အမေရိက အမေး - အဖြေ (၂) (လူတစ်ယောက်ရဲ့ ကမ္ဘာ့ အမြင်)


မေး။ ။နိုင်ငံခြားရေး ပေါ်လစီကြောင့် ဘု(ရှ်) ရဲ့ အီရတ် စစ်ပွဲထဲမှာ စင်္ကာ ပူလည်း အတူ ပူးပေါင်းပါဝင် လိုက်ရတယ်။ ဒီတော့ ဘု(ရှ်)ရဲ့ မဟာမိတ် ဆို တာလည်း အလိုလို ဖြစ်သွားတယ်။ ဒီ အနေအထား မျိုး အတွက် နောင်တ မရမိဘူးလား။
ဖြေ။ ။ လုံခြုံရေးကိစ္စတွေမှာ ငါတို့က အမေရိကန်တွေရဲ့ ပါတနာပဲ။ ဒါကြောင့် ဘယ်နိုင်ငံကိုမှ မရောင်းတဲ့ လက်နက် တွေ ငါတို့ ရောင်းတာ။ ဒီတော့ သူတို့ကို ထောက်ခံအားပေးဖို့ တို့မှာ ၀တ္တရားလည်း ရှိတယ်။

မေး။ ။နျူးကလီးယား ကိစ္စနဲ့ ပတ်သက်ပြီး အီရန်က တကယ်လို့သာ နိုင် ငံတကာ အဖွဲ့အစည်း တွေနဲ့ အတူတကွ လက်တွဲပြီး အလုပ် မလုပ်ဘူးဆို ရင် အမေရိကန်က အီရန်ကိုလည်း စစ်ရေးနဲ့ ၀င်ရောက် လာနိုင်တယ် လို့ ပြောနေကြပါတယ်။ ဒါကရော ဖြစ်နိုင်ပါသလား။
ဖြေ။ ။အီရန်သာ အနုမြူဗုံး ရသွားရင်တော့ အရှေ့အလယ်ပိုင်းမှာ အကြီး အကျယ် ပြဿနာတက်ပြီ။ ဆော်ဒီ ကလည်း ပါကစ္စတန်တွေဆီက ဗုံးဝယ် မယ်။ အီဂျစ်ကလည်း တစ်နည်းနည်းနဲ့ ရအောင်လုပ်မှာပဲ။ အဲဒီ ဗုံးတွေနဲ့ အပြန်အလှန် သေကြေပျက်စီး ကုန်ကြမယ်ဆိုတာလည်း မြေကြီးလက်ခတ် မလွဲပဲ၊ ဒီ အနုမြူဗုံး တွေက အကျိုးသင့် အကြောင်းသင့် စဉ်းစားတတ်တဲ့ လူတွေရဲ့လက်ထဲမှာ ရှိနေမှ အလုပ်ဖြစ်တာ။ အရှေ့အလယ်ပိုင်းက လူတွေ ဟာ အဲသလောက် စဉ်းစားတတ်တယ်လို့ ငါတော့ မထင်ဘူး။ တစ်ခုခုက စပြီး မှားပြီဆိုရင် တစ်တိုက်လုံး အနုမြူနဲ့ ပျက်စီးသွားနိုင်တယ်။ ဒါပေမဲ့ အမေရိကန်က အီရန်ကို ၀င်တိုက်မယ်လို့တော့ မထင်ပါဘူး။ အီရန်ရဲ့ အနုမြူကိစ္စကို ပိုပြီး စိုးရိမ်တကြီး ဖြစ်နေတာက အစ္စရေး တွေပဲ။ အီရန်က အစ္စရေးကို ပညာပေးမယ်လို့ မကြာမကြာ ပြောနေတော့ ပထမဆုံး ခြိမ်းခြောက် ခံရမှာကလည်း အစ္စရေးပါပဲ။ အမေရိကန်တွေက အီရန်ကို တကယ် တိုက်ချင်တယ်ဆိုရင်တောင် အစ္စရေးကို လက်နက်ထုတ်ပေးပြီး အတိုက်ခိုင်းမှာပါ။

မေး။ ။မစ္စတာလီက ရီပတ်ဘလင်ကန် သမ္မတတွေကို ပိုပြီး အထင်တ ကြီး ဖြစ်နေတာက တိုက်ဆိုင်မှု တစ်ခုလား။
ဖြေ။ ။သူတို့က နိုင်ငံခြားရေးပေါ်လစီကို ပိုပြီး အာရုံစိုက်ကြလို့ ထင်ပါရဲ့၊ သူတို့က ရီပတ်ဘလင်ကန်တွေ ဖြစ်နေလို့ မဟုတ်ပါဘူး။ သူတို့မှာ ရှိထားတဲ့ ပါဝါနဲ့အညီ နိုင်ငံခြားရေးကိစ္စတွေကို ပါဝင်ရာမှာ ပိုပြီး အားတက်သရော ရှိ ကြလို့ပါ။

မေး။ ။ ၀င်ရောက်နေထိုင်လာသူတွေကို စည်းရုံးဆွဲဆောင်နိုင်မှုဟာ အားပြိုင်မှု အားကောင်းတဲ့ အမေရိကန် စီးပွားရေးအတွက် အဓိက အကြောင်း တစ်ရပ်လို့ မစ္စတာလီ ပြောခဲ့တယ်။ ဒါပေမယ့် ၀င်ရောက်နေထိုင် လာသူတွေကပဲ တချို့ ပြဿနာတွေကို သွင်းယူ လာကြပြန်တယ်။ ဥပမာ အားဖြင့် လက်တင် လူမျိုးတွေရဲ့ လူဦးရေ အရေအတွက်က အများကြီး တိုး လာနေတယ်။ သူတို့ကြောင့် ရှိရင်းစွဲ အမေရိကန် လူ့အဖွဲ့အစည်းရဲ့ အစဉ် အလာတချို့ ပြောင်းလဲလာနေရတယ်။
ဖြေ။ ။ဟုတ်တယ်။ ဒီမှာ အဓိက မေးစရာရှိတယ်- အမေရိကန်တွေက သူတို့ကို အန်ဂလို ဆက္ကစွန် ယဉ်ကျေးမှုထဲ ရောက်အောင် လုပ်မလား။ သူတို့ကပဲ အမေရိကန်တွေကို လက်တင် အမေရိကန် ယဉ်ကျေးမှု ထဲေ ရာက်အောင် လုပ်မလားဆိုတာပဲ။ ပြီးတော့ သူ့အုပ်စုလေးနဲ့သူ ကွဲပြီး နေ ကြမယ် ဆိုရင်တော့ အမေရိကန်အတွက် တကယ့်ကို စိန်ခေါ်မှုပဲ။

မေး။ ။အခု တရုတ်ပြည်ရဲ့ စီးပွားရေး အင်အားက သိပ်ကောင်း လာနေတော့ အာဆီယံ နိုင်ငံတွေရဲ့ စီးပွား ရေးကလည်း တရုတ်ပြည်ထဲ အများကြီး စီးဝင်နေတယ်။ ဒီအချိန်မှာ တရုတ်ပြည်နဲ့ ဆက်ဆံရေး ပြတ်ေ တာက်သွားမယ်ဆိုရင် စီးပွားရေးအရ တော်တော် အထိနာသွားမယ်။ ဒါ့ကြောင့် သူတို့ (တရုတ်တို့) တောင်းဆို သမျှကို လိုက်လျောနေရမယ့် အနေအထားမျိုးထိ ရောက်သွားနိုင်မလား။ ဒါမျိုးက မဖြစ်နိုင်ဘူး လို့လည်း အတတ်ပြောလို့ မရဘူး။ ထိုင်ဝမ်ဆိုရင် စီးပွားရေး အရ တရုတ်ပြည်ကို လုံးလုံးလျားလျား မှီခိုနေရတော့ လွတ်လပ်ရေး မကြေငြာရဲဘူး ဖြစ်နေတယ်။
ဖြေ။ ။အနေအထားချင်းက သိပ်မတူဘူး။ ထိုင်ဝမ်မှာက ခံစားမှုနဲ့ လူမျိုးေ ရးကိစ္စ။ သူတို့ကိုယ်တိုင်ကကို တရုတ်ပြည်ထဲမှာ ပါဝင်နေတယ်။
ထိုင်ဝမ်ဆို တာက ပထမ ဒတ်(ခ်ျ) လက်ထဲရောက်၊ ဒုတိယ ပေါ်တူဂီ၊ တတိ ယ ဂျပန်တွေ လက်ထဲရောက်သွားတဲ့ တရုတ်ပြည်ရဲ့ ပြည်နယ်တစ်ခုပဲ။ ဒါကို လူမျိုးရေး သိက္ခာကျမှုလို့ တရုတ်တွေက အမြဲတမ်း ရှုမြင်နေကြတယ်။ ပြန် လည်း လိုချင်ကြတယ်။
ဒါပေမဲ့ စင်္ကာပူ တရုတ်ရဲ့ ထိန်းချုပ်မှုအောက် ရောက်ဖို့ ဆိုတာကတော့ ဘယ်လို သမိုင်း အထောက်အထားမှ မရှိပါဘူး။

မေ။ ။ဘာပဲဖြစ်ဖြစ် တရုတ်ပြည်ရဲ့ စီးပွားရေးထဲ အလုံးအရင်းနဲ့ ၀င်ရောက် သွားတာကတော့ အန္တရာယ် ကြီးနေဆဲပဲ။

ဖြေ။ ။ဒါကတော့ ကိုယ့်ရွေးချယ်မှုနဲ့ကိုယ်လေ။ ငါပြောခဲ့သလိုပါပဲ။ စင်္ကာ ပူဟာ တရုတ်စီးပွားရေး အပေါ်မှာ အသက်ရှင်နေတာ မဟုတ်ပါဘူး။ တကယ်လို့ တရုတ်စကား တစ်မျိုးထဲကိုသာ ငါတို့ ပြောခဲ့ရင် လက်ရှိ စင်္ကာ ပူနေရာကို လုံးဝ ရောက်မလာနိုင်ဘူး။ တရုတ်စီးပွားရေးက ဒီထက် ဆယ်ဆ အားကောင်း လာပါပြီ တဲ့၊ ဘာတွေ ခြားနားနေလို့လဲ။ ငါတို့ ဆယ်ဆတိုးပြီး ချမ်းသာလာမလား။ မဟုတ်ပါဘူး။ ငါတို့ ကြွယ်ဝမှုက ကမ္ဘာနဲ့ ဆက်သွယ် ထားနိုင်လို့ ရလာတဲ့ အကျိုးအမြတ်ပါ။

မေး။ ။ဒါက အတိတ်တုန်းကလေ။
ဖြေ။ ။အနာဂတ်လည်း အတူတူပဲ။ စင်္ကာပူက ဟိုင်နန်ကျွန်း မဟုတ် ဘူး ။ ဟောင်ကောင် မဟုတ်ဘူး။ သူတို့မှာ တခြား ရွေးစရာကို မရှိကြဘူး ။ နောက်ပြီး လူမျိုးနွယ်ချင်း တူနေတာကလည်း ရွေးစရာ မရှိခြင်း ရဲ့ နောက် ထပ် အကြောင်းတစ်ခု ဖြစ်နိုင်ပြန်တယ်။ စင်္ကာပူက ကျွန်းစုပေါင်းများစွာရဲ့ အလယ်က အဓိက ကျတဲ့ ကျွန်းတစ်ကျွန်း ဖြစ်နေတယ်။ ဒီကျွန်းတွေမှာ သဘာဝ အရင်းအမြစ် ရှိနေတော့ ကမ္ဘာကလည်း လာနေကြမှာပဲ။

မေး။ ။အမေရိကန်တွေရဲ့ လော့ဂျစ်စတစ် စင်တာ စင်္ကာပူမှာ ရှိနေတာကို သူတို့က တားမြစ်လာရင် ဘယ်လို လုပ်ကြမလဲ။
ဖြေ။ ။မဖြစ်နိုင်ဘူး။ သူတို့က ဘာကြောင့် ငါတို့ကို ဒီလိုလာပြောလို့ ရမှာ လဲ။ ဒါက လူမိုက်စကားပဲ။ သူတို့က အမေရိကန် လော့ဂျစ်စတစ်ကို တားမြစ် ချင်တယ် ပြောလာရင် ငါတို့ ပြန်ပြောမှာက
“ခင်ဗျားတို့လည်း ဒီကိုလာ၊ လော့ဂျစ်စတစ် စင်တာ ထောင်ပြီး ခင်ဗျားတို့ ပစ္စည်းတွေ လာထားလှည့်ကြလေ”
လို့ပေါ့။

မေး။ ။ဒါဆို စင်္ကာပူက တရုတ်နဲ့ အမေရိကန် လော့ဂျစ်စတစ် နှစ်ခုလုံးကို လက်ခံထားမယ်ဆိုတဲ့ သဘော ပေါ့။
ဖြေ။ ။ အေးပေါ့။

(အမေရိက) အားလုံးပြီးပါပြီ။

ပဉ္စသီခနဲ့ အင်တာဗျူး (ကျမ်းရင်းကို ချဉ်းကပ်ကြည့်ခြင်း)


လူ့ပြည်မှာရှိနေတဲ့ သံသယနဲ့ ပတ်သက်ပြီး အငြင်းပွားစရာရှိနေလို့ ကာယ ကံရှင်ဖြစ်တဲ့ ပဉ္စသီခနဲ့ တွေ့မေးမှပဲ ကိစ္စပြတ်တော့မယ်ဆိုပြီး အင်တာဗျူး ခွင့် ရက်ချိန်းယူခဲ့ပါတယ်။ သူကလည်းတာဝတိံသာမှာ ဟော့(တ်)နေတဲ့ စောင်းသမားဆိုတော့ တော်တော်လေး စိတ်ရှည်ရှည် စောင့်ခဲ့ရပါတယ်။ ဆိုပါတော့ ။ ဒါက ကျနော်သူ့ကို ဗျူးခဲ့တာတွေပါ။

ဇင်ဝေသော် ။ ။ စောင်းဆရာကြီး - အားလုံး အိုကေပဲ မဟုတ်လား ။
ပဉ္စသီခ ။ ။ ပွဲဆက်များတာကလွဲလို့ အိုကေပါတယ်ဗျာ ။ ဒါနဲ့ ခင်ဗျားက -

ဇင် ။ ။ ကျနော်က ဇင်ဝေသော်ပါ။ ဆရာကြီးရဲ့ နာမည်ကတော့ လူ့ပြည်မှာတောင် ဟိုးလေးတကြော်ပဲဗျို့။
ပဉ္စ ။ ။ ရတနာသုံးပါးရဲ့ကျေးဇူး ၊ ဘသိကြားမင်းရဲ့ကျေးဇူးကြောင့်ပါဗျာ ။

ဇင် ။ ။ ဒါနဲ့ ခင်ဗျားချစ်သူ သူရိယ၀စ္စသာရော ကျန်းမာရဲ့မဟုတ်လား။
ပဉ္စ ။ ။ ကျန်းမာပါ့ဗျာ၊ အမြဲ လှလို့ပလို့ပါ။ ကျေးဇူးပါပဲ။ ဒါနဲ့ ခင်ဗျားမေး ချင်တယ်ဆိုတာက … ။ စိတ်မရှိပါနဲ့ဗျာ ။ ပွဲဆက်များနေလို့ မြန်မြန်လေး။

ဇင် ။ ။ သိဒ္ဓတ္ထမင်းသား ဘုရားဖြစ်ခါနီးမှာ ခင်ဗျား စောင်းကြိုးညှိပြခဲ့တယ် ဆိုတာ မှန်ပါသလား။
ပဉ္စ ။ ။ မှန်ပါတယ်။ ဒါများ အဆန်းလုပ်လို့ဗျာ။ ခင်ဗျားတို့လူ့ပြည်က ဂစ်တာသမားတွေလည်း ဂစ်တာမတီးခင် ကြိုးညှိရတာပဲ မဟုတ်ဘူးလား။ ကျုပ်လည်း စောင်းမတီးခင် စောင်းကြိုးတော့ ညှိရတာပေါ့ဗျာ။

ဇင် ။ ။ ခင်ဗျားက သိဒ္ဓတ္ထမင်းသားကို စောင်းကြိုးညှိပြရင်း လမ်းပြပေး ခဲ့ တယ်ဆိုတာ မှန်ပါသလား။
ပဉ္စ ။ ။ ဒါကတော့မဟုတ်ဘူး၊ မဆီမဆိုင်ဗျာ။ ကျုပ်ဘာသာကြိုးညှိတာပါ။ ပြီးတော့ တီးတာပါ။ ကျုပ်လိုစောင်းသမားနတ်က သိဒ္ဓတ္ထမင်းသားကို ဘယ် လိုလုပ် ပညာပေးနိုင် လမ်းပြပေးနိုင်မှာလဲဗျာ။ စဉ်းစဉ်းစားစားလည်း လုပ်ကြ ပါဦး။

ဇင် ။ ။ ဒါဆို “လျော့လွန်းတော့ပတ်၊ တင်းလွန်းတော့ပြတ် “ ဆိုတဲ့ လက် ဆင်ပေးခဲ့တာ မဟုတ်ဘူးပေါ့။
ပဉ္စ ။ ။ အပ်ဗဆိုလုတလီ နိုး (Absolutely No) ပါဗျာ။

ဇင် ။ ။ သိဒ္ဓတ္ထမင်းသားကတော့ ခင်ဗျား စောင်းကြိုးညှိတာကိုကြားပြီး မလျော့မတင်းကျင့်လို့ ဘုရားအဖြစ်ကိုရောက်သွားခဲ့တယ်နော်။
ပဉ္စ ။ ။ သိဒ္ဓတ္ထမင်းသားက အားလုံးပြည့်စုံနေပြီ။ ဘုရားဖြစ်ဖို့ပဲ ကျန်တော့ တာဗျ။ ကျုပ်ကတော့ ညှိပြတာ မဟုတ်ဘူး ။ ဘုရားအလောင်းကြား တာကေ တာ့ ဟုတ်တယ်။ ကျုပ်စောင်းသံမကြားလည်း အခြား တစ်ခုခုကိုကြားပြီး ဘုရားဖြစ်မှာပဲ။ ပညာရှင်တွေဆိုတာ ရေစီးတာ လေတိုက်တာကို
ကြား၊ မြင်ပြီးလည်း အသိတွေရတတ်တယ်လေဗျာ။

ဇင် ။ ။ ဒါတော့ ဟုတ်ပါတယ်ဗျာ။


ပဉ္စ ။ ။ ဒါဆို ခင်ဗျားကို ကျုပ်မေးမယ်။ နယူတန်ဆိုတဲ့လူကြီး ပန်းသီးကြွေ တာကိုကြည့်ပြီး ကမ္ဘာမြေရဲ့ဆွဲငင်အားကို သိသွားခဲ့တယ်မဟုတ်လား။
ဇင် ။ ။ ဟုတ်ပါတယ်။
ပဉ္စ ။ ။ ဒါဆို ပန်းသီးက နယူတန်ကိုပညာပေးဖို့ သစ်ပင်ပေါ်ကနေ ကြွေကျ လာတာလား။
ဇင် ။ ။ ဒီလိုတော့ မဟုတ်ဘူးပေါ့။
ပဉ္စ ။ ။ ဒါဆိုရှင်းရောပေါ့။ ပန်းသီးက နယူတန်ကို ပညာပေးတာမဟုတ်ဘူး။ နယူတန်ကိုယ်တိုင်က ဒါကို သိလိုက်တာ။ ပန်းသီးမဟုတ်ပဲ ထန်းသီးဖြစ်နေ လည်း နယူတန်ကတော့ကမ္ဘာမြေရဲ့ဆွဲငင်အားကို သိမှာပဲ။ ထန်းသီးဆိုရင် ခေါင်းတော့ နည်းည်းဖုသွားမှာပေါ့ဗျာ။ ဟဲ ဟဲ။
ကျုပ်ဖြင့်အံ့ဩလို့မဆုံးဘူးဗျာ။ ကျုပ်ပာဘာသာ စောင်းကြိုးညှိတာကို။ ငရဲတွေကြီးကုန်တော့မှာပဲ…။

ဇင် ။ ။ ကျေးဇူးပါပဲဗျာ။ ရှင်းသွားပါပြီ ၊ ခွင့်ပြုပါဦး။
ပဉ္စ ။ ။ ကောင်းပါပြီဗျာ။ နောက်မရှင်းတာရှိလည်း လာခဲ့ဦးပေါ့။
****************************************************
ကဲ- ဒါပါပဲဗျာ။

ပဉ္စသီခကတော့ ဒီလိုဖြေခဲ့ပါတယ်။ အသံသွင်းခဲ့ပေမယ့် နတ်အသံက ရက်ကော်ဒါထဲမ၀င်၊
ဓါတ်ပုံရိုက်ခဲ့ပေမယ့် ဓါတ်ပုံကလည်း ကင်မရာထဲမ၀င်မို့ သက်သေတော့ မရှိဘူးပေါ့ဗျာ။

ယုံချင်မှသာ ယုံပါ။
(posted on March 16, 2012 at 9:00am)

အီး ဘလက်ဇင်း


တရုတ်ပြည်ကား လူဦးရေများသည်အားလျော်စွာ သတင်းထူးကလည်း များလှ၏။
ကြည့်ပါလေ၊ တရုတ်ဗုဒ္ဓဘာသာတို့ ထွင်လိုက်သည်က အီး ဘလက်ဇင်း ဟူသတတ်။
ဤနည်းဖြင့် ပတ်ဝန်းကျင်ကိုလည်း ထိမ်းသိမ်းရာရောက် အဆမတန် များ လွန်းသည့် လူအုပ်ကိုလည်း လျှော့ချနိုင်သည်ဆို၏။
မေတ္တာသဒ္ဒေါ အနန္တောဟု ဆိုလေရကား ဘယ်ပုံစံနဲ့ မေတ္တာမဆို အကျိုး သက်ရောက်မှူ ရှိတန်ရာ၏ဟု ယုံကြည်မိပါသည်။
တက်စ် မက်ဆေ့ မေတ္တာသည်လည်း မေတ္တာသည်သာ။
ဤကား တရုတ်ပြည်တည်း။ အချိန်ရရင် ဖတ်ကြည့်ကြပါ။

အမေရိက အမေး - အဖြေ (လူတစ်ယောက်ရဲ့ ကမ္ဘာ့ အမြင်)


မေး။ ။အမေရိကန် သမ္မတတွေ အများကြီးနဲ့ တွေ့ဆုံသိကျွမ်းခဲ့ရတော့ ဘယ် သမ္မတက အမှတ်ရစရာ အကောင်းဆုံး ဒါမှမဟုတ် ဘယ်သူက ပိုပြီး လေးစားစရာအကောင်းဆုံးလို့ ထင်ပါသလဲ။

ဖြေ။ ။ဂျွန်အက်(ဖ်)ကနေဒီ (John.F.Kennedy) ကိုတော့ မတွေ့ဖူးလိုက် ဘူး သူက နှစ်လိုဖွယ်ရာ ကောင်းသူ လို့ သိရပါတယ်။ ဒါပေမဲ့ နောက်ထပ် ရှုထောင့်တစ်ခုအနေနဲ့ ကြည့်ရင် သူ့ပေါ်လစီတွေကတော့ သိပ်ပြီး မစွံလှဘူး ဆိုကြတယ်။ လန်ဒန်ဂျွန်ဆင် (Lyndon Johnson) ကတော့ တော်တော်မာ တဲ့ သမ္မတလို့ ထင်တယ်။ သူက ဗီယက်နမ် စစ်ပွဲနဲ့ ကြုံလိုက်ရပြီး လက် မေ လျှာ့ခဲ့ဘူး။ သူက အချိန်ပိုတိုးပြီး အင်အား ထပ်ဖြည့်ခဲ့တယ်။ အရှုံးသမားလို့ သူ့ကိုယ်သူ အထင်မခံ စေချင်ဘူး။ ဒါပေမဲ့ ပြည်တွင်းထဲမှာတော့ သူဟာ တက္ကဆက်သား နိုင်ငံရေးသမားကောင်းပါ။ ဂျာရယ်ဖော့(စ်) (Gerald Ford) ကတော့ သာမန် ပါပဲ။ ဒါပေမဲ့ သူ့မှာ ဟင်နရီ ကစ်ဆင်းဂျားနဲ့ အခြား ကက် ဘိနက် အမတ်တွေစတဲ့ အကြံပေး လူတော် တွေ ရှိခဲ့တော့ သူလည်း အဆင်ပြေသွားတာပါပဲ။ သူကိုယ်တိုင်က အတော်ကြီး မဟုတ်ပေမယ့် အကြံပေးအဖွဲ့က တော်တယ်။ ရစ်ချတ် နစ်ကဆင်(Richard Nixon) ကေ တာ့ တကယ့် မဟာဗျူဟာ သမားပဲ။ အတိုက်အခံ တွေပြောတဲ့ စကားကို ခိုးပြီး နားထောင်မိတာနဲ့ သူ့သိက္ခာလည်း ကျဆင်းသွား တယ်။ ဒါကတော့ စိတ်မကောင်းစရာပါပဲ။ သူ့ကိုတော့ ငါ တော်တော် လေးစားမိတယ်။ သူ့အမြင်နဲ့သူ တော်တော်စဉ်းစား တွေးခေါ်နိုင်တဲ့လူပါ။ သူ သမ္မတမဖြစ်ခင် က စင်္ကာပူကို ရောက်လာပြီး ငါနဲ့ တစ် နာရီခွဲလောက် စကား ပြောတယ်။ ငါ့ဆီက အကြံဥာဏ်တွေကို လည်း ယူတယ်။ သူ့စာအုပ်ထဲမှာလည်း လိုက် မှတ်တယ်။
ငါပြောခဲ့ တာတွေကို ရှင်းရှင်းလေး ပြန်ပြော ရရင် တချို့နိုင်ငံတွေက သစ်ပင် နဲ့ တူတယ်။ သူ့ဘာသာ အထက်ကို တက်ပြီး သူ့ဘာသာကြီးထွား တယ်။ တချို့နိုင်ငံတွေကတော့ နွယ်ပင်နဲ့ တူတယ်။ သူတို့ကတော့ သစ်ပင်ကို မှီပြီး နွယ်တက်တယ် လို့ သူ့ကို ပြောခဲ့တယ်။ ငါ့အတွက် ကံကောင်းသွား တာက သူက လိုက်ပြီး ရေးမှတ်ပေမယ့် ဒါကို လူသိ ရှင်ကြား ဘယ်တော့မှ ဖွင့်ပြော မပြခဲ့ဘူး။

မေး။ ။ ဘယ်လိုနိုင်ငံမျိုးတွေများ မစ္စတာလီ စိတ်ထဲမှာ ရှိနေလို့လဲ။

ဖြေ။ ။ပြောရမယ်ဆိုရင် ဂျပန်တို့၊ တရုတ်တို့၊ ကိုရီးယားတို့က သစ်ပင်ေ တွပေါ့။ ဗီယက်နမ်ကိုတောင် ထည့် လို့ရမယ် ထင်တယ်။

မေး။ ။ နစ်ကဆင်သာ အခုနေ သမ္မတဆိုရင် အမေရိကန်-တရုတ် ဆက် ဆံရေးကို ဘယ်လို မဟာဗျူဟာနဲ့ ချဉ်းကပ်မယ်လို့ ထင်ပါသလဲ။

ဖြေ။ ။နစ်ကဆင်ဆိုရင် တရုတ်ကို ထိန်းချုပ်မှာ မဟုတ်ဘူး၊ စေ့စပ်ေ ဆွးနွေးလိမ့်မယ်။ ဒါပေမဲ့ ကမ္ဘာ့ စီတီဇင် တစ်ယောက်အနေနဲ့ လိုက်နာရမယ့် စည်းကမ်းတွေကို တရုတ်က မလိုက်နာရင် ဘာလုပ်ရမယ်ဆိုတဲ့ အစီ အစဉ် ကို လည်း သိုသိုသိပ်သိပ် ချမှတ်ထားပြီးသား ဖြစ်နေလိမ့်မယ်။ နိုင်ငံတွေ ဘယ်နိုင်ငံ ဘက်က ရပ်တည်မလဲဆိုတဲ့ အနေအထားမျိုးအထိ ရောက်နေတဲ့ အချိန်မှာဆိုရင် ဂျပန်၊ ကိုရီးယား အာဆီယံ နိုင်ငံတွေ၊ အိန္ဒိယ၊ သြစတေးလျ၊ နယူးဇီလန်နဲ့ ရုရှားတို့ သူ့ဘက်ကိုပါလာအောင် ချက်(စ်)ပွဲ ကစားသလို ကစားလိမ့်မယ်။

မေး။ ။ဘီ(လ်)ကလင်တန်ကိုရော ဘယ်လိုထင်ပါသလဲ။ သူ့ကိုတော့ နှစ်လို စရာကောင်းတဲ့ သမ္မတလို့ ပြောနေ ကြတယ်။

ဖြေ။ ။သူက ထိထိရောက်ရောက် ရှိတယ်၊ စကားပြောကောင်းတယ်။

မေး။ ။ရော်နယ်ရီဂင် ကရော ဘယ်လိုလဲ၊ အရင်တုန်းကတော့ မစ္စတာလီ ကိုယ်တိုင် သူ့ကို သဘောတွေ့မိ တဲ့ အကြောင်း ပြောပြဖူးပါတယ်။

ဖြေ။ ။အေး၊ ဟုတ်သားပဲ။ ရော်နယ်ရီဂင်။ သူ့ကို တော်တော် လေးစား မိပါတယ်။ သူက အလွန်အမင်း ထူးချွန်တာတော့ မဟုတ်ဘူး။ ဒါပေမဲ့ လက်တွေ့ သိပ်ကျတယ်။ သူ့ဘေးမှာ လူတော်တွေနဲ့ ၀ိုင်းရံထားတော့ ပေါ် လစီ ကောင်းတွေရဲ့ ရလာဒ်တွေကလည်း တော်တော်အကျိုးအမြတ် ရှိစေ တယ်။ သူက လူရွေးတတ်တယ်။ ရွေးထားတဲ့ လူတွေကို သူ့အတွက် လုပ်ပေးအောင်လည်း နေရာချတတ်တယ်။

မေး။ ။သမ္မတ အိုဗားမား အာဏာရတော့ သူဟာလည်း အကောင်းဆုံး ဦးနှောက်တွေကို စုစည်းနိုင်ပြီး အတော်ခိုင်မာတဲ့ အဖွဲ့ကို ရလိုက်တယ် လို့ ပြောခဲ့ဖူးပါတယ် နော်။

ဖြေ။ ။ဒါပေမဲ့ ဟဲဗီးဝိတ် တော်တော်များများ အခု ထွက်သွားကြပြီ။ ဆိုလို တာကတော့ သူတို့က သမ္မတရဲ့ ပေါ်လစီတွေကို သဘောမတူကြဘူး။ ဘယ် သမ္မတရဲ့ ဦးနှောက်မှ သူ့ ဦးနှောက်တစ်ခုတည်းနဲ့ မပြည့်စုံ နိုင်ဘူး။ အကြံပေးတွေရဲ့ ဦးနှောက်ကို အမှီပြုရတယ်။ အတွေ့အကြုံရှိတဲ့ အကြံပေးေ တွ ထွက်သွား တာဟာ သူ့အတွက် ကောင်းတဲ့လက္ခဏာ မဟုတ်ဘူး။ တခြားနည်းနဲ့ပြောတော့ အကြံပေးတွေက သူ့ ကို စည်းရုံးလို့ မရဘူး။

မေး။ ။ဂျော့(ဂ်ျ)ဘု(ရှ်) သားအဖကိုရော ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။အဖေလုပ်တဲ့ ဘု(ရှ်)က စဉ်းစားဥာဏ် ရှိတဲ့လူပါ။ သား ဘု(ရှ်) ကတော့ အဖေရဲ့ အိုင်ဒီယော်လော်ဂျီ လောင်းရိပ်တွေ မိလို့ထင်ပါရဲ့၊ အီရတ် နဲ့ အာဖဂန် စစ်ပွဲတွေကို ဆင်နွှဲလိုက်တယ်။ ရလာဒ်က အရှုံးတွေချည်းပဲ ။ နောက်ဆုံး နာမည်ပျက်၊ သိက္ခာကျဘ၀နဲ့ တပ်ဆုတ်လိုက်ရတယ်။ တစ်ခါက ဥရောပ ခေါင်းဆောင်တစ်ယောက်နဲ့ စကား အငြင်းအခုံ ပြော ခဲ့ရသေးတယ်။
သူက “သား ဘု(ရှ်) God ဆီ တယ်လီဖုန်းလိုင်း ရနေတာကို ကျွန်တော်တို့ ဥရောပသားတွေက လုံးဝ မကြိုက် ဘူး” တဲ့။
ဒါနဲ့ ငါက “ခင်ဗျားတို့ တိုက်နေရတဲ့ ဟိုဖက်က ရန်သူကလည်း သူ့ကိုယ်သူ God ထင်နေတဲ့ ပုဂ္ဂိုလ်ပဲ။ ဒီတော့ ခင်ဗျားတို့ဖက်မှာလည်း God ပါလာတယ် ဆိုရင် စိတ်အေးရတာပေါ့” လို့။
သား ဘု(ရှ်)ဘဂ္ဂဒက် ကို ၀င်တိုက်ဖို့ အမိန့်ပေးတာကို ငါကြည့်လိုက်ရတယ်။ သူ့လောက် တည်တည် ငြိမ်ငြိမ်နဲ့ ဒီလို အမိန့်ပေးနိုင်တဲ့ လူမျိုး တစ်ခါမှ မတွေ့ဖူးသေးဘူး။ သူက မိုက်ကရိုဖုန်းကို လှမ်းယူ၊ ခပ်တိုတို စကားပြောပြီး ပြန်လှည့် ထွက်သွားတယ်။ သူ့ စိတ်ထဲမှာ သံသယကို ရှိနေပုံ မရဘူး။သူ့ ကြည့်ရင်း အတွေး တစ်ခုတောင် ရလိုက်မိသေးတယ်။
“That’s not a bad commander” လို့။

ဆက်ရန်

အပျင်းပြေ ရီဖလက်ရှင်း


ကြီးကြီးကျယ်ကျယ်တွေ လျှောက်ပြော၊ လျှောက်ရေးနေကြပေမဲ့
တကယ်တော့ ဘဝဆိုတာ တရုတ်ကားတစ်စီးလို
ဒေါ်ကြီးတက်လိုက်လို့ ကား လေးကျိုးသွားနိုင်သလို
စက်ဘီးနဲ့ဝင်တိုက်မိရုံနဲ့လည်း ပိန်ခွက်သွားနိုင်တာမျိုးပါ (ပထမ ပုံကို ရှု)။
နောက်ပြီး ခြေတစ်လှမ်းမှားလိုက်တာနဲ့
အဲသလိုလည်း ဖြစ်သွားနိုင်ပါသေးတယ်(ဒုတိယ ပုံကို ရှု) ။\