ရည်းစားစာလား နှုတ်ထွက်စာလား ဝန်ကြီး ရယ်


ဖတ်ကြည့်ကြပါအုံး။ ဒီစာက ဗြိတိသျှ ကာကွယ်ရေးဝန်ကြီးဟောင်း မစ္စတာ John Nott က ဝန်ကြီးချုပ် မာဂရက် သက်ချာဆီတိုက်ရိုက်ရေးတဲ့ ရာထူး မှ နှုတ်ထွက်ခွင့် တင်တဲ့စာပါ။ နု ရွနေတာပါပဲ။
ကိန်းဘရေ့ဂ်ျ၊ ချာချီကောလိပ်က ထုတ်ဝေတဲ့ "မာဂရက် သက်ချာ အာ ခိုက်ဗ်" စာအုပ်ထဲမှာ ပါလာတဲ့ ပုဂ္ဂလိက ပေးစာပါ။
နောက်ဆုံးမှာ "ချစ်တဲ့ ဂျွန်" လို့တောင် ရေးထားလိုက်ပါသေးတယ်။ ဒါပေမဲ့ သူ့စာကို မာဂရက် သက်ချာက " ချစ်တဲ့ မာဂရက်" ဆိုပြီး စာမပြန်ခဲ့ပါဘူး တဲ့။


ဒီလို နောက်တောက်တောက်ရေးလို့ သူ့ကို လျှော့တွက်ရင် မှားပါလိမ့်မယ်။ အခု အသက် ၈၁ နှစ်ရှိပြီဖြစ်တဲ့ မစ္စတာ John Nott ဟာ ၁၉၈၂ ခုနှစ်က Falklands စစ်ပွဲမှာ နာမည်ကောင်းရခဲ့တဲ့ ကာကွယ်ရေးဝန်ကြီးဖြစ်ပါတယ်။ ဘယ်သူပဲဖြစ်ဖြစ် နောက်ချင်စိတ်ပေါက်ရင် နောက်လိုက်ကြတာပဲ မဟုတ် လား။
ဘာသာပြန် ပေးမထားပါဘူး။ ဘော့စ်ချောချော အမကြီးတွေရှိတဲ့ ရွှေမြန်မာ လူငယ်တွေ လေ့လာကြည့်သင့်ပါတယ်။


Your greatest triumph as PM, if I may say so, is that your colleagues actually like you. Some of them even love you, just a little.
It is inexcusable to say so nowadays but I actually admire you as a woman-your good look, charm and bearing have always attract me, as a man.
I'm sorry but what is wrong with it!I think your emotional, instinctive and unpragmatic approach to most issues - so very unmasculine - is the secret of your success in the male-dominated world of politics.
love
John!

unpragmatic ကို ရှေးရိုးစွဲ မဆန်တဲ့
unmasculine ကို နူးညံ့ပျော့ပျောင်းတဲ့၊ (သို့) မိန်းမသား ဆန်တဲ့ လို့ ဘာသာပြန်ရင် သင့်မယ်ထင်ပါတယ်။


related story


ကကြိုးလေးထွေနဲ့ အောင်ဆန်းစုကြည် စာအုပ်မိတ်ဆက်


ဒီစာအုပ်ကို ခေါင်းစဉ်တင်ဖို့ ကျွန်တော်ကိုယ်တိုင်သံသယရှိခဲ့တယ် ။ ကျွန်တော်ကိုယ်တိုင်ရွေးချယ်လို့ မရခဲ့ပါဘူး။ ဒါနဲ့ဆရာမောင်စိမ်းနီကိုပဲ ကြိုက်သလိုတင်ဗျာဆိုပြီး ပြောမိတယ် ။ ကျွန်တော့်စိတ်ထဲမှာ "ကကြိုးလေးထွေနဲ့ အောင်ဆန်းစုကြည်" (ဘာသာပြန်) , "သမ္မတဦးသိန်းစိန် (သို့) နှီးဖျာတစ်ချပ်ရဲ့ ဗီတာမင်ရေကြည်တစ်ပေါက်" (ဘာသာပြန်) နဲ့ "စင်ကာပူကို လာသင့်မလာသင့်" တို့ဖြစ်ပါတယ်။ ဒီအထဲမှာ စင်ကာပူကို လာသင့်မလာသင့်ဟာ ပရိသတ်အများကြီးဖတ်ပြီး အများကြီးအားပေးခြင်းခံလိုက်ရတဲ့ ဆောင်းပါးပါပဲ။



"ကကြိုးလေးထွေနဲ့ အောင်ဆန်းစုကြည်" ကိုတော့ ကိုယ့်သဘောအရ သိပ်မကြိုက်ပါဘူး ။ စာကိုကြိုက်ပေမယ့် စာအုပ်ရောင်းရဖို့ ဒေါ်စုနာမည်ကို သုံးလိုက်မိသလို ဖြစ်လေမလားဆိုတဲ့ သံသယကြောင့်ပါ။ ဘာပဲဖြစ်ဖြစ် "ကကြိုးလေးထွေနဲ့ အောင်ဆန်းစုကြည်" အမည်နဲ့စာအုပ်ကတော့ စာဖတ်သူထံရောက်လာခဲ့ပါပြီ။

ကျွန်တော့်ရဲ့ ကိုယ်ပိုင်ဘလော့ဂ်လေးမှာ ရေးခဲ့ ၊ ဘာသာပြန်ခဲ့တဲ့ စာမူတွေ ဖြစ်နေလေတော့ ရသအားဖြင့်လည်း ရောနေတယ်။ ဒါကြောင့် အခန်းလေးခန်းခွဲပြီး
၁။ လူမျိုးရေး
၂။ စင်ကာပူနှင့် လူပြောသူပြောကိစ္စ
၃။ ပြုံးစိစိဖတ်စာ
၎။ နှစ်ပြားတန်အတွေး လို့ဆိုပြီးစီစဉ်လိုက်မိတယ်။

ဒီစာအုပ်နဲ့ပတ်သက်လို့ မဖြစ်မနေ ကျေးဇူးတင်ရမှာကတော့ ကမ်းလက်ကိုကူညီခဲ့ကြတဲ့ အဖွဲ့သားတွေဖြစ်ပါတယ်။ဒီစာအုပ်ကိုစီစဉ်ပေးတဲ့ကဗျာဆရာ မောင်စိမ်းနီကိုလည်း ကျေးဇူးတင်ကြောင်းပြောထားခဲ့ချင်ပါတယ်။

အီးမေးထဲက ကျော်သူရဲ့ လူမှုရေးသစ္စာ (တဲ့)


(ဒီစာရဲ့ ဇစ်မြစ်ကို ( ကျော်သူ တကယ် ပြော မပြော) မသိပါ။ ကျော်သူ အပေါ်ထားတဲ့ လေးစားစိတ်ရယ်၊ ဘယ်သူကိုမှလည်း မထိခိုက်တာရယ်၊ အချက်အလက်တွေကလည်း ကိုယ်သိရသလောက် မှန်နေတာရယ်ကြောင့် တင်ပေးလိုက်ပါတယ်။)

အမေးရှိရင် အဖြေရှိရမယ်
ကျော်သူ
အောက်တိုဘာ ၃၊ ၂၀၁၃

မြန်မာပြည်သူလူထုတို့အတွက် အနစ်နာခံ ပေးဆပ်နေကြသည်ဟု ကမ္ဘာနှ င့် မြန်မာမှာပါ ပြောဆိုပြီး အရပ်ဘက်အဖွဲ့အစည်းများ ဥပဒေ ပေါ်ပေါက် လာရေးအတွက် ကြိုးစားပမ်းစား အကောင် အထည်ဖော် ဆောင်ရွက်နေ ကြသော အဖွဲ့အစည်း (သို့) အုပ်စုတစ်စုအတွင်းရှိ သူတို့အား ကျွန်တော်ေ မးမြန်းလိုသည်မှာ -

သင်တို့သည် ဗြဟ္မစိုရ်တရားလေးပါး၏ အဓိပ္ပါယ်နှင့် အနှစ်သာရကို သိရှိပါသ လား ??

သင်တို့သည် ရောဂါဝေဒနာ ခံစားနေသူတစ်ဦးအား ကိုယ်တိုင်ကိုယ်ကျ ကယ်တင်ဖူးပါသလား ??

သင်တို့သည် ကျောင်းသားလူငယ်လေး တစ်ဦးတစ်ယောက်အား အသိပညာ၊ အတတ်ပညာရပ် များအား ဆုံးခန်းတိုင် စီစဉ်ဆောင်ရွက်ပေးဖူးပါသလား ??

သင်တို့သည် ကွယ်လွန်သွားသူတစ်ဦး၏ နာရေးကိစ္စရပ်အား ကိုယ်တိုင် ကိုယ်ကျ ထမ်းပိုး သင်္ဂြိုဟ်ပေးမှု လုပ်ဆောင်ပေးဖူးပါသလား ??

သင်တို့သည် ရန်သူမျိုးငါးပါးကြောင့် ဒုက္ခပင်လယ်ကြီးထဲမှာ နစ်မွန်းနေ သူ အပေါင်းတို့အား ကိုယ်တိုင်ကိုယ်ကျသွားရောက်၍ ထိထိမိမိ အားပေး ကူညီ လှူဒါန်းမှုမျိုး လုပ်ဖူးပါသလား ??

သင်တို့သည် မြန်မာပြည်သူလူထုအပေါင်းအား မြန်မာပြည်သူလူထုတို့ လှူ ဒါန်းထားသော အလှူငွေ (ငွေကြေး)တို့ဖြင့် “အများပြည်သူအတွက် အမျာြး ပည်သူကောင်းမှု” ဟူ၍ ကိုယ်ကျိုး မပါဘဲ လိပ်ပြာသန့်စွာ ပေးဆပ်မှုမျိုး လုပ် ဖူးပါသလား ??

သင်တို့သည် မိမိတို့ ကူညီလှူဒါန်း ဆောင်ရွက်ပေးမှု အပေါင်းတို့အပေါ် ရဲဝံ့ စွာ သစ္စာဆို အမျှပေးဝေရဲပါသလား ??

သင်တို့သည် ဒုက္ခရောက် ပြည်သူလူထုတို့အား စွန့်လွှတ်အနစ်နာ ခံ ပေး ဆပ်ေ နကြသော လူမသိ သူမသိ မထင်မရှား ဗြဟ္မစိုရ်လူသားများ (သို့) လူမှုရေးအသင်းအဖွဲ့ငယ်များထံသို့ သွားရောက် ခြေချပြီး သူတို့နှင့်အတူ ထပ်တူခံစားဖူးပါသလား။

အထက်ပါ အချက် (၈) ချက်လုံးဖြင့် ပြီးပြည့်စုံသော အဖွဲ့အစည်း (သို့) အုပ်စု တစ်စုမှ အရပ်ဘက် လူ့အဖွဲ့အစည်းဥပဒေအား ဦးဆောင်ဆွေးနွေး တင်ပြ မည်ဆိုပါက ကျွန်တော် ဘာမှ မပြောလိုတော့ပေ။

မြန်မာပြည်သူ/သားတို့အတွက်၊ မြန်မာ့ (ပြည်တွင်း) လူမှုရေး အဖွဲ့အစည်း များအတွက် ရင်လေးစွာဖြင့်

လိပ်ပြာသန့်စွာဖြင့် လူမှုရေးသစ္စာဆိုရဲတဲ့

ကျော်သူ

လတ်တလော အနေအထား


လတ်တလော အနေအထား
ဝမ်းတစ်လုံးကောင်းရင် ခေါင်း မခဲဘူး တဲ့။
ခေါင်းတစ်လုံး တကယ်ခဲရင်လည်း ဘာမှ မလုပ်ချင်တော့ဘူး။

မနေ့က အနေအထား
လူတွေက တစ်ခုခုယုံကြည်ဖို့ အထောက်အထား အပြခိုင်းကြတယ်။
တကယ်က အထောက်အထားပြပြီး လိမ်ညာမှုက ၈၅ ရာခိုင်နှုန်းရှိတယ်။

လူ့အခွင့်အရေးနှင့် အဓိပ္ပါယ်ပြန်ဆိုမှု အကွဲများ


လူ့အခွင့်အရေးအကြောင်းတွေ ပြောကြလွန်းလို့ ကျွန်တော်လည်း လူ့အခွင့်အရေးအကြောင်း ပြောချင်ပါတယ်။ ဒါပေမယ့် ပညာရှင်တွေ  ကိုးကားတတ်ကြတဲ့ ကုလသမဂ္ဂပဋိဥာဉ်စာတမ်းကိုတော့ မကိုးကားတော့ပါဘူး။ ဘာဖြစ်လို့လည်းဆိုရင် Human rights ဆိုတဲ့ ဒီစကားကို ယဉ်ကျေးမှုဓလေ့ထုံးစံများစွာက မတူကွဲပြားစွာ တန်ဖိုးသတ်မှတ်နေကြလို့ပါ။

          ဗုဒ္ဓဘာသာဝင်တွေအများစုဖြစ်တဲ့နိုင်ငံမို့ ဗုဒ္ဓဘာသာဆိုင်ရာ လူ့အခွင့်အရေးနဲ့ စချင်ပါတယ်။ အခြေခံအကျဆုံး ဗုဒ္ဓဘာသာရဲ့ လူ့အခွင့်အရေး “စံ” က သတ္တဝါတိုင်း ဘေးရန်၊ ဒဏ်ခတ်မှုကို ကြောက်ကြတယ် (သဗ္ဗေ တသန္တိ ဒန္တဿ)၊ သတ္တဝါတိုင်း သေခြင်းတရားကို မနှစ်မြို့ဘူး (သဗ္ဗေ ဘယန္တိ မစ္စုနော)။ ဒီတော့ သူတပါးကို မထိပါးစေဖို့ ၊ သူတပါးရဲ့အသက်ကို တန်ဖိုးထားဖို့ လိုပါတယ်။

          ဟုတ်ပါပြီ။ အတော်အပြစ်ကင်းစင်တဲ့ မှာတမ်းလို့ပြောရင် ရနိုင်ပါပြီ။ ဒါဆိုရင် ဒီမူဟာ တကမ္ဘာလုံးနဲ့ အံဝင်ခွင်ကျ ဖြစ်သွားပြီလားလို့ မေးစရာရှိလာပါတယ်။ အဖြေက Yes နဲ့ No ဖြစ်သွားပါပြီ။ ဥပမာပြရရင် အနောက်နိုင်ငံက လူတစ်ချို့ဟာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ တိရိစ္ဆာန်တွေရဲ့ အခွင့်အရေးကို အလေးထားပေမယ့် ငါးမျှားခြင်း၊ တောလိုက်ခြင်းကိစ္စတွေကို တစ်ခါတစ်ခါ ဝါသနာအရ အပျော်လုပ်တတ်ကြပါတယ်။ ဒါဆိုရင် အထက်ဖော်ပြပါ အခွင့်အရေးကို အဓိပ္ပါယ်ပြန်ဆိုမှု ပြောင်းရပါတော့မယ်။

          ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာနဲ့ နှီးနွယ်တဲ့ အာရှနိုင်ငံတွေရဲ့ လူမှုရေး ကိုယ်ကျင့်တရား “စံ” က ငါးပါးသီလလို့ ပြောကြပါတယ်။ ဒါပေမယ့် ဒီ “စံ” ဟာ နော်ဝေ၊ ဒိန်းမတ်၊ ဂျာမဏီနဲ့ ဟော်လန် စတဲ့နိုင်ငံတွေမှာ ဘယ်နည်းနဲ့မှ အံဝင်ခွင်ကျ မရှိနိုင်ပါဘူး။ အထူးသဖြင့်ကတော့ ပဉ္စမမြောက် အရက်သေစာဆိုတဲ့ ကိစ္စပါပဲ။

          ဒီငါးပါးသီလထဲက အရှေ့အာရှနိုင်ငံတွေကို ဒုက္ခကောင်းကောင်းပေးနေတာက ဒုတိယမြောက် ခိုးမှု၊ လာဘ်စားမှု၊ ကိုယ်ကျင့်တရားပျက်မှုပါပဲ။ ဒီမှာ တိုက်ရိုက်ဆန့်ကျင်နေပါတော့တယ်။ နော်ဝေတို့၊ ဒိန်းမတ်တို့မှာ ဘီယာစသည် မသောက်သူမရှိသလောက် ရှားသလို၊ သူခိုးလည်း မရှိသလောက်ရှားပါတယ်။ မေ့ကျန်ရစ်တဲ့ ပစ္စည်းတွေ လိပ်စာနဲ့ ဖုန်းနံပါတ်ပါရင် ရာနှုံးပြည့်နီးပါး ပြန်ရတတ်ပါတယ်။ မြန်မာစတဲ့ နိုင်ငံတွေမှာ အရက်သေစာ သောက်သုံးမှုကို နံပါတ်တစ် တရားခံလို့ ဟောပြောနေကြပေမယ့်၊ ခိုးယူလိမ်ညာမှု အမဲကွက်က အတော်ဆိုးပါတယ်။ ကျကျန်၊ မေ့ကျန်ခဲ့တဲ့ပစ္စည်း ပြန်ရဖို့က ရာနှုံးတော်တော် နည်းပါတယ်။ ဒါဆိုရင် ကိုယ်ကျင့်တရား တန်ဖိုးသတ်မှတ်ချက် အရှေ့အနောက်ကွဲနေတာကို တွေ့ရပါပြီ။

          အနောက်က သောက်တယ်၊ မခိုးဘူး။ အရှေ့က မသောက်ဘူး( အနည်းဆုံး မသောက်ဘူး၊ မကောင်းဘူးလို့တော့ ပြောကြတယ်)၊ ပစ္စည်းမေ့ထားခဲ့ရင်တော့ ပြန်ရဖို့ သိပ်မစဉ်းစားနဲ့။ ဒါပါပဲ။

          မူးယစ်ဆေးဝါးနဲ့ ဆက်စပ်နေတဲ့ လူ့အခွင့်အရေး “စံ” ကို ထပ်ကြည့်ရအောင်။ စင်ကာပူနိုင်ငံ လေယာဉ်ကွင်းမှာ ဗီယက်နမ်နိုင်ငံသား သြစတေးလျလူမျိုး မူးယစ်ဆေးဝါးတွေနဲ့အတူ လက်ပူးလက်ကြပ်မိတယ်။ စင်ကာပူရဲ့ ဥပဒေအရ သေဒဏ်ပါပဲ။ ဒါကို အနောက်အုပ်စုက (အထူးသဖြင့် သြစတေးလျပါ) ရက်စက်လွန်းတယ်၊ လူ့အခွင့်အရေးကို စောင်းငဲ့ကြည့်သင့်တယ်လို့ ဆိုပါတယ်။

          စင်ကာပူကလည်း အခြားသောပြည်သူတွေရဲ့ လုံခြုံအေးချမ်းရမှု(လူ့အခွင့်အရေးကို) ကာကွယ်တဲ့အနေနဲ့ အလျှော့မပေးခဲ့ပါဘူး။

          လွန်ခဲ့တဲ့ငါးရက်ကပဲ အမေရိကား ကော်လိုရာဒိုက လူရမ်းကားက ရုပ်ရှင်ကြည့်နေသူတွေကို သေနတ်နဲ့ပစ်သတ်ခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး အမေရိကရဲ့ သေနတ်ကိုင်ဆောင်ခွင့်လိုင်စင်ဆီ ပြန်ရောက်သွားကြပြန်တယ်။ အမေရိက ပြည်နယ်တစ်ချို့မှာ သူ့ကိုယ်သူကာကွယ်ဖို့ (ဒါလည်း သူ့အခွင့်အရေး၊ လူ့အခွင့်အရေးပါပဲ) သေနတ်ကိုင်ဆောင်ခွင့် ပြုထားပါတယ်။ ကမ္ဘာ့နိုင်ငံတော်တော်များများအတွက် မျက်လုံးမျက်ဆန်ပြူးလောက်စရာ ဥပဒေပါ။

          ဒါတွေဟာ သေနတ်ကိုင်ဆောင်ခွင့်ကြောင့်လို့ ကမ္ဘာ့နိုင်ငံတော်တော်များများက သဘောပေါက်ထားကြတယ်။ ဒါကို အမေရိကန် သုတေသနပညာရှင်တွေက ငြင်းဆန်တယ်။ အကြမ်းဖက်မယ့်သူက သေနတ်ရှာမရရင် ဗုံးစတဲ့ အခြားသေစေနိုင်တဲ့ ပစ္စည်းတွေကို သုံးမှာပဲတဲ့။ သေနတ်အသစ်ဝယ်ယူလို့ မရဘူးဆိုရင် ခွင့်ပြုပြီးသား သေနတ်အဟောင်း မီလျံ (၂၀) ထဲက တစ်လက်လက်ကို ရအောင်ယူမှာပဲတဲ့။ အမေရိကရဲ့ သေနတ်ကိုင်ခွင့်လိုင်စင်ကြောင့်လို့ဆိုရင် ၁၉၁၁- ခုက ဂျာမဏီမှာ ဖြစ်ပွါးခဲ့တဲ့ Ernst Wagner ရဲ့ သူ့ဇနီးနဲ့ ကလေးလေးယောက်၊ အခြားမြို့သားရှစ်ယောက်ကို သတ်ပစ်ခဲ့တာကို ဘယ်လိုပြောမလဲ။ ၁၉၈၀- ခုက တောင်ကိုးရီးယား ရဲအရာရှိက လူပေါင်း (၇၅) ယောက်ကို သတ်ပစ်တာ၊ မနှစ်က နော်ဝေမှာ ဖြစ်ပွါးခဲ့တဲ့ Anders Breivik ရဲ့ နွေရာသီအပန်းဖြေစခန်းမှာ ဝင်ရောက်ပစ်ခတ်ခဲ့မှုတွေရော ဘာပြောကြမလဲ- တဲ့။ သူတို့ပြောတော့လည်း ဟုတ်တုတ်တုတ်ပဲ မဟုတ်လား။

          အကြမ်းဖက်မှုတွေဟာ ဗွီဒီယိုဂိမ်းတွေကြောင့်ဆိုတဲ့ စွပ်စွဲချက်ကိုလည်း လက်မခံဘူး။ အကြမ်းဖက်သူအများစုဟာ ဗွီဒီယိုဂိမ်းကစားတဲ့အရွယ်ထက် ပိုကြီးတယ်။ နောက်ပြီး ကွန်ပြူတာဖန်သားပြင်က ပစ်ခတ်မှုနဲ့ အပြင်ကအကြမ်းဖက်မှုဟာ ဘာမှဆက်စပ်လို့မရဘူးတဲ့။ ဒါကို FBI တွေကိုယ်တိုင်က ကြေငြာတာပါ။

          ဒါဆိုရင် တိုတိုတုပ်တုပ် လူ့အခွင့်အရေးကို ဘာသာပြန်ဆိုမှုဟာ လူ့အဖွဲ့အစည်းတစ်ခုရဲ့ ယဉ်ကျေးမှုဓလေ့ထုံးစံတွေကို အခြေခံပြီး ကွဲလွဲနေမှာပါပဲ။ လူ့အခွင့်အရေး တန်ဖိုးသတ်မှတ်ချက်တွေလည်း တစ်နိုင်ငံနဲ့ တစ်နိုင်ငံ လုံးဝမတူနိုင်ပါဘူး။

          ကျွန်တော်တို့ ပြည်တွင်းရေးကို ပြန်သွားပါ့မယ်။

          ဥပမာ အတင်းအဓမ္မ အလုပ်ကြမ်းစေခိုင်းမှု။ ဒါဟာ မကောင်းဘူးလို့ ယေဘုယျ “စံ” တွေနဲ့ ပြောလို့ရပါတယ်။

          ရိုဟင်ဂျာကိစ္စမှာ စစ်တပ်နဲ့ဝင်ထိန်းမှု။ ဒီကိစ္စမှာတော့ လူ့အခွင့်အရေးစံတွေဟာ မတူနိုင်တော့ပါဘူး။ တချို့ ဝေဖန်သူတွေက စစ်တပ်နဲ့ဖြေရှင်းမှုဟာ မကောင်းဘူးတဲ့။ ဒါဆို စစ်တပ်မပါရင် ဘယ်လိုလဲ။ ဒီပြဿနာက ဘယ်အထိရောက်သွားနိုင်မလဲ။ ရိုဟင်ဂျာတွေရဲ့ လူ့အခွင့်အရေးကိုကြည့်ရင် ကျန်တဲ့ပြည်သူလူထုရဲ့ အေးချမ်းသာယာရေး၊ လူ့အခွင့်အရေးကိုလည်း ကြည့်ရပါတော့မယ်။ ဒီကိစ္စမျိုးကို အစိုးရက တစ်ဖက်ဖက်ကိုကပ်ပြီး ဖြေရှင်းရတတ်ပါတယ်။ ဒီအတွက် သဘောတူသူ၊ မတူသူတွေကတော့ ရှိနေမှာပဲ။

          ဗုဒ္ဓဘာသာအဆုံးအမအရ-

          “မကောင်းမှု ရှောင်၊ ကောင်းမှု ဆောင်၊ ဖြူအောင် စိတ်ကိုထား” တဲ့။

          ရှင်းပါတယ်။ ဒါဖြင့် မကောင်းမှုဆိုတာ ဘာတွေလဲ။ မြန်မာလူမျိုးတွေ မကောင်းမှုလို့ သတ်မှတ်ထားတာတွေအားလုံး တခြားလူမျိုးတွေက လက်ခံနိုင်ပါ့မလား။ ဒီနေ့ ဖြစ်ပွါးတတ်တဲ့ ဒန်ဂေးရောဂါကို ကြည့်ပါ။ ခြင်တမျိုးကြောင့် ဖြစ်ရတာပါ။ အဲဒီခြင်ကိုသတ်မှုဟာ မကောင်းမှုလား၊ ကောင်းမှုလား။ ဒုတ်ထမ်း၊ ဓါးထမ်းပြီးသာ ငြင်းခုံကြပေတော့။

          ဒီလိုပါပဲ။ “လူ့အခွင့်အရေး” ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ယူနီဗာဆယ်ဆိုင်ရာ တူညီတဲ့တန်ဖိုးတွေ ရှိနိုင်သလို လူတစ်မျိုးနဲ့ တစ်မျိုး၊ အဖွဲ့အစည်း တစ်ခုနဲ့တစ်ခု၊ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မတူကွဲပြားနေတာလည်း အများကြီးရှိနေမှာပါပဲ။ ဒီလိုမှ မရှိဘူးဆိုရင် နိုင်ငံတွေမှာ ကိုယ်ပိုင်အခြေခံဥပဒေဆိုတာ မလိုတော့ပါဘူး။ ကုလသမဂ္ဂ ပဋိဥာဉ်စာတမ်းကိုပဲ ဂလိုဘယ်ဆိုင်ရာ အခြေခံဥပဒေအနေနဲ့ ကျင့်သုံးလိုက်ကြတော့ပေါ့။ မရပါဘူး။ ဘယ်တော့မှလည်း ရမှာလည်းမဟုတ်ပါဘူး။

          အခြားနိုင်ငံ၊ အခြားအဖွဲ့အစည်းတွေက လူ့အခွင့်အရေးပေတံတွေယူလာပြီး ဒီနိုင်ငံ၊ ဒီအဖွဲ့အစည်းရဲ့ လူ့အခွင့်အရေးကို တိုင်းတာနေကြတာဟာ မမှားပေမယ့် စဉ်းစားစရာတော့ ကောင်းနေပါပြီ။ မတူနိုင်ပါဘူး။ အဲသလို တိုင်းတာခြင်းဟာ လက်ရှိလူ့အဖွဲ့အစည်းရဲ့ ယဉ်ကျေးမှုနဲ့ ဓလေ့ထုံးစံတွေကို ခပ်ပါးပါး စော်ကားနေသလိုတောင် ဖြစ်တတ်ပါတယ်။ လူ့အခွင့်အရေး သတ်မှတ်ချက်တွေထဲမှာ ဂလိုဘယ်ကျင့်သုံးလို့ရတာရှိသလို မရတာတွေလည်း ရှိတတ်ကြောင်းတော့ ခပ်ဝါးဝါး သဘောပေါက်မိပါတယ်။

          လူ့အခွင့်အရေး ယေဘုယျ “စံ” ကို ကုလသမဂ္ဂက ချမှတ်တယ်။

          အဲဒီ “စံ” ကို လူထုနဲ့ လိုက်လျောညီထွေရှိအောင် နိုင်ငံအသီးသီးက ဘာသာပြန်ဆိုတယ်။

          မကောင်းမှုကို ရှောင်လို့ ဗုဒ္ဓက မိန့်တယ်။

          ဘယ်ဟာက မကောင်းမှုလည်းဆိုတာကို လူ့အဖွဲ့အစည်းတွေက ဆုံးဖြတ်တယ်။ တူတာ ရှိတယ်။ မတူတာ ရှိတယ်။ ငါးပါးသီလ၊ ဒုစရိုက်(၁၀) ပါးဆိုတာက ဗုဒ္ဓဘာသာတွေ အတွက်ပဲ အလုပ်ဖြစ်တယ်။ ကျန်သူတွေက တစ်ချို့လက်ခံ၊ တစ်ချို့ လက်မခံ။

          ထို့အတူ အနောက်ကလာတဲ့ လူ့အခွင့်အရေးဆိုတာကိုလည်း…………။

 ဇင်ဝေသော်-
(27-Jul-2012)