အခန်း ၅၊ အရှေ့တောင်အာရှ


မြန်မာ။ ။ ဗိုလ်ချုပ်ကြီးများလမ်းကြောင်းပြောင်းခြင်း

ရှေ့ဆက်ဖို့လမ်းဆုံးနေပြီဆိုတာသိတဲ့နောက်တော့ အကျိုးအကြောင်းညီညီ စဉ်းစားတတ်ရင် ရွေးစရာက တစ်လမ်းပဲ ရှိပါတော့တယ်။ ဒါက နောက် လှည့်ပြန်လျှောက်ဖို့ပါပဲ။ ၂၀၁၁ ခုမှာ သူတို့နိုင်ငံ ဘယ်ကို ဦးတည်ရမလဲဆို တာနဲ့ပတ်သက်လို့ မြန်မာ့ဗိုလ်ချုပ်ကြီးတစ်ချို့ဆန္ဒဘယ်လိုရှိခဲ့တယ်၊ ဘယ် လိုစတင်ပြောင်းလဲမယ်ဆိုတာကို သုံးသပ်ကြည့်ဖို့ နည်းလမ်းတွေအများကြီး ရှိပါတယ်။
ဦးနှောက်ကောင်းတွေကို စနစ်တကျရှာဖွေ၊ ရွေးခြယ်၊ မွေးမြူပြီး ရုတ်တရက် ကြီး “ဂ”ငယ်ကွေ့ ချိုးကွေ့လိုက်တာမဟုတ်သလို ရိုးရိုးသားသားနဲ့ အမြင်မှန် ရပြီး ရုတ်တရက်ပြောင်းလဲလိုက်ခြင်းမျိုးလည်း မဟုတ်ပါဘူး။ ဒီအတိုင်း ဆက်သွားနေရင်တော့ ပြိုလဲကျသွားတော့မှာပဲဆိုတာ သဘောပေါက်ပြီး သူ တို့နာမည်ကို အဖတ်ဆယ်ယူဖို့ မဖြစ်မနေပြောင်းလဲလိုက်တာမျိုးလည်း မ ဟုတ်ပါဘူး။
ဒီထက် ရှင်းရှင်းလင်းလင်းဖြစ်အောင် ရှင်းပြလို့ ရပါတယ်။ ဗိုလ်ချုပ်ကြီးေ တွ တွေ့မြင်လိုက်ရတာာက သူတို့နိုင်ငံကတော့ လမ်းဆုံးကိုရောက်နေပြီ ။ ရွေးစရာ (ဆက်သွားစရာ လမ်း) ဘာမှမရှိတော့ဘူးဆိုတာပါပဲ။

ဖွံ့ဖြိုးတိုးတက်နေတဲ့ ထိုင်းနိုင်ငံဆီ နယ်ခြားလေးကိုကျော်ပြီးကြည့်လိုက်မိ တယ်ဆိုရင်ပဲ ဒီအမြင်က ရှင်းရှင်းလင်းလင်းတွေ့မြင်ရမှာပါ။ သဘာဝ အရင်း အမြစ်အနေနဲ့ကြည့်ရင် ထိုင်းနိုင်ငံထက်ပိုပြီး မချမ်းသာဘူးဆိုရင်တောင်မှ ထိုင်းနိုင်ငံလောက်တော့ မြန်မာလည်း ချမ်းသာပါတယ်။
ဥပမာ အနေနဲ့ နှစ်နိုင်ငံလုံးကထွက်တဲ့ ရှောက်ချိုသီးတွေကို နှိုင်းယှဉ်ကြည့် ပါ။ သိပ္ပံနဲ့ နည်းပညာကို အသုံးပြုပြီးစိုက်ပျိုးထားတာ ဖြစ်နေတော့ ထိုင်းက ထွက်တဲ့ ရှောက်ချိုသီးက အလုံးပိုကြီးသလို ချိုလည်း ပိုချိုတယ်။ နောက်ပြီး ထိုင်းနိုင်ငံဟာ ဒီဒေသတွင်းမှာ သစ်ခွပန်း၊ ပန်းပင်၊ သစ်သီးတွေ တင်ပို့ရာမှာ နံပါတ်တစ် ဖြစ်နေပါတယ်။ သီအိုရီအရပြောရရင် ရာသီဥတုနဲ့ မြေသြဇာ ကြွယ်ဝမှုက နှစ်နိုင်ငံလုံး ကံကောင်းစွာ ပိုင်ဆိုင်ထားကြတော့ ထိုင်းစိုက်ပျိုး လို့ရနိုင်တာမှန်သမျှ မြန်မာပြည်မှာလည်း စိုက်ပျိုးနိုင်တာပါပဲ။ ဒါပေမဲ့ ဘာ မှ ဖြစ်မလာခဲ့ဘူး။ နောက်ထပ် စိတ်မကောင်းစရာ နှိုင်းယှဉ်ကြည့်စရာတစ်ခု က ထိုင်းနိုင်ငံက ဆေးဝါးတွေရရှိဖို့ နယ်ခြားကို ကျော်ဖြတ်ပြီး ကျောက်မျက် ရတနာ ထွင်းထွက်ပစ္စည်းတွေနဲ့ လဲလှယ်ယူနေကြရတယ်။ မြန်မာက အများ ကြီးနောက်ကျကျန်နေရစ်ခဲ့ပါတယ်။

နာဂစ်မုန်တိုင်းဒဏ်ကိုခံလိုက်ရခြင်းဟာ စစ်တပ်အရာရှိတွေကိုရော မြန် မာပြည်သူလူထုကိုပါ လှုပ်နှိုးလိုက်တာပါပဲ။ ၂၀၀၈ ခုမှာ ဖြစ်ပွားခဲ့တဲ့ ဒီဘေး ဒဏ်ကြောင့် သန်းပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်။ ဘာလုပ်လို့ ဘာ ကိုင်ရမှန်းမသိတဲ့ အစိုးရဟာ သူတို့ကိုယ်တိုင် ထိထိရောက်ရောက် ကူညီေ စာင့်ရှောက်မှုမပေးနှိုင်သလို စိတ်လိုလက်ရ အကူအညီပေးလိုတဲ့ အမေရိ ကန်၊ ပြင်သစ်စတဲ့ နိုင်ငံခြားတိုင်းပြည်တွေရဲ့ အကူအညီကိုလည်း လက်မခံခဲ့ ကြပါဘူး။
သူတို့နဲ့ ဆန့်ကျင်ဖက်သာဓက ကတော့ တရုတ်ပြည်၊ စီချွမ်း (Sichun) ပြည် နယ်မှာ လှုပ်သွားတဲ့ ငလျင်ပါ။ အပျက်အစီးအရ မြန်မာပြည်အောက် မရောက်ပါဘူး တရုတ်ပြည်ကူညီစောင့်ရှောက်ရေးအဖွဲ့တွေက ချက်ချင်းေ ရာက်သွားပြီး ကယ်ဆယ်မှု ကူညီပံ့ပိုးမှုတွေ လုပ်ပေးခဲ့ကြတယ်။ တရုတ်ခေါင်းဆောင် ပရီးမီးယား ဝင်ကျားပေါင်ကိုယ်တိုင် ဒါကို အဓိက ဦး စားပေးအနေနဲ့ ဦးဆောင်လုပ်ပြလိုက်တော့ တစ်နိုင်ငံလုံး တက်ညီလက်ညီ ကူညီပံ့ပိုးပေးခဲ့ကြပါတယ်။ မြန်မာနိုင်ငံရေး ကျွမ်းကျင်သူတွေကတော့ နာဂစ် မုန်တိုင်း အန္တရာယ်ဟာ နိုင်ငံရဲ့ စိုးရိမ်စရာအကောင်းဆုံးရေမှတ်ကိုရောက် သွားပြီး ပြောင်းလဲမှု၊ အစပျိုးပေးလိုက်တာလို့ သုံးသပ်ကြပါတယ်။ သူတို့ သုံးသပ်ချက်ဟာ အမှန်တရားးနဲ့ မဝေးလှဘူးလို့ ကျွန်တော်ထင်ပါတယ်။

မြန်မာနိုင်ငံဟာ ၂၀၁၁ ခုရောက်တဲ့အခါမှာတော့ ဆိုင်းမဆင့်ဘုံမဆင့် နဲ့ ပြုပြင်ပြောင်းလဲရေးကိုစတင်အကောင်အထည်ဖော်လာပါတော့တယ်။
နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးခဲ့တယ်။ ဒီအထဲမှာ အောင်ဆန်ုးစု ကြည် လည်းပါဝင်ခဲ့ပါတယ်။ နိုဘယ်ဆုတံဆိပ်ရှင် အောင်ဆန်းစုကြည်ကို ၂၀၁၂ ခု ကြားဖြတ်ရွေးကောက်ပွဲမှာ ပါဝင်အရွေးခံခွင့်ပြုခဲ့တယ်။ သူမလည်း အရွေးချယ်ခံရပြီး ပါလီမန်ထဲရောက်သွားခဲ့ပါတော့တယ်။ ရွေးကောက်ပွဲပြီး တဲ့အခါမှာလည်း ခပ်သွက်သွက်ပဲ နိုင်ငံရေး အကျဉ်းသားတွေကို ဆက်ပြီး လွှတ်ပေးခဲ့ပါတယ်။ ဖြစ်နိုင်တဲ့အကြောင်းတစ်ရပ်ကတော့ စီးပွားရေးပိတ်ဆို့ ထားတဲ့ နိုင်ငံတွေကို စီးပွားရေးပြန်ဖွင့်ပေးလာအောင် စည်းရုံးလုပ်ဆောင် မှုတစ်ခုပါ။ ဒီအချက်ဟာ နိုင်ငံစီးပွားရေးအတွက် အရေးကြီးတယ်ဆိုတာ သူတို့ သိထားကြပါတယ်။ အနောက်နိုင်ငံတွေကလည်း အစပထမတော့ တွန့်ဆုပ်ဆုပ်ပါပဲ။ ဒါပေမဲ့ တဖြည်းဖြည်းဖွင့်ပေးလာခဲ့ကြတယ်။
၂၀၁၂ ခု နိုဝင်ဘာလထဲမှာ အမေရိကန်သမ္မတ အိုဘားမား မြန်မာပြည်ကို အလည်ရောက်လာချိန်မှာ မြန်မာနိုင်ငံလည်း ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံပေါ် အပြည့်အဝရောက်ရှိလာခဲ့ပါတော့တယ်။




ဒီနိုင်ငံဟာ ၂၀၁၅ ခုမှာ အမှန်တကယ်လွပ်လပ်ပြီး တရားမျှတမှုရှိတဲ့ ရွေးေ ကာက်ပွဲကျင်းပလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဒီရွေးကောက်ပွဲဟာ ဒေါ်အောင်ဆန်းစုကြည် အပြတ်အသတ်အနိုင်ရပေမဲ့ စစ်အစိုးရက လုံးဝအသိအမှတ်မပြုခဲ့တဲ့ ၁၉၉၀ ခု ရွေးကောက်ပွဲပြီးမှာ ပထ မဆုံးကျင်းပနိုင်မဲ့ ရွေးကောက်ပွဲ ဖြစ်နေပါလိမ့်မယ်။ မြန်မာနိုင်ငံဟာ ဖြည်းဖြည်းနဲ့မှန်မှန် ပုံမှန်နိုင်ငံတစ်နိုင်ငံအဖြစ် ရောက်ရှိလာနေပါတယ်။

၁၉၆၀ ခုနှစ်တွေအတွင်းမှာ မြန်မာ့ခေါင်းဆောင်ဗိုလ်ချုပ်နေဝင်းဟာ ဆိုရှယ် လစ်လမ်းစဉ်ကို လိုက်ခဲ့ပါတယ်။ ပြီးတော့ ဗြိတိသျှအစိုးရက စီးပွားရေးလုပ် ဖို့ခေါ်သွင်းလာတဲ့ အိန္ဒိယန်းတွေကို အိန္ဒိယပြန်ပို့ခဲ့တယ်။ အဲဒီ အိန္ဒိယန်းတွေ က စီးပွားရေးနဲ့ ကူသန်းရောင်းဝယ်ရေး ကျွမ်းကျင်သူတွေပါ။ သူတို့ကိုပြန်လွှတ်၊ တံခါးပိတ်ဝါဒကျင့်သုံးပြီး မြန်မာလူမျိုးတွေအချင်းချင်းပဲ စီးပွားရေးလည်ပတ်နေတော့ နိုင်ငံလည်း နှစ်ပေါင်းလေးဆယ်လောက် သေသွားတယ်။

လွန်ခဲ့တဲ့ ဆယ်နှစ်ဝန်းကျင်လောက်ကတော့ ဗိုလ်ချုပ်ကြီးတွေထဲမှာ ဥာဏ် ရည်ဥာဏ်သွေး အထက်မြက်ဆုံးဖြစ်တဲ့ ခင်ညွှန့်နဲ့ ကျွန်တော်အဆက် အသွယ်ရှိခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီးတွေထဲမှာ ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ စိတ် ဝင်စားတာလည်း သူတစ်ယောက်ပဲ ရှိပါတယ်။ ဆူဟာတို့လမ်းစဉ်ကိုလိုက်ဖို့ သူ့ကို ကျွန်တော်တိုက်တွန်းခဲ့ပါသေးတယ်။ စစ်ဝတ်စုံကိုချွတ်၊ နိုင်ငံရေးပါတီထောင်၊ ရွေးကောက်ပွဲနိုင်အောင်လုပ်၊ လူထု ရဲ့ထောက်ခံမှုရလာပြီဆိုရင် စီးပွားရေးတံခါးဖွင့်လိုက်လို့ ပြောခဲ့ပါတယ်။ ကျွန်တော်ပြောပြီးလို့ မကြာခင်မှာပဲ ခင်ညွှန့်လည်း အဖမ်းခံလိုက်ရပြီး နေ အိမ် အကျယ်ချုပ် အချခံလိုက်ရပါတော့တယ်။ အဲဒီနောက် မြန်မာစစ်တပ်နဲ့ ကျွန်တော်လည်း အဆက်အသွယ်မရှိတော့ပါဘူး။ နောက်ပြီး မြန်မာပြည် သွားပြီး တိုက်တွန်းနေလို့လည်း စင်္ကာပူအတွက် အကျိုးအမြတ် ဘာမှမရှိနိုင် ဘူးလို့လည်း သုံးသပ်မိပါတယ်။
နိုင်ငံတော်တော်များများကြိုးးစားခဲ့ကြပြီး ဘယ်သူမှလည်း အောင်မြင်မှု မရရှိခဲ့ကြပါဘူး။ ဒါကြောင့် ဒီ အလုပ်ဟာ ကျွန်တော်လုပ်ရမယ့်အလုပ်လို့ မထင်တော့ပါဘူး။

ဆက်ရန်

တိုင်တန်းနစ်ဇာတ်ကား မြန်မာပြည်မှာရိုက်ခဲ့ရင်


၁။ သင်္ဘောမြုတ်နေလို့ တစ်ပိုင်းလုံးရေထဲရောက်ချိန်အထိ တကယ်မြုတ်နေတာ ဟုတ်၊ မဟုတ် ကော်မရှင်ဖွဲ့ပြီးစစ်ဆေးမည်။
၂။ တကယ်မြုတ်နေတာသေချာသည်နဲ့ ကာဖျူးအမိန့်ထုတ်မည်။
၃။ အသက်ကယ်လှေအားလုံးနီးပါးကို စစ်ဗိုလ်ချုပ်ကြီးတွေအတွက် ရီစာဗေးရှင်းလုပ်ထားမည်။
၎။ လူအုပ်ထိမ်းက နယ်စပ်ဝန်ကြီးနဲ့ ကြံ့ဖွံ့အဖွဲ့ဝင်များဖြစ်နေမည်။
၅။ ကျန်ကောင်းကျန်ရာအသက်ကယ်လှေကို ၈၈ မျိုးဆက်အချို့နဲ့ နိုင် ငံရေးဩဇာကြီးသူအချို့အတွက် ချန်ထားမည်။
၆။ ကပ္ပတိန်က ပွန်းညက်ရအောင်ရှာ၊ သင်္ဘောပေါက် ဖာ၊ စိတ်မပူကြဖို့ အားပေးမည်။
၇။ မြန်မာ့ဆိုင်းဝိုင်းက အောင်ပါစေသီချင်းနဲ့ နဂါးနီသီချင်းကို ဗျောသံညံညံနဲ့ ဆို၊ တီးနေမည်။
၈။ "ဆောရီးပဲ ခရီးသည်များ၊ လီယိုနာဒိုနဲ့ ကိတ်ဝင်းစလက်"။ ဒါ မြန်မာပြည်။
(သူများနိုင်ငံတွေက တိုင်တန်းနစ်ဇာတ်ကား ဘယ်မှာရိုက်ရင် ဘာညာ ရေး ကြလွန်းလို့ ရေးလိုက်တာ ပါ။ စာဖတ်သူတွေလည်း ဖြည့်ခွင့်ရှိပါတယ်)

(မနေ့က) ငါနဲ့ (ဒီနေ့) ငါကြား


(@@@@@@@@@@)

ကိုယ့်ကိုယ်ကိုယ် မောင်းနှင်မနေရင်
တစ်ယောက်ယောက်(သို့) တစ်စုံတစ်ရာက
မောင်းနှင်တတ်တယ်(တဲ့)။

ပြိုင်ဆိုင်မှုဝါဒက
သစ်ပင်နှစ်ပင်ကြား
ကျောက်ခဲ နှစ်လုံးကြား
သစ်ပင်နဲ့ ကျောက်ခဲကြား
သက်ရှိနဲ့ သက်မဲ့ကြား
သက်မဲ့နဲ့ သက်မဲ့ကြား
သက်ရှိနဲ့သက်ရှိကြား
လူနဲ့လူကြား
လုနဲ့လုကြား
လူးနဲ့လူးကြား
နောက်ဆုံး...
ဘုရားပျက်နဲ့ ညောင်ပင်ပျိုကြား (သိတာအကုန်ပဲ) ရှိတယ်(ထင်တယ်)။

ပိုတွေးတတ်တဲ့လူတွေက
(မနေ့က) ငါနဲ့ (ဒီနေ့) ငါကြား (မှာတောင်)
ရှိနေတယ်(တဲ့)။

ဒီလ ၂၈ ရက်အထိ
ကိုယ့်ကိုယ်ကိုယ် မောင်းနှင်နေရဦးမယ်။ ။

လူ့ယဉ်ကျေးမှုပဋိပက္ခနဲ့ ကမ္ဘာသစ်တစ်ခုကို ပုံဖော်ခြင်း (၂)


(ဆင်မြူယယ် ဖီးလစ် ဟန်တင်တန်)

ဒီစာအုပ်ကို ဘာသာပြန်ဖြစ်ဖို့ တိုက်တွန်း၊ အားပေးခဲ့ကြတဲ့ မျိုးဆက်သစ် စာပေနဲ့ မောင်ကျော်သာ(ပဲခူး)ကို ကျေးဇူးတင်ပါတယ်။ (၁) (၂) သင်္ကေတတွေက ကျမ်းညွှန်းတွေပါ။

ဇင်ဝေသော်


***************************************************

ဗဟုမဏ္ဍိုင်၊ ဗဟုစီဗီလိုက်ဇေးရှင်းကမ္ဘာ

စစ်အေးတိုက်ပွဲကြီး ပြီးဆုံးခဲ့တဲ့နောက်မှာ ကမ္ဘာ့နိုင်ငံရေးဟာ ဗဟုမဏ္ဍိုင်၊ ဗဟုစီဗီလိုက်ဇေးရှင်း ပုံစံအဖြင့် ကမ္ဘာ့သမိုင်းမှာ ပထမဆုံး အနေနဲ့ ပေါ် ထွက်လာခဲ့ပါတယ်။ လူ့သမိုင်းကို ပြန်ကြည့်ရင် မတူညီတဲ့ စီဗီလိုက်ဇေးရှင်းေ တွ ကြားက ဆက်သွယ်မှုဟာ ကြာရှည်မခံသလို မရှိခဲ့ဘူးလို့တောင် ဆိုရင် ရပါတယ်။ ခေတ်သစ်ကမ္ဘာရဲ့ အစ အေဒီ (၁၅၀၀) တုန်းကစလို့ ကမ္ဘာ့နိုင် ငံရေးဟာ ဒိုင်မင်းရှင်း နှစ်ခုပဲ ရှိခဲ့ပါတယ်။

(၁) ဗြိတိန်၊ ပြင်သစ်၊ စပိန်၊ အောစတီရိးယား၊ ပရူးရှား၊ ဂျာမဏီ၊ အမေရိကန် နဲ့ အခြားနိုင်ငံတွေဟာ နှစ်ပေါင်း လေးရာကျော်အောင် သူတို့ အနောက်စီဗီ လိုက်ဇေးရှင်းထဲမှာ ဗဟုမဏ္ဍိုင်၊ အင်တာနေရှင်နယ် စနစ်ကိုကျင့်သုံးရင်း လက်ခွဲပြီး အချင်းချင်း ဆက်ဆံကြ၊ ပြိုင်ဆိုင်ကြ၊ စစ်ပွဲတွေတိုက်ကြ လုပ်နေ ခဲ့ကြပါတယ်။

(၂) တစ်ချိန်တည်းမှာပဲ အနောက်နိုင်ငံတွေဟာ အခြားစီဗီလိုက်ဇေးရှင်းတွေ အတွင်း နယ်ချဲ့ကြ၊ ကိုလိုနီ သိမ်းပိုက်ကြ၊ သူတို့ သြဇာလွမ်းမိုးမှု ရှိလာေ အာင် သွတ်သွင်းကြ လုပ်ခဲ့ကြပါတယ်။ ( မြေပုံ ၁.၁. ကို ရှုပါ) စစ်အေးကာလ အတွင်းမှာတော့ ကမ္ဘာ့နိုင်ငံရေးဟာ မဏ္ဍိုင်နှစ်ခုသာရှိပြီး ကမ္ဘာဟာ သုံးပိုင်း ကွဲထွက်သွားခဲ့ပါတယ်။

(၁) အမေရိကန်တွေ ဦးဆောင်တဲ့ ချမ်းသာပြီး ဒီမိုကရေစီလည်း ကျင့်သုံးနိုင် တဲ့ နိုင်ငံတွေဟာ သူတို့ရဲ့ အိုင်ဒီယော်လော်ဂျီ၊ နိုင်ငံရေး၊ စီးပွားရေး မူဝါဒေ တွ ကမ္ဘာအနှံ့ ပြန့်နှံ့ဖို့ ကြိုးစားခဲ့ကြတယ်။ တစ်ချိန်တည်းမှာပဲ ဆိုဗီယက်ြ ပည်ထောင်စု ဦးဆောင်တဲ့ ဆင်းရဲပြီး ကွန်မြူနစ်ဝါဒ ကျင့်သုံးတဲ့ နိုင်ငံတွေနဲ့ အတူ စစ်အင်အားတွေ ပြိုင်ဆိုင်နေခဲ့ကြပါတယ်။ ဒီကာလအကြား ဖြစ်ပွားခဲ့တဲ့ ပြဿနာ အများစုဟာ အမေရိကန် ဦးဆောင် တဲ့ အုပ်စုနဲ့ ဆိုဗီယက်ပြည်ထောင်စု ဦးဆောင်တဲ့ အုပ်စုနှစ်ခုကြားမှာ ဖြစ် ပွားခဲ့တာပဲ ဖြစ်ပါတယ်။နောက်တစ်အုပ်စုကတော့ ပိုပြီးလည်းဆင်း ရဲ ၊ နိုင်ငံရေး တည်ငြိမ်မှုလည်းမရှိတဲ့ နိုင်ငံလေးတွေပါ။ သူတို့ကတော့ ကြားနေ ၀ါဒ ကျင့်သုံးကြပါတယ်။

(အမှာ။ မဏ္ဍိုင်နှစ်ခုဆိုတာ အမေရိကန်အုပ်စုနဲ့ ဆိုဗီယက်အုပ်စု ကို ညွှန်းဆို တာ ဖြစ်ပြီး ကမ္ဘာသုံးချမ်း ကွဲသွားတယ်ဆိုတာကတော့ အမေရိကန်အုပ်စု၊ ဆိုဗီယက်အုပ်စုနဲ့ ကြားနေ၀ါဒအုပ်စုတို့ကို ရည်းညွှန်းတာပါ။ ဘာသာပြန်သူ)

(မြေပုံ ၁.၂ ကို ရှုပါ)

၁၉၈၀ - ခု နောက်ပိုင်းတွေမှာတော့ ကွန်မြူနစ်ကမ္ဘာ ပြိုလဲသွားပြီး စစ်အေး ကာလထဲ အပြည်ပြည်ဆိုင်ရာ စစ်စတန် တစ်ခု သမိုင်းမှာ ပေါ်ထွက်လာခဲ့ ပါတော့တယ်။ စစ်အေးကမ္ဘာ ပြီးဆုံးသွားတဲ့ နောက်မှာတော့ လူတွေအကြား အရေးအကြီးဆုံး ကွဲပြားမှုဟာ အိုင်ဒီယော်လောဂျီ၊ နိုင်ငံရေး၊ စီးပွားရေး စေ တွနဲ့ ပတ်သက်မှု မရှိတော့ဘဲ ယဉ်ကျေးမှု ( cultural ) နဲ့ပဲ ဆက်စပ် လို့ နေပါတော့တယ်။ လူထုတွေရော နိုင်ငံတွေ အားလုံးဟာ လူသား မျိုး ဆက် အနေနဲ့ ရင်ဆိုင်ရဖွယ်ရှိတဲ့ အရေးအကြီးဆုံး အခြေခံ မေးခွန်းကို မေး လာခဲ့ကြတယ်။

“ ငါတို့ဟာ ဘယ်သူတွေလဲ “

ဒီမေးခွန်းရဲ့ အဖြေကိုလည်း သူတို့ဓလေ့ထုံစံ ( tradition ) တွေအပေါ် အခြေခံပြီး ရှာယူလာခဲ့ကြတယ်။ သူတို့ရဲ့ ဘိုးစဉ်ဘောင်ဆက်၊ ကိုးကွယ်မှု ဘာသာ၊ ပြောဆိုတဲ့စကား၊ သမိုင်း၊ သတ်မှတ်ချက်တန်ဖိုး၊ ဓလေ့ထုံး တ မ်းတွေနဲ့ စည်းကမ်းဥပဒေတွေကို အခြေခံပြီး သူတို့ဟာ ဘယ်သူတွေ ဆိုတာ ကို သတ်မှတ်လာခဲ့ကြပါတော့တယ်။ သူတို့ရဲ့ အိုင်ဒင်တတီကိုလည်း ယဉ်ကျေးမှု တူညီတဲ့ အဖွဲ့အစည်း၊ လူမျိုးစု၊ လူမျိုးစုအဖွဲ့၊ ဘာသာရေး အဖွဲ့ အစည်း၊ နိုင်ငံ စတာတွေနဲ့ ပူးတွဲပြီး သတ်မှတ်လာခဲ့ကြပါတယ်တယ်။ အကျယ်ပြန့်ဆုံး အနေနဲ့ကတော့ စီဗီလိုက်ဇေးရှင်းကို အခြေခံပြိး သတ်မှတ် လာခဲ့ကြတာလို့ ပြောနိုင်ပါတယ်။ လူတွေဟာ နိုင်ငံရေးကို သူတို့အကျိုး အမြတ်အတွက် သာမက သူတို့ အိုင်ဒင်တတီ အတွက်ပါ အသုံးပြုလာခဲ့ ကြ တယ်။ ကျွန်တော်တို့ မဟုတ်သူတွေဟာ ဘယ်သူတွေလည်း ဆိုတာကို သိမှ ကျွန်တော်တို့ဟာ ဘယ်သူတွေလည်းဆိုတာ သိလာတာပါ။ နောက်ပြီး ကျွန်တော်တို့ ဆန့်ကျင်ဖက်က ဘယ်သူတွေလည်းဆိုတာ သိပြီးတဲ့နောက် မှသာ ကျွန်တော်တို့ကိုယ်တိုင် ဘယ်သူလဲဆိုတာ သိလာတာပါ။

ကမ္ဘာ့နိုင်ငံရေး လောကမှာ အမျိုးသားနိုင်ငံတွေ ( Nation States ) တွေဟာ အဓိက ဇာတ်ဆောင်တွေ အနေနဲ့ ရှိနေဆဲပါ။ အတိတ်တုံးကတော့ သူတို့ရဲ့ အမူအကျင့်တွေကို သူတို့ပါဝါနဲ့ ကြွယ်ဝမှုတွေက ပုံဖော်ပေးခဲ့တာဖြစ်ပြီး အခုတော့ ယဉ်ကျေးမှုဆိုင်ရာ နီးကပ်မှု၊ တူညီမှုတွေက ပုံဖော်ပေးလာနေပါ တယ်။ စစ်အေးကာလကလို သုံးအုပ်စုပဲ ကွဲပြားနေတာမျိုး မဟုတ်တော့ပဲ အဓိက စီဗီလိုက်ဇေးရှင်းကြီးတွေကို အခြေခံပြီး ၇ (သို့) ၈ အုပ်စု/ နိုင်ငံ ကွဲပြားလာနေပါတယ်။ (မြေပုံ ၁.၃ ကို ရှုပါ)။

အထူးသဖြင့် အနောက်မဟုတ်တဲ့ ( Non- Western ) အရှေ့အာရှ ( East- Asia) နိုင်ငံတွေဟာ စီးပွားရေး ပိုမိုကောင်းမွန် လာနေသလို စစ်အင်အားေ တွ တို့ချဲ့၊ နိုင်ငံရေး သြဇာလွှမ်းမိုးမှု အတွက်လည်း လက်တန်တွေ ဖြန့်ထုတ် လာကြပါတယ်။

သူတို့ရဲ့ ပါဝါနဲ့ ယုံကြည်မှုတွေ တိုးပွားလာတာနဲ့အမျှ အနောက်မဟုတ် တဲ့ နိုင်ငံတွေဟာ သူတို့ကိုယ်ပိုင် ယဉ်ကျေးမှုတွေကို ပြန်လည်အသက် သွင်းပြီး အနောက်တိုင်း ယဉ်ကျေးမှုတွေကို ငြင်းဆန်ကြပါတယ်။ ဟင်နရီ ကစ်ဆင်ဂျားက (၁) ဒီလိုပြောခဲ့ပါတယ်

“၂၁ ရာစုရဲ့ နိုင်ငံတကာရေးရာမှာ အနည်းဆုံး အင်အားကြီး ခြောက်နိုင်ငံ (ခြောက်အုပ်စု) ဖြစ်လာပါလိမ့်မယ်။ သူတို့က အမေရိက၊ ဥရောပ၊ တရုတ်၊ ဂျပန်၊ ရုရှနဲ့ နောက်အိန္ဒိယလည်း ဖြစ်လာနိုင်ပါတယ်။ နောက်ပြီး နိုင်ငံ အလတ်စားနဲ့ အသေးစားလေးတွေ ဖွဲ့စည်းထားတဲ့ အုပ်စုတွေတောင် တိုးကောင်းတိုးလာနိုင်ပါတယ်။”

ကစ်ဆင်းဂျားပြောတဲ့ စူပါပါဝါ ခြောက်နိုင်ငံဟာ မတူညီတဲ့ စီဗီလိုက်ဇေး ရှင်းကြီး ငါးခုကနေ ခွဲထွက်လာတာပါ။ ဒါတွေအပြင် အစ္စလမ်နိုင်ငံတွေကို လည်း ထည့်သွင်းရေတွက်မှ ရပါမယ်။ သူတို့ဟာ ပထ၀ီအနေအထားအရ အချက်အချာကျတယ်။ အလွန်များပြားတဲ့ လူဦးရေရှိတယ်။ ရေနံရှိတယ်။ ဒါကြောင့် ကမ္ဘာ့နိုင်ငံရေး ကိစ္စတွေမှာ သူတို့ရဲ့ သြဇာလွှမ်းမိုးမှုတွေလည်း ရှိလာနေပါတယ်။ ခေတ်သစ်ကမ္ဘာမှာ ပြည်တွင်း နိုင်ငံရေး ဆိုတာ လူမျိုးစု နိုင်ငံရေး ဖြစ်လာပြီး ကမ္ဘာ့နိုင်ငံရေးဆိုတာ စီဗီလိုက်ဇေးရှင်းရဲ့ နိုင် ငံရေး ဖြစ်လာနေပါတယ်။ ဘယ်သူက စူပါပါဝလည်းဆိုတာ အားပြိုင်တဲ့နေ ရာမှာ စီဗီလိုက်ဇေးရှင်းချင်း ထိပ်တိုက်ရင်ဆိုင်မှုက အစားထိုးလာနေပါတယ်။

ခေတ်သစ်ကမ္ဘာမှာ အကျယ်ပြန့်ဆုံး၊ အရေးအပါဆုံးနဲ့ အန္တရာယ်အကြီးဆုံး ပဋိပက္ခတွေဟာ ဆင်းရဲချမ်းသာ လူတန်းစား (သို့) စီးပွားရေးကို အခြေခံတဲ့ အုပ်စုတွေကြားမှာ ဖြစ်မှာမဟုတ်တော့ဘဲ မတူညီတဲ့ ယဉ်ကျေးမှု အမွေတွေ တို့ ကြားမှာ ဖြစ်ပွားမှာဖြစ်ပါတယ်။ စီဗီလိုက်ဇေးရှင်း တစ်ခုထဲမှာ လူမျိုးစု ဆိုင်ရာ ပဋိပက္ခတွေ ဖြစ်ပွားမယ်။ မတူညီတဲ့ စီဗီလိုက်ဇေးရှင်းရှိ တဲ့ နိုင် ငံတွေကြားက အကြမ်းဖက်မှုတွေဟာ အခြားသူတို့နဲ့ တူညီတဲ့ စီဗီလိုက်ေ ဇးရှင်းရှိတဲ့ နိုင်ငံတွေဆီကိုပါ ကူးစက်ပြီး သွေးသားနီးစပ်ရာ နိုင်ငံတွေကို အကူအညီတွေ ပေးလာကြပါလိမ့်မယ်။ (၂) လူမျိုးစု တူသူချင်း အကြား မှာ ဖြစ်ပွားခဲ့တဲ့ ဆိုမာလီယာက သွေးထွက်သံယိုမှုတွေဟာ ပြင်ပကမ္ဘာကို မခြိမ်းခြောက်ခဲ့ပါဘူး။ ရ၀မ်ဒါမှာဖြစ်တဲ့ လူမျိုးစုတွေကြားက ပဋိပက္ခကလည်း ယူဂန်ဒါ ဇိုင်ယာ နဲ့ ဘူရန်ဒီတို့ကိုသာ ထိခိုက်စေပြီး ဒီထက် ဝေးဝေး မရောက် ခဲ့ပါဘူး။ ဘော့စ်နီးယား၊ ကော့ကေးစပ်၊ အာရှအလယ်ပိုင်းနဲ့ ကက်ရှမီးယား မှာ ဖြစ်ပွားခဲ့တဲ့ စီဗီလိုက်ဇေးရှင်းဆိုင်ရာ ပဋိပက္ခတွေက ပိုပြီးကြီးမားတဲ့ စစ်ပွဲတွေ ဖြစ်လာစေခဲ့ပါတယ်။ ယူဂိုစလပ်မှာ ဖြစ်ခဲ့တဲ့ စစ်ပွဲတွေမှာ ရုရှားက ဆာ့ဗ်လူမျိုးတွေကို သံတမန်ရေး အကူအညီတွေ ပေးပြီး ဆောဒီအာရေးဗျ၊ တူရကီ၊ အီရန် နဲ့ လစ်ဗျား နိုင်ငံတွေက ဘော့စနိးယန်းတွေကို ငွေကြေးနဲ့ လက်နက်တွေ ထုတ်ပေးခဲ့ပါတယ်။ ဒီလိုအထောက်အပံ့တွေ ပေးနေကြတာကလည်း အိုင်ဒီယော်လော်ဂျီ အ တွက်၊ နိုင်ငံရေးပါဝါအတွက်၊ စီးပွားရေးအမြတ်အစွန်းရဖို့အတွက် မဟုတ်ဘဲ ယဉ်ကျေးမှုချင်း တူညီနေတဲ့ အတွက်ကြောင့်သာ ဖြစ်ပါတယ်။

ဗက်ကလပ် ဟာဗယ်(လ်)(Vaclav Havel) က ဒီလိုသုံးသပ်ခဲ့ပါတယ်။ “ယဉ်ကျေးမှု ပဋိပက္ခတွေဟာ အရင့်အရင်ကနဲ့ မတူ ကြီးထားလာနေသလို အန္တရာယ်လည်း ပိုကြီးမားလာနေပါတယ်“ တဲ့။

သူ့အဆိုကို ဂျက်ကွက် ဒီလာ (Jeacques Delors)က ထောက်ခံပါတယ်။ “အနာဂတ် ပဋိပက္ခတွေဟာ စီးပွားရေးနဲ့ အိုင်ဒီယော်လော်ဂျီကြောင့်ထက် ယဉ်းကျေးမှုကြောင့်ပဲ ဖြစ်လာနိုင်ပါတယ်။” (၃) နောက်ပြီး အန္တရာယ် အကြီး မားဆုံး ပဋိပက္ခတွေဟာ မတူညီတဲ့ စီဗီလိုက်ဇေးရှင်းတွေ ကြားကေ ကာက်ကြောင်းအမှားတွေနဲ့ အတူ ဖြစ်လာပါလိမ့်မယ်။

စစ်အေးလွန်ကမ္ဘာမှာ ယဉ်ကျေးမှုဟာ ခွဲခြားပေးသလို စုစည်းလည်းပေး လိုက်တဲ့ အားတခုဖြစ်လာခဲ့ပါတယ်။ အိုင်ဒီယော်လော်ဂျီကြောင့် ကွဲပြားခဲ့တဲ့ လူတွေဟာ ယဉ်ကျေးမှုကြောင့် ပြန်လည်ပေါင်းစည်း သွားကြတယ်။ အရှေ့အနောက် ဂျာမဏီနဲ့ တောင်မြောက်ကိုးရီးယားလို့အပြင် တရုတ်ပြည် ထဲမှာတောင် ဒါမျိုးတွေ ရှိလာနိုင်ခြေ ရှိပါတယ်။ အိုင်ဒီယော်လော် ဂျီ ၊ နောက်ခံသမိုင်းနဲ့ ဆက်စပ်ပြီး စုစည်းနေတဲ့ အဖွဲ့အစည်းတွေဟာ စီဗီ လိုက်ဇေးရှင်းကြောင့် ကွဲထွက်သွားနိုင်ပြန်ပါတယ်။

ဥပမာအားဖြင့် ဆိုဗီယက်ပြည်ထောင်စု၊ ယူဂိုစလားဗီးယားနဲ့ ဘော့စနီးယား တို့ကို ရူ့မြင်နိုင်ပါတယ်။ ကွဲမထွက်ဘူးဆိုရင်တောင် ယူကရိန်း၊ နိုင်ဂျီးရီးယား ၊ ဆူဒန်၊ အိန္ဒိယ၊ သီရိလင်္ကာနဲ့ အခြားဒေသတွေမှာ ဖြစ်ပွားနေသလို လိပ်ခဲ တင်းလင်း ဖြစ်နေနိုင်ပါတယ်။ နိုင်ငံတကာ အဖွဲ့အစည်းတွေကလည်း ယဉ်ကျေးမှုချင်း တူညီတဲ့ နိုင်ငံတွေအပေါ် အခြေခံပြီး ဖွဲ့စည်းထားကြတာပါ။ ဥပမာ ဥရောပသမဂ္ဂလိုမျိုးပါ။ ဥရောပသမဂ္ဂဟာ ယဉ်ကျေးမှုချင်း လှဲလှယ် ဖွဲ့စည်းတဲ့ အခြားအဖွဲ့တွေထက် အများကြီး ပိုအောင်မြင်ပါတယ်။ နှစ်ေ ပါင်းလေးဆယ့်ငါးနှစ် ကြာခဲ့တဲ့ သံကွန်ခြာ (Iron Curtain) စနစ်ဟာ ဥရောပ အလယ်ပိုင်းကို ခွဲခြားပေးခဲ့တဲ့ နယ်စည်းတစ်ခု ဖြစ်နေခဲ့ပါတယ်။ အဲဒီနယ်

စည်းဟာ မိုင်ပေါင်းရာချီပြီး ဝေးတဲ့ အရှေ့ ဥရောပအထိ ရောက်ရှိခဲ့တယ်။ အခုလူတွေကို ခွဲခြားသတ်မှတ် လိုက်ပုံက အနောက်ဆန်တဲ့ ခရစ္စယာန် ဘာ သာက တစ်ဖက် မွတ်စလင်နဲ့ အော်သို့ဒေါက်(စ်)တွေက တစ်ဖက် ဖြစ်နေ ပါတော့တယ်။

တွေးခေါ်ယူဆပုံ တန်ဖိုးသတ်မှတ်ချက်၊ လူမှုဆက်ဆံရေး၊ ဓလေ့ထုံတန်း၊ အပြင်ပန်းအမြင် စတာတွေဟာ စီဗီလိုက်ဇေးရှင်းတွေ ကြားမှာ သိသိ သာ သာကြီး ကွဲပြားနေပါတယ်။ ကမ္ဘာနဲ့အ၀ှမ်း ဘာသာရေး ယုံကြည်မှု အား သစ်လောင်းနေလာခြင်းက ယဉ်ကျေးမှု ကွဲပြားခြင်းကို ပိုပြီး အားကောင်း လာစေပါတယ်။ ယဉ်ကျေးမှုက ပြောင်းလဲလို့ ရပါတယ်။ နိုင်ငံရေးနဲ့ စီး ပွားရေး အပေါ်မှာ ယဉ်ကျေးမှုရဲ့ ထိရောက်မှုကလည်း တချိန်နဲ့တချိန် မတူ ကွဲပြား နေနိုင်ပါတယ်။ သို့သော် မတူညီတဲ့ စီဗီလိုက်ဇေးရှင်းတွေက ပေါက် ဖွားလာတဲ့ အဓိက နိုင်ငံရေး၊ စီးပွားရေး အယူအဆ ကွဲပြားမှုတွေကတော့ မတူညီတဲ့ ယဉ်ကျေးမှုတွေထဲမှာ အမြစ်တွယ်နေတော့တာပါ။ အရှေ့အာရှ စီးပွားရေး အောင်မြင်မှုဟာ အာရှယဉ်ကျေးမှုကနေ ပေါက်ဖွားလာတာ ဖြစ်ပြီး အဲဒီ အာရှနိုင်ငံတွေမှာ တည်ငြိမ်တဲ့ ဒီမိုကရေစီစနစ် ထွန်းကားဖို့ကတော့ အ ခက်အခဲတွေ ရှိနေဆဲပါ။ မွတ်စလင်ကမ္ဘာမှာ ဒီမိုကရေစီ စနစ် မထွန်းကားနိုင် ဘူး ဆိုတာကို အစ္စလာမ် ယဉ်ကျေးမှုက ရှင်းပြနေပြန်ပါတယ်။ အရှေ့ဥရောပမှာရှိတဲ့ ကွန်မြူနစ်လွန် လူ့အဖွဲ့အစည်းတွေနဲ့ ရှေးယခင် ဆိုဗီ ယက် ပြည်ထောင်စုက ကွဲထွက်သွားတဲ့ နိုင်ငံတွေကလည်း သူတို့ စီဗီလိုက်ေ ဇးရှင်းဆိုင်ရာ အိုင်ဒင်တတီတွေနဲ့ နိုင်ငံတွေကို ပုံဖော် ယူနေကြပါတယ်။ ခရစ်ယာန်ဘာသာရဲ့ အမွေအနှစ်ကို ရလိုက်တဲ့ အနောက်ပိုင်း နိုင်ငံတွေက စီးပွားရေး တိုးတက်မှုနဲ့ ဒီမိုကရေစီ ကျင့်သုံးမှု တိုးတက်လာပေမယ့် ဒီ စီး ပွားရေးနဲ့ နိုင်ငံရေး စနစ်တွေ အော်သိုဒေါက်(စ်) နိုင်ငံတွေမှာ အလုပ်ဖြစ်မယ် လို့ မျှော်လင့်မရပါဘူး။ အဲသလိုပါပဲ။ ဒါကို ကြိုဆိုဖို့ နှစ်နှစ်ကာကာ မရှိတဲ့ အစ္စလာမ် နိုင်ငံတွေထဲမှာလည်း အနောက် စီးပွားရေးနဲ့ နိုင်ငံရေးမူတွေ ထွန်းကားဖို့ မမျှော်လင့် နိုင်ပြန်ပါဘူး။

ဒါပေမယ့် နှစ်ပေါင်းများစွာ အထိ အနောက် ယဉ်ကျေးမှုဟာ အား အကောင်း ဆုံး စီဗီလိုက်ဇေးရှင်း အနေနဲ့ပဲ ရှိနေပါလိမ့်ဦးမယ်၊ ဒါပေမယ့် ဒီပါဝါက တဖြည်းဖြည်းနဲ့ ချိနဲ့လာမှာပါ။ အနောက်က သူတို့ယဉ်ကျေးမှု တန်ဖိုးတွေ မိတ်ဆက်ပေးဖို့၊ သူတို့ အကျိုးအမြတ်ကို ကာကွယ်ဖို့ ကြိုးစားသလို အနောက် မဟုတ်တဲ့ နိုင်ငံတွေကလည်း ဒါကို ငြင်းပယ်နေကြမှာပါ။ တချို့ ကတော့ အနောက်ကို အတုယူပြီး အနောက်တိုင်းနောက် လိုက်နေကြပါ တယ်။ သို့သော် ကွန်ဖြူးရှပ်ဝါဒ၊ အစ္စလာမ်ဝါဒ ရှိတဲ့ နိုင်ငံတွေကတော့ သူတို့ စီးပွားရေးနဲ့ စစ်အင်အားကို တိုးချဲ့ပြီး အနောက်ကို ယှဉ်ပြိုင်လာနေကြပါ တယ်။ ဒါကြောင့် စစ်အေးကာလလွန် ကမ္ဘာ့နိုင်ငံရေးရဲ့ ပင်မ၀င်ရိုးဟာ အနောက်တိုင်း ပါဝါ၊ ယဉ်ကျေးမှုနဲ့ အနောက်မဟုတ်တဲ့ နိုင်ငံတွေရဲ့ ပါဝါ၊ ယဉ်ကျေးမှုတို့ ကြားက အပြန်အလှန် ဆက်သွယ်နေမှုသာ ဖြစ်နေပါတော့ တယ်။

အရေအတွက်အားဖြင့် ဆိုရင် စစ်အေးလွန် ကမ္ဘာဆိုတာ အဓိက စီဗီလိုက်ဇေးရှင်း ခွန်နှစ်ခု (သို့) ရှစ်ခုရဲ့ ကမ္ဘာ ဖြစ်နေပါတယ်။ ယဉ်ကျေးမှုခြင်း တူညီမှု၊ မတူညီမှုတွေဟာ နိုင်ငံတွေရဲ့ ရန်လိုမုန်းတီးမှု ပူးပေါင်းလိုမှု(တွဲရေး ခွဲရေး)ကို ပုံဖော်ပေး နေပါတယ်။ ကမ္ဘာမှာ အရေးအပါဆုံး နိုင်ငံကြီးတွေဟာ မတူညီတဲ့ စီဗီလိုက်ဇေးရှင်းတွေကနေ မွေးထုပ်ပေးလိုက်တာပါ။ ပြည်တွင်းရေး ပဋိပက္ခ ကနေ စပြီး အခြားနိုင်ငံတွေဆီ အထိ ပြန့်နှံ့သွားနိုင်တဲ့ စစ်ပွဲတွေဟာ စီဗီလို က်ဇေးရှင်း မတူညီတဲ့ နိုင်ငံတွေ ကြားမှာ ဖြစ်ပွားတဲ့ စစ်ပွဲတွေပဲ ဖြစ်နေပါလိမ့် မယ်။ နိုင်ငံရေးနဲ့ စီးပွားရေး တိုးတက်မှု အပေါ်မှာ ထားရှိတဲ့ စံညွှန်းတွေက လည်း စီဗီလိုက်ဇေးရှင်းတွေ ကြားမှာ တူညီမှု မရှိပြန်ပါဘူး။ နိုင်ငံတကာ အေ ဂျင်ဒါတွေနဲ့ ပတ်သက်တဲ့ အရေးအကြီးဆုံး အချက်တွေထဲမှာ စီဗီလိုက်ေ ဇးရှင်းတွေ အကြားက ကွဲပြားမှုတွေ ပါဝင်နေပါပြီ။ ယနေ့ ပါဝါဟာ အချိန် ကြာမြင့်စွာ လွမ်းမိုး လာခဲ့တဲ့ အနောက်ကနေ အနောက်မဟုတ်တဲ့ (Non- Western) စီဗီလိုက်ဇေးရှင်းတွေဆီ ဦးတည်လို့ နေပါပြီ။ ဒီတော့ ဒီနေ့ ကမ္ဘာ့ နိုင်ငံရေးဟာ ဗဟုမဏ္ဍိုင်၊ ဗဟုစီဗီလိုက်ဇေးရှင်း ဖြစ်လာပါတော့တယ်။

ရွှေခြံရာ


အနီရောင်ဆိုရင် မန်ယူမဟုတ်တောင် (ဟုတ်လို့လည်းမရ)
အာဆင်နယ်(အာကိုး)၊ လီဗာပူ(မဆိုး)၊ ဆော့သင်မ်တန်(အပျင်းပြေ)အထိ
အားပေးလို့ရပါတယ်။
အခုဟာက
အာဆင်နယ် စတုတ်ရှုံးလို့ကတော့ (၀၊ ၁)
အပြာရောင်တွေ တောထပြီ
(ဖူလ်ဟန် ၁၊ ချယ်လ်ဆီး ၃)