အဘိဓမ္မာသင်တန်း အမှတ်စဉ် ( ၄/၂၀၁၄ ) @ မင်္ဂလ၀ိဟာရကျောင်း



ဓမ္မမိတ်ဆွေအပေါင်း သူတော်ကောင်းတို့...
အဘိဓမ္မာတရားတော်မြတ်ကြီးအား အပတ်စဉ်အချိန်မှန်မှန် အခြေခံမှစတင်သင်ယူလေ့လာ လိုသူများအတွက် အဘိဓမ္မာသင်တန်း အမှတ်စဉ် (၄/၂၀၁၄) ကို အောက်ပါအချိန်အတိုင်း စတင်ဖွင့်လှစ်မည်ဖြစ်ပါ၍ စိတ်ပါ၀၀်စားသူ မည်သူမဆို အခမဲ့ တက်ရောက်သင်ယူနိုင်ကြ ပါကြောင်း အဘိဓမ္မာအသင်းကြီး(စင်္ကာပူ) မှ လှိုက်လှဲစွာ ဖိတ်ခေါ် အပ်ပါသည်။
  • စတင်ဖွင့်လှစ်မည့်နေ့ ။ ။ ၂၀၁၄ ခု မတ်လ (၁) ရက် စနေနေ့
  • အချိန် ။ ။ ညနေ ၀၇း၀၀ မှ ၀၈း၃၀ အထိ (စနေနေ့တိုင်း)
  • သင်ကြားပေးမည့်ဆရာတော် ။ ။ ဦးဉာဏ၀ရ (ပညာပါရမီ)
  • နေရာ ။ ။ မင်္ဂလဝိဟာရကျောင်းတိုက်၊ ဒုတိယထပ် (30 Jalan Eunos, Singapore 419495)
  • နတ်လမ်းညွှန် ။ ။ အနီးဆုံး MRT - Eunos MRT (Bus: 21, 60, 63, 93, 854)

  • စာရင်းပေးသွင်းရန်
    ၁။ Online Registration
    ၂။ abhidhammafoundation.sg@gmail.com သို့
  • အဘိဓမ္မာသင်တန်း အမှတ်စဉ်(၄/၂၀၁၄) - စာရင်းပေး သွင်းခြင်း ခေါင်းစဉ်ဖြင့်
  • အမည် ၊ ဖုန်းနံပါတ် နှင့် အီးမေးလ်တို့ကို ပေးပို့နိုင်ကြပါသည်။

မေတ္တာဖြင့်
လူတိုင်းအတွက် အဘိဓမ္မာအသင်းကြီး ( စင်္ကာပူ)
www.abhidhammafoundation.org
www.fb.com/abhidhammasociety


ဖေဖေနားမလည်ပါဘူး


ငါးနှစ်သားကောင်လေးက သူ့သူငယ်ချင်းကောင်မလေးဆီ စာရေးနေတာ
"ငါ့သားက ဘာစာတွေရေးနေတာလဲ"
"သား သူငယ်ချင်းကောင်မလေးဆီ ချစ်ကြောင်း၊ သတိရကြောင်း စာရေးနေ တာပါ"
"ဟင် သားက စာရေးတတ်လို့လား"
"မရေးတတ်တော့ရော အကြောင်းလားဖေဖေ၊ သူလည်း စာမှ မဖတ် တတ်သေးတာ။
မရေးတတ်၊ မဖတ်တတ်လည်း ဒါ အချစ်ကိုပြတာပဲ၊ ဒါတွေကို ဖေဖေ နားမလည်ပါဘူး"

အရှေ့နဲ့အနောက် မတူကြဘူး (၂)


ဘော့စ်က "ခုန်၊ ခုန် (Jump.jump)" လို့ ခိုင်းရင်
၁။ အနောက်တိုင်းသားက "Why?" လို့ပြောတယ်။
၂။ ဂျပန်နဲ့ တရုတ်က "How high?" လို့ သေချာအောင် ထပ်မေးတယ်။
၃။ အိန္ဒိယန်းနဲ့ မလေးကတော့ "အချိန်မရှိတော့ဘူး၊ နောက်နေ့မှ"တဲ့။
၎။ ထိုင်းက"တီရှပ်အနီနဲ့ကောင်ကို သွားခိုင်း"လို့ ဘောလီဘောကစားတယ်။
၅။ မြန်မာက "ဟုတ်ကဲ့ အဘ" တဲ့၊
ခဏနေတော့မှ"ဘာကွ၊ ဒါ ဒီမိုကရေစီခေတ် ကွ" တဲ့။
(၃၊ ၄၊ ၅ က ကျနော်ပွားထားတာပါ)

ဆင်ခြေ နှစ်


ခြေရာခံကြေးလား
ဘယ်သူ့ခြေရာက
မိုးလုံလေလုံရှိလို့လဲ ကွာ။

ရွာသားတစ်ယောက်အနေနဲ့ကတော့
မိုးနဲ့မြေထိတဲ့နေရာမှာ လူမဖြစ်ချင်ဘူး
ငါ သွေးထားတဲ့ဓား မထုတ်နိုင်ခင်
ငါ ပြားသွားမှာစိုးရိမ်တယ်။


 

သာမညဖလ (ရဟန်းဖြစ်ရခြင်း အကျိုး)


Artist Min Wae Aung
ယခုရေးလိုသည့်အကျိုးက သာမညဖလ(သုတ်)ထဲမှာ မပါဝင်ပါ။ ဒီဇင်ဘာလ တုန်း က ကျောင်းမှ အဖွဲ့နဲ့အတူ သီရိလင်္ကာကို သွားရောက်ခဲ့သည်။ တစ်ပြားမှ မ ကုန်ဘဲ ရောက်ခဲ့ရသည့် ခရီး ဖြစ်၏။ ထို့အပြင်၊ ထို့အပြင်သည် ယခုရေး လိုသော ကိစ္စ ဖြစ်ပေသည်။

စင်ကာပူကနေ ည (၁၀) နာရီမှာထွက်ရမည့် ကက်သီပစိဖိတ်လေကြောင်း က အကြောင်း တစ်ခုခုကြောင့် နောက်ကျနေ၏။ (၁၀) နာရီမှ (၁၁) နာ ရီ ရွှေ့၏။ (၁၂) နာရီမှာ (၁) နာရီ ရွှေ့ပြန်၏။ (၁) နာရီမှာ တဖန် နောက်နေ့ ညနေ (၇) နာရီရွှေ့ပြန်၏။ မတတ်နိုင်၊ ကျောင်းပြန်ခဲ့ရသည်။ ကျောင်းမှာ ရှိနေသည့် ရဟန်းက မကျိန်းသေးသဖြင့် အပေါက်ဖွင့်ပေးလို့သာ တော်သေး သည်။ သို့မဟုတ်လျှင် ဒုက္ခ အကြီးအကျယ် တွေ့ရမည်။ လေကြောင်းက စီ စဉ်ပေးသည့် ခရီးသည်များလည်း မနက် (၅) နာရီရောက်မှ ဟိုတယ်ရသည် ဟု ကြားရ၏။
ထိုသို့ ခရီးစဉ် နှောက်နှေးမှု့ကြောင်း ခရီးသည်များက လေကြောင်းလိုင်းထံမှ နစ်နာကြေး တောင်းကြ၏။

ထိုတောင်းထားသည့် နင့်နာကြေး မနေ့က ရောက်လာသည်။ ဆင်းဒေါ်လာ (၁၅၀) တန် ချက်လက်မှတ် ဖြစ်သည်။ ပြုံးမိ၏။ တစ်ပြားမှ မကုန်ခဲ့ရသော ခရီးစဉ်မှ ဒေါ်လာ (၁၅၀) အမြတ်ထွက်လို့ နေတော့၏။
ဤနဝကမ္မကိုတော့ဖြင့် မယူသင့်၊ ကျောင်းရံပုံငွေထဲ ပြန်လှူသင့်သည်ဟု ယူဆသဖြင့် အတွင်းရေးမှူး ဒကာမကို အကျိုးအကြောင်းပြောပြီး ပေး လိုက်သည်။ ဘဏ်မှာ နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့သော ယင်း ဒကာမက လည်း ဒီလို လုပ်လို့ မရကြောင်း သိပါလျှက် ဘာမှ မပြော။
“Yes, Bhante” ဟုသာ ပြောသည်။
ယင်းကိစ္စကို ကော်မတီဥက္ကဋ္ဌ သိတော့မှ ကိစ္စပြတ်သွားသည်။
“ဘန္တေ၊ ဒီလိုလုပ်လို့ မရဘူး။ ဘန္တေရဲ့ နာမည်နဲ့ ရောက်လာတဲ့ ချက်ကို ဘယ်အကောင့်ထဲမှ ထည့်လို့ မရဘူး။ ကိုယ့်အကောင့်ထဲကို အရင်ထည့်၊ ပြီးတော့မှ ပုံစံတစ်မျိုးမျိုးနဲ့ ကျောင်းရံပုံငွေထဲ ပြန်လှူရင်တော့ ရမယ်”
ဟု သူက ဆိုလေသည်။

မှန်၏။ ချက်လက်မှတ်ထဲမှာ ပြောင်းလွှဲလို့ မရဟု ပါသည်။ ဒါကိုသိဖို့ အလွန် အမင်းဘရိုက်ဖြစ်နေစရာ မလို။ ကိုယ်တိုင်က ဒါကို သတိမမူမိခဲ့ခြင်း ဖြစ်၏။ ဤကိစ္စက ဤမှာ ပြီးသွားပြီ။ မပြီးသည်က အာရှယဉ်ကျေးမှု။ တရုတ်ရယ် ၊ မြန်မာရယ် တယ်ပြီး မထူးခြားလှ။ သူမကို ပေးလိုက်စဉ်ကတည်းက အတွင်းရေးမှူး ဒကာမက
“ဘန္တေ၊ ဒီလို လုပ်လို့ မရဘူး”
ဟု လျှောက်သင့်သည်။ သူမက မလျှောက်။ ဘုန်းကြီးတစ်ပါး ခိုင်းတာကို “No” မပြောချင် (သို့) အတွန့် မတက်ချင် (သို့) ဒီလိုလုပ်လို့ မရမှန်း သူကိုယ် တိုင် သိလာလိမ့်မည်ဟု ထင်ထားဟန် ရှိ၏။ ယခုစာကလည်း သူမကိုအပြစ် ဖွဲ့ခြင်း မဟုတ်၊ အာရှတိုက်သား ရဟန်းတစ်ပါးအတွက် ဒုတိယ အကျိုး သာ ဖြစ်၏။ (ပထမအကျိုးက ဆိုခဲ့ပြီ။ တစ်ပြားမှ မကုန်သော ခရီးမှ ဒေါ်လာ (၁၅၀) အဆစ်ရသည် - ဖြစ်၏။)

လူတော်တော်များများက ရဟန်းတစ်ပါး မှားနေလျှင်ပင် ထောက်ပြဖို့ ဝန်လေးတတ်ကြ၏။ မကောင်းလှ ထင်သည်။ ဤကိစ္စမျိုး၌ တရုတ်က မြန် မာထက်တော့ သာသည်ဟု ဆိုနိုင်သော်လည်း သိပ်တော့ မထူးခြားလှ။ ရဟန်း၏ အမှားကို ထောက်ပြရမှာကို ငရဲကြီးမှာ စိုးတာနဲ့ပဲ “မှားချင်သေ လာက် မှားပါစေ၊ ကြည့်နေလိုက်မယ်။ တချိန်ချိန် သဘောပေါက်လာ လိမ့်မယ်”
ဆိုသည့် သဘောမျိုး ရောက်သွား နိုင်ပြန်၏။ ဤစာဖြင့် အာရှယဉ်ကျေး မှု ကို ဝေဖန်နေခြင်းမျိုးလည်း မဟုတ်။ ရဟန်းမှားမှာ ထောက်ပြသူ နည်းလာ သဖြင့် တာဝန်ပိုကြီးလာသည်ဟု ဆိုလိုချင်ရုံမျှသာ ဖြစ်သည်။ (ရာထူး အရှိန် အဝါကြီးလေလေ၊ ထောက်ပြသူနည်းလေလေ ဖြစ်ကောင်းဖြစ်နိုင်၏)

အကယ်၍ ထိုရဟန်းက အမြင်မှန်၊ အသိမှန် မရခဲ့သော်???
ရသော်လည်း အချိန်တွေ အလွန်နောက်ကျမှ အသိ၊ သတိရခဲ့သော်???
မေးခွန်းများ ဝေ့ကာဝဲ့ကာ ထွက်လာလေတော့၏။
အပ္ပမာဒေါ အမတံ ပဒံ။