စတုတ္ထအကြိမ် အသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ် ပူဇော်ပွဲ


ဓမ္မမိတ်ဆွေသူတော်စင်အပေါင်းတို့...
ကျွန်တော်/မတို့ အဘိဓမ္မာအသင်းကြီးမှ လေးရက် သုံးညတိုင်တိုင် လူပုဂ္ဂိုလ်များသာလျှင် စုပေါင်းရွတ်ဆို ပူဇော်ကြသည့် အသံမစဲမဟာပဋ္ဌာန်း ပူဇော်ပွဲကို နှစ်စဉ်ကျင်းပ ပြုလုပ်လာခဲ့သည်မှာ ယခုနှစ်ဆိုလျှင် စတုတ္ထအကြိမ်သို့ပင် တိုင်ခဲ့ပြီဖြစ်ပါသည်။ ယခုနှစ်တွင်လည်း ယမန်နှစ်များနည်းတူ တရုတ်နှစ်သစ်ကူး ရုံးပိတ်ရက် ကာလတွင် အစဉ်အလာမပျက် ကျင်းပပြုလုပ် သွားမည်ဖြစ်ပါသည်။ သို့ပါ၍ အဆုံးမရှိ ကုန်အောင်သိသည့်မြတ်ဗုဒ္ဓ၏ ဉာဏ်တော်ဖြင့်သာ ကျက်စားရာဖြစ်တော်မူသော ကြီးကျယ် မြင့်မော် ဤပဋ္ဌာန်းကျမ်းတော်ကြီးအား တစ်သက်တစ်ခါ ကြုံရသည့်အခိုက်အခါတွင် ကျွန်တော်/မတို့နှင့်အတူ ပါဝင်ကုသိုလ်ယူ ပူဇော်နိုင်ကြစေရန်အလို့ငှာ နိဗ္ဗာန်ကို အကျိုးမျှော်၍ တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။

အချိန်။ ။ ၃၀- ၀၁-၂၀၁၄ - ခုနှစ်၊ ကြာသပတေးနေ့ မှ ၀၂- ၀၂-၂၀၁၄ - ခုနှစ်၊ တနင်္ဂနွေနေ့ အထိ
ဖွင့်ပွဲအချိန်။ ။ ၃၀- ၀၁-၂၀၁၄ - ခုနှစ်၊ ကြာသပတေးနေ့ ညနေ ၇း ၀၀ နာရီ တိတိ
နေရာ။ ။ မင်္ဂလဝိဟာရကျောင်းတိုက် ၊ တတိယထပ် (30 Jalan Eunos, Singapore) 419495
နတ်လမ်းညွှန် ။ ။Nearest MRT Station : Eunos MRT (Bus: 21, 60, 63, 93, 854)


ဟန်တင်တန်


ဆင်မြူယယ် ဖီးလစ် ဟန်တင်တန်၏ အမှတ်အသားဖြစ်သည့် The Clash of Civilization and the Remaking World Order စာအုပ် ဘာသာပြန် ထုတ်ဝေခွင့်အတွက် ညှိနှိုင်းဆွေးနွေးမှုစတင်နေပါပြီ။

ဂျပန်၊ ကိုရီးယား၊ အိန္ဒိယ ( ၂ )


"ကိုရီးယား၊တရုတ်တွေဟာ တစ်ယောက်ချင်း ဂျပန်ကိုယှဉ်ကောင်းယှဉ်နိုင် မယ်။ အဖွဲ့လိုက်ဆိုရင်တော့ သူတို့လည်း ဂျပန်တွေကို မယှဉ်နိုင်ဘူး" (လီကွမ်းယု)

လက်ရှိဂျပန်မှာရှိတဲ့ နိုင်ငံခြားသားအရေအတွက်ဟာ ၁.၂ ရာခိုင်နှုန်းပဲရှိပါ တယ်။ ဗြိတိန်မှာ ၆ ရာခိုင်နှုန်း၊ ဂျာမဏီမှာ ၈ ရာခိုင်နှုန်း၊ စပိန်မှာ ၁၀ ရာ ခိုင်နှုန်းရှိနေပါတယ်။ မိဘတွေက နိုင်ငံခြားကိုပညာသင်လွှတ်လိုက်တဲ့ဂျပန်လူငယ်တွေ ဂျပန်နိုင်ငံ ထဲကိုပြန်ရောက်ရင် လူထုနဲ့တသားတည်းအတူနေဖို့ အခက်တွေ့ကြရတယ်။ ဒါတောင် သူတို့က ဂျပန်ကျောင်းတွေမှာ ပညာသင်ကြားခဲ့ကြတာပါ။ နေ့စဉ် လူမှုဆက်ဆံရေးမှာ ပြောလို့မရတဲ့ ပြဿနာ တွေအများကြီးရှိနေပါတယ်။ သူတို့စကားပြောတဲ့လေသံ၊ သူတို့ကိုယ်အမူအရာ စတာတွေကအစ ပြည် တွင်းက ဂျပန်တွေနဲ့ တစ်ထပ်တည်းတူနေရမယ်လို့ လူထုက မျှော်လင့်ထား ကြတယ်။ သူတို့ရင်ဆိုင်နေရတဲ့ လူဦးရေပြဿနာရဲ့ အဖြေကိုတွေရှိဖို့ လူထု ရဲ့ အခြေခံစိတ်ဓာတ်ကို ပြောင်းလဲယူရမယ်။ ဒါကလည်း အချိန်တိုတို အ တွင်းမှာ မဖြစ်နိုင် ပြန်ပါဘူး။ အဖြေကလည်း နိုင်ငံခြားသားကို လက်ခံဖို့ တစ် ခုတည်းပဲရှိပါတယ်။

ဒါဆိုရင် ဒီအခြေအနေကိုရောက်လာဖို့ ဂျပန်တွေမှာ အချိန်ရောများများ စားစား ရှိကြရဲ့လား။ ကျွန်တော် တော့ မထင်မိဘူး။ ဒီအတိုင်းသာဆက်ပြီး ၁၀ နှစ် ၁၅ နှစ်ခရီးဆက်နေမယ်ဆိုရင် သူတို့လည်း အကျလမ်းကို ရောက် သွားပြီး နာလန်ပြန်ထူဖို့ တော်တော်ခက်ခဲသွားလိမ့်မယ်။

ဒီပြဿနာကို ဂျပန်တွေရင်ဆိုင်နေရတာ ဆယ်စုနှစ်နှစ်ခုကျော်သွားပြီး အခု တတိယဆယ်စုနှစ်ထဲကို ရောက်နေပါပြီ။ ၁၉၆၀ နဲ့ ၁၉၉၀ နှစ်တွေကြားမှာ ဂျပန်နိုင်ငံရဲ့တစ်ဦးချင်းဝင်ငွေဟာ ၆.၂ ရာခိုင်နှုန်းအထိ ပုံမှန် နှစ်စဉ်တိုး တက်လာနေခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်ကြီးအပြီး ဂျပန်လူမျိုးတွေဟာ ကိုယ့်ခြေထောက်ပေါ်ကိုရပ်၊ အလုပ်တွေတအားကြိုးစားခဲ့ကြတာ ကမ္ဘာမှာ ဒုတိယအကြီးဆုံး စီးပွားရေးအင်ပါယာကြီး ဖြစ်လာခဲ့တယ်။ အမေရိကန်တွေ ရဲ့ ကူညီမှုတော့ပါတာပေါ့။ ဂျပန်နိုင်ငံရဲ့ အိမ်ခြံမြေရောင်းဝယ်မှုစီးပွားရေးက အနောက်နိုင်ငံတွေ ထဲ ထိုးဖောက်ဝင်ရောက်သွားတော့ လေ့လာသုံးသပ် သူတွေက ဖွံ့ဖြိုးမှုနှေးကွေးနေပြီဖြစ်တဲ့ ဖွံ့ဖြိုးပြီးအနောက် ကမ္ဘာရဲ့ဈေး ကွက်ကို ဂျပန်တွေဦးစီးတော့မယ်လို့တောင် ဟောကိန်းထုတ်ခဲ့ကြတယ်။ အခု တရုတ်ကိုသုံးသပ် နေကြတဲ့အတိုင်းပါပဲ။ ဒါပေမယ့် ၁၉၉၁ ခုနှစ်ကစလို့ စီးပွားရေးအီနေခဲ့တာ ကာလအတန်ကြာလာခဲ့ပါတယ်။ ၁၉၉၁ ခုနှစ်က စ လို့ နှစ်စဉ်တစ်ဦးချင်းဝင်ငွေတိုးတက်မှုနှုန်းဟာ ဒီနေ့ဆိုရင် ၁ ရာခိုင်နှုန်းပဲ ရှိပါတယ်။

ကျွန်တော်ရေးခဲ့သလိုပါပဲ။ တတိယမျိုးဆက်ရဲ့အင်အားချိနဲ့မှု စတင်နေပါပြီ။ လူဦးရေတိုးပွားလာဖို့ အတွက် အရေးကြီးတဲ့ဆုံးဖြတ်ချက်တစ်ခု အချိန်တို အတွင်းမှာ မချမှတ်နိုင်ဘူးဆိုရင် နိုင်ငံခေါင်းဆောင်တွေ ဘယ်လောက် ပဲပြောင်းပြောင်း ကမ္ဘာစစ်အပြီးဂျပန်ရဲ့ အရိပ်လောက်ပဲကျန်ခဲ့တော့မှာပါ ။
နိုင်ငံရဲ့လူဦးရေဟာ နိုင်ငံရဲ့ကံကြမ္မာပါပဲ။ နိုင်ငံအလိုက်လူဦးရေလျော့ကျ
လာပြီဆိုတာနဲ့ နိုင်ငံရဲ့“အား” လည်း ကျဆင်းလာတာပါ။

သက်ကြီးရွယ်အိုတွေက သူတို့ရဲ့ ကား၊ တီဗီစက်တွေကို အသစ် မလဲ ကြတော့ဘူး။ အ၀တ်အစားအသစ်၊ဂေါက်ရိုက်ပစ္စည်းအသစ်တွေ သူတို့က မ၀ယ်ကြဘူး။ သူတို့မှာလိုတာတွေ အားလုံးရှိနေကြ ပြီ။ အပြင်က စားသောက်ဆိုင်တွေမှာတောင် သိပ်မစားကြတော့ဘူး။ ဒီအကြောင်းတွေေ ကြာင့် ကျွန်တော်က တော့ ဂျပန်နဲ့ပတ်သက်လို့ အကောင်းမြင်ဝါဒ သိပ် မရှိတော့ပါဘူး။ ဆယ်စုနှစ်အတွင်းမှာပဲ ပြည်တွင်းဝယ်ယူစား သုံးမှုအား ထိုး ကျသွားလိမ့်မယ်။ ဒီအရှိန်အဟုန်က ရပ်တန့်သွားမှာလည်းမဟုတ်ဘူး။ တစ် ကမ္ဘာလုံးမှာချုပ်ဆိုနေ တဲ့ စီးပွားရေးကန်ထရိုက်တွေကိုကြည့်ရင် ဒီနေ့ ဂျပန် ဟာ အမေရိကန်တွေပြီးရင် ဒုတိယအကြီးဆုံးစီးပွားရေး အင်ပါယာကြီးပါ။ ဒါပေမယ့် တီထွင်ဆန်းသစ်မှုတွေကို လူငယ်တွေကပဲ လုပ်ကြတာ၊ လူကြီးေ တွမဟုတ်ကြဘူး။ သင်္ချာဘက်မှာဆိုရင် လူတစ်ယောက်ရဲ့အသက် ၂၀ နဲ့ ၂၁ မှာ အမြင့်ဆုံးကိုရောက်တတ်ပါတယ်။ ဒီ အရွယ်လွန်သွားတဲ့လူ တစ်ယောက် ဟာ ၂၀-၂၁ မှာလို ကြီးကြီးမားမားတွေ မလုပ်နိုင်တော့ပါဘူး။

နီဟွန်ကေဇိုင်ရှင်ဘွန်(Nihon Keizai Shimbun)အဖွဲ့က ကမကထပြုတဲ့ အာရှရဲ့အနာဂတ်(The Future of Asia) ကွန်ဖရင့်တက်ဖို့ ၂၀၁၂ ခုနှစ်က ဂျပန်ကို ကျွန်တော်ရောက်ခဲ့ပါတယ်။ ကျွန်တော်နဲ့တွေ့ဆုံမိ တဲ့ ဂျပန်ခေါင်းေ ဆာင်တွေနဲ့ စကားစမြည်ပြောရင်း လူဦးရေနဲ့ပတ်သက်တဲ့ကိစ္စကို ကျွန်တော် တီးခေါက်ကြည့်မိ ပါတယ်။ သူတို့ဆီက ဘယ်လိုအသံများထွက်လာမလဲ ဆို တာ ကျွန်တော်သိချင်နေတာအမှန်ပါ။
“နိုင်ငံခြားသား တွေကိုလက်ခံပါလား” လို့တော့ မပြောဘူးပေါ့။
“ဒီအတွက် အဖြေကဘာလဲ”လို့မေးတော့ သူတို့က “ကလေး စောင့်ရှောက်ခွင့်စားရိတ်တိုးပေးမယ်၊ ဘေဘီဘောနပ်ပေးမယ်” လို့ဖြေကြတယ်။ အတော်စိတ်ပျက်စရာကောင်း တဲ့အဖြေပါ။ ဘေဘီဘော နပ်ပေးရုံနဲ့ ဒီကိစ္စက ပြေလည်သွားမှာမဟုတ်ဘူး။ ဒီလောက်နဲ့တော့ အစိုးရ လိုချင်နေ တဲ့ ကလေးငယ်တွေတိုးပွားဖို့ဟာ မဆိုစလောက်ပဲ အကျိုးရှိစေ ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် ဒီပြဿနာရဲ့ အခြေခံအကြောင်းရင်း က ငွေမဟုတ်ဘဲ လိုက်(ဖ်)စတိုင်(လ်)နဲ့ စိတ်ဓာတ်ဖြစ်နေလို့ပါ။

ဂျပန်လူမျိုးတွေဟာ အတော်အထင်ကြီးစရာကောင်းပါတယ်။ ၂၀၁၁ခုနှစ် မတ်လ(၁)ရက် တိုဟိုကူ (Tohoku)ငလျင်လှုပ်တော့ ဂျပန်လူမျိုးတွေ ဘယ်လိုများတုံ့ပြန်မလဲဆိုတာကို တစ်ကမ္ဘာလုံးက စောင့်ကြည့်နေ ကြပါ တယ်။ ပျာယာခတ်နေတာလည်းမရှိ၊ အချောင်ဝင်ခိုတာမျိုးလည်းမရှိ၊ ကြေ ကွဲဝမ်းနည်းစရာအဖြစ်အပျက်ကို တည်တည်ငြိမ်ငြိမ်နဲ့ရင်ဆိုင်ပြီး တစ်ယောက်ကိုတစ်ယောက်ကူညီသွားကြတယ်။ ဒီလောက်အင်အားကြီး လှုပ်သွားတဲ့ ငလျင်ဘေးဒဏ်ကြားမှာ အဲသလောက် တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်သွားတဲ့လူမျိုး ကမ္ဘာမှာများများ စားစားမရှိနိုင်ဘူး။ ပြီးတော့ ကိုယ် လုပ်တဲ့အလုပ်ကို အကောင်းဆုံးဖြစ်အောင်ကြိုးစားတဲ့နေရာမှာ ဂျပန်လူ မျိုး တွေဟာ ပြိုင်ဘက်မရှိပါပဲ။
အဝေးထိန်းခလုတ်နဲ့ တီဗီစက်တွေ၊ ကားတွေကအစ နောက်ဆုံး စူရှီ (Sushi) အထိ အကောင်ဆုံးလုပ်နိုင်ကြတယ်။ အဖွဲ့အစည်းစိတ်ဓာတ်မှာ ဂျပန်ဟာ တစ်ခြားနိုင်ငံတွေအားလုံးထက်သာတယ်။ ကိုရီးယား၊တရုတ်တွေ ဟာ တစ်ယောက်ချင်း ဂျပန်ကိုယှဉ်ကောင်းယှဉ်နိုင်မယ်။ အဖွဲ့လိုက် ဆို ရင်တော့ သူတို့လည်း ဂျပန်တွေကို မယှဉ်နိုင်ဘူး။ ဒါတွေကြောင့် ဖြစ်ေ ကာင်းဖြစ်လိမ့်မယ်။
သူတို့ရင်ဆိုင်နေရတဲ့ လူဦးရေ ပြဿနာကို သူတို့ဖြေရှင်းနိုင်ကြလိမ့်မယ်လို့ ကျွန်တော်ယုံကြည်ထားခဲ့မိတယ်။ ကိုယ့်အားနည်းချက်ကို ဘာမှမ လုပ်ဘဲ အိမ်နီးချင်းတိုးတက်နေတာကို ထိုင်ကြည့်နေတော့ ဘယ်လိုလုပ် ဆက်ယုံ ကြည်နေလို့ ရပါတော့မလဲ။

ဒီပြဿနာကို ဂျပန်တွေဖြေရှင်းလာနိုင်လိမ့်မယ်လို့ ကျွန်တော် မယုံကြည်ေ တာ့ပါဘူး။ နှစ်တွေသာကုန် ဆုံးသွားတယ်၊ သူတို့လှုပ်ရှားမှု တစ်ခုမှ မတွေ့ရ ဘူး။ ဖြစ်နိုင်ခြေအများဆုံးရှိတာကတော့ ဒီနိုင်ငံဟာ ရွက်ကြမ်း ရေကျိုဘ၀ကို တဖြည်းဖြည်းဦးတည်နေပါပြီ။ လာမယ့်နှစ်ပေါင်းများစွာအတွင်းမှာ လူလတ် တန်းစားတွေရဲ့ဘ၀ ဟာ သက်တောင့်သက်သာရှိနေဦးမယ်ဆိုတာကတော့ အမှန်ပဲပေါ့။ ဂျပန်နိုင် ငံဟာ ဖွံ့ဖြိုးပြီးအနောက်နိုင်ငံကြီးတွေလို အကြွေး ထူ တဲ့နိုင်ငံမဟုတ်ဘူး။ နည်းပညာအရ ရှေ့ကိုရောက်နေသလို လူတွေကလည်း ပညာတတ်တွေ။ ဒါပေမယ့် ဒီလူဦးရေပြဿနာက တဖြည်းဖြည်းနဲ့ သူတို့ကို မှီလာလိမ့်မယ်။
ကျွန်တော်သာ အင်္ဂလိပ်စာတတ်တဲ့ ဂျပန်လူငယ်တစ်ယောက်ဆိုရင် အခြားနိုင်ငံမှာသွားပြီး အခြေချနေထိုင်ဖို့ ဆုံးဖြတ်လိုက်မိမှာ မလွဲမသွေပါပဲ။

ဂျပန် အမေးဖြေဆက်ရန်

မန်းကို လွမ်းလို့ တမ်းတဲ့စာ ( ၃ )

(မအားသဖြင့် အဟောင်းကို ပြန်တင်လိုက်ရသည်)

"သာသနာ့ တက္ကသိုလ်ထဲက ခွေးကြီး တစ်ကောင်အကြောင်း"

၁၉၉၀ ခုနှစ်များက သာသနာ့ တက္ကသိုလ် မြောက်ဖက်ခြမ်း၌ အများနှင့်မတူ ဝဖြိုးနေသော ခွေးကြီး တစ်ကောင်ကို တွေ့နိုင်သည်။ စင်္ကာပူလို နိုင်ငံမျိုးမှာဆိုလျင် အိုဗာဝိတ် ဖြစ်နေသော ခွေးကြီးဟု ဆိုကောင်း ဆိုပေလိမ့်မည်။ ဆီးချို သွေးချိုဖြစ်ဖို့ အလားအလာ ရှိသည် ဟုလည်း ဆိုေ ကာင်းဆိုပေလိမ့်မည်။ ထို ခွေးကြီး ကတော့ ဘာရောဂါမှ မရှိ ကျန်းကျန်း မာမာပင် ဖြစ်သည်။ ထို ခွေးကြီးသည် ဆွမ်းစားကြောင်းသွားရာ တန်ဆော င်းအောက်၌လည်းကောင်း၊ အဆောင် တစ် နှင့် အဆောင် ခြောက်တို့ ကြား မှာလည်းကောင်း အနေများလေသည်။

ထို ခွေးကြီးအကြောင်းကို ပြောပြချင်သည်။ ဘာ့ကြောင့် ထို ခွေးကြီးက ထူးထူးခြားခြား ဝ နေရသနည်းက အဓိကအကြောင်းဖြစ်သည်။
ည ည အခါ တစ်ခါတရံ နာယက ဆရာတော်တို့က စာသင်သား သံဃာငယ် များ သီတင်းသုံးရာ အဆောင်များကို စစ်တတ်ကြသည်။ ထိုအခါ ရဟန်း ပင် ဖြစ်သော်ငြား စာသင်သားသံဃာငယ်များ ဖြစ်သည်အားလျော်စွာ ဆရာတို့ မမြင်အပ်သည်တို့ တခါတရံ တွေ့ရှိတတ်သည်။ ဥပမာ ကက်စက် ဖွင့်နေခြင်း၊ ရေဒီယိုအသံ အနည်းငယ် ကျယ်နေခြင်း စသည် တို့ ဖြစ်လေ သည်။ ထို အခါမျိုးတွင် ရိုးသားသော ဆရာတော်ကြီး တစ်ပါးက ရေဒီယို ကက်စက် ဂျက်ပင်များ သိမ်းဆည်းသွားတတ်သည်၊ ဤသို့ သိမ်းဆည်းခြင်း မှာ ဂျက်ပင်မရှိလျင် ရေဒီယိုကက်စက် ဖွင့်မရတော့ဟု ဆရာတော်က ယုံ ကြည်ထားသောကြောင့် ဖြစ်သည်။ မှန်၏။ ရေဒီယိုကက်စက်ဝယ်ရာ၌ ဂျက် ပင် တစ်ချောင်းသာပါ၏၊ အပိုမပါ။

ထို ပြဿနာက မကြာမီ ပြေလည်သွားတော့သည်။ အကြောင်းက အထက်ေ ဖ်ာပြပါ ခွေးကြီးက ထို ဆရာတော် အဆောင်မှထွက်လာလျင် ဟောင်တတ်ေ သာကြောင့် ဖြစ်လေသည်။ ထူးတော့ ထူးခြားသည်၊ သူဟောင်ပုံက ယင်း ဆရာတော်ကြီးကို မုန်း၍ ဟောင်ခြင်းမျိုး မဟုတ်ဘဲ စာသင်သား သံဃာ ငယ်များကိုသတိပေးသော ဟောင်ခြင်းမျိုး ဖြစ်နေခြင်း ဖြစ်လေသည်။

" ဝေါင်း၊ ဝေါင်း၊ ဝေါင်း "
ဤ အဓိပ္ပါယ်က
" သတိရှိကြလော့၊ နာယက ဆရာတော်များ အဆောင်တွေ စစ်တော့မည် " ဟု ဖြစ်သည်။

ထို အခါ အချင်းချင်း စကားပြောနေကြလျှင်ရပ်။ ကိုယ့်အခန်းကိုပြန်၊ ကက် စက်ဖွင့်ထားလျှင် ပိတ်၊ စာအုပ် ထူထူ ကောက်လှန်၊ သည်းသည်း မည်းမည်း စာကြည့်ဟန် ပြုနေလိုက်ရုံပင်။ လှ၏၊ သမဏ သာရုပ္ပဖြစ်၏။

အစပိုင်းတော့ သတိမထားမိကြ၊ တဖြည်းဖြည်းကြာလာမှသာ ထို ခွေးကြီး ၏ ဟောင်သံကို သတိထားမိကြသည်။ ထို ခွေးကြီးကိုစာသင်သား သံဃာ ငယ်များ အလွန် ချစ်ကြသည်ဟု ဆိုဖွယ် မလိုတော့ဟု ထင်သည်။ ထိုနောက် တစ်ခါ ဟောင်တိုင်း ထို ခွေးကြီးကို ထန်းလျက် ကျွေးကြသည်။ ကြာလာတော့ ခွေးကြီးကလည်းသဘော ပေါက်လာသည်။ ဆရာတော်ကြီး ကို ဟောင်လျင် ထန်းလျက် စားရသည်။

ကောင်းတော့ မကောင်းလှ၊ ထိုမှနောက်ထိုဆရာတော်ကြီးကို တွေ့သည့်နေရာ ဟောင်လေတော့သည်။
ဟောင်ပြီးလျင် အဆောင် တစ် နှင့် အဆောင် ခြောက်တို့ ကြား လာပြီး မြင် သည့် ရဟန်းတစ်ပါးပါဆီ သွားလေတော့သည်။

ဆိုလိုသည်က
" ငါ့ရှင်တို့ လိုသော ဆားဗစ်ကို ငါ ပရိုဗိုက်လုပ်ခဲ့ပြီ၊ ငါ ရသင့်သော ပရောဖစ် ကို ပေးပါတော့ "
ဟု ဖြစ်သည်။

ရွာပြန်လျင်ပင် မိဘ၊ ဆရာ ကန်တော့ရန် ဘာမှ ယူသွားလေ့ မရှိကြသော၊ မန္တလေး ပြန်လာလျင်လည်း ဒကာ၊ ဒကာမတို့အားပေးရန် ဘာလက်ဆောင်မှ ယူ မလာတတ်သော ရဟန်းတော်များကပင် ထို ခွေးကြီးအတွက် ထန်းလျက် နှစ် ပိဿာ သုံး ပိဿာ ယူလာရန် ဝန်မလေးကြတော့ပေ။
ဤသို့ဖြင့် ထို ခွေးကြီးသည်အလွန်ဝ၊ အလွန်လှသော ခွေးကြီးဖြစ် လာလေတော့သည်။
အကြံ တစ်ချက်ကောင်းလျှင် ခွေးလည်း ကောင်းစားလေတော့သည်။ အချက် ပိုင်ဖို့သာ အရေးကြီး၏။

အစပိုင်းမှာတော့ ထို ခွေးကြီးက သူဟောင်ချင်၍ ဟောင်ခြင်း တနည်း လူမှား၍ ဟောင်ခြင်းဖြစ်သည်။ သို့သော် ဟောင်သဖြင့် ထန်းလျက်စားရမှန်း သိသောအခါ ထန်းလျက်ကျွေးသဖြင့် ဟောင်ခြင်းဖြစ်သွားလေတော့သည်။ ကိုယ့်ဆရာကို ဟောင်သောခွေးကို ထန်းလျက်ကျွေးသော ရဟန်းများ ဟူ၍လည်း ဤ ဘုရား သာသနာမှာတော့ မိမိတို့ကလွဲလျင် မရှိဟု ထင် သည်၊ စာပေမှာ မတွေ့မိ။ နောက် ဘုရား သာသနာမှာတော့ မပြောတတ်ပေ။

မည်သို့ဖြစ်စေ လူရှင်းလှသော၊ သင်တန်းများပိတ်ထားသော ဒေပါဗလီ ပတ်ဘလစ် ဟောလီးဒေး၌ ထို ခွေးကြီးကို ထူးထူး ခြားခြား သတိရလွမ်း
ဆွတ်မိသဖြင့် ဤစာကို ရေးမိသည်။
( ထို ဆရာတော်ကြီးကိုလည်း ဤမှ ထပ်မံ တောင်းပန်ပါ၏ )

အထူး အမှာ။ ။ ဤစာသည် မန်းကို လွမ်းလို့ တမ်းတဲ့စာ ဟူသည့်အတိုင်း လွမ်း၍ တမ်းသောစာသာဖြစ်သည်၊ တောင်တောင် အီအီ စဉ်းစားပြီး ဟိုဟို ဒီဒီ မတွေးကြရန် မေ့နေသူတို့ကို သတိပေးချင်ပါသည်၊ သတိပေးလိုက်ပါမှ တောင်တေင် အီအီ စဉ်းစားပြီး ဟိုဟို ဒီဒီ တွေးနေကြ လျှင် သီဟနာဒ နှင့်မဆိုင်၊ စာဖတ်သူများနှင့်သာ ဆိုင်၏။

(posted on 08/09/2013)

ဆရာကြီး ဦးဌေးအောင်


ဆရာကြီး ကွယ်လွန်ရှာပြီ တဲ့။
မိုးဇလကနေ ဗုဒ္ဓဒေသနာပြန့်ပွားရေး
ဗုဒ္ဓဒေသနာပြန့်ပွားရေးကတဆင့် ရဟန်းငယ်တို့ မိရိုးဖလာအတွေးတွေကို ရိုက်ချိုး.. အမြင်သစ်တွေ ထုထောင်းထည့်ပေးခဲ့သူ။
စင်္ကာပူမှာ တရားပွဲလုပ်နိုင်ဖို့ မနှစ်က ကြိုးစားခဲ့သေးသော်လည်း အထ မမြောက်ခဲ့။
ဆရာကြီးရဲ့ အသက်အရွယ်နဲ့ သွားရေးလာရေး မလွယ်ကူမှုတွေကြောင့်။
အခုတော့ အရာခပ်သိမ်း ငြိမ်းသွားပေပြီ။
ဆရာကြီးရဲ့ ဗုဒ္ဓဒေသနာဆီ ချဉ်းကပ်ပုံတွေကို စင်္ကာပူအမျိုးသားတက္ကသိုလ် ထဲက(National University of Singapore) လူငယ်တွေဆီ စီးဝင်းသွားစေ လိုတဲ့ တပည့်ရဟန်းတစ်ပါးရဲ့ ဆန္ဒ မပြည့်ဝတော့ဘူး။
သက်တန်းစေ့ ဆိုပေမယ့် မသေစေချင်သေးပါဘူး ဆရာကြီး ရယ်။
နေဝင်ချိန် စောလွန်းတယ်။