ဆရာမနဲ့ ညီညီ

ဆရာမ။ ။ ညီညီရေ၊ အထက်လူကြီးနဲ့ မောင်း(ခလုပ်) ကျိုးနေတဲ့ သေနတ် ရဲ့ တူညီတဲ့အချက်က ဘာလဲ ပြောပြနိုင်မလား။

ညီညီ ။ ။ ပြောပြနိုင်ပါတယ် ဆရာမ။ "Both don't work but you can't fire them." ပါ။

ဆရာမ။ ။ ဒါဖြင့် အောက်လမ်းဆရာနဲ့ ဂေါက်သီးရိုက် သမားကရောကွယ်။

ညီညီ ။ ။ မြေကြီးကို တောင်ဝှေးနဲ့ရိုက်ရင် ရှေးတုံးက အောက်လမ်းဆရာ လို့ခေါ်ပြီး ဒီနေ့တော့ ဂေါက်သီးရိုက်သမားလို့ခေါ်ပါတယ် ဆရာမ။ မြေကြီး ကို တောင်ဝှေးနဲ့ရိုက်ရင် မြန်မာပြည်မှာတော့ အငြိမ်းစား ဗိုလ်ချုပ်ကြီး လို့ လည်းခေါ်ပါတယ် ဆရာမ။

လူတော်လူကောင်းများရောက်သွားလျှင် ငရဲပြည်လည်း တိုးတက်လာနိုင် သည်

(Jul ,25,2012 ရက် ဆောင်းပါးကိုအနည်းငယ် ဖြည့်စွက် ပြန်တင်ထားသည်)

အိမ်ခြံမြေရောင်းဝယ်ရေးလုပ်လိုသူများ ငရဲဘုံ၌ ဝင်းခြံများဝယ်ယူထားရန် အကောင်းဆုံးဟု ဆိုရပေမည်။

ဖြစ်ပုံက ဤသို့တည်း။
ဂျပန်နိုင်ငံ ဘဏ်သူဋ္ဌေးတစ်ယောက်ဖြစ်သော Ryuho Okawa ဆိုသူက သူသည် ဗုဒ္ဓကို ဝင်စားသူဖြစ်ကြောင်း ကြေငြာခဲ့သည်။ သူသာမက သူ့ ဇနီး ကလည်း အက်ဖရိုဒီတေး (Aphrodite) ကို ဝင်စားသူဟု ဆိုခဲ့ပြန်သည်။

အာရှတိုက်ကား အယုံလွယ်၏။ အထူးသဖြင့် ဂျပန်နှင့် မြန်မာ (သို့) ဘားမီးစ် တို့က လူများ ပို၍အယုံလွယ်၏။ ရှိစေ။ ဤကိစ္စက ရေးလိုသောကိစ္စမဟုတ်။

ဗုဒ္ဓကို လူဝင်စားခဲ့သည်ဟု ကြော်ငြာခဲ့သော ထိုဘဏ်သူဋ္ဌေး အိုကာဝါနှင့် သူ့ဇနီးတို့ အရင်လက ကွာရှင်းခဲ့ကြသည်ဟု သိရပြန်သည်။ သို့ဆိုသော် ထိုအိုကာဝါသည် လူပျိုလူလွတ်ဖြစ်နေပြန်သည်။ ဤကိစ္စကလည်း ရေး လိုသောအကြောင်းမဟုတ်။

အဓိကရေးလိုသောအကြောင်းကား အိုကာဝါ၏ ပြန်လည်ပြောပြခြင်း ဇာတ် လမ်းများသာဖြစ်၏။ သူ့အဆိုအရ-

၁။ ဆရာကြီး ဗီသိုဗင် (Beethoven) သည် ဘုရားအလောင်းတို့ စံပျော်ရာေ ကာင်းကင်ဘုံ၏ ခုနှစ်ခုမြောက်သော ဘုံ၌စံမြန်းနေ၏။

၂။ ကံမကောင်း အကြောင်းမလှဟု ဆိုရပေမည်။ ရီဗော်လူးရှင်း သီအိုရီ၏ ဖ ခင်ကြီး ချား(စ်) ဒါဝင်ခမျာမှာတော့ အလွန်နက်သော ငရဲ (Abysmal Hell) မှာ ကျရောက်ခံစားနေရသည်။
၃။ ဒါဝင်ကမှ တော်သေးသည်ဟု ဆိုရပေမည်။ သူ့ထက် အခြေအနေ ပို၍ ဆိုးဝါးသော ပုဂ္ဂိုလ်ကား ဂရိတ်ဖလော်ဆော်ဖာ ဖရက်ဒရစ်(ခ်) နစ်ရှေး (Frederic Neitzche) ဖြစ်ပေ၏။ သူ့ခမျာကား အောက်ဆုံးငရဲ၌ (Deepest Hell) ချိုးကပ်နေရသည်ဟု ဆိုလေ၏။
(ဂရိတ် (Great) ဖလော်ဆော်ဖာ ဟု ရေးထားသည်ကို သေသေချာချာ မဖတ်ဘဲ နစ်ရှေး က "ဂရိ" လူမျိုးမဟုတ်ဟု ရေးလာသော ကွန်မင့်လည်း ရှိခဲ့ဖူး၏)

မစ္စတာ ဒါဝင်နှင့် မစ္စတာ နစ်ရှေးတို့ ဘာ့ကြောင့်ငရဲဘုံ၌ ခံစားနေကြရသည် ဟူ၍ကား ရှင်းပြထားမှုမရှိပေ။ နောက်တောက်တောက် မစ္စတာ ဂျင်း(မ်) ကတော့ နစ်ရှေးက “ဂေါ့ဒ် အစ်ဇ် ဒက်(ဒ်) (God is dead)” ဟု ဆိုခဲ့သောေ ကြာင့် ဖြစ်ဟန်တူကြောင်း မှတ်ချက်ပေးထားသည်။

ဂျပန်၌ပင်ဖြစ်၏။
လွန်ခဲ့သော အနှစ် (၂၀) ခန့်က ပန်းကန်ပြားပျံ ဘာသာ တော်တော်ရေပန်း စားခဲ့သေး၏။ UFO- ဟုခေါ်သည်။ ထိုဘာသာခေါင်းဆောင်က ဆွစ်ဇာ လန်နိုင်ငံသား(ထင်သည်) ဖြစ်ပြီး သူ့နာမည်ကို မမှတ်မိတော့။ သူ၏အဆိုအရ သူသည် ပန်းကန်ပြားပျံမှ ဆင်းလာသော ဂြိုလ်သားနှစ်ယော က်နှင့် တွေ့ခဲ့ရကြောင်း၊ သူ့ကို ဤကမ္ဘာ၏ တမန်တော်အဖြစ် အခြားဂြိုလ် ကမ္ဘာခေါင်းဆောင်များက ရွေးချယ်ထားကြကြောင်းဆို၏။ ဤကမ္ဘာမှ လူ သားများ၏ အသိဥာဏ်သည် အခြားဂြိုလ်များက ပုဂ္ဂိုလ်များနှင့်နှိုင်းယှဉ်က များစွာနိမ့်ပါးနေကြကြောင်း၊ ထို့ကြောင့် လူသားများ၏ အသိဥာဏ် မျှေ လာက်ဖြင့် အခြားဂြိုလ်ကမ္ဘာမှာ ရပ်တည်နိုင်မည်မဟုတ်ကြောင်း ဆိုပြန်၏။

သူ့အဆိုအရ
ဗုဒ္ဓ၊
ဂျီးဇက်ခရိုက်စ်၊
မိုဟာမက်တို့သည်လည်း ထိုဂြိုလ်က စေလွှတ်ခြင်းခံရသော တမန်တော်များ သာဖြစ်ပြီး တာဝန်ပြီးဆုံးသောအခါ ထိုဂြိုလ်က ပြန်လည်ခေါ်ယူထားသည်။ ယခုအခါ သူတို့သုံးဦးသည် ထိုဂြိုလ်ကမ္ဘာ၌ ပျော်ပျော်ပါးပါး ရှိနေကြသည်ဟု ဆိုလေ၏။
လူပုဂ္ဂိုလ်များ တာဝန်မှ အနားယူပြီး အေးအေးဆေးဆေးနေခြင်းနှင့် ဆင်ဆင် တူပေမည်။

ယနေ့တော့ ယင်းပန်းကန်ပြားပျံဘာသာအကြောင်း မကြားရတော့။
ဆိုးတော့ မဆိုးပေ။ သူ့အဆိုအရ ငရဲကျနေသော ဘာသာရေးခေါင်းဆောင် မရှိ။

နောက်ဘာသာရေး အစွန်းရောက် အယူအဆပေါ်လာပြန်သည်။ ထို ယုံ ကြည်မှုအရ ထာဝရဘုရားကို မယုံကြည်သူတိုင်း ငရဲကိုကျရောက်ကြရ၏။ ထို့ကြောင့် ရှေးဦးစွာ ဂေါတမဗုဒ္ဓကိုယ်တိုင် ငရဲရောက်နေသည်ဟု ဆိုကြပြန် ၏။ ဗုဒ္ဓသာမကပါ၊ ထိုဝါဒကို လုံးဝအယုံအကြည်မရှိသော သိပ္ပံဖခင်ကြီး အိုင်း စတိုင်းခမျာမှာလည်း ငရဲရောက်ခဲ့ရပြန်၏။

အတွေးအခေါ်ပညာရှင် နစ်ရှေး၊
ဗာထရန် ရပ်ဆဲလ်။
စာရေးဆရာ ဂျော့(ခ်ျ) ဘားနတ်ရှော။
အီဗော်လူရှင်းဆရာကြီး ဒါဝင်နှင့်တကွ သိပ္ပံပညာရှင်တော်တော်များများ ငရဲရောက်နေကြသည်ဟု ပြောဆိုလာကြကုန်၏။

ထိုအခါ စကားခပ်ဆတ်ဆတ်ပြောတတ်သော စာရေးဆရာတစ်ယောက်က ဤသို့ မှတ်ချက်ချ ရေးသားဖူး၏။

“ကောင်းကင်ဘုံပင် ဖြစ်လင့်ကစား ဂေါတမဗုဒ္ဓလို၊ အိုင်းစတိုင်းလို၊ ဘာထရန် ရပ်ဆဲလ်လို၊ ဂျော့ခ်ျ ဘားနတ်ရှောလို၊ ချား(စ်) ဒါဝင်လို လူတော် လူကောင်း များ မရှိဘူးဆိုလျှင် အသိပညာများ နိမ့်ပါးကာ အလွန်မနှစ်မြို့ ဖွယ်ကောင်းေ သာ နေရာတစ်ခု ဖြစ်သွားနိုင်သည်။
ထို့အတူ ငရဲပင်ဖြစ်သော်လည်း အထက်ပါပုဂ္ဂိုလ်များ ရှိနေမည်ဆိုလျှင် အသိ ဉာဏ်များ လင်းလက်ကာ နေချင့်စဖွယ် ဘုံဌာနတစ်ခု ဖြစ်သွားနိုင်သည်။ ကျွန်ုပ် ဘယ်ဘုံကို သွားချင်ပါသလဲဟုမေးပါက ဂေါတမဗုဒ္ဓတို့၊ အိုင်းစတိုင်း တို့ရှိနေသော ငရဲကို သွားလိုပါသည်”
ဟု သရော်သံစွက်စွက်ဖြင့် ခပ်နာနာနှက်ခဲ့လေသည်။

ထို့ကြောင့် ယနေ့ခေတ်၏ လူသားအရင်းအမြစ် မူဝါဒကိုကြည့်ကာ အထက်ပါ အဆိုတို့ကို ထောက်ဆရင်း ကွန်ကလူးရှင်း ဆွဲလိုက်မိခြင်းဖြစ်ပါ၏။ ဘာ သာရေးပုတ်ခတ်လိုသော စကားတို့ဖြင့် မည်သူငရဲရောက်နေသည်ဟုဆိုစေ၊ ဤမျှတော်သော ပုဂ္ဂိုလ်များ ရောက်ရှိသွားမည်ဆိုလျှင် ငရဲပြည်လည်း တိုး တက်လာမှာမလွဲပေ။ လူတော်လူကောင်းများ နေထိုင်သောနေရာသည် တိုး တက်လာမည်မုချ မဟုတ်ပါလော။

ထိုထိုပုဂ္ဂိုလ်တို့၏ စကားများမှန်လျှင် စကြာဝဠာတစ်ခုလုံး ပါဝါရှစ်ဖ် (Shift) ဖြစ်တော့မည့်သဘော ရှိနေသည်။ ငရဲပြည်သည် အမှန်တကယ် တိုးတက်လာမည့်နေရာဖြစ်ပြီး အိမ်ယာမြေဈေးများ တဟုန်ထိုး ထိုးတက် လာစရာသာရှိတော့သည်။ ကောင်းကင်ဘုံက မြေကိုရောင်း၍ ငရဲဘုံ၌ ဝယ်ထားသင့်၏။

စိတ်ကူးမလွဲကြပါလေနှင့်။

ဘာသာရေးစွပ်စွဲမှုများ ကင်းရှင်းကြပါစေ။

ဘယ်မြေခွေးကို အစာကျွေးမလဲ

ပါဠိကောလိပ်ထဲမှ ကျောင်းသူတစ်ယောက်က အီးမေးပို့တာ အလွန်ဝါသနာ ပါသည်။ သူမ ဖတ်မိသမျှထဲမှ ကောင်းနိုးရာရာလေးများကို မိတ်ဆွေများ (ကျောင်းသားများအုပ်စု အီးမေး) ထံ မျှဝေခြင်းပင်ဖြစ်သည်။ တစ်နေ့လျှင် သူမ အီးမေးက ဆယ်စောင်မျှ ရှိသည်။ ဂျုတ်ပါသည်၊ ဘာသာရေး၊ နိုင်ငံရေး၊ ယူကျု၊ ဗွီဒီယို အစုံ ပါသည်။ အတန်ကြာသောအခါ ကျောင်းသား တစ်ဝက်ေ လာက်က သူတို့အီးမေးထဲ မပို့ဖို့ အကြောင်းပြန်လာကြတော့သည်။
ထိုသို့ မပြောသေးသမျှ သူမကတော့ ပို့မြဲ ပို့နေဆဲပင်။ အထူးသဖြင့် လူအ များ မကြိုက်သည်က နိုင်ငံရေးဆန်သည့် အီးမေးများဖြစ်သည်။

အမှန်တော့ ကွန်ပြူတာရှေ့ထိုင်ပြီး အွန်လိုင်းပေါ် တက်လိုက်သည်နှင့် တပြိုင်နက် လို၊ မလို၊ ကြိုက်၊ မကြိုက်သော သတင်းအချက်အလက်များ များပြားလွန်းလှသည်။ ကိုယ်ဘာယူမလဲ ဆိုသည်ကသာ ကိုယ့်ရွေးချယ် မှု ဖြစ်သည်။ အင်ဖော်မေးရှင်းများဖြင့် ပြည့်နှက်နေသည့် ကွန်ပြူတာပေါ်၌ သူမ၏ အီးမေးများကြောင့်တော့ ထွေထွေထူးထူး ပိုပြီးလေးလံလာစရာ မရှိ ဟု ယုံကြည်မိသည်။

ဒါဖြင့် ဒီပြဿနာက အွန်လိုင်းပေါ်မှာပဲ ရှိတာလား။ မဟုတ်ပါ။ ဘဝ ဆိုတာ က ပင်လို  မလို၊ ကြိုက် မကြိုက်သော အရာများဖြင့် ပြည့်နှက်နေ၏။ ဘဝထဲ မှ ယူသင့်သည်ထင်တာများကို (ဤ၌ တစ်ယောက်နှင့် တစ်ယောက် မတူနိုင် သလို တူဖို့လည်း မလိုအပ်လှပါ) ယူပြီး ထွက်သွားကြရမည်။ ထို အမျိုးသမီး ၏ အီးမေးများစွာထဲမှ သဘောကျမိသည့် အီးမေးလေး ပါလာသည်။ သူမလို ပဲ ထပ်ရှယ်လိုက်မိသည်။

အဇ္ဈတ္တရှိ အကောင်း အဆိုး (အကောင်း အဆိုးမြေခွေးနှစ်ကောင်) အားပြိုင် မှုမှာဘယ်သူနိုင်မလဲ ဆိုတော့ "ငါ့မြေး၊ မင်း ကျွေးတဲ့ မြေခွေးနိုင်မယ်" တဲ့။
ဘယ်မြေခွေးကို အစာကျွေးမလဲက အွန်လိုင်း၊ အီးမေးနဲ့ မဆိုင်လှဟု ထင် သည်။
(ဘာသာပြန် ပေးမထားပါ)

TWO WOLVES

One evening an old Cherokee told his grandson about a battle
that goes on inside people.
He said, "My son, the battle is between two wolves inside us all.

"One is Evil - It is anger, envy, jealousy, sorrow, regret, greed, arrogance, self-pity, guilt,
resentment, inferiority, lies, false pride, superiority, & ego.

"The other is Good - It is joy, peace, love, hope, serenity, humility, kindness, benevolence,
empathy, generosity, truth, compassion & faith."

The grandson thought about it for a minute & then asked his grandfather:
"Which wolf wins?"

The old Cherokee simply replied,
"The one you feed."

**တစ်မူး၊ တစ်မတ်၊ မူး၊ မတ်**

(နိုင်ငံရေးနဲ့ ဘဏ္ဍာရေးအကြောင်း နှိုက်နှိုက် ချွတ်ချွတ်)

ဘာရယ်မဟုတ်ဘူး၊ ပိုက်ဆံအကြွေစေ့ ရေတွက်တာနဲ့ အစိုးရ ရာထူးတွေ သတ်မှတ်တာ တူနေပုံလေး စဉ်းစားမိလို့ပါ။ ဆက်စပ်မှု ရှိသလား၊ မရှိဘူး လားလည်း မသိဘူး။
အခုတော့ အကြွေစေ့တွေ ပျောက်ကုန်လို့ တော်တော်ငယ်တဲ့ လူငယ်တွေဆို သိချင်မှတောင် သိတော့မယ်။
ငါးပြား စေ့၊ ဆယ်ပြား စေ့၊ တစ်မတ် စေ့၊ ငါးမူး စေ့၊ ပြီးတော့ ကျပ်စေ့ တဲ့။
မတ်စေ့ပြီးတော့မှ မူးစေ့ လာပေမဲ့ သူက ၁ မူး မဟုတ်ဘဲ ၅ မူးဖြစ်နေတယ်။
၅ မူးက ပြား ၅၀ ဆိုတော့ တစ်မူးက ဆယ်ပြား ပေါ့။

အစိုးရ ရာထူးတွေသတ်မှတ်ရာမှာ ရှေးတုံးကတည်းက မူးကြီး၊ မတ်ရာ သေ နာပတိ ဆိုတာရှိခဲ့တယ်။ ( သေနာပတိ က ပါဠိဖြစ်နေလို့ (ဦး) သီဟနာဒကို အဓိပ္ပါယ်မေးတော့ သေနာ က ပါဠိမဟုတ်တော့၊ မြန်မာစကားဖြစ် သွားပြီ ၊ သေနာ က သေနာ ပဲတဲ့၊ ရှင်းရော။ ပတိ ကတော့ ပါဠိ၊ အဓိပ္ပါယ်က ဘုရင်၊ အစိုးရ၊ အကြီးအမှုး၊ လင်သား တဲ့။ စိတ်မကြည်လို့ ကောင်းကောင်းဖြေပေး တာ မဟုတ်ရင်တော့ ကျနော်လည်း မတတ်နိုင်တော့ဘူး)

ထားပါတော့။ မူး၊ မတ်။ မူးပြီးမှ မတ်လာတယ်။ ဒါပေမဲ့ မတ် ကို အခုခေတ်မှာ အမတ်လို့ (ဘာ လီမန်အမတ်၊ ညာ လီမန်အမတ် စသည်) ခေါ်ပြီး မူးကိုေ တာ့ အမူး လို့ မခေါ်ကြဘူး။ တကယ်က ဘာ လီမန်အမူး၊ ညာ လီမန် အမူး စတာတွေလည်း ရှိနေရမယ်။

ပိုက်ဆံအကြွေစေ့ ရေတွက်ရာမှာ မူး၊ မတ်၊ ကျပ်။
ဒါဆို နှစ်ခါ ခွဲ မူးမှ တစ်မတ်၊ ဆယ်ခါပြန်မူးမှ ကျပ်ပြည့်မယ်။ မတ်ကလည်း လေးမတ်ပေါင်းမှ ကျပ်ပြည့်မယ်။ ဒီလိုလား။ ဘယ်လိုကြီးလဲ မသိဘူး။ သိပ်တော့ မမိုက်ဘူး။ နိုင်ငံရေးနဲ့ ဘဏ္ဍာရေးကိစ္စတွေက ရှုပ်ထွေး လွန်းတယ်။ ဉာဏ်မမီဘူး။

တို့ လူငယ်တွေ မဆိုးပါ

ခေတ်လူငယ်တွေက ဘယ်လို ဘယ်ညာ စသဖြင့် ပြောတတ်တဲ့ မိဘတွေ ဒီသတင်းမျိုးဖတ်သင့်တယ်။ သူတို့ ပျင်းလို့ လမ်းဘေးမှာ ဂီတာတီး၊ သီချင်း ဆိုတာ၊ ကွန်ပြူတာရှေ့က မထတာ၊ ချတ်ရုမ်းက မပြန်လာတာ ဒါတွေအား လုံးဟာ ဘာမှ မပြောပလောက်ဘူး။
မယုံရင်ကြည့်။
အမေရိကန်လူငယ်နှစ်ယောက် ဖြစ်တဲ့ ဂျိမ်းစ် အက်ဒဝါ့ဒ် (၁၅) နှစ်နဲ့ ချန်စီ လူနား ၁၆ နှစ်တို့က အလုပ်မရှိ ပျင်းလို့ဆိုပြီး အပြေးလေ့ကျင့်နေတဲ့ အော်ဇီ က ဘေ့စ်ဘောသမား ချဲရစ် လိန်းကို သေနပ်နဲ့ ပစ်လိုက်တာ သေရော။ ဥက္က လာဟိုးမားက ဒွန်ကန်မြို့မှာ။
သူတို့ ရာဇဝတ်မှု ကျူးလွန်ရခြင်းအကြောင်း ရဲအရာရှိ ရှင်းပြတာကို ဖတ် ကြည့်ပါအုံး။

"They were bored and just wanted to see someone die."
ပျင်းလွန်းလို့ တစ်ယောက်ယောက်သေတာမြင်ရရင် ကောင်းမှာဆိုပြီး ဆော် ထည့်လိုက်တာဆိုပဲ။
(ABCNews.com)

ဆရာမောင်သာရ ပြောတာကို အမှတ်ရတယ်။ လူငယ်တွေ လမ်းပေါ်မှာ ဆူတာ ဆူပါစေ၊ အဲ့ဒါ လွတ်လပ်ခြင်းရဲ့ သင်္ကေတ တဲ့။ ဂျပန်ခေတ်မှာဆို ဆူဖို့မပြောနဲ့ အသံတောင် မထွက်ဝံ့ဘူး (ဒီ အဓိပ္ပါယ်မျိုး) တဲ့။