By amanda ripley
ကျွန်မကိုယ်တိုင်ကလည်း သူပြောခဲ့တဲ့စကားတွေကို ပြန်လည်စဉ်းစားရင်း ပီစာစာမေးပွဲ ဟာ အခြား ဘယ်စာမေးပွဲနဲ့မှမတူဘူးဆိုရင် ဒါကို လက်တွေ့ ကျကျသိရဖို့ ကျွန်မအဖို့လည်းတစ်ခုတည်းသောနည်းလမ်းပဲ ရှိနေပါတော့ တယ်။
ကျွန်မရဲ့ပီစာရမှတ်
စာမေးပွဲဖြေရမဲ့နေရာကို အချိန်စောစော ကျွန်မရောက်သွားခဲ့တယ်။ ကျွန်မအရွယ်နဲ့ ဒီလို ပုံစံတကျ စာမေးပွဲကိုဖြေဆိုဖို့ စိတ်လှုပ်ရှားနေတာ သ မိုင်းမှာ ကျွန်မဟာ ပထမဆုံးပုဂ္ဂိုလ်လည်း ဖြစ်နိုင်ပါတယ်။ အမေရိကန် နိုင် ငံရဲ့ ပီစာစာမေးပွဲနဲ့ ပတ်သက်တဲ့သုတေသနပညာရှင်တွေရဲ့ရုံးဟာ အိမ်ဖြူေ တ်ာအနီး ၀ါရှင် တန်မြို့လယ်က ကေလမ်းမမှာ(K-street)မှာတည်ရှိပါတယ်။
စက်လှေကားထဲဝင်လိုက်မိတယ်ဆိုရင်ပဲ ငါနဲ့စာမေးပွဲဝေးနေတာ (၁၅)နှစ်ေ တာင်ကျော်နေပါပေါ့လားလို့လည်း တွေးနေမိတယ်။ သူတို့ ပီစာဆိုတာက ဘယ်လိုမေးခွန်းမျိုးတွေမေးမှာပါလိမ့်။ ဘယ်လိုပဲ တွေးတွေး အဖြေတော့ မရ ခဲ့ပါဘူး။ ဒါနဲ့ဆင်းရမဲ့အထပ်ကိုရောက်လာပြီး စက်လှေကားတံခါးလည်း ပွင့် သွားတော့တယ်။
အပြင်ရောက်တယ်ဆိုရင်ပဲ မိန်းကလေးတစ်ယောက် ကျွန်မ စာမေးပွဲဖြေဆို ရမယ့် အခန်းကိုလိုက်ပြတယ်။ ခဲတံ၊ ဂဏန်းပေါင်းစက်၊အဖြေစာရွက်တွေ ကျွန်မစားပွဲပေါ်ကိုတင်ပေး ပြီး သူမကစာမေးပွဲရည်ရွယ် ချက်နဲ့ စည်းကမ်းေ တွကို ခပ်ကျယ်ကျယ်ဖတ်ပြတယ်။
“ဒီစာမေးပွဲရဲ့ရည်ရွယ်ချက်ဟာ သင်ဘာတွေ လေ့လာခဲ့သလဲဆိုတာနဲ့ သင် တက်ခဲ့တဲ့ကျောင်းဟာ ဘယ်လို ကျောင်းလဲဆိုတာကို အဖြေရှာကြည့်ဖို့ပါ” တဲ့။
နှစ်နာရီအတွင်းမှာ သင်္ချာ၊စာဖတ်အရည်အသွေးနဲ့ သိပ္ပံဆိုင်ရာမေးခွန်း(၆၁) ပုဒ်ဖြေဆိုခဲ့ရပါတယ်။
တချို့ မေးခွန်းဟောင်းတွေဟာ နောက်နောင်စာမေးပွဲတွေမှာ ထပ်ပါလာနိုင် တဲ့အတွက် ကျွန်မဖြေခဲ့ရတဲ့ မေးခွန်းတွေကို ဘယ်သူ့ကိုမှပြောမပြ (ချမရေး မိဖို့) ကတိတောင်းခဲ့ကြပါတယ်။ ဒါပေမဲ့ပီစာ စာမေးပွဲမှာ မေးခဲ့ တဲ့မေး ခွန်းတွေနဲ့ ဆင်တူမေးခွန်းမျိုး ကို ပြန်ရေးပြခွင့်တော့ ကျွန်မမှာရှိပါတယ်။
ဒီလိုမေးခွန်းမျိုးပေါ့။
တီဗွီသတင်းထောက်တစ်ယောက်က ဂရပ်(ဖ်)တစ်ခုကိုပြသထားတယ်။ ဒီဂရပ်(ဖ်)အရ ၁၉၉၈နဲ့ ၁၉၉၉ခု အတွင်းမှာ ဓားပြတိုက်မှုအကြိမ်ရေ အများ ကြီးတိုးလာနေတယ်။ ဒီဂရပ်(ဖ်)ကိုအခြေခံပြီး ကောက်ချက် ဆွဲထားတဲ့ သတင်းထောက်ရဲ့အဆိုဟာ အဓိပ္ပာယ်ရှိတယ်လို့ သင် ထင်ပါသလား။ သင်သဘောထားကို ခိုင်မာလာစေဖို့ ဖြေရှင်းချက်တစ်ခုပေးပါ။
ကျွန်မအတွက်တော့ သိပ္ပံမေးခွန်းတွေဟာ အခက်အခဲဆုံးပါ။ တချို့ဆို အဖြေ တစ်ခုမကပေးခဲ့ရတယ်။ မေးခွန်းတိုင်းဟာနေ့စဉ်ဘ၀ထဲက သိပ္ပံတွေချည်းပဲ။ လေ့ကျင့်ခန်းလုပ်နေတဲ့အခါ ကြွက်သားတွေဘယ်လို အလုပ်လုပ်နေသလဲ။ဘယ်အစားအစာမှာ ဗီတာမင် စီ ပိုများသလဲ ဆိုတာ မျိုးတွေပါ။
မိနစ်(၂၀)လောက်စောပြီးဖြေဆိုလို့ပြီးဆုံးခဲ့ပါတယ်။
ကျွန်မကကျောင်းသားမဟုတ်တော့ ကျွန်မရဲ့ရမှတ် ကလည်း ကျွန်မ အပေါ် မှာမူတည်ပြီး ထွက်လာတာပေါ့။ စာမေးပွဲရလာဒ်ထွက်လာဖို့ တစ်နာရီေ လာက် စောင့်ရပါတယ်။ သူတို့ပေးထားတဲ့အဖြေမှန်နဲ့ဘယ်လောက် နီးစပ်အောင်ဖြေဆိုနိုင်သလဲဆိုတာအပေါ်မူတည် ပြီး ရမှတ်က သုည လည်းဖြစ်၊ အမှတ်ပြည့်လည်းဖြစ် ခရက်ဒစ်တချို့လည်း ရနိုင်ပါတယ်။ အဆင့်မီတဲ့ စာမေးပွဲရမှတ်တိုင်းလိုလိုကို လူကပဲဆုံးဖြတ်တာပါ။ ဒါကြောင့် လည်း ဒီ စာမေးပွဲတွေက ဈေးလည်းကြီး၊ ရှားလည်းရှားပါးဖြစ်နေရတာပါ။
ဓါးပြတိုက်မှုနဲ့ပတ်သက်တဲ့ မေးခွန်းမှာဆိုရင် ပေးထားတဲ့ဖြစ်နိုင်ခြေ ဆယ်ခု ထဲက တစ်ခုခုကို ဖြေလိုက် ရင် သူတို့က အမှတ်ပြည့်ပေးထားပါတယ်။ ပေး ထားတဲ့ ဂရပ်(ဖ်)နဲ့ဆက်စပ်မှုရှိတယ်ဆိုရင် ဒီမေးခွန်းရဲ့ အဖြေရမှတ်ဟာ သုညဆိုတာ မရှိပါဘူး။
ဒီမေးခွန်းလို ပုံစံတူမေးခွန်းတိုင်းဟာ ကျွန်မရဲ့အမြင်ကို မေးထားတာတွေ ပဲဖြစ်ပါတယ်။ မေးခွန်းရဲ့အောက်မှာတော့ ကျွန်မရဲ့အမြင်ကိုချရေးဖို့ ကွက် လပ်ချန်ပေးထားခဲ့တယ် ကျွန်မအတွက်တော့ တော်တော်ထူးဆန်းနေတာပါပဲ။ ဘယ်စာမေးပွဲက သူတို့လို တစ်ဦးချင်းစီရဲ့အမြင်ကို အဖြေမှန်အဖြစ်ပေးခဲ့ဖူးလို့လဲ။
အခြားမေးခွန်းတွေကတော့ အရွယ်ရောက်ပြီးကျွန်မတို့ဘ၀ထဲက ပြဿနာ အချို့ကို မေးထားသလို မေးထားတာပါ။ ကြော်ငြာတွေကိုဖတ်ရင်း ဘယ် ကျန်းမာရေး စောင့်ရှောက်မှု အစီအမံကို ရွေးချယ်မလဲ၊ ကျွန်မတို့ဘဏ်ငွေစာရင်းတွေကို စစ်ဆေးပေးဖို့ ဘယ်ဘဏ်က ဘယ်လို အခကြေးငွေယူတယ် စတာမျိုးတွေကို ရွေးချယ်ရတာမျိုးပါ၊ ကျွန်မ အထင်တော့ ဒီမေးခွန်းတွေဟာ ကျောင်းနဲ့သက်ဆိုင်တဲ့မေးခွန်းတွေ ဆိုတာ ထက် ဘ၀နဲ့ပိုဆိုင်တဲ့မေးခွန်းတွေ ဖြစ်နေပါတယ်။
မြတ်စွာဘုရား။ သင်္ချာနဲ့ပတ်သက်လို့လည်း ဖော်မြူလာတွေ အကုန်ပေးထား တယ်၊ ပီရဲ့တန်ဖိုးကို (the value of pi) တောင်ပေးထားပါသေးတယ်။ ဒါပေမဲ့ အဖြေမှန်ရဖို့တော့ တကယ်စဉ်းစားပြီးဖြေမှရမယ်လို့ သတိထား လိုက်မိပါတယ်။ သင်္ချာမေးခွန်းတွေကိုဖြေတော့ ကျမဖြင့် အကြိမ်ကြိမ်ပြန် စစ်ဆေး အကြိမ်ကြိမ်ပြန်ဖျက်ပြီး ပြင်ခဲ့ရတာတွေတောင်ရှိပါတယ်။
စာဖတ်ခြင်းအရည်အသွေးနဲ့ ပတ်သက်လို့ကတော့ကုမ္ပဏီတွေရဲ့ ကြော်ငြာ ဘုတ်တွေပေါ်မှာ တွေ့ရတတ်တဲ့လက်ကမ်းစာစောင်မျိုးကို ဥပမာပေး မေး ထားပါတယ်။
အဲ့ဒီလက်ကမ်းစာစောင်ကို ဖီယိုနာ ဆိုတဲ့အလုပ်သမလေးက တည်ထွင် ထားတာလို့ဆိုပါတယ်။ ဒီလက်ကမ်းစာစောင်လေးကလည်း ကျွန်မတို့ လူ သားအရင်းမြစ်ဌာန(HR) ကထုတ်ဝေတတ်တဲ့ လက်ကမ်းစာစောင်နဲ့ ဘာမှ မထူးခြားပါဘူး။ စာမေးပွဲမှာ ဖီယိုနာရဲ့ လုပ်ဆောင်ချက်နဲ့ပတ်သက်လို့ ဒီလိုမေးထားတယ်။
“ ဖီယိုနာဟာ သူမရဲ့လက်ကမ်းစာစောင်ကို ဖတ်ရှု့လို့လည်းလွယ်ကူ ဖတ် သူကို အားပေးရာလည်းရောက်မယ့် စာစောင်မျိုးလေးဖြစ်စေချင်တယ် သူမအထင်အတိုင်း အလုပ်ဖြစ်မယ်လို့ထင်ပါသလား၊ အသေးစိတ်ရှင်းပြချက်၊ စာရေးနည်းဟန်၊ ဓာတ်ပုံ၊ ဂရပ်ဖစ် စတာတွေကို အသုံးပြုပြီး သင့်အမြင်ကို ရှင်းလင်းပြပါ “ ။
(ဒီမေးခွန်းရဲ့ အဖြေမှန်ကို ဖင်လန်၊ တောင်ကိုရီးယားနဲ့ အမေရိကား ကကျောင်းသားတွေရဲ့ သုံးပုံတစ်ပုံကပဲ မှန်အောင်ဖြေဆိုနိုင်ခဲ့ပါတယ်)
ဆက်ရန်
ဇင်ဝေသော်