နိုင်ငံရေး အပြောင်းအလဲမှ (အဆက်)"တစ်ခုခုအတွက် သဘောတူညီမှု လက်မှတ်ရေးထိုးချိန်မှာ ဒါဟာ နောက်ဆုံး ဆုံးဖြတ်ချက်လို့ သူတို့က မခံယူဘူး။ တရုတ်တွေရဲ့ မူဝါဒအရ သဘောတူ ညီမှု လက်မှတ်ထိုးတယ်ဆိုတာ ရေရှည်ဆက်ဆံရေးအတွက် အစပျိုးခြင်း တစ်ခုမျှသာ ဖြစ်နေတယ်" (လီကွမ်းယု)ပါတီတွင်း ဒီမိုကရေစီ (Intra-party democracy) ဆိုတာ အခု ကွန်မြူနစ် ပါတီအစိုးရက မိတ်ဆက်ဖို့ ကြိုးစားနေတဲ့ ပေါ်လစီတစ်ခု ဖြစ်ပါတယ်။ (၁၇) ကြိမ်မြောက် ပါတီရဲ့ ကွန်ဂရက်ဟာ (၁၆) မြောက် ပါတီကွန်ဂရက်ထက် ပိုပြီး ပွင့်လင်းလွတ်လပ် လာပါတယ်။ ပါတီရဲ့ ထိပ်သီးတစ်နေရာအတွက်ေ ရွချယ်စရာ ခေါင်းဆောင်တွေ ပိုများလာနေတာကို တွေ့မြင်ခဲ့ရတယ်။ အရင် တုန်းကဆိုရင် မော်စီတုံးလို၊ တုန့်ရှောင်ဖိန်လို ပုဂ္ဂိုလ်ကြီးတွေက သူတို့ကို ဆက်ခံမယ့် ခေါင်းဆောင်ကို သူတို့ကိုယ်တိုင် ရွေးချယ်ခဲ့ကြတယ်။ ဒါပေမဲ့ ဟူကျင်တောင် လက်ထက်လည်း ရောက်ရော ဒီလို တစ်ယောက်ထဲကို ရွေး ချယ်လိုက်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်တော့ပါဘူး။
ပါတီတွင်း ဒီမိုကရေစီဆိုတာ သူတို့မူဝါဒရဲ့ အခြား အစိတ်အပိုင်းတွေမှာ လည်း ကျင့်သုံးလို့ ရနိုင်ပါတယ်။ ဒီလို ကျင့်သုံးနိုင်ဖို့ နည်းလမ်းတစ်ခု ကတော့ တိုင်း၊ ခရိုင်ဆိုင်ရာ မြူနီစီပါယ် အရာရှိတွေကို မဲစနစ်နဲ့ ရွေးချယ် တဲ့နေရာတွေမှာပါ။ သူတို့ ကွန်မြူနစ်ပါတီက ရွေးချယ်ခဲ့တဲ့ ကိုယ်စားလှယ်ေ တွကြားမှာ ရွေးချယ်လိုက်ခြင်းမျိုးတွေမှာပေါ့။ အရေးကြီးတဲ့ ရာထူး တစ်နေ ရာစာအတွက် ကြိုးစားနေကြတဲ့ ကိုယ်စားလှယ် သုံးလေးယောက်ကို ရွေး ချယ်ပြီး သူတို့ကို လူထုရဲ့ ထောက်ခံမှုကလည်း အရေးကြီးတယ်ဆိုတာ ကြို တင်အသိပေးပြီး ယှည်ပြိုင်ခိုင်းတာမျိုးတွေကနေ စတင် ကျင့်သုံးနိုင်ပါတယ်။
အပြောင်းအလဲတွေဟာ တဖြည်းဖြည်းနဲ့ ပြောင်းလဲလာမယ်ဆိုတာကတော့ အမှန်ပဲပေါ့။ လက်ရှိအစိုးရအနေနဲ့ကလည်း လက်ရှိ သူတို့ ရထားတဲ့ စီမံ ခန့် ခွဲမှုဆိုင်ရာဆိုင်ရာ ထိန်းချုပ်မှုတွေကို အလွယ်တကူ လက်လွတ်ခံမယ်လို့ ကွန်တော် မထင်မိဘူး။ တရုတ်အစိုးရရဲ့ လက်ရှိမူဝါဒအတိုင်းဆိုရင် လာဘ်ပေးလာဘ်ယူမှုတွေ၊ တရားဥပဒေ စိုးမိုးမှု အားနည်းချက်တွေလည်း ဆက်ရှိနေဦးမယ့် သဘောပါပဲ။ ဒီအားနည်းချက်တွေဟာ တော်တော် ထင် သာမြင်သာရှိတဲ့ အားနည်းချက်ကြီးတွေပဲ။
တရုတ်ပြည်မှာ လာဘ်ပေးလာဘ်ယူမှုဆိုတာ ဟိုး ရှေးပဝေသနီကတည်းက ရှိနေခဲ့တာပဲ။ ဒါပေမဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ခဲ့ပြီးတဲ့နောက် အကျင့်ပျက်မှုက ပိုဆိုးလာခဲ့တယ်။ အကြောင်းကတော့ အပြင်က စီးပွားရေး သမားတွေရဲ့ ဝင်ငွေနဲ့ နှိုင်းစာရင် ဝန်ကြီးတွေ၊ အရာရှိတွေရဲ့ လစာ က တော်တော် နည်းနေလို့ပါ။ အစိုးရဝန်ထမ်းတွေက လွဲရင် ကျန်တဲ့လူတွေ က မြန်မြန်ကြီး ချမ်းသာ လာနေကြတယ်။
ဒီနေ့ တရုတ်ပြည်မှာ အကပ်မရှိရင် (gaunxi) ဘာမှ အလုပ်မဖြစ်ဘူး။ အ ထက်လူကြီးနဲ့ ဆက်ဆံရေး ကောင်းမွန်ဖို့ လက်ဆောင်တွေ ဘာတွေ ပေး ကြတယ်။ ဒီနည်းနဲ့ပဲ အလုပ်ဖြစ်အောင် လုပ်နေကြတာပါ။ သူတို့ဘုတ်အဖွဲ့ ထဲမှာဆိုရင် ကိုယ့်ထက် ရာထူးကြီးတဲ့ အရာရှိနဲ့ မိတ်ဆွေဖွဲ့ချင်တဲ့ လူတွေ ချည်းပဲ။ တရုတ်ကွန်မြူနစ်ပါတီကတော့ အကျင့်ပျက် လာဘ်စားမှုကို ပါတီရဲ့ “သေရေးရှင်ရေးကိစ္စ” လို့ အမည်တပ်ပြီး ကိုင်တွယ်ဖို့ ကြိုးစားနေကြတယ်။
သူတို့ ဒီအကျင့်ပျက် ချစားမှုကို ထိန်းချုပ်နိုင်ကြပါ့မလား? အစိုးရထိပ်ပိုင်းမှာတော့ အကျင့်ပျက်မှု ကင်းရှင်းနေအောင် လုပ်ဆောင် လာနိုင်ပါတယ်။ ဒါတောင် ၂၀၁၂ - ခု၊ နိုင်ဝင်ဘာ (၁၁) ရက်နေ့ထုတ် နယူးယောက်တိုင်းမ်မှာတော့ ဝမ်ကျားပေါင် (Wen Jiabao) ရဲ့ ပိုင်ဆိုင်မှုက တင် အမေရိကန်ဒေါ်လာ ၂.၇ ဘီလီယံ ရှိနေတယ်လို့ ခြေရာခံ ဖော်ပြထား တာကို တွေ့ရပါတယ်။ ဒီတော့ အောက်ခြေအဆင့်ထိ ရောက်အောင် အကျင့် ပျက်မှုကို တိုက်ဖျက်နိုင်ဦးမယ်လို့ ကျွန်တော်တော့ မထင်မိပါဘူး။
အကျင့်ပျက်မှုကြောင့် သူတို့ပါတီဟာ ရုပ်ပျက်ဆင်းပျက် ဖြစ်သွားမယ်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အကျိုးရှိရှိ လည်ပတ်နိုင်ဖို့တော့ အဟန့်အတား ဖြစ်နေ ပါလိမ့်မယ်။ အရာရှိကြီးတစ်ယောက်က သူနဲ့ နီးစပ်ရာလူကို နေရာပေး၊ ရာ ထူးတိုးပေးမယ်ဆိုရင် ဒီပါတီရဲ့ စွမ်းဆောင်ရည်လည်း ကျင်းဆင်းသွားမှာပဲ။ ဒါဆို တိုးတက်မှုလည်း နှေးကွေးသွားမှာပါ။
နောက်ပြီး တရုတ်ယဉ်ကျေးမှုထဲမှာ အမြစ်တွယ်နေတဲ့ကိစ္စက တရားဥပဒေနဲ့ အစိုးရ အဖွဲ့အစည်းတွေကို သိပ်ပြီး အလေးမမူတတ်ခြင်းပဲ ဖြစ်ပါတယ်။ စင်္ကာပူမှာဆိုရင် အနောက်နိုင်ငံတွေရဲ့ စနစ်အတိုင်း တရားသူကြီးရဲ့အမိန့်ကို အားလုံး လိုက်နာကြရတယ်။ တရားစီရင်ရေးအဖွဲ့ဟာ ရေးသားထားတဲ့ ဥပဒေရပ်ဆိုင်ရာ စကားလုံးတိုင်းရဲ့ အဓိပ္ပါယ်ကို ဖိအားမရှိ၊ လွတ်လွတ်လပ် လပ် ဆုံးဖြတ်ပိုင်ခွင့် ရှိရတယ်။ ဒီဥပဒေကို လွှတ်တော်က အတည်ပြုရတယ်။ ဟုတ်ပြီ၊ အတည်ပြုလိုက်ပြီးတဲ့ နောက်မှာမှ အငြင်းပွားစရာအချို့ ရှိလာ တယ်ဆိုပါတော့၊ ဒီအခါမှာ လွှတ်တော်ကို တက်ပြီး ဒီစကားလုံးရဲ့ အဓိပ္ပါယ် က ဘာကို ဆိုလိုတာပါလဲလို့ သွားမေးနေစရာ မလိုဘူး။ တရားသူကြီးဆီကိုပဲ သွားပြီး မေးရမယ်။ ဒီတော့ တရားသူကြီးက ခိုင်မာတဲ့ အခြေခံဥပဒေ၊ တည် ဆဲဥပဒေတွေနဲ့အညီ ညှိုနှိုင်းထားတဲ့ ဒီစကားလုံးရဲ့ အဓိပ္ပါယ်က ဒီလို စ သည်ဖြင့် ဖြေရှင်းပေးရတယ်။
ဒီစနစ်ကို တရုတ်ပြည်က လက်ခံကျင့်သုံးမှု မရှိသေးဘူး။ အလားတူပဲ၊ တစ်ခု ခုအတွက် သဘောတူညီမှု လက်မှတ်ရေးထိုးချိန်မှာ ဒါဟာ နောက်ဆုံး ဆုံးဖြတ်ချက်လို့ သူတို့က မခံယူဘူး။ တရုတ်တွေရဲ့ မူဝါဒအရ သဘောတူညီ မှု လက်မှတ်ထိုးတယ်ဆိုတာ ရေရှည်ဆက်ဆံရေးအတွက် အစပျိုးခြင်း တစ် ခုမျှသာ ဖြစ်နေတယ်။ ပြီးတော့မှ မိတ်ဆွေတွေ အချင်းချင်း ဘယ်သူ့ အကျိုး အမြတ်က ဘယ်လောက်၊ ဘယ်သူရဲ့ အကျိုးအမြတ်ကတော့ ဘယ်လို စ သည်ဖြင့် အချိန်နဲ့အညီ ညှိုနှိုင်းဆွေးနွေးပြီး လုပ်ကိုင်သွားတတ်ကြတယ်။
ဒီမူက သူတို့ အဖွဲ့အစည်းတွေရဲ့ အမြင်ကို ထင်ဟပ်ပြနေခြင်း တစ်မျိုးပါ။ တရုတ်ပြည်မှာ လူက မူထက် ကြီးနေတယ်။ လူတစ်ယောက်ဟာ သမ္မတ္မ ဖြစ်ကောင်း ဖြစ်နေမယ်။ ဒါပေမဲ့ စစ်တပ်ရဲ့ ထောက်ခံမှု မရဘူးဆိုရင် ဒီသမ္မတဟာ အမည်ခံ သမ္မတ တစ်ယောက်ပဲ ဖြစ်နေလိမ့်မယ်။ စင်္ကာပူ၊ ဗြိတိန်၊ ဥရောပနဲ့ အမေရိကတို့ကို ကြည့်ပါ။ ခင်ဗျားက သမ္မတ (သို့မဟုတ်) ဝန်ကြီးချုပ်ဆိုရင် စစ်တပ်အကြီးအကဲဟာ ခင်ဗျားရဲ့ အမိန့်ကို နာခံရပါတယ်။ အကြောင်းကတော့ အင်စတီကျူးရှင်းက လူထက် ကြီးနေလို့ပါ။ အမေရိကကို အသာထားပါဦး။ တရုတ်ဟာ တရားဥပဒေ စိုးမိုးရေး၊ အစိုးရ အင်စတီကျူးရှင်းဆိုင်ရာ ကိစ္စတွေမှာ စင်္ကာပူရဲ့ ခြေရာကိုတောင် မှီအောင် လိုက်နိုင်ပါ့မလား။
လုံးဝ မလွယ်ပါဘူး။ အစိုးရပိုင်းရော လူထုပိုင်းပါ အခြေခံ စိတ်ဓာတ်ပိုင်းဆိုင် ရာ ပြောင်းလဲမှုတွေ လိုအပ်ပါတယ်။ ဒီလို သဘောထားတွေဟာ တရုတ် ယဉ်ကျေးမှုနဲ့ သမိုင်းမှာ ရှိကို မရှိခဲ့ဖူးပါဘူး။ ဒီလို မူဝါဒတွေ ဘယ်က ဘယ် လို ပေါ်ထွက်လာမှာလဲလို့တောင် မေးမယ်ဆို မေးလို့ ရပါတယ်။
ကျွန်တော် ရှုမြင်မိတာကတော့ ဒီမူအစား သူတို့ဟာ သူတို့ကိုယ်ပိုင်ဟန်နဲ့ပဲ ခရီးဆက်ကြလိမ့်မယ်။ တရားဥပဒေ စိုးမိုးမှု၊ အစိုးရနဲ့ ဆိုင်တဲ့ အခြေခံဥပဒေ စတာတွေကို ဘေးဖယ်ထားပြီး အခြား ဖြစ်နိုင်တဲ့ အဖြေကို ကြိုးစား ရှာဖွေ ကြည့်ကြပါလိမ့်မယ်။ ဒီလို ကန့်သတ်ချက်တွေ ရှိနေတာကြောင့် တရုတ်ပြည်ဟာ ဘယ်တော့မှ စီးပွားရေးအရ အကျိုးအမြတ် ရာနှုန်းပြည့် ရနိုင်မယ့် လည်ပတ်မှုမျိုးကို လည်ပတ်နေနိုင်မယ် မဟုတ်ပါဘူး။
တရုတ်ပြည်ဟာ သူ့ရဲ့ အခြေခံဥပဒေနဲ့ မူဝါဒကို တဖြည်းဖြည်းနဲ့တော့ ပြု ပင်ပြောင်းလဲလာရမှာပါ။ ဘယ်လို ပြုပြင်ပြောင်းလဲမှုတွေပဲဖြစ်ဖြစ် လုံးဝ မပြောင်းလဲမယ့် မူဝါဒကတော့ ဗဟိုအားပြုဝါဒပါပဲ။
(ဆက်ရန်)
လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင် (လီကွမ်ယု)
တရုတ်ပြည်၊ ဗဟိုအားပြုမူဝါဒ (၂)