မနက်ဖြန် အဘိဓမ္မာစာမေးပွဲ

ကမ်းလက်

 စင်္ကာပူမှာလည်း ဒုတိယအကြိမ်မြောက် (မင်္ဂ လဝိဟာရကျောင်းမှာ) ဖြေကြတော့မည်။ မအားမလပ်သည့်ကြားက တစ် ရာကျော် ဖြေကြမည်ဆိုတော့ သာဓုပေပေါ့။ 
သို့ဖြင် "မတည်"တတ်သည့်အလျောက် ခပ်နောက်နောက် ပို့စ်ကို ဖြည့်စွက် ပြီး ပြန်တင်လိုက်ရတော့သည်။

ဒါက ဘာ“ဇ” ပါလိမ့်

တစ်ခါက အဘိဓမ္မာဆရာတစ်ယောက်ဟာ ရွာထဲကလူတွေကို “အသံ” နဲ့ ပတ်သက်လို့ ရှင်းပြနေသတဲ့။

“မိုးခြိမ်းသံ၊ တော်လဲသံ၊ သစ်ကိုင်းကျိုးသံ၊ ရေစီးသံ စတဲ့အသံတွေက ဥတုကြောင့် သက်သက်ဖြစ်တဲ့ အသံတွေမို့ “ဥတုဇ” အသံလို့ ခေါ်ပါတယ်။ စကားပြောသံ၊ ငှက်မြည်သံ၊ တောက်ခေါက်သံ၊ လေချွန်သံ၊ ငြီးတွားသံ စတဲ့ အသံတွေကတော့ စိတ်၊ ဥတုဆိုတဲ့ အကြောင်းနှစ်ပါးကြောင့် ဖြစ်လာတာမို့ “စိတ္တဇ၊ ဥတုဇ” အသံလို့ ခေါ်ပါတယ်”

ရွာသားတွေကလည်း တယ်ဟုတ်ပါလားပေါ့လေ။ လသာသာအောက်မှာ စိတ်ဝင်တစား နားထောင်နေကြတုန်းမှာပဲ-
“ ဘူ” 
ဆိုတဲ့ အသံကြီးတစ်သံ လူတွေကြားထဲက ထွက်လာသတဲ့။
ဒါကို သိပ်ပြီးစိတ်မနှံ့ရှာတဲ့ လူတစ်ယောက်က-
“ဆရာကြီးခင်ဗျား၊ အခုနက မြည်သွားတဲ့ “ဘူ” ဆိုတဲ့ အသံကြီးကရော ဘာ့ကြောင့်ဖြစ်တဲ့အသံလို့ ထင်ပါသလဲခင်ဗျာ” လို့ မေးသတဲ့။

အဘိဓမ္မာဆရာကြီးလည်း နည်းနည်းတော့ အောင့်သွားတာပေါ့။ ဒါပေမယ့် ဆရာကြီး ဆိုတော့ ဖြေရတော့ မှာပေါ့။
“သူ့ဘာသာ ရိုးရိုးလေလည်တာဆိုရင် ဥတုဇ၊ ဥတုကြောင့်။ မင်းစိတ်ပုပ်လို့ ညှစ်ပေါက်လိုက်တာဆိုရင် စိတ်၊ ဥတုကြောင့် ဖြစ်တာမို့ စိတ္တဇ၊ ဥတုဇရုပ်” တဲ့။
အဖြေကြားတော့ အရူးက 
“ဆရာကြီး အဖြေတွေက ရှုပ်လိုက်တာဗျာ။ တကယ်တော့ ဒီအသံက ဘာကြောင့်မှ မဟုတ်ဘူး။ ပဲကြီးလှော်နဲ့ ဆူးပုပ်ရွက်ကြောင့် ဖြစ် တာ။ ခေါ်ခြင်းခေါ် ပဲကြီးလှော် ဇ၊ ဆူးပုပ်ရွက် ဇရုပ်(အသံ) လို့ ခေါ်ရမှာ ပါဗျာ။ လွယ်နေတာကို ရှုပ်အောင်လုပ်ကြတယ်ဆိုပြီး ထွက်သွားလေတော့ သတဲ့။
ဟဲ…ဟဲ၊ ပဲကြီးလှော် ဇ၊ ဆူးပုတ်ရွက် ဇ တဲ့၊ ဟုတ်တော့ ဟုတ်သား။
**************************************************
မေး၊ ဖြေ ပုံစံ

မေး။ ။ဆီးမ်ဂိမ်း၌ ရွှေတံဆိပ်ဆု ရသွားသော မြန်မာ့ အားကစားအသင်းကို လက်ခုပ်လက်ဝါးတီးပြီး အားပေးနေသည့် မြန်မာတစ်ယောက်မှာ ဖြစ်နိုင်ေ သာ စိတ်ကို ဖော်ပြပါ။
ဖြေ။ ။ မြန်မာတစ်ယောက်၏ သဏ္ဍာန်၌ ဖြစ်နိုင်သောစိတ်ကား 
သောမနဿ သဟဂုတ်၊ 
မျိုးချစ်စိတ် သမ္ပယုတ်၊ 
အသင်္ခါရိကစိတ် ဖြစ်ပါသည်။

သီဟနာဒ

သူတို့ ဘာပြောသလဲ???


1)...both showcased the nation's rich 900-year old heritage and transformation from reclusive state to an emerging nation.
ဒီအတွက်တော့.... သိရင် ပြီးတာပဲလို့ ပြောချင်တယ်။



2) But the loudest cheers were saved for Myanmar archer Maung Wai Lin Tun, who a flaming arrow, lit the Games cauldron and shot his country into new and exciting chapter.
ဒီကောင်လေးက တကယ် ပစ်သွားတာလား။ တိတိကျကျသိရင် ပြောကြပါ အုံး။ ဘရာဗို if he really did.

3) It was no surprise then, that China Vice-Premier Liu Yangdong, who is in Naypyidaw.
အင်း ဘာတွေ ပြန်ပေးရမလဲ မသိဘူး။ ရွာက အလှူလိုဖြစ်မှာ စိုးရတယ်။ အလှူကတော့ စီပါရဲ့ ပွဲပြီးတော့ မြေ တစ်ဧကနဲ့ နွားကြီးရောင်းလိုက်ရရော။

**************************************************
ကိုယ် ဘာပြောချင်သလဲ???

၁။ အစီအစဉ် ကြေညာသူတွေရဲ့ အင်္ဂလိပ်။ သူတို့က ပရော်ဖက်ရှင်နယ်တွေ၊ ခဏခဏပြောရတဲ့ ဂိမ်းစ်ကို (Games) ပါးစပ်မပိတ်ဘဲ အသံထွက်သွား တာတွေရှိတယ်။ အရုပ်ဆိုးတယ်။ ကျန်တာတော့ အမေရိကန် အက်ဆင့်ဝဲဝဲ နဲ့ မဆိုးလှပါဘူး။

၂။ ဖြော်ဖြေမှုမှာ မြန်မာလိုတွေချည်းပဲ (နောက်ဆုံးပိတ်က လွဲရင်) ဆိုတော့ နိုင်ငံခြား ဧည့်သည်တော်တွေကို အားနာမိတယ်။ ဒါပေမဲ့ အင်္ဂလိပ် စကားပြောနိုင်ငံမဟုတ်ရင်တော့ ဒီလိုပဲ များပါလိမ့်မယ်။

၃။ ဗုံးမလန့်ဘူး။ မီးမပျက်ဘူး။ သမ္မတကြီးနဲ့ ဇနီးက ပွဲမပြီးခင် ပြန်သွားတယ်။ သူ့ဇနီးကို "မင်း ကြည်ချင် ကြည့်နေရစ်ခဲ့လေ" လို့ မပြောဘူး။ မိုက်တယ်။ အထာလေးနဲ့။

၎။ ဇော်ဝင်းထွဋ်ဆိုတဲ့ သီချင်းက ကိုယ်ပိုင်သံစဉ်လား၊ ထင်တော့ထင်တယ်။ ကိုယ်ပိုင်သံစဉ် တစ်ခွေထွက်တယ်၊ မဟာ မှတ်တယ်။ (တကယ်သေသေချာချာ မသိလို့၊ သိသူက လုပ်ကြပါအုံး) ဘရာဗို if it is.

၅။ ပုဂံပြကွက်ဟာ အား အပါဆုံးပဲ။ ဇင်ယော်မောင်မောင်တို့ ပါဆိုပဲ။ ပုဂံ ဆက်တင်တော့ ဇင်ယော်မောင်မောင်က ငယ်နိုင်။

ခြုံကြည့်ရင် ကောင်းတယ်။ အောင်မြင်တယ်ပေါ့။


On Strait Time >> web  , pdf











*ပုဂံက ဖုန်တွေဟာ နှင်းဆီလိုမွှေးတယ်*


တို့ မြန်မာတွေအတွက်
ပုဂံက ဖုန်တွေဟာ နှင်းဆီလိုမွှေးတယ်။

အနိရုဒ္ဓ
အနုရုဒ္ဓ
ကြိုက်သလိုခေါ်ကြ
အနော်ရထာကို တို့ ဦးညွတ်ကြတယ်။


နိုင်ငံသစ်တစ်ခု မွေးဖွားဖို့
ဗလိနတ်စာ လက်သည်ကို အားကိုးလို့ ရမတဲ့လား

ပုဂံမှာ..
အနော်ရထာမှာ...
လူသားအရင်းအမြစ်
သဘာဝအရင်းအမြစ်တွေ ရှိတယ်။

ကျန်စစ်က ကာကွယ်ရေး
ငထွေရူး
ညောင်းဦးဖီး
ငလုံးလက်ဖယ်တို့ က HR အရာရှိ ကြီးတွေ။

သူ့မှာ...
ပုဂံမှာ...
အနော်ရထာမှာ...
လွင်ပြင်ကျယ်တွေရှိတယ်
ရေဆိုတာ မြင့်ရာက နိမ့်ရာကိုပဲ စီးတယ်

သူ့မှာ....
ပုဂံမှာ....
အနော်ရထာမှာ....
မြစ်ကြီးတွေရှိတယ်
မြစ်ထဲမှာ ရေတွေရှိတယ်
မဟုတ်ဘူး မှားလို့
အနော်ရထာက
"မြစ်ထဲမှာ ဆန်စပါးတွေ ရှိတယ်" တဲ့။

"ယေ ဓမ္မာ ဟေတုပ္ပဘာဝါ"
အကြောင်းတရားတွေ ဖြည့်
မပြည့်သေးရင် ထပ်ဖြည့်
ဆုမတောင်းနဲ့ အကျိုးတရားက
သူ့ အလိုလိုလာတယ်
ကြိုလို့သာ ပန်ဆင် စားသုံးတော့။


တို့ မြန်မာတွေအတွက်
ပုဂံက ဖုန်တွေဟာ နှင်းဆီလိုမွှေး.....ဆဲ။

ရတနာမြေပုံ (၄) - ကမ္ဘာ့အတော်ဆုံး ကလေးများ


By amanda ripley

"စီးပွားရေးပညာရှင်တွေ လေ့လာသုံးသပ်လို့ရတာက အခုကလေးတွေရဲ့ ပီစာ စာမေးပွဲရမှတ်တွေကို အခြေခံပြီး နိုင်ငံတွေရဲ့အနာဂတ် ၀င်ငွေကို တွက်ချက်လို့ရနေပြီဆိုတာပါ။ တကယ်လို့ အမေရိကရဲ့ ကလေးတွေသာ ဖင်လန်က ကလေးတွေလို ပီစာရမှတ်တွေ ရှိနေမယ်ဆိုရင် အမေရိကရဲ့ တစ်နှစ် ၀င်ငွေဟာ တစ် ထရီလီယံကနေ နှစ် ထရီလီယံအထိ တိုးတတ်လာနိုင်စရာရှိပါတယ်"

(အရင်ပို့စ်မှ အဆက်)
(ဒီမေးခွန်းရဲ့ အဖြေမှန်ကို ဖင်လန်၊ တောင်ကိုရီးယားနဲ့ အမေရိကား ကေ ကျာင်းသားတွေရဲ့ သုံးပုံတစ်ပုံကပဲ မှန်အောင်ဖြေဆိုနိုင်ခဲ့ပါတယ်)

လက်ကမ်းစာစောင်နဲ့ပတ်သက်လို့တော့ အဖြေမှန်ရယ်လို့မရှိပါဘူး။ ကိုယ့် အမြင်ကို ကျကျနန ဖွင့်ဆိုရှင်းပြပေးနိုင်ရင် အမှတ်ပြည့်ရတာပါပဲ။ ဒါပေ မဲ့ ရှေ့မှာသုံးခဲ့ပြီးတဲ့ စကားလုံးတွေကို ထပ်တလဲသုံးပြီး ဖြေရုံနဲ့တော့ အမှတ်မရနိုင်ပါဘူး ဥပမာ မေးခွန်းထဲမှာပါပြီးသားဖြစ်တဲ့ “ friendly “ လို “ encouraging “ လိုစကားလုံးတွေပေါ့။ အလားတူပါပဲ “ Interesting “ တို့ “ easy to read “ တို့ “ clear “ တို့ဟာလည်း သိပ်မစွံလှပါဘူးလို့ သတ်မှတ် ထားပါတယ်။ ကိုယ်သုံးစွဲမယ့် စကားလုံးဟာ ကိုယ့်မူပိုင်ဖြစ်နေရမယ်။ သူတို့ (စာစစ်သူတွေ) မျှော်လင့်ချက်က တော်တော်ကြီးမြင့်နေပါတယ်။ တစ်ကမ္ဘာလုံးကကျောင်းသားတွေထဲ ဆယ်ရောက်မှာ လေးယောက်ပဲ ဒီမေး ခွန်းရဲ့အဖြေမှန်ကို ရခဲ့ကြပါတယ်။

မေးခွန်းပုံစံတွေကိုကြည့်ရင် တစ်နိုင်ငံနဲ့တစ်နိုင်ငံ မတူဘူးဆိုတာ တွေ့ရ ပါတယ်။ ဥပမာ မက္ကဆီကိုက ကျောင်းသားတွေကို အီရီရေကန် ( Lake Erie ) ရဲ့ ဒိုင်ယာမီတာကို တိုင်းထွာပြဖို့ မမေးပါဘူး။ ဒီလိုအသေးစိတ်တွက်ချက်မှုတွေဟာလည်း ပီစာ စာမေးပွဲမှာ အရေးမပါလှ ပါဘူး ပီစာ စာမေးပွဲဆိုတာကကို အချက်အလက်တွေကို သိပ်ပြီးအလေး ထားနေတာမျိုးမဟုတ်ဘဲ အရေးပါတဲ့ အချက်တွေကို အခြေခံပြီး တစ်ခုခု ဖန်တီးပေးနိုင်တဲ့ စွမ်းရည်ကိုပဲ အဓိကထားပြီး စစ်ဆေးတာပါ။
နောက်ဆုံးတော့ ကျွန်မရဲ့စာမေးပွဲရလာဒ်ကို စာမေးပွဲကြီးကြပ်ပေးသူကိုပဲ ကျွန်မဖတ်ပြလိုက်တယ်၊ သူကလွဲလို့လည်း ဘယ်သူမှအနားမှာ မရှိဘူးလေ။ သိပ္ပံနဲ့ပတ်သက်တဲ့အဖြေတစ်ခုပဲ ကျွန်မလွဲသွားတယ်၊ Good Job လို့သူမက အားရ၀မ်းသာပြောပါတယ်။ ကျွန်မအသက်ဟာ ပီစာ စာမေးပွဲဝင်ရောက်ဖြေ ဆိုကြတဲ့ ကလေးတွေထက် (၂၄) နှစ်ပိုကြီးတယ်ဆိုတာကိုတော့ ကျွန်မ တို့နှစ်ယောက်စလုံး သိကြတာပေါ့။

အဲ့ဒီအဆောက်အဦးထဲကနေ ထွက်လာခဲ့တဲ့နောက်မှာတော့ ကျွန်မစိတ် ထဲ လေးလံလို့နေတယ်။ ကျွန်မရမှတ်ဟာ ကျွန်မနိုင်ငံက ကလေးတွေကို ဘာမှလုပ်မပေးနိုင်ဘူးဆိုတာ ကျွန်မသဘောပေါက်လိုက်မိတယ်။ ဒီစာမေး ပွဲက လွယ်တာလည်းမဟုတ် ခက်တာလည်းမဟုတ်ဘူး။ ကျွန်မ မှန်အောင်ဖြေနိုင်ခဲ့တဲ့ မေးခွန်းတစ်ခုဆိုရင် ကျွန်မတို့နိုင်ငံက (၁၅) နှစ် သားကျောင်းသား (၁၈) ရာခိုင်နှုံးပဲ အဖြေမှန်ရခဲ့ကြတယ် အခြားမေးခွန်းတွေလည်း အဲ့သလိုပါပဲ။ ကျွန်မ ဖြေနိုင်ခဲ့တဲ့ မေးခွန်းတချို့ရဲ့ အဖြေကို ဖင်လန်နဲ့တောင်ကိုရီးယား ကျောင်းသားတွေအများစုက မှန်ေ အာင်ဖြေနိုင်ခဲ့ကြတယ်။ ကျွန်မတို့ အမေရိကန်ကျောင်းသား အများစုကေ တာ့ အဖြေမှန်နဲ့ ဝေးနေကြရှာတယ်။
ပီစာ စာမေးပွဲမှာ လိုအပ်တဲ့အရည်အချင်းက ပြဿနာရဲ့အဖြေကိုရှာဖွေခြင်း နဲ့ လူအချင်းချင်း ဆက်ဆံရေး အတတ်ပညာပါ၊ တနည်းအားဖြင့်ပြောရရင် သတင်းအချက်အလက်တွေနဲ့ အသက်ရှုကြပ်ပြီး စီးပွားရေးအပြောင်း အ လဲတွေ ရုတ်တရက် ကြုံတွေ့ရနိုင်တဲ့ ဒီခေတ်သစ်ကမ္ဘာကြီးထဲမှာ ကျွန်မတို့ မိသားစုကို ဘယ်လိုကာကွယ်စောင့်ရှောက်ကြမလဲဆိုတဲ့ အခြေခံအရည် အချင်းတွေပါပဲ။

ဒီလိုမေးခွန်းတွေကို ကောင်းကောင်းမဖြေဆိုနိုင်တဲ့ နိုင်ငံတစ်နိုင်ငံရဲ့ အဓိပ္ပါယ်ဟာ ဘာလဲ။ ကျွန်မတို့ ကျောင်းသားတိုင်း ဆရာဝန်တွေ၊ ရှေ့နေေ တွ ဖြစ်နေစရာမလိုပါဘူး။ ဒါပေမဲ့ သူတို့အားလုံး ဘယ်လိုစဉ်းစား တွေးခေါ် ရမယ် ဆိုတာတော့ သိဖို့မလိုအပ်ပေဘူးလား။
ပီစာ စာမေးပွဲဟာ အရည်အချင်းအားလုံးကို တိုင်းတာပြနိုင်တယ်လို့တော့ ကျွန်မ မယုံကြည်ပါဘူး။ ဒါပေမဲ့ ဒီစာမေးပွဲဟာ ကလေးတစ်ယောက်ရဲ့ စဉ်း စာတွေးခေါ်နိုင်မှုကိုတော့ တိုင်းတာပြနိုင်တယ်။ အမေရိကန် ပါမောက္ခများ အဖွဲ့ချုပ်ကတော့ “ အမေရိကရဲ့ ပညာရေးဟာ လွတ်လပ်တဲ့ လူ့အဖွဲ့ အ စည်းမှာ တည်ထွင်ဆန်းသစ်တဲ့ လူငယ်တွေ မွေးဖွားပေးနိုင်ဖို့ စီစဉ် ဖန်တီး ထားတဲ့ ပညာရေး “ လို့ ကြွေးကြော်ခဲ့ကြတယ်။
တကယ်လို့ တည်ထွင်ဆန်းသစ်တဲ့ အတွေးဟာ အမေရိကပညာရေးရဲ့ အ မှတ်အသားတစ်ခုဆိုရင် ဒီပညာရေးဟာ ဘာဖြစ်လို့ ကျွန်မတို့ရဲ့ ၁၅ နှစ် သားကျောင်းသားလေးတွေအပေါ်မှာ ထင်ဟပ်မှုမရှိခဲ့တာပါလဲ။

ဒီအတိုင်းဆိုရင် အမေရိကန်ကျောင်းသားလေးတွေနဲ့ ပညာသင်စာရိတ်တွေ ထုတ်ပေးနေရတဲ့ မိဘ၊ အစိုးရတွေဟာ အချိန်တွေ၊ ငွေတွေများ စွာ ဖြုန်းတီး ရာရောက်နေပြီလား ဆိုတဲ့အတွေးကနေ ခွဲထွက်ဖို့ ကျွန်မအတွက် မလွယ်ကူ လှရိုးအမှန်ပါပဲ။ ၂၀၀၉-ခု ပီစာ စာမေးပွဲမှာ အမေရိကန်ကျောင်းသားတွေရဲ့ သင်္ချာရလာဒ်ဟာ ကမ္ဘာမှာ အဆင့် (၂၆) ရှိတယ်၊ သိပ္ပံမှာ အဆင့် (၁၇) စာ ဖတ်ခြင်းမှာ (၁၂)ရှိခဲ့တယ်။ ဒါသာဖြစ်တဲ့ ကလေးတစ်ယောက်ချင်းစီရဲ့ ပညာရေး အသုံးစားရိတ်မှာ ကျွန်မတို့က အဆင့်(၂) မှာရှိပါတယ်။ (ကျွန်မတို့ထက် ပညာရေးမှာ ပိုပြီးသုံးစွဲတဲ့နိုင်ငံကတော့ လူဇင်ဘတ်နိုင်ငံပါ၊ ဒီနိုင်ငံရဲ့လူဦးရေက Tennesseen Nashville လူဦးရေထက်လျှော့နည်းပါ တယ်)

ကျွန်မတို့ ဖြုန်းတီးခဲ့တာတွေအကြောင်းကို တွေးမိရင် ရင်နာစရာပါပဲ။ စီးပွားရေးပညာရှင်တွေ လေ့လာသုံးသပ်လို့ရတာက အခုကလေးတွေရဲ့ ပီစာ စာမေးပွဲရမှတ်တွေကို အခြေခံပြီး နိုင်ငံတွေရဲ့အနာဂတ် တစ်ဦးချင်းဝင်ငွေကို တွက်ချက်လို့ရနေပြီဆိုတာပါ။ ဒီအပြင် အခြားအကြောင်းတရားတွေလည်း ပါ ၀င်မှုတော့ရှိတာပေါ့။ ဘယ်လိုလေ့လာရမယ် ဘယ်လိုတွေးခေါ်ရမယ် အပြောင်းအလဲတွေကြားမှာ ဘယ်လိုဟန်ချက်ညီအောင် ထိန်းထားနိုင်ရမယ် စတာတွေပါ။ တကယ်လို့ အမေရိကရဲ့ ကလေးတွေသာ ဖင်လန်က ကေ လးတွေလို ပီစာရမှတ်တွေ ရှိနေမယ်ဆိုရင် တစ်နှစ်ချင်းမှာပဲ အမေရိကရဲ့ ၀င်ငွေဟာ တစ် ထရီလီယံကနေ နှစ် ထရီလီယံအထိ တိုးတတ်လာနိုင်စရာ ရှိပါတယ်။
ကျောင်းသားတွေအတွက်ကျပြန်တော့ ပီစာရမှတ်ဟာ ဘယ်တက္ကသိုလ်ကို တတ်ခွင့်ရမလဲ ဆိုတာနဲ့ပတ်သက်လို့ ကျောင်းရီပေါ့တ်တွေထက် ပိုပြီးသေ ချာပါတယ်။ ပီစာ စာမေးပွဲရဲ့ စာဖတ်အရည်အချင်း စစ်တမ်းမှာ သိပ်မစွံလှ တဲ့ကလေးတွေဟာ အထက်တန်းကျောင်းမှာတင် ပညာရေးဆုံးခန်းတိုင်ဖို့ အလားအလာတွေအများကြီးရှိပါတယ်။ ပီစာ စာမေးပွဲစစ်ဆေးတာက သူ တို့ခေါင်းထဲမှာ ဘယ်လောက်မှတ်ထားနိုင်တယ်ဆိုတာမဟုတ်ဘဲ သူတို့ စိတ် ဓာတ် တတ်ကြွမှုကို စစ်ဆေးလိုက်တာပဲဖြစ်ပါတယ်။ ဒီစာမေးပွဲဖြေပြီး စာမေး ပွဲနဲ့ပတ်သက်လို့ စိတ်ထဲမှာ မတင်မကျ ခံစားခဲ့ရပါတယ်။ ပီစာ စာမေးပွဲနဲ့ ဒီ စာမေးပွဲနဲ့ပတ်သက်တဲ့ စာမျက်နှာတစ်ထောင်ကျော်တဲ့ သုံးသပ်ချက်တွေဟာ အနာဂတ်ရတနာမြေပုံပဲဖြစ်ပါတယ်။ ဒီရတနာမြေပုံကိုကြည့်ပြီး ဘယ်နိုင်ငံက သူတို့ကလေးတွေကို စဉ်းစားတတ်အောင် သင်ပေးထားသလဲ ဘယ်နိုင်ငံေ တွက ဒါတွေကို သင်ပေးမထားဘူးလဲ ဆိုတာကိုလည်း အဖြေရှာလို့ ရသွား ပါတော့တယ်။

တိုးတတ်မှု၊ အောင်မြင်မှု အရှိဆုံးသုံးနိုင်ငံကို ဒီလိုအုပ်စုသုံးမျိုး ခွဲခြားကြည့် လိုက်မိပါတယ်။
၁။ ဖင်လန်ရဲ့ အိပ်မက်မြို့တော် မော်ဒယ်။ သူတို့ပညာရေးဟာ ကလေးတွေ ကို အပြင်းအထန် မောင်းနှင်မှုမရှိ၊ မိဘတွေရဲ့ ပါဝင်ပတ်သက်မှုလည်း မရှိ လှဘဲ အောင်မြင်မှုရနေတဲ့ ပညာရေးစနစ်ပါ။
၂။ တောင်ကိုရီးယားရဲ့ pressure – cooker မော်ဒယ်။ ကလေးတွေက မနေ မနား ကြိုးစားနေကြလွန်းလို့ အစိုးရက ကာဖြူးအမိန့်ထုတ်ထားရတယ်။
(pressure – cooker = လေလုံတဲ့ ထူထူထဲထဲ ဟင်းချက်အိုး တစ်မျိုးပါ၊ အမြန်ကျက်ချင်တဲ့အခါ ဖိအားသုံးပြီး ချက်လို့ရတဲ့အိုးတစ်မျိုး) နဲ့
၃။ ပိုလန်ရဲ့ အသွင်ပြောင်း ပညာရေးမော်ဒယ်။ ကလေးဘ၀ ဆင်းရဲမွဲတေမှုနဲ့ ပတ်သက်လို့ အမေရိကနဲ့ မတိမ်းမယိမ်းရှိပြီး ကလေးတွေရဲ့ ပညာရေးေ ကြာင့် ရုတ်တရက် အကျိုးအမြတ်ရလာတဲ့ ပညာရေးမော်ဒယ်တို့ပဲဖြစ်ပါ တယ်။

ဒါပေမဲ့ ပီစာ စာမေးပွဲကိုယ်တိုင်ကလည်း ဒီကလေးတွေက ဘာကြောင့် ဒီ လို တော်လာရတာလဲ။ အဲ့ဒီနိုင်ငံတွေက သူတို့လေးတွေရဲ့ ဘ၀ကရော ဘယ်လိုဆိုတာကို ပြောမပြနိုင်ခဲ့ပါဘူး။ စာမေးပွဲနဲ့ စစ်ဆေးလို့မရနိုင်တဲ့ အခြား အကြောင်းတရားတွေအပေါ် အခြေခံပြီး ကလေးတွေရဲ့ဘ၀ ဟာ ပြောင်းလဲလာတာပါ။
ကိုရီးယားက ကလေးတွေဟာ ကျောင်းစာကိုလေ့လာဖို့ အပြင်းအထန် မော င်းနှင်တာကို ခံနေရလို့ တိုးတတ်လာတာလား၊ သဘာဝအတိုင်းပဲ တိုးတတ် လာတာလား။ ဒီနှစ်ခုက လုံးဝမတူပါဘူး။
သင်္ချာမှာ သူတို့တော်သလောက် ဖင်လန်ရဲ့ကလေးတွေကရော ကာရိုက်တာ ပိုင်းမှာ တကယ်တော်သလား။ ကျွန်မမှာ အချက်အလက်တွေ ရှိနေပါပြီ။ ကျွန်မသိလိုတာက သူတို့ရဲ့ဘ၀ပါ။
ကမ္ဘာအရပ်ရပ်မှာရှိတဲ့ ကလေးတွေ သူတို့ဆီကနေ သင်ယူနိုင်ဖို့ ဖင်လန်၊ ကိုရီးယား နဲ့ ပိုလန်နိုင်ငံတို့ကို ကျွန်မ ခရီးထွက်ခဲ့ပါတယ်။ ပီစာအမှတ်ကောင်းကောင်းရခဲ့တဲ့ တရုပ်ပြည်က ရှန်ဟိုင်း၊ စင်္ကာပူ စတဲ့နိုင် ငံတွေကိုလည်း ကျွန်မရောက်ခဲ့ပါတယ်။ ဒါပေမဲ့ အစိုးရရဲ့ အမိန့်ပေါ်မှာ မူ တည်ပြီး အပြောင်းအလဲ မရှိနိုင်တဲ့ ဒီမိုကရေစီ ပိုထွန်းကားတဲ့ နိုင်ငံတွေ အပေါ်မှာ ပိုပြီးအာရုံစိုက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကတိမတည်၊ နိုင်ငံရေးမငြိမ်သက်မှုတွေထဲကနေ အောင်မြင်မှုရအောင် ကြိုး စားလာနိုင်ကြတဲ့ မိဘတွေ၊ ကျောင်းသားတွေနဲ့ ဆရာတွေဆီကို ကျွန်မ သွားချင်ခဲ့တာပါ။
ဒါမှ မျက်စိနဲ့မြင်ခွင့်ရလိုက်တဲ့ အံ့မခန်းမှုတွေ ဖြစ်မယ်မဟုတ်ပါလား။

ရွှေတော့ရွှေ၊ သန်းမပါစေနဲ့။


ပိုက်ကျော်ခြင်း ခတ်နေကြတာ၊ အင်ဒိုနဲ့ မြန်မာ။ တဝေါဝေါနဲ့ အားရစရာကြီး။
မြန်မာက တစ်ပွဲနိုင်ထားတယ်။ ဒုတိယပွဲကတော့ အကြိတ်အနယ်။
ဒီနေးရှင်းက ဒါတွေနဲ့ဝေးနေရတာ ကြာပြီ။
ရွှေတော့ရွှေ၊ သန်းမပါစေနဲ့။