ဂျပန်၊ ကိုရီးယား၊ အိန္ဒိယ ( ၃ )


ဂျပန်။ အမေးအဖြေ

မေး။ ။ဂျပန်ပြည်တွင်းရေး ရုတ်တရက်အပြောင်းအလဲကို ကျွန်တော်တို့ေ တွ့မြင်နေရတယ်။ မကြာသေးမီ အချိန်ကပဲ ဂျပန်ရဲ့တိုးတက်မှုနှုန်း သိပ်မြန် ဆန်တာကို တွေ့ခဲ့ရတယ်။ အခုလက်ရှိဖြစ်နေတာကိုကြည့်ပြီး အံ့အားသင့်မိ ပါသလား။
ဖြေ။ ။ မျှော်လင့်မထားခဲ့မိဘူး။ ဒါပေမယ့် လိုက်(ဖ်)စတိုင်(လ်)တွေပြောင်း သွားတယ်။

မေး။ ။ဂျပန်တွေဟာ တကယ့်သေရေးရှင်ရေးထဲရောက်ရင်တုံ့ပြန်တတ်တဲ့ လူမျိုးတွေလို့ မစ္စတာလီပြောဖူးသ လားလို့။ အဲသလို ပြန်လည် တုံ့ပြန်တာ ဟာ သူတို့ယဉ်ကျေးမှုတဲ့။ အခု လူဦးရေပြဿနာကို ကျော်လွှားနိုင်မှာ မဟုတ်ဘူးလို့ ဘာလို့ယူဆမိတာလဲ။
ဖြေ။ ။ အရင်အနေအထားက သူတို့နဲ့အခြားသူတွေရဲ့တိုက်ပွဲ၊ ဒီတစ်ခါက သူတို့ချင်းတိုက်ပွဲဖြစ်နေတယ်။ ကလေးယူကြဖို့ဆိုရင် အမျိုးသမီးတွေရော အမျိုးသားတွေပါ စိတ်ဓာတ်အခြေခံပြောင်းလဲရမယ်။ ဒါပေမယ့် ဂျပန် အမျိုး သမီးတွေက မိဘတွေ၊ ယောက္ခမတွေ၊ လင်သားတွေ၊ ကလေးတွေကို အ လုပ်အကျွေးပြုရတဲ့ဘ၀နဲ့ တင် မကျေနပ်နိုင်ကြတော့ဘူး။

မေး။ ။နိုင်ငံ့ခေါင်းဆောင်တွေရဲ့ ဦးဆောင်မှုညံ့ခဲ့တာလား။ ဥပမာ စင်္ကာပူ ဆိုရင်လည်း ပုံစံတူပြဿနာရင်ဆိုင်နေရတာပဲ။ ဒါပေမယ့် နိုင်ငံ့ခေါင်းေ ဆာင်တွေက ချော့လိုက်ခြောက်လိုက်နဲ့ လူထုကိုခေါင်းဆောင်မှုပေးနိုင် ခဲ့ တယ်။
ဖြေ။ ။ယဉ်ကျေးမှုချင်းမတူညီကြလို့ ဖြစ်ပါလိမ့်မယ်။ သူတို့က ဒီ အကြောင်းပြောကို မပြောကြတာ။ အစိုးရ အနေနဲ့ ကြိုးစားမယ်ဆိုရင်တောင် လူထုရဲ့စိတ်ဓာတ်နဲ့ခံယူချက်ကို ပြောင်းလဲပေးနိုင်မယ်မထင်ဘူး။

မေး။ ။ဒါကို နိုင်ငံ့ခေါင်းဆောင်တွေက ပြောင်းလဲလိုတယ်။ လူထုက မပြောင်းလဲလိုဘူး။ ဒါမှမဟုတ် နိုင်ငံ့ခေါင်းဆောင်တွေကိုယ်တိုင်ကကိုပဲ လူထုနဲ့တစ်သားတည်းလား။
ဖြေ။ ။နိုင်ငံရေးခေါင်းဆောင်တွေဆိုတာကလည်း လူထုရဲ့အစိတ်အပိုင်းပဲ။ လူထုကိုယ်တိုင်က တက်တက် ကြွကြွမရှိဘူးဆိုရင် နိုင်ငံရေးခေါင်းဆောင် ကလည်း ထူးမခြားနားဖြစ်နေမှာပဲ။ လက်ရှိအခြေအနေကို ဂျပန်တွေ သဘောပေါက်ကြတယ်။ ဒါပေမယ့် ဘာမှမလုပ်ဘဲ ငြိမ်ခံနေကြတယ်။

မေး။ ။ဂျပန်လူမျိုးတွေဟာ တစ်ခုခုဆို ဘာမှမလုပ်ဘဲ ငြိမ်ခံတတ်တဲ့ လူ မျိုးတော့ မဟုတ်ဘူးလားလို့။
ဖြေ။ ။ကံမကောင်းအကြောင်းမလှစွာပဲ၊ ဒီကိစ္စမှာတော့ ဒီအတိုင်းဖြစ်နေ တယ်။

မေး။ ။တကယ့်ခေါင်းဆောင်ကောင်းတစ်ယောက်တက်လာပြီး ဂျပန်နိုင်ငံ ကို ပြောင်းလဲပေးနိုင်မယ်လို့ မယုံ ကြည်ဘူးပေါ့၊
ဖြေ။ ။မထင်ဘူး။

မေး။ ။တည်ငြိမ်မှုမရှိလှတဲ့ နိုင်ငံရေးကလည်း ဒီကိစ္စကို အထောက်အကူ မဖြစ်လှဘူးလို့ မစ္စတာလီ လက်ခံတယ် မဟုတ်လား။ နိုင်ငံရေး မတည်ငြိမ် ဘူးလို့ဆိုရအောင် မစ္စတာလီက ဘာတွေမြင်ထားလို့လဲ။
ဖြေ။ ။သူတို့ခေါင်းဆောင်တွေက ဆာမူရိုင်းကြီးတွေကြားမှာပဲ လည် ပတ်နေတယ်။ အစိုးရပွဲလမ်းတွေမှာဆို ဆာမူရိုင်းတွေနဲ့ သူတို့ နောက် လိုက်တွေအချင်းချင်း ငြင်းခုံနေကြတာမျိုးတွေ တွေ့ရတယ်။ ဒီ စနစ်ကေ နပြောင်း ပြီး လက်ခံလာကြမလားဆိုတာ ငါတော့ သေသေချာချာ မပြောနိုင် ဘူး။ သူတို့ကို ရာထူးတစ်နေရာပေးရင် တော့ ပြောင်းကောင်းပြောင်းမယ်။ အဲသလို မတည်ငြိမ်မှုတွေက ဂျပန်နိုင်ငံရေးကို အထောက်အကူမဖြစ်လှဘူး။

မေး။ ။ဂျပန်တွေမြင်ထားတဲ့ လူဦးရေပြဿနာက ဒီလိုဖြစ်ကောင်းဖြစ် မှာပေါ့။ ဟုတ်တယ်၊ လူဦးရေလျော့ပါး လာတယ်၊ ဒါဆိုရင် စီးပွားရေး အင် အားကျဆင်းလာမယ်။ ဒါပေမယ့် တစ်ဦးချင်းဝင်ငွေနဲ့ လူနေမှုအဆင့်အတန်း ကို ထိန်းထားနိုင်ရင် အဆင်ပြေတယ်ဆိုတာမျိုးပေါ့။
ဖြေ။ ။ဒါက လုံးဝမဖြစ်နိုင်ဘူး။ သက်ကြီးရွယ်အိုတွေများလာရင် တစ်ဦး ချင်းဝင်ငွေလည်း ကျဆင်းလာမှာပဲ။ စီးပွားရေးနဲ့ဝင်ငွေကို တိုးတက်အောင် လုပ်ပေးနိုင်တာက လူငယ်တွေပဲ။ သူတို့မှာလူငယ်တွေ နည်းနေပြီ။

မေး။ ။ဂျပန်နိုင်ငံအားလျော့လာတဲ့ကိစ္စမှာ ပထ၀ီနိုင်ငံရေး အမြင်နဲ့ကြည့် ရင် ဘယ်လိုရှိမလဲ။ တရုတ်တက်လာလို့ လား။
ဖြေ။ ။ သူတို့မှာ လူငယ်တွေရှိတယ်။ လူဦးရေကလည်း တိုးတက်နေတယ် ဆိုရင်တောင်မှ တရုတ်တက်လာ တာနဲ့ပတ်သက်လို့ သူတို့ဘာမှလုပ်နိုင်မှာ မဟုတ်ပါဘူး။ တရုတ်ကို သူတို့ယှဉ်နိုင်မှာ မဟုတ်ပါဘူး။ အထူး သဖြင့် ၁၉၃၀ ခုနှစ်တွေကလုပ်သလို လုပ်လို့မရနိုင်တော့ဘူး။ အဲဒီတုန်းကဆိုရင် တရုတ်ပြည်ရဲ့ နေရာ တော်တော်များများကို သူတို့သိမ်းပိုက်ထားနိုင်ခဲ့ကြ တယ်။ အခု ဂျပန်တွေမှာ အမေရိကန်ရဲ့ စောင့်ရှောက်မှု လိုနေတယ်။ သူတို့ ချည်းသာဆိုရင် တရုတ်ကို လုံးဝမယှဉ်နိုင်တော့ဘူး။ ဒါပေမယ့် အမေရိကန်နဲ့ မဟာမိတ်ဖွဲ့ ထားတဲ့ ဂျပန်ကတော့ ယှဉ်နိုင်တယ်။ ဒီတော့ သူတို့က အမေရိ ကန်တွေနဲ့ မဟာမိတ်မြဲမြဲဖွဲ့ထားမှာ။ ဒါပေမယ့် သူတို့ဟာ အရင်လို မဟုတ်ေ တာ့ဘဲ အားနည်းတဲ့၊ သေးငယ်တဲ့၊ ကျဆင်းစပြုနေတဲ့ ပါတနာပဲဖြစ်နေ လိမ့်မယ်။

မေး။ ။ဒီတော့ ဂျပန်က အမေရိကန်တွေနဲ့ တွဲလက်တော့ဖြုတ်မယ် မ ဟုတ်ဘူးပေါ့။
ဖြေ။ ။ဒါက သူတို့အတွက်တော့ အကောင်းဆုံးရွေးချယ်မှုပဲလေ။ ဒါပေ မယ့် တစ်ချိန်တည်းမှာပဲ တရုတ်ပြည် ထဲမှာလည်း ရင်းနှီးမြှုပ်နှံမှုတွေလုပ်ပြီး စီးပွားရှာနေကြဦးမှာပဲ၊ အမြတ်ရသလောက်ယူမှာပေါ့။

မေး။ ။အိုကီနာဝါကျွန်းကိစ္စကလည်း ပြဿနာတစ်ခုအနေနဲ့ ရှိနေဆဲပဲ။ အမေရိကန်စစ်သားတွေအားလုံးက အဲဒီကျွန်းပေါ်မှာပဲ။ ဒီတော့ အိုကီနာဝါ ကျွန်းသားတွေက ဂျပန်တစ်နိုင်ငံလုံးရဲ့ လုံခြုံရေးကိစ္စအတွက် သူတို့ ကျွန်း သားတွေကပဲ ဒိုင်ခံတာဝန်ယူနေရတာကို မတရားဘူး ထင်နေကြတယ် ။ နောက်ဆုံး အမေရိကန်တွေ ထွက်ခွာသွားရမယ့် အနေအထားမျိုး အ ထိ ရောက်သွားနိုင်မလား။ အဲသလိုဆိုရင် ဂျပန်နိုင်ငံရဲ့ လုံခြုံရေးအခြေ အနေ ဘယ်လိုဖြစ်သွားမလဲ။
ဖြေ။ ။အိုကီနာဝါကျွန်းသားတွေအလိုကျ အမေရိကန်တွေကိုနှင်ထုတ်ဖို့ ဂျပန်လူထုက သဘောတူမလား၊ မတူဘူးလားဆိုတာ ငါလည်းမသိဘူး။ ဒါပေမယ့် ဒါမျိုးလုပ်ဖို့တော့ ဂျပန်က စိတ်ဝင်စားမှာမဟုတ်ဘူး။ သူတို့ အဲ သလိုလုပ်ခဲ့ရင် အမေရိကန်တွေက ဂွမ်(Guam)သို့မဟုတ် မစ်(ဒ်)ဝေး (Midway)ကို ရွှေ့သွားရမှာပဲ။ ဒါဆိုရင် အလှမ်းဝေးသွားမှာပေါ့။

မေး။ ။လာမယ့်နှစ်(၂၀)အတွင်းမှာ ဘယ်လို ဂျပန်-အမေရိကန် ဆက် ဆံရေးမျိုးရှိနေနိုင်မလဲ။
ဖြေ။ ။ဒါက အမေရိကန်ရဲ့စီးပွားရေး ဘယ်လို အခြေအနေမှာရှိတယ် ဆိုတာအပေါ် မူတည်လိမ့်မယ်။ အမေရိကန်တွေက သူတို့ မဟာမိတ် တပ်တွေကို ထောက်ပံ့ပေးမထားနိုင်တော့ဘူးဆိုရင်တော့ သူတို့ဆက် ဆံ ရေးက အဖျားရှူးသွားစရာရှိတယ်။ အဲသလိုဖြစ်သွားရင်တော့ ဂျပန် ကိုယ်တိုင် တရုတ်အောက်ကို ၀င်လိုက်ရုံပဲ ရှိတော့မယ်။ လက်အောက် ခံ သဘောမျိုးဖြစ်သွားတော့မယ်။

မေး။ ။လက်အောက်ခံနိုင်ငံ၊ဟုတ်လား။
ဖြေ။ ။အေးလေ၊ သူတို့တရုတ်ကို ပြန်မဖိုက်နိုင်ဘူး။ တရုတ်စကားကို နားထောင်ရုံပဲရှိတော့မယ်။ အခုသူတို့ အငြင်းပွားနေတဲ့ ဆင်ကကု (Senkaku) သို့မဟုတ် ဒိုင်အောယု(Diao yu)ကျွန်းလေးတွေကြားမှာ ဂျပန် သင်္ဘော နဲ့ တရုတ်သင်္ဘောဝင်ငြိနေမယ်ဆိုရင် ဂျပန်သင်္ဘော လက်လျှော့ ရလိမ့်မယ်။

မေး။ ။ဂျပန်က သူတို့ကိုယ်ပိုင်ကာကွယ်ရေးတပ်တွေ ဖွဲ့စည်းလာမယ်လို့ ထင်မိသလား။
ဖြေ။ ။အမေရိကန်တွေရဲ့ သြဇာမရှိတော့ဘူးဆိုရင်တော့ နောက်ဆုံး အဖြေအနေနဲ့ နျူကလီးယားလက်နက်ရ အောင် တီထွင်ပြီး သူတို့ ကာ ကွယ်ရေးကို ပြန်ပြီးပြင်ဆင်ရလိမ့်မယ်။

မေး။ ။ဒါဆိုရင် တရုတ်နဲ့ အတိုက်အခံသဘောမျိုး ဖြစ်သွားမှာပေါ့။
ဖြေ။ ။မဖြစ်ပါဘူး။ ကိုယ့်ကိုယ်ကိုကာကွယ်ဖို့ပဲဥစ္စာ၊ တရုတ်ကို ဘယ်လို လုပ်တန်ပြန်တိုက်စစ်ဆင်လို့ရမလဲ။ ဗုံးသုံးလုံးဆိုရင် ဂျပန်တစ်နိုင်ငံလုံး ကုန်သွားမယ်။ တရုတ်ပြည်က ဗုံးသုံးလုံးလုံးနဲ့ နိုင်ငံကုန်မသွားဘူး။

မေး။ ။ဂျပန်နျူကလီးယားလက်နက်ထုတ်လုပ်လာမှာကို တရုတ်အစိုးရက ဟန့်တားဖို့ မကြိုးစားနိုင်လောက် ဘူးလား။
ဖြေ။ ။ဘယ်လိုလုပ် ဟန့်တားလို့ရမှာလဲ။ ဒါက ဂျပန်ရဲ့လုပ်ပိုင်ခွင့်ပဲဥစ္စာ။ တရုတ်လုပ်လို့ရတာက သူတို့လက်နက် ကို ပိုစွမ်းအားကောင်းလာအောင် ကြိုးစားဖို့ပဲရှိတယ်။

မေး။ ။တရုတ်-ဂျပန်ဆက်ဆံရေးမှာ နောက်ထပ် လိပ်ခဲတင်းတင်းပြဿ နာတစ်ခု ရှိသေးတယ်။ဒုတိယကမ္ဘာစစ် အတွင်းက ဖြစ်ခဲ့တာတွေကို တရုတ် က မေ့လို့မရသေးဘူးဖြစ်နေတယ်။ အဲဒီအဖုအထစ်က အချိန်ဘယ်လောက် ကြာအောင် ဆက်ရှိနေဦးမှာလဲ။
ဖြေ။ ။အဲဒီအချိန်က အဓိကမြို့ကြီးအားလုံးကို ဂျပန်ကသိမ်းယူခဲ့တာ။ ဒီလိုဆက်လုပ်နေရင် ရေနံဆက် မရောင်းတော့ဘူးလို့ အမေရိကန်ကသာ မခြိမ်းခြောက်ရင် တရုတ်တစ်ပြည်လုံးကိုတောင် သိမ်းယူလိမ့်မယ်။ ဘယ်လောက်ကြာဦးမလဲဆိုတာကတော့ ငါလည်းမပြောတတ်ဘူး။ ဟုတ်တယ်၊တရုတ်တွေက ဒါကို မမေ့ကြ သေးဘူး။

မေး။ ။ဂျပန်တွေကလည်း ဒီအမှားအယွင်းတွေအတွက် အကြိမ် ကြိမ်တောင်းပန်ခဲ့ပြီးပြီလို့ ဆိုနေကြတာပဲ။
ဖြေ။ ။ဟုတ်တယ်၊တောင်းပန်ခဲ့ကြတယ်။ ဒါပေမယ့် သူတို့က စစ်သားေ တွမြှုပ်နှံတဲ့ ယာစုကုနီ (Yasukuni)ခန်းမကို သွားရောက်နေကြတုန်းပဲ။

မေး။ ။တစ်ခါက ဂျပန်ခေါင်းဆောင်တစ်ယောက်ကို မစ္စတာလီ ပြော ခဲ့ဖူးတယ်ဆိုလားလို့။ အမေရိကန်နဲ့ ဗီယက်နမ်တွေ တိုက်ပွဲဖြစ်ခဲ့ကြတယ်။ အချိန်အတော်ကြာလာပြီးတဲ့နောက်မှာ သူတို့ချင်းလက် ဆွဲနှုတ်ဆက်နိုင် ကြတယ်။ တရုတ်-ဂျပန်စစ်ပွဲဆိုရင် နှစ်ပေါင်းတစ်ရာတိုင်တာတောင် တစ်ယောက်ကိုတစ်ယောက် လက်ဆွဲနှုတ် မဆက်နိုင်ကြသေးဘူး---ဆိုလား။
ဖြေ။ ။ဟုတ်တယ်၊သူတို့စစ်ပွဲဖြစ်ခဲ့တာက ၁၉၃၁-ခုနှစ်က၊ ကြာလှပြီ။

မေး။ ။ဘာကြောင့်လို့ ထင်ပါသလဲ။
ဖြေ။ ။အကြောင်းက တရုတ်လို ဧရာမနိုင်ငံကြီးကို နိုင်ငံသေးသေးလေးက ၀င်သိမ်းဖို့ကြိုးစားတာမို့ အခံရခက်နေကြတာ။ တရုတ်တွေ တစ်စစီပြိုကွဲပြီး တစ်နိုင်ငံလုံးသိမ်းယူမိတော့မလောက်ပဲ။

မေး။ ။အဲဒီမကျေမချမ်းဖြစ်မှုက နှစ်နိုင်ငံလုံးရဲ့ လူထုကြားမှာ နက်နက် နဲနဲကြီး ခံစားနေကြရတုန်းလား။
ဖြေ။ ။ငါတော့ ဒီလိုမထင်တော့ပါဘူး။ သူတို့ဆက်ဆံရေးကတဖြည်းဖြည်း နဲ့ ကောင်းမွန်လာနေပါပြီ။ ဂျပန် တွေက တရုတ်ပြည်ထဲမှာ ရင်းနှီးမြှပ်နှံ မှုတွေလုပ်တယ်။ တရုတ်တွေကလည်း ဂျပန်ရဲ့ အရင်းအနှီးနဲ့ နည်းပညာ ကို ဖိတ်ခေါ်ကြိုဆိုတယ်။ ပြီးတော့ တရုတ်က ဈေးချိုချိုနဲ့ ကုန်ထုတ်လုပ်လို့ရတဲ့ အခြေခံ အလုပ်ရုံတွေကို ပြန်ပေးတယ်။ ဒါပေမယ့် ဒုတိယကမ္ဘာစစ် အမာ ရွတ်က တစ်ချိန်ချိန်မှာ ပြန်ပြီးအနာရင်းလာနိုင်တာမျိုးပဲ။

မေး။ ။စင်္ကာပူအပါအ၀င် အာဆီယံနိုင်ငံတွေနဲ့ကတော့ အာရှရဲ့ စူပါ ပါဝါကြီးနှစ်ခု ညီညီညွတ်ညွတ်နဲ့ ပိုပြီးရင်း နှီးကျွမ်းဝင်တဲ့ စီးပွားရေး၊ နိုင် ငံရေးဆက်ဆံမှုတွေရှိလာစေဖို့ မျှော်လင့်နေကြရုံပဲပေါ့။
ဖြေ။ ။အမှန်ပဲ။ သူတို့နှစ်နိုင်ငံလုံး ကြီးပွားချမ်းသာနေမှုဟာ ငါတို့ လိုလား တဲ့ အချက်ပဲ။

ဂျပန်၊ ပြီး

ဖီးဒ်ဘက်


ဆရာတစ်ယောက်ထဲက ဘာသာရပ်အားလုံးကို သင်မပေးနိုင်ဘဲနဲ့
တပည့်တစ်ယောက်က ဘာသာရပ်အားလုံးကို သင်ယူနိုင်လိမ့်မယ်လို့
ဘယ်လိုလုပ်မျှော်လင့်လို့ရမှာလဲ ဆရာရယ်။

တရုတ်နှစ်သစ်ကူးနဲ့ ကျနော်စီးခဲ့ဖူးသော မြင်းတစ်ကောင်အကြောင်း


ကျနော်ငယ်စဉ်က မြင်းတစ်ကောင်ပိုင်ဆိုင်ခဲ့ဖူးသည်။ ထိုမြင်းက မြင်းေ ပါက်ဖြစ်သဖြင့် လူတော့ရွေးသည်၊ သူ့သခင်မဟုတ်ဘဲ တက်စီးဖို့ အလွန်ခက် သည်။ မထင်ရင်မထင်သလို လုပ်သည်။ သူနဲ့ကျနော့်ကြားမှာတော့ ဆက် ဆံရေးက ချောချောမွေ့မွေ့ပါ။ ဒါတင်မကပါ။ သူဘယ်လောက် သစ္စာရှိတယ် ဆိုတာ အခု ပြောပြချင်ပါသည်။

ထိုစဉ် အဖေက ဝါပွဲစားလုပ်နေသောအချိန်ဖြစ်သဖြင့် ငွေရှင်း၊ ငွေသိမ်း၊ ဝါသိမ်းစသည့်ကိစ္စတို့ဖြင့် ဟိုရွာ ဒီရွာသွားရတတ်သည်။ အဲဒီအချိန်မှာ ကျနော့်အသက်က ၁၂ နှစ်သားလောက်ပဲ ရှိလိမ့်မည်ထင်ပါသည်။ မသေခြာပါ။
တစ်နေ့ ငွေသိမ်းရန် အရှေ့နယ်ဖက်သို့သွားရန်ရှိလာသည်။ အရှေ့နယ်က နည်းနည်းကြမ်းသဖြင့် သူနဲ့အဖော်လိုက်ခဲ့ရန် အဖေက ကျနော့်ကိုခေါ်သည်။ ထိုအခါ ကျနော်က ကျနော့်မြင်းကိုစီးပြီး အဖေကတော့ အနောက်ဖက်အိမ် က မြင်းမကြီးကို ငှားစီးကာ နေ့လယ်ခင်းလောက်မှာ ရွာမှထွက်ခဲ့ကြသည်။
"သတိတော့ ရှိမှ၊ ဒီနယ်က လူမိုက်များတယ်"
လို့ အဖေကသတိပေးပါသည်။ ထိုရွာကို ရောက်သည့်အခါမှာတော့ ရွာသား တို့၏ ဖော်ရွေပျူငှာမှုကိုမြင်ရပြီး အဖေက အစိုးရိမ်လွန်တာဖြစ်မှာပါ လို့ ပင် တွေးလိုက်မိသေးသည်။ အဖေကတော့ ဖော်ရွေလေလေ၊ အစား အသောက်များဖြင့် အချိန်ဆွဲ ဧည့်ခံလေလေ အန္တရာယ်ရှိလေလေ ဟု တွေး ထင်နေပုံရပါသည်။ သူ့ကို အရက်များဖြင့် ဧည့်ခံသလို ကလေးသာဖြစ်သော ကျနော့်အတွက်လည်း စားစရာတွေက စုံလင်လှသည်။ နေမဝင်မီ ထိုရွာမှပြန် ရန် စိတ်ကူးရှိခဲ့ကြသော်လည်း တော်တော်မှောင်မှ ထိုရွာကထွက်နိုင်ခဲ့သည်။ ဝါ ဖောက်သည်များဖြစ်နေသဖြင့် သူတို့ဖိတ်ကြားဧည့်ခံမှုကို အဖေက အငြင်း ခက်နေသောကြောင့် နောက်ကျသွားရခြင်းဖြစ်သည်။




ရွာကထွက်တော့
"စပ်ကြား(လှည်းလမ်းကို ဘေးနှစ်ဖက်မှ ခြုံပုတ်များဖြင့် ကာဆီးထားသည့် လမ်းကျဉ်း) မရောက်ခင် သတိထားရအောင်၊ စပ်ကြားထဲမှာဆို ရှေ့ဆက် မရ၊ နောက်ဆုတ်မရ၊ ဘေးထွက်မရ ညှပ်ပူးညှပ်ပိတ်မိသွားနိုင်တယ်။ ဒီ လူတွေကို အခု ပိုပြီးသံသယရှိလာတယ်"
လို့ ထပ်သတိပေးသည်။ မှန်ပါသည်၊ ကွင်းပြင်မှာဆို သူတို့မှာဓားကိုယ်စီ ပါတယ်ဆိုဦး မြင်းပေါ်မှလူက ကြောက်စရာမလိုပါ။ ကျနော်တို့မှာလည်း ဓားကိုယ်စီပါသည်။ အဖေပြောသည့် စပ်ကြားထဲ မဝင်မီ ခပ်လှမ်းလှမ်းမှစပြီး ကျနော်က မြင်း တင်ပါးကို ခပ်စပ်စပ်ပုတ်ပေးလိုက်ပြီး အသာကျ မောင်း လိုက်သည် ။ ပြေးနေသော်လည်း စပ်ကြားနားနီးသောအခါ မြင်းရဲ့ နှာမှုတ် သံတွေ ပြင်းပြင်းလာသည်။ သူ့နှာမှုတ်သံကို မကြားချင်ယောင်ဆောင်ပြီး စပ်ကြားထဲ အတင်းမောင်းနေသောအခါ နှာမှုတ်ရုံသာမက ဟီးသံပေး၊ ပတတ်ရပ်ပြီး ညင်းဆန်လေတော့သည်။

ဒါဆို သေချာပြီ။ လူစိမ်းစောင့်နေသည်၊ အန္တရာယ်ရှိနေပြီ။ ထိုသို့သိလိုက်ချိန် ဓားကိုယ်စီနဲ့ လူငါးယောက် မလှမ်းမကမ်းကလိုက်လာသည်ကို တွေ့လိုက်ရ သည်။ ထို့အတူ ရှေ့မှာ စောင့်နေသည့်အုပ်စု ရှိနေမည်ကလည်း သေချာလှ ၏။
"သေချာပြီ။ ဒါပေမဲ့ ခြုံသိပ်မထူသေးတော့ ဒါလောက်တော့ ငါတို့မြင်းတွေ ခုံနိုင်တယ်၊ မင်း မြင်းကိုအရင် အခုန်ခိုင်းလိုက်"
ဒါနဲ့ ဇက်ကြိုတင်းပြီး တင်ပါးပုတ်ပေးလိုက်ရာ အလွယ်တကူပင် အပြင်ေ ရာက်သွားသည်။ အဖေလည်း နောက်က ပါလာသည်။ စပ်ကြား အပြင်ရောက်တော့ လမ်းမဟုတ်သည့် မြေပဲခင်းထဲကနေပဲ မြင်းစီးလာခဲ့ ရတော့သည်။
အဖေကတော့ စပ်ကြားထဲက လူအုပ်ကို
"ခွေးမသားတွေ သတ္တိရှိရင် တို့ရွာအထိလိုက်ခဲ့ကြလေ" လို့တောင် လှမ်းပြီးစိန်ခေါ်လိုက်သေးသည်။

ထိုညက ဘေးမသီရန်မခ ရွာပြန်ရောက်ခဲ့သည်မှာ လူစိမ်းအစီးမခံချင်သော၊ ဂျစ်ကပ်ကပ် ကျနော့်မြင်း၏ ကျေးဇူးကြောင့်ဖြစ်ပါသည်။
စဉ်းစားမိပါ၏။ ပိုက်ဆံရှိလို့ မာစီးဒီးဝယ်စီးမည်ဆိုလျင်ပင် ရှေ့မှာ အန္တရာယ် ရှိလို့ဆိုပြီး ကားဟွန်းကို အလိုလိုမည်ပေးမည်မဟုတ်ပါ။
ဤသို့သော ဆက်ဆံရေးက သက်ရှိသတ္တဝါများ ကြားမှာသာရှိနိုင်လေသည်။
တရုတ်နွယ် စာဖတ်ပရိသတ်များသို့ ကုန်းချီဖဆိုင်။

တောအုပ်သမ္မတကြီး ဒုက္ခရောက်နေပြီ


တောအုပ်သမ္မတကြီးဆိုတာ ခြင်္သေ့မင်းပါ။ ပြောတဲ့စကားတွေကလည်း ပုံပြင်ဟောင်းထဲကအတိုင်းပါပဲ။ ဒါပေမဲ့ မီဒီယာနဲ့ အခွင့်အရေးခေတ်ကြီး ထဲမှာ ဒါမျိုးသွားပြောလို့မရဘူးဆိုတာ သတိမထားလိုက်မိလို့ ဖြစ်ပွားခဲ့တာ
ပါ။ ဒါကလည်း အွန်လိုင်းမီဒီယာပေါ် ချက်ချင်းရောက်သွားတော့ ပွဲဆူသွား တာပေါ့။ ဟိုကောင်တွေက တိုက်ရိုက်ကို တယ်လီကတ်စ်တ် လုပ်ချလိုက် တာ။(ပုံကို ရှု)


အဓိက မှားသွားတဲ့ စကားသုံးခွန်းက
၁။ ကြွက်ကိုစားမယ်လို့ပြောတာ
၂။ အခုအချိန်ဆိုရင် မျှစ်စို့ပေါက်တောင် ရှောင်နိုင်မယ်မဟုတ်ဘူးဆိုတာနဲ့
၃။ မင်းလို ကြွက်ငယ်လေးက ငါ့လိုတောအုပ်သမ္မတကြီးကို ကူနိုင်မယ်တဲ့ လား၊ ဝါးဟားဟား ဆိုတဲ့ စကားတွေပါ။

ပထမဆုံးစကားက တိရစ္ဆာန်လောကကြီးတစ်ခုလုံးကို ဂယက်ရိုက်သွားခဲ့ပါ တယ်။ ကြီးနိုင် ငယ်ညှင်း တိရစ္ဆာန်တန်းစားခွဲခြားတယ်။ Discrimination လုပ်တယ်၊ ဘူလီကျတယ်ဆိုပြီး ဆန္ဒပြနေကြပါတယ်။

ဒုတိယစကားကတော့ ခြင်္သေ့လောကကိုပဲ ထိရိုက်သွားတာပါ။ ခြင်္သေ့ဆို တာ မြက်တင်မကဘူး၊ ကြွက်ကိုလည်းမစားဘူး။ အခုဟာက မျှစ်စို့ပေါက် ကိုတောင်စားဦးမယ်ဆိုတော့ ခြင်္သေ့သိက္ခာချတယ်၊ Disgraceful ဖြစ်တယ် ဆိုပြီး ခြင်္သေ့တွေကလည်း မခံမရပ်နိုင်ဖြစ်နေကြပါတယ်။ သူတို့ကလည်း Disgraceful သမ္မတ Out, out တဲ့။

တတိယစကားကလည်း တိရစ္ဆာန်လောကကြီးတစ်ခုလုံးကို နာကျည်း ခံ ခက်ဖြစ်စေခဲ့တာပါပဲ။ သမ္မတကြီးလုပ်နေပြီး သူများကို ဘာလို့အထင်သေးတဲ့ စကားပြောရတာလဲ၊ အိုဗားမားတို့ကိုကြည့်၊ ကလေးကိုလည်း တလေးတစား ဆက်ဆံတယ်။
ဒီကြားထဲ ဝါးဟားဟား ဆိုတဲ့ သရော်သံကြီးပါ ပါသွားတော့ ပိုဆိုးသွားရော။ Discrimination တွေရော၊ Disgraceful ဘီဟေးဗီးယားတွေရော၊ disrespectful မဲင်းနားတွေရော စုံလို့ စွပ်စွဲနေကြပါသတဲ့။

စာကြွင်း။ ။ ပုံပြင်သစ်ကိုဖတ်ဖူးတဲ့ သမ္မတတွေက စကားများများ မပြော ကြတော့ဘူး။ 

တောင်ကြီးဖဝါးအောက်


တောင်နဲ့ပတ်သက်တဲ့ တရုတ်စကားပုံသုံးခု ဖတ်ဖူးပါတယ်။
၁။ တောင်တစ်လုံးထက်မြင့်တဲ့ တောင်တစ်လုံး အမြဲရှိတယ် (သိုင်းဝတ္ထုတွေထဲမှာ)
၂။ တောင်တစ်လုံးဟာ မြင့်မားလေလေ အထီးကျန်လေလေ (လူမှုရေးစာတွေထဲမှာ)
၃။ တောင်တန်းမြင့်လေလေ အင်ပါယာနဲ့ ဝေးလေလေ (နိုင်ငံရေးစာတွေထဲမှာ)

မြန်မာတွေကတော့ "တောင်ကြီးဖဝါးအောက်" တဲ့။
တရုတ်စကားပုံ ၂၊ ၃ နဲ့ မြန်မာစကားပုံကိုပေါင်းကြည့်ရင် အထီးကျန်မှုနဲ့ အင်ပါယာကို ခြေဖဝါးအောက်ရောက်အောင် ကြိုးစားတက်ယူလို့ရတယ်။
ပြသနာက တရုတ်စကားပုံ ၁။
ပိုမြင့်တဲ့ အထီးကျန်မှုနဲ့ ပိုအားကောင်းတဲ့ အင်ပါယာ အမြဲရှိနေမယ့်သဘော။
ဒါကိုတော့ မြန်မာစကားပုံက "နောက်လူ နှစ်ချက်ခေါက်" တဲ့။
ဉာဏ် မမီတော့ ဘာတွေမှန်းမသိဘူး။ ရှုပ်တယ်။