
သကျမာန သံလိုက်ဓာတ်တွေ လွတ်နေတဲ့ အမေ
စင်္ကြာမင်းလောင်း သိဒ္ဓတ္ထဆိုတာထက်
သားဟာ သားပဲ ဆိုတဲ့အမေ
တေးကဗျာတွေ တစ်ပုဒ်ပြီးတစ်ပုဒ်သီရင်း
အလင်းနှစ်ဆီကို
မျက်နှာသစ်ရင်းသာ
ဦးလှည့်ကြိုပါတော့။

ကျောင်းအပ်ချိန်

မူလတန်းကလေးတွေ ကျောင်းအပ်ချိန်ဟာ သာမန်ကြည့်ရင်တော့ သာမန်ပါ ပဲ။ ဒါပေမဲ့ ကိုယ့်ကလေး ကျောင်းကောင်းကိုရောက်ဖို့ မိဘတွေ ဘယ်လို ပြင် ဆင်ကြရသလဲဆိုတာ ကြည့်လိုက်ရင် နိုင်ငံတွေရဲ့ ပေါ်လစီနဲ့ ကိုယ်ကျင့် တ ရားတွေကိုလည်း တွေ့ရတယ်။

အမေရိက။

အမေရိက ကတော့ ကက်ပီတယ်လစ်ဇင် အကြီးစားကြီးဆိုတော့ ပိုက်ဆံရှိ ရပ်ကွက်တွေ၊ မြို့တွေမှာ ကျောင်းကောင်းတွေ ပိုရှိသတဲ့။ ဒါကတော့ ကက်ပီ တယ်လစ်ဇင်ရဲ့ သဘာဝပါပဲ။
ဒီတော့ ကိုယ့်ကလေးကို ကျောင်းကောင်းကောင်းမှာ ပညာသင်ကြားနိုင်ဖို့ တတ်နိုင်တဲ့မိဘတွေက အိမ်တွေပြောင်း၊ အလုပ်တွေပြောင်းရင်း ကြိုးစားနေ ကြရသတဲ့။

ဗြိတိန်

ဗြိတိန်မှာတော့ ခရစ္စယန်ဘာသာရေးကျောင်းတွေက ကလေးတွေရဲ့ ပညာရေးအတွက် ပိုသင့်တော်ပုံရတယ်။ ကလေး ကျောင်းမအပ်ခင် ကလေး ကို အရေးပေါ် ဘက်ပတိုက်ဇ် လုပ်ကြသတဲ့။ ဒါမှ ကလေးချင်းယှဉ်ရင် တစ် ပန်း သာမှာပေါ့။
အမေရိက မှာလိုပဲ အိမ်တွေပြောင်း၊ အလုပ်တွေပြောင်းလည်း ရှိကြတယ်။

အိန္ဒိယ

အိန္ဒိယကလေးတွေရဲ့ ကျောင်းကံကြမ္မာက မူကြိုမှာ စတယ်လို့ဆိုပါတယ်။ မူကြိုမှာ တော်ခဲ့တဲ့ ကလေးတွေဟာ ကျောင်းကောင်းကောင်း ဝင်ခွင့်၊ တက် ခွင့်ရဖို့ အခွင့်အလမ်းပိုများတယ်။

တရုတ်

စိတ်ဝင်စားစရာ အကောင်းဆုံးကတော့ တရုတ်ပါပဲ။ သူက ဘာသာရေး လည်း မဟုတ်။ ကက်ပီတယ်လစ်ဇင်လည်းမဟုတ်၊ မူကြိုမှာ စတာလည်း မဟုတ်။ ကျောင်းကောင်းကောင်းရချင်ရင် အလှူငွေထည့် တဲ့။ မြန်မာ ကလေးမိဘတွေနဲ့ သိပ် မစိမ်းလှတဲ့ပေါ်လစီပါပေါ့။ ထူးတာက မြန်မာပြည်မှာတော့ ဒါကို ရံပုံငွေ လို့ ခေါ်တယ်။

ပေါ်လစီတွေ ဘယ်လိုပဲ ကွဲနေကွဲနေ ကလေးကိုချစ်တဲ့ မိဘတွေရဲ့ မေတ္တာ တရားကတော့ အတူတူပါပဲ။ လက်ဆောင်ပေးဆို ပေးရမှာပေါ့။ ကျောင်းအုပ်ကြီးအတွက် ပေးတာမှ မ ဟုတ်ဘဲ၊ ကိုယ့်ကလေး ပညာရေးအတွက် သုံးလိုက်ရတာပဲ။