ဗလာဒီမာ ပူတင်က မိုက်သားပဲ

ရုရှားနိုင်ငံမှာ ရုရှားလူမျိုးတွေနေတယ်၊ဘယ်အရပ်ကရောက်လာတဲ့ လူနည်း စုမဆို ရုရှားမှာနေ၊ ရုရှားမှာအလုပ်လုပ်၊ ရုရှားက ကျွေးတာကို စားမယ်ဆို ရင် ရုရှားစကားပြောသင့်တယ်။ ရုရှား ဥပဒေကို လေးစားသင့်တယ်။

သူတို့က ရှာရီယား ဥပဒေ (Sharia Law ဆိုတာ တကယ်တော့ ကမ္ဘာကျော် (ဘယ်လိုပဲ ကျော်ကျော်) အစ္စလာမ်မစ် ဥပဒေပါ) ကို ပိုနှစ်ချိုက်တယ်ဆိုရင် သူတို့ကို အဲဒီ ဥပဒေ ကျင့်သုံးနေတဲ့နေရာတွေကိုသွားနေကြဖို့ အကြံပြုပါ တယ်။

ရုရှားနိုင်ငံက လူမျိုးစုတွေကို မလိုအပ်ဘူး (မရှိလည်း ဖြစ်တယ်) လူမျိုးစုတွေ ကတော့ ရှရှားကို လိုအပ်တယ်၊ ဒီတော့ သူတို့ကို အထူးအခွင့်အရေး ထူးေ တွ ပေးမထားနိုင်ဘူး၊ ဘယ်လောက်ပဲ အဆင့်အတန်း ခွဲခြားပါတယ် လို့ အော်နေ အော်နေ သူတို့ကြောင့် တည်ရှိဆဲဥပဒေကို ပြောင်းလဲ မပေးနိုင် ပါဘူး။

ကိုယ့်သေတွင်းကို တူးနေကြတဲ့ အမေရိက၊ အင်္ဂလန်၊ ဟော်လန်၊နဲ့ ပြင်သစ် တို့ဆီက သင်္ခန်းစာတွေကို ယူရမယ်။

ရုရှားယဉ်ကျေးမှု ဓလေးထုံးစံတွေကို ယဉ်ကျေးမှုမဲ့ လူနည်းစုတွေ ရဲ့ ကျောက်ခေတ် အမူအကျင့်တွေနဲ့ နှိုင်းဆလို့ မရနိုင်ပါဘူး။

ဂုဏ်သရေရှိ ဥပဒေ ပညာရှင်များအဖွဲ့က ဥပဒေအသစ်ရေးဆွဲတော့မယ် ဆိုရင် အမျိုးသားရေးကို အရင်ကြည့်ကြပါ။ လူနည်းစုအဖွဲ့တွေဟာ ရုရှား လူမျိုးတွေမဟုတ်ဘူးဆိုတာကို သတိရပါ။

Duma မှာ ပေးခဲ့တဲ့ ပူတင်ရဲ့ ၅ မိနစ်ကြာ မိန့်ခွန်းအပြီးမှာ နိုင်ငံရေး သမားတွေက အကြီးအကျယ် ဩဘာပေးခဲ့ကြတယ်။
(ချက်ချင်းတင်လိုက်လို့ ဘာသာပြန်မှားသွားတယ်။ ၅ မိနစ်ကြာအောင် မတ်တပ်ရပ် ဩဘာပေးတယ် ဖြစ်ရမှာ။ မစစ်လိုက်မိဘူး။ ဆောရီးပါ ရောင်းရင်း တို့။ )

ဗလာဒီမာ ပူတင် ပြောသွားတဲ့ ရှာရီယား ဥပဒေ (Sharia Law) ကို ခြေရာ ခံနိုင်ဖို့ အောက်မှာ သတင်းခေါင်စဉ်တချို့ ပေးထားပါတယ်။

မူရင်း ဖတ်လိုသူများ အတွက်

Putin's Speech on Feb. 04, 2013
On February 4th, 2013, Vladimir Putin, the Russian president, addressed the Duma, (Russian Parliament), and gave a speech about the tensions with minorities in Russia :

"In Russia live Russians. Any minority, from anywhere, if it wants to live in Russia , to work and eat in Russia , should speak Russian, and should respect the Russian laws. If they prefer Sharia Law, then we advise them to go to those places where that's the state law. Russia does not need minorities. Minorities need Russia , and we will not grant them special privileges, or try to change our laws to fit their desires, no matter how loud they yell 'discrimination'. We better learn from the suicides of America , England , Holland and France , if we are to survive as a nation. The Russian customs and traditions are not compatible with the lack of culture or the primitive ways of most minorities. When this honorable legislative body thinks of creating new laws, it should have in mind the national interest first, observing that the minorities are not Russians.
The politicians in the Duma gave Putin a standing ovation for five minutes.

ပြဿနာ အပိုင်းအစ တချို့

**Islamist Group in America: We’ll Impose Sharia on Christians

**Sharia law incompatible with human rights legislation, Lords say

**In Islamic law (sharia), marriage (zawaj زواج) is a legal bond and social contract between a man and a woman. Islam recommends marriage, with the age of marriage being whenever the individuals feel ready, financially and emotionally. Polygyny is permitted in Islam under some conditions, but polyandry is forbidden.

ကိုယ်ကျင့်တရားရေးရာနဲ့ ဥပဒေအားဖြင့် သာတူညီမျှ ရှိမှု

ဒီအချက်နှစ်ခုဟာ လူ့အခွင့်အရေးကနေ ကွဲထွက်လာတဲ့ ခေါင်းစဉ်ငယ် နှစ် ခုဖြစ် ပါတယ်။ သူတို့က

(က) ကိုယ်ကျင့်တရားအားဖြင့် သာတူညီမျှ ရှိမှု Morally equality နဲ့
(ခ) ဥပဒေအားဖြင့် သာတူညီမျှ ရှိမှု Legally equality လို့ ဆိုလိုပါတယ်။

ဒီ နှစ်ချက်ဟာ ဒီမိုကရေစီရဲ့ အသက်လို့ ပြောရင်လည်း ရပါလိမ့်မယ်။ ကိုယ် ကျင့်တရားဆိုရာမှာ ဘာသာရေးလောင်းရိပ်နဲ့ ဆက်စပ်တာရှိသလို မဆက် စပ်တာလည်း ရှိနေနိုင်ပါတယ်။ ဆိုလိုတာကတော့ လမ်းပေါ်ရောက်ရင် လမ်း ဥဒေအတိုင်း လူတိုင်း လိုက်နာတာကို ကိုယ်ကျင့်တရားအားဖြင့် သာတူညီမျှ ရှိမှုလို့ ဆိုတာပါ။ ဘယ်သူမှ ချွင်းချက် မရှိဘူး။ ဗိုလ်ချုပ်ကြီး၊ ဘုန်းကြီး၊ ဆင်း ရဲ သား၊ ခေါင်းရွက်ဈေးသည် အားလုံး လမ်းပေါ်ရောက်ရင် လမ်းဥဒေရှိတယ် ဆိုတဲ့အသိရှိရင် အဲ့ဒီ လူ့အဖွဲ့အစည်း ဟာ ဒီမိုကရေစီနဲ့ ထိုက်တန်ပါပြီ။

မော်ရယ် ပျက်စီးခြင်း

တစ်ယောက်ယောက်က လမ်းဥဒေကို ချိုးဖောက်ရင် မော်ရယ် စ ပျက်တယ် လို့ ယူဆနိုင်ပါတယ်။ ဒါပေမဲ့ လူ့အဖွဲ့အစည်း တစ်ခုလုံးရဲ့ မော်ရယ်တော့ မပျက်စီးသေးပါဘူး။ လူ့အဖွဲ့အစည်း တစ်ခုလုံးရဲ့ မော်ရယ်ပျက်စီးတာက သူတို့လည်း မလိုက်နာကြဘူး၊ ငါတို့လိုက်နာနေလို့ရော ဘာထူးမှာလဲ ဆိုပြီး နောက်လူကပါ လမ်းဥဒေကို ဆက်ပြီး ချိုးဖောက်လိုက်မယ်ဆိုရင်တော့ လူ့အဖွဲ့အစည်း တစ်ခုလုံးရဲ့ မော်ရယ်ပါ ပျက်စီးသွားပါတော့တယ်။ (အထူးအဆန်းတော့မဟုတ်ပါဘူး၊ မြန်မာတွေပြောတဲ့ မိုးခါးရေ ကိစ္စမျိုးပါ)

မော်ရယ်ပျက်ရင် လီဂယ်နဲ့ထိမ်း

တစ်းဦး၊ တစ်ယောက် မော်ရယ်ပျက်မှုက လူ့ အဖွဲ့အစည်းတိုင်းမှာ ရှိပါတယ်။ ဒီလိုဖြစ်လာရင် ထိမ်း ထားနိုင်တာက ဥပဒေနဲ့ အညီ အပြစ်ပေး အရေးယူ မှု ပါ။ ဒီလို အပြစ်ပေး အရေးယူရာမှာလည်း သာတူညီမျှ ရှိနေမှ ဒီမိုကရေစီရဲ့ သရုပ်သကန် ပေါ်လာပါတယ်။
ဒါပေမဲ့ အပြစ်ပေး အရေးယူမှုဆိုရာမှာတော့ ရေးထားတဲ့ ဥပဒေရော ရေး မ ထားတဲ့ ဥပဒေတွေပါ ပါဝင်ပတ်သက်နေတတ်ပါတယ်။ ဒါကို ကာကွယ်ဖို့ ဥပဒေ ကိုယ်တိုင်ကကို အလျှော့အတင်း ရှိနေတတ်ပါတယ်။ ဥပမာ ထောင်ဒဏ် သုံးနှစ်မှ ငါးနှစ်အထိ ဆိုတာမျိုးပါ။ မချိုးဖောက်သင့်သူက ချိုးဖောက်ရင် အကြီးလေးဆုံးပြစ်ဒဏ်မျိုး ပေးရပါတယ်။ ဒါကို အီးကွဲ မဖြစ် ဘူးလို့ ယူဆဖို့ ခက်သွားပါတယ်။
ကားတိုက်မှုချင်း တူပေမဲ့ အပြစ်ဒဏ် မတူနိုင်ဘူးဆိုတဲ့ သာဓကပါ (သုံးနှစ်ဖြစ် ချင်ဖြစ်မယ်၊ ငါးနှစ် ဖြစ်ချင်ဖြစ်မယ်။)

ဒီမှာ "မချိုးဖောက်သင့်သူက ချိုးဖောက်ရင်" ဆိုတာ ရှိလာပြန်ပါတယ်။ ထင်ရှားတဲ့ သာဓကတွေကတော့
*ကျောင်းဆရာ၊ ဆရာမ က တပည့်ကို မတော်၊ မလျော် ပြုမူတာမျိုး
*ရဲ အရာရှိက လာဘ်စားတာမျိုး
*ဗိုလ်ချုပ်ကြီး တစ်ယောက်က ပြည်သူကို အနိုင်ကျင့်တာမျိုး
*ဘာသာရေးခေါင်းဆောင်တွေက ဆူပူမှုဖြစ်အောင် လှုံ့ဆော်တာမျိုးတွေ ဟာ သူတို့ရဲ့ မောရယ်နဲ့ တိုက်ရိုက် ဆန့်ကျင်နေလို့ "မချိုးဖောက်သင့်သူက ချိုးဖောက်ရင်" လို့ အကြမ်းဖျင်းဆိုလို့ရသွားပါတယ်။

ဥပဒေအားဖြင့် သာတူညီမျှ မရှိမှု

ဒါ မရှိတော့ဘူးဆိုရင်တော့ အဲ့ဒီ လူ့အဖွဲ့အစည်း ဟာ ပျက်းစီးပါတော့တယ်။ ဘာဖြစ်လို့လဲဆိုတော့ မော်ရယ်ပျက်ရင် လီဂယ်နဲ့ထိမ်းထားနိုင်ပေမဲ့ လီဂယ် (တရားစီရင်ရေး) ပျက်ရင် မော်ရယ်နဲ့ ထိမ်းဖို့ အတော်ကြီး ခက်သွားလို့ပါ။ ဒါကြောင့် လူ့ အဖွဲ့အစည်းရဲ့ တန်ဖိုးဟာ လီဂယ် (တရားစီရင်ရေး) ရဲ့ လက် ထဲပြန်ရောက်သွားပါတော့တယ်။ သံသယ မရှိပါနဲ့။ ဒါ့ကြောင့် ကမ္ဘာ့ပညာရေး ကိုကြည့်ရင် ရှေ့နေဖြစ်ဖို့ ခက်တာပေါ့။

ဗုဒ္ဓဘာသာတွေက ဘာမှ မလိုပါဘူး၊ ဟိရိနဲ့ ဩတ္တပ္ပ (အရှက်နဲ့ အကြောက်) ရှိရင်ရပါပြီလို့ မကြာမကြာ ကိုးကားပြောဆိုတတ်ကြပါတယ်။ မှန်ပါတယ်။ တကယ့် စိတ်ကောင်းရှိသူတော်စဉ်တွေအတွက်တော့ ဒါဆိုရပါပြီ။ ဒါပေမဲ့ ဒီ ဟိရိနဲ့ ဩတ္တပ္ပ (အရှက်နဲ့ အကြောက်) က လူသားဆီ အလွယ် မရောက် တတ်တော့ ဒါတွေ ရောက်လာဖို့ ဥပဒေတွေ၊ ကြိမ်တွေ၊ ထောင်တွေနဲ့ ထိမ်းကြောင်းပေးရပါတယ်။
ဒါ့ကြောင့် ဘာသာရေး အားသန်သူက ဟိရိနဲ့ ဩတ္တပ္ပ ပြောချိန်မှာ ဒီမို ကရေစီ စနစ်က
Morally equality နဲ့
Legally equality လို့ပြောပါလိမ့်မယ်။ ကျနော်ကတော့ Morally equality ဟာ ဟိရိဖြစ်ပြီး Legally equality ဟာ ဩတ္တပ္ပ လို့ ယူဆမိပါတယ်။ ဒါကို ပြန်ချုပ်ရင် တစ်ဦးချင်းစီ တာဝန်ယူမှု၊ တာဝန်ကျေမှု "Individual responsibility" ဆိုတာပဲ ပြန်တွေ့ရပါတယ်။

လီကွမ်းယုရဲ့ "One Man's View of The World"

အမေး။ ။ သူက ဒီအရွယ်ကြီးမှာ ဘာလို့ စာအုပ်ထပ်ရေးရတာလဲ။
အဖြေ။ ။ မှတ်ဉာဏ်တွေ မဆုံးရှုံးခင် ခေါင်းထဲမှာရှိနေ တာတွေ ပြန်ခေါ် ကြည့်လိုက်ချင်လို့။ (လီကွမ်းယု)

အမေး။ ။ ဒီစာအုပ်ရဲ့ အဓိက မက်ဆေ့ဂ်ျက ဘာလဲ။
အဖြေ။ ။ ဘယ် လူ့အဖွဲ့အစည်းမှ တသမတ်တည်းရှိမနေဘူး။ အကောင်း ဘက်ဖြစ်ချင်ဖြစ်၊ အဆိုးဘက်ဖြစ်ချင်ဖြစ် အမြဲပြောင်းလဲနေတယ်။ (လီကွမ်းယု)

*အမြဲပြောင်းလဲနေတယ် ဆိုပေမဲ့ အမေရိကဟာ ထိပ်မှာပဲ ရှိနေဦးမယ် ဆို တာကိုတော့ သူယုံကြည်နေတုံးပါပဲ။ အဓိကအကြောင်းကတော့ ကမ္ဘာ အရပ် ရပ်က လူတော်တွေကို နေရာပေး၊ အခွင့်အရေးပေးထားနိုင်လို့ပါ။ တချိန်က ဥရောပသားတွေ၊ နောက် တရုတ်၊ အိန္ဒိယ၊ အာရှနဲ့ အခုဆို အရှေ့တောင် အာရှက လူတော်တွေကိုပါ ရအောင် ခေါ်ယူနိုင်တယ်။

*အမြဲပြောင်းလဲနေတယ် ဆိုပေမဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေမှာ ဒီမိုကရေ စီ ထွန်းကားလာဖို့တော့ လမ်းမမြင်သေးဘူး။ ချမ်းသာသူက ပိုချမ်းသာပြီး လမ်းပေါ်က ဆင်းရဲသားရဲ့ ဘဝကတော့ အရင်အတိုင်းပဲ ရှိနေဦးမယ်။ ပွင့်လင်းလာလို့ အမျိုးသမီးတွေ တက္ကသိုလ်တက်ခွင့် ရလာပေမဲ့ အရေး ကြီး တဲ့ သိပ္ပံစတဲ့ ဘာသာရပ်တွေကို သင်ယူခွင့် မရကြဘူး၊ မိရိုးဖလာ သင်ကြားရေးနဲ့ဆိုင်တဲ့ ဘာသာရပ်တွေပဲ သင်ခွင့်ရနေကြသေးလို့ပါ လို့ ဟောကိန်းထုတ်ထားလေရဲ့။

တရုတ်ကတော့ အစမ်းစာမေးပွဲ ဝင်ဖြေနေဆဲ ပါတဲ့။

ဒီ စာအုပ်က အတိတ်ထက် အနာဂတ်ကို ပိုအားစိုက်ထားတယ် လို့ ညွှန်း ထားပါတယ်။
တတ်နိုင်သလောက် ကောင်းနိုးရာရာတွေကို ဖော်ပြပေးနိုင်ဖို့ ကြိုးစားပါမယ်။

ကွန်ကရစ်လမ်းမကြီးပေါ် ဖြန့်ခင်းနေမိသည့် လူပြောသူပြော ဒီမိုကရေစီ

(မဖတ်ရသေးသူတွေအတွက် ထပ်တင်ပေးလိုက်တဲ့ သရော်သံစွက် ဆောင်း ပါးလေးပါ။ နောက်ပြီး အခုတလော ကွန်ကရစ်လမ်းမကြီးက လူပြောလည်း များနေတယ်၊ ဒီ ဆောင်းပါးကို မနှစ်က ဂျူလိုင်လထဲမှာ တင်ထားခဲ့တာပါ)

နေပြည်တော်ဘဝက ဈာန်လျောခဲ့ရတဲ့ ရန်ကုန်ကနေ သရဖူဆောင်းထား တဲ့ နေပြည်တော်အသစ်နဲ့ ကုန်းဘောင်မြို့တော်ကြီးဆီ မြင်းဖြူကြီး တစ်ေ ကာင်လို ထွက်ပြေးသွားတဲ့ အဝေးပြေးလမ်းမကြီးနဲ့ ရေစက်ဆုံရဖို့ အကြောင်းနှစ်ချက်က ဖန်တီးပေးလိုက်တယ်။ လေယာဉ်လက်မှတ်ဝယ်ဖို့ မှတ်ပုံတင်ရုတ်တရက် ရှာလို့မတွေ့တာရယ်၊ မြန်မာပြည်ရောက်တုန်း သူ့ကား ကို ကြိုက်သလို၊ ကြိုက်သလောက်သုံးဆိုတဲ့ အကိုကြီးတစ်ယောက် ရဲ့ ရက်ရောမှုရယ်ကြောင့်ပါ။
ကိုယ့်နိုင်ငံနဲ့ (၇) နှစ်ကျော်ကျော် ဝေးကွာနေရသူအဖို့ ရန်ကုန်=မန္တလေး လမ်းမကြီးရဲ့ ဝဲယာရှုခင်းတွေကို တစ်ဝကြီးကြည့်ရှုခွင့်ရဖို့ အခွင့်ထူးကြီး တစ်ခုပါပဲ။

အဲဒီအဝေးပြေးလမ်းမကြီးကို တစ်ချို့က အဝေးပြေးအမြန်လမ်းမကြီး လို့ လည်း ခေါ်ကြတယ်။ တကယ်ဆို ကားကမြန်လို့ရပေမယ့် လမ်းမကြီး ကတော့ မြန်လို့မရပါဘူးလို့ ကပ်သီးကပ်သပ်စဉ်းစားမိရင်း Express Way ဆိုတဲ့ အင်္ဂလိပ်စကားကို သတိရမိလို့ ဒီလိုဆိုတော့လည်း ဟုတ်တုတ် တုတ်လို့ တွေးမိတယ်။ ဒီလမ်းမကြီးက တကယ့်ကို အမြန်လမ်းမကြီးပါ။

ဒီလမ်းမကြီးကို ကန့်သတ်ထားတဲ့ အချိန်အတိုင်း အမြန်ပြီးအောင် ခင်းထား ရပုံလည်းရတယ်။ ကားလမ်းမတစ်ခုမှာ ရှိသင့်ရှိထိုက်တဲ့ မြေတစ် ထပ် ၊ ကျောက်ကြမ်းတစ်ထပ်၊ သဲတစ်ထပ်၊ ကျောက်ချော ကတ္တရာတစ်ထပ် ဆိုတာတွေ မတွေ့မိဘူး။ ကားလမ်းမကြီးရဲ့ အစိတ်အပိုင်းတစ်ချို့ဟာ အရွယ် မတိုင်မီ ဇရာဝင်လာလို့ ပေါက်ပြဲစပြုနေကြပြီ။ အချိန်နဲ့အမှီ ပြီးစီးအောင် အမြန်ခင်းထားရလို့ ဒီလမ်းကို အမြန်လမ်းလို့ ခေါ်ရင်လည်း ရနိုင်လိမ့်မယ် လို့ထင်တယ်။

ဒါတင်ဘယ်ကမလဲ၊ အမြန်ခင်းထားတဲ့အတိုင်း အမြန်လည်း ပေါက်ပြဲနေတာ မို့ အမြန်လမ်းလို့ ခေါ်မယ်ဆိုရင် ခေါ်လို့ရနိုင်တာပဲ မဟုတ်လား။ ဘယ်လိုပဲ အဓိပ္ပါယ်ကောက်ကောက် ဒီလမ်းမကြီးဟာ အဝေးပြေး အမြန်လမ်းမကြီးပါ။

လမ်းမကြီးက ဖြောင့်ဖြူးနေရုံတင်မကဘူး၊ သစ်ပင်ဝါးပင်ကြီးတွေပါ ရှင်းေ နတော့ (နဂိုက မရှိတာလား၊ ခုတ်လှဲပစ်ထားတာလားတော့ မသိဘူး) ဝဲယာကိုသာမက ရှေ့နောက်ကိုလည်း မျက်စေ့တစ်ဆုံး လှည့်ကြည့်ရတယ်။ ကားတစ်စီးနဲ့တစ်စီး တော်တော်အဆက်ကျဲနေတာ သတိထားမိလို့ ကားဆ ရာကို မေးကြည့်တော့ အမြန်လမ်းမကြီးပေါ်မှာ ကုန်တင်ကားကြီးတွေေ မာင်းခွင့်မပြုဘူးတဲ့။ အကြောင်းကတော့ အမြန်လမ်းမကြီးပျက်စီးမှာ စိုးရိမ် ရလို့တဲ့။
ကျွန်တော့်အတွက် တော်တော်ထူးဆန်းတဲ့သတင်း ဖြစ်သွားတယ်။ ဒီလမ်းမ ကြီးရဲ့ ဥပဒေအရ ကုန်တင်ကားကြီးတွေဟာ နွားလှည်း၊ မြင်းလှည်းစာရင်းထဲ ပါသွားတော့တယ်။ ကုန်တင်ကားကြီးတွေက
"ငါတို့မသွားလည်း မင်းတို့လမ်းက ပျက်နေပါပြီကွာ" လို့ စကားများပြောတတ်ရင် ပြောလေမလားလို့ စဉ်းစားမိရင်း ပြုံးမိသေးတယ်။

ဒါတင်မကပါဘူး၊ ကုန်တင်ကားကြီးတွေ တစ်ဝီဝီပြေးနေတဲ့ စင်္ကာပူ-မလေး ရှား အဝေးပြေးလမ်းမတွေ၊ မလေးရှား၊ ထိုင်းတို့မှာရှိတဲ့ အဝေးပြေး လမ်းမ ကြီးတွေကို မဆီမဆိုင်ပြေးလို့ မြင်မိသေးတယ်။

ကျွန်တော်တို့လမ်းမကြီးရဲ့ ထူးခြားချက်က ကွန်ကရစ်တွေ အပြည့်ခင်း ထားခြင်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ကား တာယာတော်တော် ချမ်းသာ တဲ့ နိုင်ငံပေပဲလို့ တွေးမိပြန်သေးတယ်။ ဒီအတွေးဟာ သိပ်ပြီး ယုတ္တိမရှိ လှကြောင်း စင်္ကာပူပြန်ရောက်မှ သိခွင့်ရခဲ့တယ်။ မြန်မာပြည်ကထုတ်တဲ့ ဘိလပ်မြေတွေ သုံးစွဲခွင့်ရအောင် ဘိလပ်မြေပဲ ခင်းထားရသတဲ့။ ပြည် တွင်းဖြစ်ကို အားပေးရမှာပေါ့လေလို့ပဲ အောင့်သက်သက် နဲ့ ယောနိသော မနသိကာရ ပွားလိုက်မိပါတယ်။ ပြည်တွင်းဖြစ် ဘိလပ်မြေကို အားပေးသလို ကားတာယာတွေပါ ပြည်တွင်းမှာထုတ်ပေးနိုင်ရင် သိပ်ကောင်းမှာပဲလို့ မဆီ မဆိုင်တွေးမိပြန်သေးတယ်။
အဲဒီ ကားတာယာတွေက ဘိလပ်မြေတွေထက် အရည်အသွေး ပိုကောင်း မယ်ဆိုရင်တော့ အတိုင်းထက် အလွန်ပဲပေါ့။

နှစ်လမ်းပြိုင်ကားလမ်းတွေသာ ခင်းထားပေမယ့် လမ်းမကြီးကို ကြည့်ရတာ ကတော့ လေးလမ်းပြိုင် လမ်းမကြီးအသွင်ကို ဆောင်နေ ပါတယ် ။ လောေ လာဆယ် ကားအသွားအလာ၊ ကုန်တင်ကားကြီးတွေ မမောင်းရဆိုတဲ့ ဥပဒေနဲ့သာဆိုရင်တော့ လေးလမ်းပြိုင်စရာ မလိုသေးပါဘူး။ နှစ်လမ်းဆိုရင် ပဲ တော်တော်လေး လုံလောက်နေပါပြီ။

လေးလမ်းခင်းမယ်ဆိုရင်လည်း သိပ်မဆိုးလှတဲ့စိတ်ကူးလို့ ပြောရမယ်ထင် တယ်။ အခုမောင်းနေတဲ့ လမ်းတွေပျက်နေတုန်း အသစ်ခင်းမယ့် လမ်းတွေေ ပါ် ပြောင်းပြီးမောင်းလို့ရတာပေါ့။ ဒီအကြံက အင်တာနေရှင်နယ်တော့ ဖြစ် မှာမဟုတ်ဘူးပေါ့လေ။ အင်တာနေရှင်နယ်မဖြစ်လည်း ကိစ္စတော့မရှိပါဘူး။ ဒီလမ်းမရဲ့ ဖောင်ဒေးရှင်းနဲ့ ဘိလပ်မြေတွေကလည်း အင်တာနေရှင်နယ်မှ မဟုတ်တာပဲ။ ကွန်ကရစ်လမ်းမကြီးရဲ့ဝဲယာမှာ ပေါက်တူးလေးတွေနဲ့ ဘာ လုပ်နေမှန်းမသိတဲ့ လက်မောင်းပိန်ပိန် အမျိုးသမီးတစ်ချို့ကိုလည်း မကြာ မကြာ တွေရတတ်တယ်။ သူမတို့က မြက်ပင်ကို ပေါက်နေကြတာလား၊ မြေညှိနေကြတာလားဆိုတာ မရှင်းလှပေမယ့် မိုင်ငါးရာကျော်ရှည်တဲ့ လမ်းမကြီးကို ထိန်းသိမ်းဖို့တော့ အဲဒီ လက်မောင်းလေးတွေရဲ့ ခွန်အားနဲ့ မလုံလောက်နိုင်ဘူး။

စိတ်မကောင်းစရာကောင်းတာက လမ်းမကြီးပေါ်မှာ ဖြစ်ပွါးခဲ့တဲ့ ကား အက် ဆီးဒင့်ကိစ္စတွေပါပဲ။ ကားသမားတွေကို စေတနာကောင်းကောင်းနဲ့ သတိပေး ဖို့ အာဏာပိုင်တွေက ကားအက်ဆီးဒင့်ဖြစ်ခဲ့တဲ့ နေရာတိုင်းမှာ ပုံတူကားချပ် ကြီးတွေနဲ့ ထင်သာမြင်သာအောင် ပြထားတတ်တယ်။ ကျေးဇူး တင်စရာေ ကာင်းတယ်။ ဒါပေမယ့် စိတ်မကောင်းဘူး။

ကျွန်တော်တို့ လူမျိုးတစ်ချို့ဟာ လမ်းမကောင်းကောင်းတွေနဲ့ မထိုက် တန်သေးဘူး။ တဒုန်းဒုန်း ခုန်နေတဲ့ လမ်းပေါ်ကနေ ညက်ညောတဲ့လမ်းပေါ် တင်ပေးလိုက်တော့ ပေါ့လျော့မှု၊ ငိုက်မြည်းမှုတွေ ဖြစ်ကုန်ကြတယ်။ ဒီလိုနဲ့ ရင်ဆိုင်တိုက်စရာ ကားမရှိတာတောင် သစ်ပင်ကို ဝင်တိုက်သူက တိုက်၊ အုတ်ခုံကို ဝင်ဆောင့်သူက ဆောင့်၊ ချောက်ထဲကို မောင်းချသူက မောင်းချ။

ကားသမားတစ်ချို့ဟာ လမ်းဖြောင့်လမ်းကောင်းနဲ့ မထိုက်တန်သေးဘူး။ သဘောမတူရင် တောင်းပန်ပါရစေ။

ကျွန်တော်တို့နဲ့ ဒီမိုကရေစီဆိုတာကရော။

ကျွန်တော်ရေးချင်တဲ့အကြောင်း အခုမှပဲ ရောက်လာပါတော့တယ်။
လွတ်လပ်စွာ ပြောဆိုခွင့်၊ ရေးသားခွင့်၊ တောင်းဆိုခွင့်စတဲ့ လူ့အခွင့်အရေးနဲ့ ဆက်စပ်နေတာတွေကို ပြည်သူကတောင်းလို့ အစိုးရကပေးရင် ရနိုင်တယ်။ ဒါပေမယ့် ဒီမိုကရေစီရဲ့ အနှစ်သာရကတော့ ဘယ်အစိုးရဆီမှာမှ မရှိလို့ ဘယ်အစိုးရကမှလည်း ပေးနိုင်မှာ မဟုတ်ပါဘူး။

ဒီမိုကရေစီဆိုတာ ဖော်ရွေပျူငှာတဲ့ အစိုးရရဲ့ ပုံဆောင်မှုဆိုတဲ့ ဆရာကြီး ဆိုကရေးတီးကို ကြိမ်တစ်ချောင်းနဲ့ ထိန်းကြောင်းပေးနေတဲ့ စင်္ကာပူရဲ့ ဒီမို ကရေစီပုံသဏ္ဍာန်က ခပ်ဟဟ ပျက်ရယ်ပြုနေပါတယ်။

တစ်ခါက သမိုင်းနဲ့ အနောက်တက္ကသိုလ်ကြီးတစ်ခုက ဘွဲ့ရထားတဲ့ ဒေါက် တာတစ်ယောက်ရဲ့ လက်ချာကို မှတ်သားခဲ့ရဖူးတယ်။ သူဆွဲလိုက်တဲ့ ကောက်ချက်က ဒီမိုကရေစီစနစ်ကို ကူးပြောင်းတဲ့အခါမှာ အာရှနိုင်ငံတွေဟာ အနောက်နိုင်ငံတွေလောက် အချိန်မကြာဘူးလို့ ဆို ပါ တယ်။ ဂျပန်၊ ကိုရီးယား၊ စင်္ကာပူတို့ကို ထောက်ပြပါတယ်။ ပြီးတော့ စင်္ကာပူနဲ့ အမေရိကတို့ရဲ့ ဒီမိုကရေစီ အကူးအပြောင်းကာလကို ထောက်ပြတယ်။ အမေရိကရဲ့ ဒီမိုကရေစီက နှစ်ရာချီပြီး ကြာခဲ့ပေမယ့် စင်္ကာပူရဲ့ ဒီမိုကရေစီ ကူးပြောင်းရေးကတော့ ဆယ်စုနှစ်တွေ အတွင်းမှာပဲ အလုပ်ဖြစ်သွားခဲ့တဲ့အကြောင်းနဲ့ အဓိကအချက်ကတော့ အာရှတိုက်ရဲ့ မိသာစု ဗဟိုပြုယဉ်ကျေးမှု (Family oriented culture) ကြောင့်လို့ ဆိုပါ တယ်။

ဒီမိုကရေစီအကြောင်းပြောရင် အိမ်နီးချင်း အိန္ဒိယကလည်း စွာကျယ် စွာ ကျယ် ထလုပ်တတ်တယ်။ ပထမဆုံး ဒီမိုကရေစီကျင့်သုံးတဲ့ နိုင်ငံတစ်ခု အနေနဲ့ပေါ့။

ဒါပေမယ့် နာမည်တူ “ဒီမိုကရေစီ” အောက်မှာ ကွဲပြားနေတဲ့ အသွေးအရောင်တွေ ရှိနေပါတယ်။

စင်္ကာပူရဲ့ ဒီမိုကရေစီက ပြောလို့မရရင် ကြိမ်နဲ့ရိုက်တယ်။ ဘာသာတရားတွေ ကို နှိုင်းယှဉ်ပြတဲ့ Religious Comparison သင်ခွင့်မရှိဘူး။ လမ်းပေါ်မှာ ဆန္ဒပြခွင့် မရှိဘူး။ ဆန္ဒပြချင်ရင် ခွင့်ပြုမိန့် ယူရတယ်။ သက်မှတ်ပေးထားတဲ့ နေရာမှာပဲ ဆန္ဒပြကြရတယ်။

အိန္ဒိယရဲ့ ဒီမိုကရေစီက လူကို မပြောနဲ့ နွားကိုတောင် ကြိမ်နဲ့ရိုက်ခွင့် မရှိဘူး။ ကမ္ဘာပေါ် ရှိရှိသမျှ ဘာသာတရားတွေအားလုံး အိန္ဒိယမှာ အစပျိုးတယ်လို့ ယုံကြည်ထားကြတော့ ဘာမှ ပြဿနာမရှိဘူး။ အချိန်မရွေး ကြေငြာပြီး ဆန္ဒပြခွင့် ရှိကြတယ်။ အကြီးအသေးပဲ ကွာမယ်၊ နေ့တိုင်း နေရာတိုင်းမှာ လိုလို ဆန္ဒပြမှုတွေ ရှိနေတတ်တယ်။

အိန္ဒိယရဲ့ ဒီမိုကရေစီက ပိုပြီး လွတ်လပ်တယ်။ ဒါပေမယ့် လမ်းပေါ်မှာ သွားလာနေတဲ့ နွားတွေက ယဉ်ကြောကို ပိတ်စို့စေတယ်။ နွားချေးတွေနဲ့ လမ်းကို ညစ်ပေစေတယ်။ ထစ်ကနဲဆို လမ်းပေါ်ထွက်ထွက်ပြီး ဆန္ဒပြနေ ကြတော့ (တစ်ချို့ကိစ္စတွေက ဘာမှ မပြောပလောက်ဘူး) ပြည်သူ တစ် ရပ်လုံးရဲ့ နေ့စဉ်လုပ်ငန်းတွေကို ထိခိုက်စေ၊ နွေးကွေးစေတယ်။

အထက်ဖော်ပြပါ ဆရာကြီးရဲ့ အယူအဆကို သဘောမတွေ့မိတော့ ဘူး ။ နိုင်ငံရေးပညာရှင်တွေရဲ့ အယူအဆအရ ဘယ်နိုင်ငံက ကျင့်သုံးတဲ့ ဒီမို ကရေစီမှ မပြည့်စုံဘူး။ လိုအပ်ချက်တွေနဲ့ ချည်းပဲ။ ဒါပေမယ့် ကျင့်သုံးရင်း ၊ ပြင်ဆင်ဖြည့်စွတ်ရင်းနဲ့ ပိုပြီး ရင့်ကျက်တဲ့ ဒီမိုကရေစီဖြစ်အောင် တစ်ဖြည်းဖြည်းပဲ သွားလို့ ရမယ်။ လူထောက်ပြတဲ့ စင်္ကာပူရဲ့ ဒီမိုကရေစီနဲ့ အမေရိကရဲ့ ဒီမိုကရေစီရဲ့ တန်ဖိုးခြားနားချက်တွေဟာ အများကြီးပါ။ ဒီမိုကရေစီဆိုတဲ့ နာမည်တူရုံနဲ့ တန်ဖိုးတူမသွားပါဘူး။

အသောကမင်းကြီးရဲ့ မွေးရပ်မြေမှာ ဆင်းရဲသားဦးရေတွေ၊ အလုပ်လက် မဲ့တွေ၊ အခြေခံပညာ သင်ခွင့်မရတဲ့ ကလေးတွေ တိုးပွားလာတာနဲ့ ဆိုကရေး တီးတို့ ပလေတိုတို့ရဲ့ မွေးရပ်မြေနိုင်ငံကြီး ပုံပျက်ပန်းပျက် ပြိုလဲနေပုံကို ကြည့်ရင်း ဒီမိုကရေစီစနစ်ဆိုတာလည်း လွတ်လပ်တာကလွဲလို့ လိုတရ မန္တာန်တစ်ခု မဟုတ်ဘူးဆိုတာတော့ သဘောပေါက်ထားနိုင်ပါတယ်။ အိန္ဒိယရဲ့ ဒီမိုကရေစီပုံစံက မျက်စိနောက်စရာ ကောင်းသလို စင်္ကာပူရဲ့ ဒီမိုကရေစီပုံစံကလည်း မလွတ်မလပ်နဲ့ ခပ်ကျပ်ကျပ်ပါပဲ။ အမေရိကရဲ့ ဒီမို ကရေစီမျိုးဆိုရင်လည်း အဝေးပြေးလမ်းမကြီးပေါ်က ကား အက်ဆီးဒင့်တွေ က ခပ်တိုးတိုး သတိပေးနေပြန်ပါရော။

ကျွန်တော်တို့နဲ့ အံဝင်ခွင်ကျဖြစ်မယ့် ဒီမိုကရေစီရဲ့ ပုံသဏ္ဍာန်က ဘယ်လို များ ဖြစ်လာမှာပါလိမ့်။ ကျင့်သုံးရင်း၊ ပြင်ဆင်ဖြည့်စွတ်ရင်းနဲ့ပဲ ပုံပေါ်လာမယ် လို့ ထင်ပါတယ်။

အာဏာရှင်တွေ အရှုံးပေးရတာက ဒီမိုကရေစီ။
ဒီမိုကရေစီ အရှုံးပေးရတာက နိုင်ငံရဲ့ ယဉ်ကျေးမှု။
နိုင်ငံရဲ့ ယဉ်ကျေးမှု အရှုံးပေးရတာက ဂလိုဘယ် ဆန်လာမှု။

နုနုနယ်နယ် ဒီမိုကရေစီလမ်းမနဲ့ ပတ်သက်လို့ စိုးရိမ်မိတာကတော့ …
၁။ ဖောင်ဒေးရှင်းမကောင်းတဲ့ အဝေးပြေးလမ်းမကြီးလိုဖြစ်မှာ
၂။ အဆင့်မှီသည်ဖြစ်စေ၊ မမှီသည်ဖြစ်စေ ပြည်တွင်းဖြစ် ဘိလပ်မြေကိုပဲ သုံးရမယ်ဆိုတဲ့ သဘာဝမကျတဲ့ အမိန့်တွေ
၃။ ကားလမ်းမပေါ်မှာ ကုန်တင်ကားတွေ မမောင်းရဆိုတဲ့ အဆင့်ခွဲခြားတဲ့ ထူးထူးဆန်းဆန်း ဥပဒေတွေ
၎။ လွတ်လပ်မှုရလေလေ ထိမ်းချုပ်စရာတွေ ပိုများလေလေဆိုတဲ့ ဒီမို ကရေစီရဲ့ တန်ဖိုးကို မျက်ကွယ်ပြုပြီး မေ့မေ့လျော့လျော့နဲ့ လွတ်လပ်မှုကို အလွဲသုံးစားလုပ်ရင်း ကြုံတွေ့ရလာနိုင်တဲ့ ကားအက်ဆီးဒင့်လို ဟာတွေ …
ဒါတွေ ဖြစ်လာမှာကိုတော့ စိုးရိမ်မိတယ်။

ကားလမ်းမကြီးက ပြင်လို့ လွယ်ပေမယ့် နိုင်ငံတော်ရဲ့ မူဝါဒ၊ လူထုရဲ့ စိတ်နေစရိုတ်နဲ့ အပြုအမူက ပြင်ဖို့ ခက်တယ် မဟုတ်လား။ ဘာပဲဖြစ်ဖြစ် မြန်မာတွေ ပြောပြောနေတတ်တဲ့ “ငါတို့ မြန်မာတွေ မညံ့ဘူး” ဆိုတာကို ယုံကြည်ထားမိတယ်။

အဲ … ဒီမိုကရေစီ၊ ဒီမိုကရေစီနဲ့ ကောက်ရိုးပုံဘေး ဆေးလိပ် ထိုင်သောက်တာတော့ မမိုက်လှဘူးပေါ့ဗျာ။

တနင်္ဂနွေ အပျင်းပြေ (ပဟေဠိ)

(ဖတ်ဖူးတာလေးတွေကို ပွားထားတာပါ။အဖြေကို ချက်ချင်း မကြည့်စေလိုပါ)

ဆီးရီးယပ်ဖြစ်ရတာ ပျင်းလို့ အခုတလော သောနေမိတယ်။ ကဲ ဒါလေး လေး ခု ကို ကူပြီး စဉ်းစားပေးကြပါအုံး။

၁။ ကောင်လေးနဲ့ ကောင်မလေးက သမီးရည်းစား၊ မမျှော်လင့်ဘဲ သူတို့ မြေအောက်ရထားပေါ်မှာ ဆုံကြတယ်။ ဒါပေမဲ့ ကောင်မလေးဘေးမှာ သူ့အမေပါနေတယ်။ ဒီတော့ သူတို့ မျက်လုံးချင်းပဲ ကွန်တက်လုပ်လို့ ရ တယ်။ ကံ လို့ ဆိုရမလား၊ ရထားကြီး မြေအောက်လိုင်ဂူထဲဝင်အပြီးမှာ လျပ်စစ်တွေ ခဏ ပြတ်တောက်သွားတယ်။ အဲဒီအချိန်မှာ ကောင်မလေးရဲ့ ပါးလည်း နွေးကနဲ ဖြစ်သွားတယ်။
ကဲ ဒါဆို ကောင်လေးရဲ့ နာမည် (အင်္ဂလိပ်လို) က ဘယ်သူလဲ။

၂။ ငယ်ငယ်ရွယ်ရွယ် ဇနီးမောင်နှံ ပန်းခြံထဲက ခုံပေါ်မှာ ထိုင်နေကြတယ်။ အဆင်ပြေလှပုံတော့ မရဘူး။ တစ်ယောက်ကိုတစ်ယောက် စိတ်ကောက် ရင်း ကြောပေးပြီး ထိုင်နေကြတာ။ ကောင်လေးက စဉ်းစားတယ်၊ အင်း ငါက ပဲ စ ချော့ရမယ်၊ ဘယ်လို ချော့ရပါ့မလဲ။
ခဏကြာတော့ အကြံရသွားတဲ့ ကောင်လေးဟာ.....
ကဲ ဒါဆို ကောင်လေးနဲ့ ကောင်မလေးရဲ့ နာမည် (အင်္ဂလိပ်လို) က (Mr and Mrs) ဘယ်သူတွေလဲ

၃။ ဆိုပါတော့၊ တိရစ္ဆာန်တွေလည်း လူတွေလို ယဉ်ကျေးလာပြီး တိရစ္ဆာန် အမတွေလည်း "Bra" တွေ ဝတ်လာကြပြီ။ တိရစ္ဆာန်အမ တစ်ကောင်ဟာ သူမရဲ့ Bra ကို ပြောင်းပြန်ဝတ်လိုက်မှ အတည့် (အကိုက်၊ ကွက်တိ) ဖြစ် သွားတယ်။
အဲဒီ တိရစ္ဆာန်အမည်က ဘာလဲ။ (အင်္ဂလိပ်၊ မြန်မာ နှစ်သက်သလို)

၎။ တိရစ္ဆာန်အမလေး တစ်ကောင်ဟာ မြက်ခင်းထဲမှာ ပျော်ပျော်ပါးပါး ပတ်ပြေးနေရင်း သူနဲ့ ဆင်ဆင်တူတဲ့ တိရစ္ဆာန်အဖို တစ်ကောင်နဲ့တွေ့တယ်။ ဒါနဲ့ သူမကပဲ စတင်မိတ်ဆက်စကားပြောတယ်။

"ကျမက ( ) ပါ။ ရှင်က ဘယ်သူပါလဲ"
တိရစ္ဆာန်အဖိုက သူမကို အံဩတဲ့မျက်လုံးနဲ့ စိုက်ကြည့်ပြီး
"နေ့ခင်းကြောင်တောင်မှာ ညဝတ် ဝတ်စုံကြီးဝတ်ပြီး ဘာလို့ လျှောက်ပြေးနေ တာလဲ" တဲ့။
ဒါဆို သူတို့အမည်တွေက ဘာတွေလဲ။ (အင်္ဂလိပ်၊ မြန်မာ နှစ်သက်သလို)

ဇင်ဝေသော်

အဖြေတွေက (မြင်းထီးနဲ့ မြင်းကြားမ၊ ကန္တာရကုလားအုပ်၊ Mr and Mrs Turners၊ ကစ်စင်းဂျား) ပါ။